Dumbo Creative

Dumbo Creative

Share

"Good design is obvious. Great design is transparent." — Joe Sparano

Photos from Dumbo Creative's post 21/08/2026

🚨 2026 မှာ Digital Marketing ဆိုတာ “Post တင်ရုံ” နဲ့ လုံလောက်သေးရဲ့လား?
တစ်နေ့တစ်နေ့ Post တွေတင်နေတယ်…�Ads တွေ Run နေတယ်…
ဒါပေမယ့်�Reach မတက်ဘူး၊ Engagement မရဘူး၊ Customer က မတိုးဘူး ဆိုရင်�ပြဿနာက “Content မတင်တာ” မဟုတ်နိုင်ပါဘူး။
👉 Marketing လုပ်ပုံလုပ်နည်းကို ခေတ်နဲ့အညီ ပြောင်းဖို့လိုလာတာပါ။
2026 မှာ Business တွေအနေနဲ့ အထူးသတိထားသင့်တဲ့ Digital Marketing Trends 3 ခုကတော့—
01 | 🎥 Short-form Video Dominance
Reels, Shorts လို Short-form Video Content တွေက Audience ရဲ့ Attention ကို မြန်မြန်ဆွဲယူနိုင်တဲ့ Content Format တစ်ခုအဖြစ် ဆက်လက်အရေးပါနေပါတယ်။
“ကျွန်တော်တို့ Product ကောင်းပါတယ်” လို့ပြောတာထက်�Product က ဘယ်လိုအသုံးဝင်လဲ၊ Customer အတွက် ဘာပြဿနာဖြေရှင်းပေးနိုင်လဲ ဆိုတာကို Video နဲ့ပြနိုင်ရင် ပိုထိရောက်ပါတယ်။
02 | 🤖 AI-Driven Personalization
AI ဆိုတာ Content ရေးပေးတဲ့ Tool တစ်ခုတည်း မဟုတ်ပါဘူး။
Customer ရဲ့�Interest + Behavior + Needs တွေကို နားလည်ပြီး�သက်ဆိုင်ရာ Audience အတွက် သက်ဆိုင်ရာ Content ကို ပိုတိကျအောင် ဖန်တီးနိုင်ဖို့ အသုံးချနိုင်ပါတယ်။
03 | 🤝 Community-Centric Marketing
အရင်လို�“ဝယ်ပါ၊ ဝယ်ပါ၊ Promotion ရှိတယ်” ဆိုပြီး ရောင်းချတာတစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူး။
Customer တွေကို Follower အဖြစ်ထားတာထက်�Brand ကို ယုံကြည်ပြီး ပြန်လာတဲ့ Community တစ်ခုအဖြစ် တည်ဆောက်နိုင်ဖို့က ပိုအရေးကြီးလာပါတယ်။

💡 ဒါဆို သင့် Business က ဘယ်အဆင့်မှာလဲ?
A. Post တင်နေတုန်းပဲ�B. Ads Run နေပြီ�C. Reels + AI + Community ကို အသုံးချနေပြီ�D. ဘာကစလုပ်ရမလဲ မသိသေးဘူး 😅
👇 A / B / C / D ထဲက ကိုယ့် Business နဲ့အကိုက်ဆုံးတစ်ခုကို Comment မှာ ရေးပေးခဲ့ပါဦး။
ပြီးတော့ 2026 မှာ Digital Marketing ကို “Post တင်တာ” ကနေ “Business Growth Strategy” အဖြစ် ပြောင်းချင်တယ်ဆိုရင် ဒီ Post ကို Save ထားဖို့ မမေ့နဲ့နော်။ 🚀

20/08/2026

Event ပဲလုပ်လုပ်၊ Bar/Restaurant ပဲဖွင့်ဖွင့်… Customer တိုင်း ကိုင်ကြည့်ချင်သွားမယ့် Premium Ticket / Gift Voucher Design မျိုး လိုချင်နေပြီလား? 🤔🔥

ရိုးရိုးရှင်းရှင်းမဟုတ်ဘဲ Eye-catching ဖြစ်ပြီး Brand Vibe ကို အပြည့်အဝ ပေါ်လွင်စေမယ့် Custom Ticket & Voucher Designs တွေကို Dumbo Creative မှာ စိတ်တိုင်းကျ အပ်နှံနိုင်ပါပြီ။

✨ Event Tickets
✨ Gift Vouchers / Coupons
✨ Member Cards

ခေတ်မီဆန်းသစ်တဲ့ Artwork တွေနဲ့ သင့် Brand ကို ပိုပြီး Premium ဆန်သွားအောင် ဖန်တီးပေးဖို့ အဆင်သင့်ပါပဲ။

