OSM Auto
Brand New and Used Car Trading...
ကားကောင်းကားသန့်များကိုသာ အရောင်း၀ယ်လုပ်ပါသည်။ ကားကြောင့် မိတ်ဆွေတိုးရခြင်းသာဖစ်ရပါစေ။
28/05/2026
#မိမိကားကိုအမည်ပေါက်ပြောင်းမည်ဆိုပါက -
===============================
ပထမဦးဆုံး လိုအပ်သော စာရွက်စာတမ်းများပြင်ဆင်ပြီး လူကြီးမင်းနေထိုင်သော မြို့နယ်အခွန်းရုံးသို့ သွားရောက်ကာ အခွန်ဆောင်ပေးရပါမယ်ခင်ဗျာ။
လိုအပ်သောစာရွက်စာတမ်းများမှာ-
(၁) ကား Owner Book (မူရင်း၊ မိတ္တူ)
(၂) ကား Wheel Tax (မူရင်း၊ မိတ္တူ)
(၃) အမည်ပေါက်ပြောင်းမည့်သူ၏ မှတ်ပုံတင် (မူရင်း၊ မိတ္တူ)
(၄) အမည်ပေါက်ပြောင်းမည့်သူ၏ အိမ်ထောင်စု (မူရင်း၊ မိတ္တူ)
(၅) ကားအရောင်းအဝယ်စာချုပ် (မူရင်း၊ မိတ္တူ)
(၆) ကားဓာတ်ပုံ (၃ပုံ)
(ကားအရှေ့၊ ကားအနောက်၊ ကားဘေးဘက်- စုစုပေါင်း(၃)ပုံ လိုအပ်ပါမယ်။)
အထက်ပါ စာရွက်စာတမ်းများ ပြည့်စုံပြီဆိုပါက မိမိ အိမ်ထာင်စုစာရင်းမှာပါတဲ့မြို့နယ်အခွန်ရုံး သို့သွားပြီး ရုံးစာရေးထံတွင်တင်ပြပေးရပါမယ်။
ရုံးစာရေးက ရာဖြတ်(တရာဝင်ကားသတ်မှတ်တန်ဖိုး) မှ သတ်မှတ်နှုန်းထားအတိုင်း သွင်းရမည့်အခွန်ခအားတွက်ချက်ပေးပါမည်။
အခွန်ကျသင့်ငွေသိရပါက ဘဏ်ငွေသွင်းချလံအားစောင့်ယူရပါမည်။ ဘဏ်ငွေသွင်းချလံရရှိပါက နီးစပ်ရာ မြန်မာ့စီးပွါးရေးဘဏ်တွင် အခွန်ငွေအားပေးသွင်းရပါမည်။
ငွေသွင်းပြီးပါက ငွေသွင်းပြေစာအား မိတ္တူတစ်စောင်ကူးပြီး အခွန်ရုံးစာရေးထံသို့ ပြန်တင်ပြပေးရပါမည်။
ထို့နောက် အခွန်ရုံးမှ အခွန်စိမ်းစာရွက် (၂)ရွက်အားထုတ်ပေးပါမည်။
(အခွန်စိမ်းစာရွက်တွင်- Original ဟု ရေးသားထားသော စာရွက်အား ကညနရုံးသို့ ပေးရမည်ဖြစ်ပြီး၊ Copy ဟု ရေးသားထားသော စာရွက်နှင့် ဘဏ်ငွေသွင်းချလန်အား အမည်ပေါက်ကားပိုင်ရှင်မှ သိမ်းယူထားရပါမည်။
(အခွန်စိမ်းဆိုသည်မှာ မိမိမှ ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူပြီး ထိုပစ္စည်းအတွက် အစိုးရသို့ တရားဝင်အခွန်ဆောင်ခြင်းဖြစ်သည့်အတွက် အခွန်ဆောင်သူမှ ထိုအခွန်စာရွက်အား သိမ်းယူထားနိုင်ပါသည်။ နောက်ထပ်ကားတစ်စီး ထပ်ဝယ်ပါကလည်း ထိုအခွန်စာရွက်ဖြင့် ခုနှိမ်၍ အခွန်ခပေးဆောင်နိုင်ပါသည်။)
