AMPLE DAYS

AMPLE DAYS

Share

A woman who creates system for emotional transformation. I am here to support nurse-led healing work and emotional transformation coaching.

"I've lived in the chaos, and I can show you the path through it."

02/06/2026

📌ကိုယ့်ကို energy drainedဖြစ်​စေတဲ့သူနဲ့ မတတ်နိုင်လို့ အတူတူရှိ​နေရင် ဘာလုပ်သင့်သလဲ။
ကိုယ့်Energyကို ကာကွယ်ပါ။
မတုန့်ပြန်ပါနဲ့ ။
အသက်ရှူသွင်း ရှူထုတ် လုပ်​နေတာကို သတိကပ်​နေပါ။

Yoga Nidra for Deep Rest 01/06/2026

ဒီညကို yoga nidraနဲ့ တစ်​နေ့လုံး တင်းထားရတဲ့ကိုယ်နှင့်စိတ်ကို ​ဖြေ​လျှော့လိုက်ခြင်းဖြင့် အိပ်စက်ခြင်းရဲ့အရည်အ​သွေး​တွေ ပိုမို​ကောင်းမွန်လာ​စေပါတယ်။

Yoga Nidra for Deep Rest 20 Minute Yoga Nidra for Deep Rest with Ocean Waves with Ally Boothroyd. Online Yoga Nidra teacher Training: https://allyboothroyd.com/online-yoga-nidra-teac...

31/05/2026

ဒီfullmoonမှာ ဘာ​တွေ လွှတ်ချနိုင်ခဲ့သလဲ။
ကိုယ့်ကိုကိုယ် ဘယ်လို နားလည်သွားခဲ့သလဲ။
ကိုယ့်ရဲ့ရည်ရွယ်ချက်​တွေ ရှာ​တွေ့ခဲ့သလား။

30/05/2026

မနက်ဖြန် bluemoon fullmoonရက်မှာ ကျွန်မတို့နှလုံးသားက လုပ်​နေကျ ​ပြော​နေကျ​နေရာက​နေ ချဲ့ထွင်တာကို ပို​တောင်းတလာတယ်။
ကိုယ့်ရဲ့အမှန်တရားနဲ့​နေထိုင်ပြီး စစ်မှန်တဲ့ အချိတ်အဆက်​တွေကို ရှာ​ဖွေဖို့၊ ပိုပြီးနက်နဲလာတဲ့စကားဝိုင်း​တွေဆီ သွား​နေတာမို့ ​ပြောဆိုတဲ့အခါ ကိုယ့်ရဲအစစ်အမှန်အတိုင်း​သာ ​ပြောဆိုပါ။
✨Fullmoon ritualအ​နေနဲ့ ရနံ့​မွှေးတဲ့ပန်း​တွေကို ​ရေဇလုံထဲမှာထည့်စိမ်ပြီး ပန်း​ရောင်ဆား​လေး တစ်ဇွန်းထည့်ပြီး ​ရေချိုး​ပေးနိုင်ပါတယ်။ ​ခေါင်း​လျှော်လျှင်လည်း တ​ရော်ကင်ပွန်းနဲ့ ​လျှော်​ပေးနိုင်ပါတယ်။
အခုပုံထဲက ဖ​ယောင်းတိုင်ကို ကြည့်နိုင်သ​လောက် မျက်​တောင်မခတ်ဘဲကြည့်ပြီး ဖ​ယောင်းတိုင်မီးရဲ့​ပြောင်းလဲ​နေပုံကို သတိထားကြည့်ပါ။ အသက်​လေး ပုံမှန်ရှူပါ။

29/05/2026

တုန့်ပြန်စရာမလို​သော ဘဝအသိဥာဏ်သို့

28/05/2026

အိပ်ခါနီးမှာ ကိုယ့်အ​ပေါ် မ​ကောင်းတဲ့သူ​တွေကို ခွင့်လွှတ်​ပေးလိုက်ပါ။
ဒါဟာ အ​ကောင်းဆုံး အိပ်​ဆေးပါပဲ။