📩 အသေးစိတ် စုံစမ်းရန်အတွက် မက်ဆေ့ခ်ျ (Message Box) မှ အခုပဲ ဆက်သွယ်လိုက်ပါ။

Let’s create the best ✊🏻

16/01/2026

Dumbo Creative နဲ့အတူ သင့်လုပ်ငန်းရဲ့ မျက်နှာစာကို အကောင်းဆုံး ပုံဖော်လိုက်ပါ ✨
📈လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ အရည်အသွေးရှိတဲ့ ဝန်ဆောင်မှုတင်မကဘဲ ခိုင်မာတဲ့ Company Profile ရှိဖို့လည်း အရေးကြီးပါတယ်။
🤝Projectအသစ်တွေ ချိတ်ဆက်တဲ့အခါ ဒါမှမဟုတ် Partner အသစ်တွေ ရှာဖွေတဲ့အခါမှာ သင့်လုပ်ငန်းအကြောင်းကို စကားလုံး ရာဂဏန်းထက် ပိုမိုလေးနက်စေတာကတော့ Professional ကျတဲ့ Profile Design ပါပဲ။

Let's create the best ✊🏻

15/01/2026

လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုမှာ "Branding" ဆိုတာ ပင်မအသက်သွေးကြောပါပဲ …
ဒီနေ့တော့ ကျွန်တော်တို့ Dumbo Creativeကနေ Hairverse Academy - Hair Stylist Training School အတွက် ဖန်တီးပေးခဲ့တဲ့ Logo Concept လေးကို ပြန်လည်မျှဝေပေးချင်ပါတယ်ဗျ။
⚡️ဒီ Logo ရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ အစိမ်းရောင်စက်ဝိုင်း (Teal Sphere) ဟာ အောက်ပါအချက် (၃)ချက် ကို ကိုယ်စားပြုပါတယ်။

🪐Teal Sphere ဟာ ဆံကေသာပညာရပ်တွေ အစုံအလင်ရှိရာ "Verse" ကို ကိုယ်စားပြုသလို၊ သင်တန်းသားတွေရဲ့ အရည်အချင်းကို ဖော်ထုတ်ပေးမယ့် Spotlight မီးအလင်းတန်းလည်း ဖြစ်ပါတယ်။ HAIR ဆိုတဲ့ စာလုံးနဲ့ စက်ဝိုင်းကို ထပ်လျက်အသုံးပြုထားတာဟာ ပညာရပ်နဲ့ လုပ်ငန်းခွင် အပြန်အလှန်ချိတ်ဆက်နေမှုကို ပြသပါတယ်။
💬"HAIRVERSE" ဆိုတဲ့ စကားစုကို Fontအထူ(Bold) သုံးထားတာဟာ လုပ်ငန်းရဲ့ ခိုင်မာတဲ့ ကျွမ်းကျင်မှုကို ပြသပြီး၊
"Academy" ဆိုတဲ့ စကားစုကို Fontအပါး (Light) အသုံးပြုထားတာကတော့ ခေတ်မီတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ရည်ညွန်းပါတယ်။
✨ညာဘက်အပေါ်ထောင့်က ကြယ်ပွင့်လေးဟာ ကောင်းမွန်ထိရောက်တဲ့ သင်ကြားမှုတွေကြောင့် အောင်မြင်လာမယ့် ကျောင်းသားတွေရဲ့ Quality ကို ဖော်ညွှန်းပါတယ်။
အရောင်ရွေးချယ်မှုအနေနဲ့ … ကျွန်တော်တို့ အသုံးပြုထားတဲ့ Deep Forest Teal Color ဟာ ယုံကြည်မှု (Trust) နဲ့ ကြီးထွားမှု (Growth) ကို ပေါင်းစပ်ထားတဲ့အတွက် လုပ်ငန်းကို ပိုပြီး Premium ဆန်စေပါတယ်။
📲သင့်လုပ်ငန်းအတွက် အားကောင်းတဲ့ Brand Identity တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် ကျွန်တော်တို့ Dumbo Creative ကို အခုပဲ ဆက်သွယ်လိုက်ပါ။

Let's create the best ✊🏻

Photos from Dumbo Creative's post 02/01/2026

Logo Branding စတင်စဉ်ကတည်းက ကျွန်တော်တို့ Dumbo Creative အပေါ် ယုံကြည်မှုအပြည့်နဲ့ လက်တွဲခဲ့တဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ❤️
အခုလို ဆိုင်ဖွင့်ပွဲအထိ အောင်အောင်မြင်မြင် ရောက်ရှိလာတာကို တွေ့ရတဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်ဗျ။
ရတနာတိုး Gems & Jewelry လဲ ဒီထက်မက အောင်မြင်ကျော်ကြားပြီး စီးပွါးလာဘ်လာဘများ ဒီရေအလား တိုးပွားပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ …

Let's create the best ✊🏻

#2025シ

Telephone

Website

Address


BayintNaung 8th Street
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00