အခွန်ဆောင်ပြီးပါက မိမိကားOwner Book လိပ်စာပါသည့် ကညနတွင် အမည်ပေါက်ပြောင်းလဲနိုင်ပါပြီ။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခွန်းဦးစီးဌာနရုံးတစ်ချို့၏ လိပ်စာများကို အောက်တွင်ဖော်ပြထားပါတယ်ခင်ဗျ
Crd_Original_Uploader
#
28/05/2026
ထဲကကားကောင်းကောင်း Pearl White Colour မှစီးချင်သူများအတွက်
☑️Model - 2005 November
☑️Engine - 2.5 cc , 2WD
☑️Grade - G Package
☑️Colour - 062 (Pearl White)
☑️Push Start / Smart Key
☑️OriginalHDDTV/Back Cam မျဥ်းကွေး
☑️Auto / Manual transmission +/-
☑️ 2 Seat Motors
☑️Steering Audio Controls
☑️Passenger Volume Controls
☑️Rain Sensor
☑️TRC on / off Button
☑️Clean Ionizer
☑️Original Alloy Wheels
☑️ New coolent /New Engine oil
☑️New Battery / Four New Tyers
☑️ Well Maintained လက်တင်စီး
☑️လိုင်စင်အသစ်
Price -- 13 # # Lakhs (nego)
Phone - 095176609
Location - Yangon.
Note. ။အတိုက်ခိုက် အဖြုတ်တပ်မရှိ
ကားကြောင့်မိတ်မပျက်စေရပါမိတ်ဆွေ✌️။
01/05/2026
ဖတ်မိတာလေးပါ။
နှစ် (၂၀) ပြည့် Model နိမ့်ကားတွေကို "မအပ်မနေရ"ဆိုရင် ကားဈေးကွက်ကို အကြီးအကျယ် ရိုက်ခတ်သွားမယ့် "Shock" တစ်ခု ဖြစ်လာပါလိမ့်မယ်။
မအပ်မနေရဆိုရင် လူတိုင်း စလစ်ရဖို့ ကားအိုတွေကို လိုက်ဝယ်ကြပါလိမ့်မယ်။ ဝယ်လိုအား ရုတ်တရက် မြင့်တက်လာတဲ့အတွက် စလစ်ဈေးဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်ပါတယ်။
အပ်ရမယ့် ၂၀၀၀ အောက် Model ကားတွေဟာ ကားအဖြစ် တန်ဖိုးမရှိတော့ဘဲ "စလစ်ရမယ့် လက်မှတ်" အဖြစ် တန်ဖိုးတက်လာပါမယ်။ ကားကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ စလစ်တန်ဖိုးအတိုင်း ဈေးကပ်သွားပါလိမ့်မယ်။
အပ်စာရင်းထဲ မပါသေးတဲ့ကားများအတွက် "အန္တရာယ်ကင်းတဲ့ကား" ဆိုပြီး ဝယ်လိုအား အလွန်တက်လာကာ ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားနိုင်ပါတယ်။
တစ်နိုင်ငံလုံးမှာရှိတဲ့ ၂၀၀၀ အောက်ကားတွေကို တစ်ပြိုင်နက်အပ်ခိုင်းပြီး စလစ်တွေအများကြီး ထွက်လာရင် ကားသစ်သွင်းဖို့ ဒေါ်လာလိုအပ်ချက် အရမ်းများလာပါမယ်။ အဲဒီအခါ ဒေါ်
လာဈေးထပ်တက်ပြီး ကားဈေးနှုန်းတွေပါ လိုက်တက်တဲ့ သံသရာ ဖြစ်သွားနိုင်ပါတယ်။