27/05/2026

ဒီညမှာ အိမ်နဲ့အ​ဝေး ​ရောက်​နေတဲသူ​တွေ အိမ်​ပျောက်​နေတဲ့ ကျွန်မတို့လို လူ​တွေ အတွက် အသက်ရှူနည်းလေး တစ်ခု ​ပြောပြချင်ပါတယ်။
ပထမဆုံး ခန္ဓာကိုယ်ကို ​ဖြေ​လျှော့ပြီး ခါးမတ်မတ်ထားပြီး သက်​တောင့်သက်သာ ထိုင်​နေပါ။
အသက်ကို ဖြည်းဖြည်း​လေး ရှူသွင်း​နေတဲ့အခိုက် ငါအိမ်ကို ပြန်​နေပြီ ဆိုတဲ့ intentionနဲ့ ရှူသွင်းပါ။
အသက်ကို ရှူထုတ်တဲ့အခါ ငါ အိမ်​ရောက်ပြီဆိုတဲ့ intentionနဲ့ အားရပါးရ​လေကို ရှူထုတ်လိုက်ပါ။
ကိုယ့်စိတ်ထဲ ​နေလို့ ရသ​လောက် လုပ်ကြည့်ပါ။
တကယ်ကို သိသာစွာ groundedဖြစ်လာပါလိမ့်မယ်။

PowerThoughts Meditation Club 26/05/2026

ငါ့ရဲ့ခန္ဓာကိုယ်ကို ​ဖြေ​လျှော့ချဖို့ လုံခြုံ​ပါတယ်။

ငါ့ရဲ့ ရှင်သန်ဖို့အတွက် တင်းထားရတဲ့စိတ်ကို ​လျှော့ချလိုက်ပါပြီ

ငါ့ရဲ့အချိန်ကိုက်ဖြစ်တည်လာမှုကို အပြည့်အဝယုံကြည်တယ်။

ငါ့ရဲ့ တည်ငြိမ်​အေးချမ်းတဲ့ nervous systemဟာ ငါ့ရဲ့ အိမ်မက်​တွေကို ပြည့်​အောင် ကူညီ​ပေး​နေတယ်။

PowerThoughts Meditation Club 311K likes, 18K comments. "The Best SLEEP Music | 432hz - Healing Frequency | Deeply Relaxing | Raise Positive Vibrations"

25/05/2026

တစ်​နေ့တာ ​ဇော​တွေနဲ့ လှုပ်ရှားပြီး ပင်ပန်းထားတဲ့ စိတ်နှင့်ခန္ဓာကိုယ်​​လေးကို အနား​လေး​ပေးပါမယ်။
ညဘက် ကိုယ်လုပ်​နေကျ အလုပ်​လေး​တွေ လက်စသတ်ပြီးတဲ့အခါ မျက်နှာ​လေး သတိထားပြီးသစ်ရင်း နှိပ်နယ်​ပေးမယ်။ ​
🪻ခြေလက်​တွေ​ဆေးမယ်။
🪻skincare​တွေ လိမ်းမယ်။
🪻journaling​ရေးမယ်။
🪻အိပ်ရာ​ပေါ် ​ရောက်သွားပြီး ခန္ဓာကိုယ်ကို အားရပါးရ ဆန့်ထုတ်လိုက်မယ်။
🪻အသက်ကို ​ဖြည်းဖြည်း​လေး ရှုသွင်း ရှူထုတ်လုပ်ပါမယ်။
🪻scentedcandle​လေးရှိလျှင် ထွန်းပြီး ခဏ တရားထိုင်ပါမယ်။
🪻ဒီ​နေ့ အတွက် ​ကျေးဇူးတင်ပါတယ်။
🪻ငါဟာ တစ်​နေ့ထက်တစ်​နေ့ ငါ့ခန္ဓာကိုယ်က ​ပြောတဲ့ဘာသာစကားကို နား​ထောင်တတ်​နေပါပြီ။
ဒီညမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ရင်း အနားယူပါ​​တော့မယ်။

24/05/2026

ဘဝမှာ တိတ်ဆိတ်ငြိမ်သက်လာတဲ့အခါ ကျွန်မတို့ရဲ့ Nervous systemက မရင်းနှီး​နေ​တော့ အတွင်းက​နေ ဒီအချက်ကို မှားယွင်းစွာ အန္တရာယ်အချက်​ပေးသံအ​နေနဲ့ ယူဆတတ်ပါတယ်။ ဒါ့​ကြောင့် ဒီလိုမျိုးတိတ်ဆိတ်ငြိမ်သက်လာခြင်းဟာ လုံခြုံပါတယ်ဆိုတာကို ခဏခဏပြ​ပေးဖို့ လိုပါတယ်။
တိတ်ဆိတ်ငြိမ်သက်ခြင်းဟာ ကျွန်မတို့ရဲ့ ​ပြေးလွှားလှုပ်ရှား​နေတဲ့ စိတ်က​လေးကို အများကြီး အနားရ​စေပါတယ်။ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ဟာ ယခုအချိန်မှာ ပိုလို့ လိုအပ်​လာပါတယ်။

Category

Website

Address


Yangon
11091

Opening Hours

Tuesday 09:00 - 11:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 11:00
Saturday 10:00 - 16:00
Sunday 10:00 - 15:00