လက်ရှိအခြေအနေအရ "မအပ်မနေရ" မူဝါဒကို ကျင့်သုံးဖို့ အလွန်ခဲယဉ်းသလို၊ ဖြစ်နိုင်ခြေလည်း နည်းပါသေးတယ် ။ အကြောင်းရင်းတွေကတော့ -
မြန်မာပြည်မှာ ၂၀၀၀ အောက် Model ကားတွေကို အခြေခံလူတန်း
စားနဲ့ ကုန်စည်ပို့ဆောင်ရေးမှာ အများဆုံး သုံးနေရတာပါ။ ဒါတွေကို အတင်းအဓမ္မ အပ်ခိုင်းရင် လူထုအပေါ် ဝန်ထုပ်ဝန်ပိုး အကြီးအကျယ် ဖြစ်စေနိုင်ပါတယ်။
ကားဟောင်းတွေ အမြောက်အမြား အပ်နှံလာတဲ့အခါ အဲဒီသံတိုသံစ တွေကို စနစ်တကျ စီမံခန့်ခွဲမယ့် စက်ရုံတွေနဲ့ နေရာတွေ လုံလောက်မှု ရှိ/မရှိ
စဥ်းစားနိုင်ပါတယ်။
လူတိုင်းကို စလစ်ထုတ်ပေးပြီး ကားသစ်သွင်းခွင့်ပေးလိုက်ရင် နိုင်ငံခြားငွေ အပြင်ကို အလုံးအရင်းနဲ့ စီးထွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံခြားငွေ ထိန်းချနေရတဲ့ အခြေ အနေမှာ ဒါဟာ အစိုးရအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပါလိမ့်မယ်။
"မအပ်မနေရ"ထက် "အခြားနည်းလမ်းတစ်ခုကိုစဥ်းစားပြီး အပ်ခိုင်းခြင်း"ကိုပဲ အရင်ကလို ဆက်သုံးဖို့ များမယ်ထင်ပါတယ်။
မအပ်မနေရ လုပ်ခဲ့ရင် ကားဈေးကျဖို့ထက် စလစ်ဈေးကြောင့် ကားဈေးနှုန်းတွေ ကမောက်ကမဖြစ်ပြီး ပိုတက်လာဖို့ပဲ ရှိပါတယ်။ အထူးသဖြင့် Model မြင့်ကားဈေးတွေနဲ့ စလစ်ဈေးတွေဟာ စံချိန်တင် မြင့်တက်သွားနိုင်ပါတယ်လို့ထင်ပါတယ်။
Copy
မူရင်းရေးသားသူအားလေးစားစွာဖြင့်
13/03/2026
ကားဝှီးတက် BarCode / QrCode. နောက်ဆုံးအခြေအနေ ---
----
မိမိကားရဲ့ ကတ် Error တက်သည်ဟု ယူဆပါက
သက်ဆိုင်ရာ ကညန ရဲ့
ပြည်သူ့ ဆက်ဆံရေးဌာနကို
အမြန်သွား ဆောင်ရွက်ပါ။
---
**** အရေးအကြီးဆုံးအချက်ကား
ပလပ်စတစ် လောင်းထားပါက မိမိ ကိုယ်တိုင် ကြိုတင်ခွာပေးထားရမည်။
မိတ္တူ ဆိုင်များမှာ စက်နဲ့အပူပေးပြီး ပြန်ခွာပေးပါသည်။
QrCode ကပ်ပါမသွားအောင် မပျက်စီးအောင်ဂရုစ်ုက်ပေးပါ
မူရင်း စက္ကူ အချပ်တိုင်းပြန်ရမှ ကွန်ပြူတာ ဌာန မှာ
တိုးဝှေ့တန်းစီပါ။
သေချာဂရုစိုက်ပါ။
မူရင်းကတ်ပျောက်သွားရင်တော့ ကားစစ် / NRC မူရင်းပြပြီး အသစ်ပြန်ထုတ်ပေးပါလိမ့်မည်။
😄😅
---
ပလပ်စတစ်ကပ်ခွာခ စျေးနှုန်းများမှာ
မိတ္တူ ဆိုင် ရဲ့ စေတနာအရ
၂ထောင်
၃ထောင်
၅ထောင်အထိ
အချဥ်ဖမ်းယူနေသည်ဟု သိရ။
ဒီနေ့က သောကြာနေ့လေ ။
Credit…
# # #ဆီသွားထည့်လို့ ကုန်တာနဲ့ကြုံရင်
ဆီကားလာပြန်ဖြည့်ချိန်၊ ဆီရမရကြိုမေးလို့ရ
ဆိုင်တွေက ဖုန်းဆက်မေးလို့ရပါတယ်တဲ့
ဒါကြောင့် နံပါတ်တွေရသလောက်
ပြန်စုပေးထားပါတယ်။
#ဆီဆိုင်ဖုန်းနံပါတ်များ
(ရန်ကုန်တိုင်းဒေသကြီး)
💚Max ဆီဆိုင်ဖုန်းနံပါတ်များ
========
1-ဗဟန်း 09 891755004, 01 555292
2-ကျွန်းတော 09 891755002, 01 532181
3-ဆင်မလိုက် 09 891755016
4-အလုံ 09 891755003, 01 218455
5-ပိတောက်ချောင်း 09 891755001, 01 531181
6-သိမ်ဖြူ 09 891755006, 01 399330
7-တာမွေ 09 891755005, 01 401525
8-သာကေတ 09 891755008, 01 450767
9-သုဝဏ္ဏ 09 891755007, 01 8550750
10-ကမာကြည် 09 891755051
11-တောင်ဥက္ကလာ 09 891755015, 01 8500660
12-မြောက်ဒဂုံ 09 891755050
13-လေးထောင့်ကန် 09 891755014, 09 8636189
14-အောင်မဂ်လာ 09 891755009, 01 637592
15-ဒဂုံဧရာ 09 891755012, 09 73164103
16-လှည်းကူး 1 09 891755013, 01 629011
17လှည်းကူး 2 -
18-မှော်ဘီ 1 09 891755017
19-မှော်ဘီ 2 09 891755018
20-ရွှေပြည်သာ 09 891755011
21-ဒလ 09 891755048
22-ကော့မူး 09 891755175
23-နွယ်ခွေ 09 891755178
24-တွံတေး 09 891755182
25-မင်္ဂလာဒုံ 09 891755046
💚DENKO ဆီဆိုင်များ
=========
ကုန်းတလပေါင် DENKO ဆီဆိုင် 09 940549225
တောင်ဒဂုံ DENKO ဆီဆိုင် 09 940549238
ထန်းတပင် DENKO ဆီဆိုင် 09 940549230
ဒဂုံဆိပ်ကမ်း DENKO ဆီဆိုင် 09 940549241
ဗဟန်း DENKO ဆီဆိုင် 09 940549231
ဗိုလ်တထောင် DENKO ဆီဆိုင် 9940671409
မြောက်ဒဂုံ - ၁ DENKO ဆီဆိုင် 09 940549234
မြောက်ဒဂုံ - ၃ (ပင်လုံ) DENKO ဆီဆိုင် 09 940549236
မြောက်ဒဂုံ -၂ DENKO ဆီဆိုင် 09 940549235
မြောက်ဥက္ကလာပ DENKO ဆီဆိုင် 09 940549353
မှော်ဘီ DENKO ဆီဆိုင် 9940671412
ရွှေပြည်သာ DENKO ဆီဆိုင် 09 940549242
လှည်းကူး DENKO ဆီဆိုင် 09 940549226
လှိင်သာယာ - ၁ DENKO ဆီဆိုင် 09 940549227
လှိင်သာယာ - ၂ DENKO ဆီဆိုင် 09 940549228
လှိင်သာယာ - ၃ DENKO ဆီဆိုင် 09 940549229
သန်လျင် - ၁ (မြိုမ) DENKO ဆီဆိုင် 09 940549239
သန်လျင် - ၂ (အောင်ချမ်းသာ) DENKO ဆီဆိုင် 09 940549240
အင်းစိန် DENKO ဆီဆိုင် 09 940549233
အောင်ဆန်း ဆီဆိုင်09 940549232crd
💚ရွှေဗျိုင်းဖြူစက်သုံးဆီ အရောင်းဆိုင်များ
(ရန်ကုန်တိုင်းဒေသကြီး)
=======
1.အင်းစိန်အရောင်းဆိုင်တွင် 92 Ron ရပါသည်။
ဖုန်းနံပါတ် - 09740099947
2.မင်္ဂလာဒုံအရောင်းဆိုင်တွင် Diesel / 92 Ron ရပါသည်။
ဖုန်းနံပါတ် - 09740099945
3.ဒဂုံဆိပ်ကမ်းအရောင်းဆိုင်တွင် 92 Ron / Diesel / Pre Diesel ရပါသည်။
ဖုန်းနံပါတ် - 09740099952
4.သာကေတအရောင်းဆိုင်တွင် 92 Ron / Diesel / Pre Diesel ရပါသည်။
ဖုန်းနံပါတ် - 09740099946
💚Yangon Patrol (YP) ဆီဆိုင်များ
======
Yangon Petrol (YP)
Yadanar Rd
Open 24 hours
+95 9 966 124912
Yangon Petrol (YP)-3
Number 2 Main Rd
Closes 9 pm
+95 9 692 253832
Yangon Petrol (YP)-2
Bago River Rd
Open 24 hours
+95 9 966 124906
Yangon Petrol-4 (Ayarwoon)
Open 24 hours
+95 9 683 015354
YP ဆီဆိုင်များ
မြောက်ဒဂုံ 09-423457766
ဒဂုံဆိပ်ကမ်း 09-966124906
သာကေတ 09-966124912, 09-448034069
💚PT power ဆီဆိုင်များ
=========
PT Power (Thaketa)
Shukhinthar Mayopat Rd, Yangon
Open 24 hours
+95 1 450 758
မဂ်လာဒုံ 09-421068003, 09-781593568
ရွှေပြည်သာ (zone 1) 01-3612778, 09420031017
သန်လျင် 09-457154791, 09-778708801
သာကေတ 09-780540598, 09-452228385
တောင်ဒဂုံ ၁ (ward 26) 09-457154781
တောင်ဒဂုံ ၂ (ward 62) 09-457154780, 09-788818913
တောင်ဒဂုံ ၃ (ward141) 09-457755008
💚New Day ဆီဆိုင်များ
=======
Between 55 and 56 St.,
Maha Bandula Road
Closes 11 pm
+95 1 291 904
New Day
70 Wai Za Yan Tar Rd
Closes 10 pm
+95 1 564 042
မဂ်လာတောင်ညွန့် 01-290310,09765421004
ပုဇွန်တောင် 095089373,09765421002
တောင်ဉက္ကလာ 01-8564042,09-765421003
မရမ်းကုန်း 01-658205
စမ်းချောင်း 01-534997
💚မြတ်မေတ္တာမွန် ဆီဆိုင်များ
=========
လှိုင်(ဘုရင့်နောင်) 09-798833938
6မိုင်ခွဲ 09-786595366,09-420247846
လှိင်သာယာ 09-893310476
ကြည်မြင်တိုင် 01-537071,09-777004226,09-777004234
မြောက်ဒဂုံ 09-788461906
တာမွေ. 09-255055565
သက်န်းကျွန်း 09-793758607
💚❝ 360 Degree Petro ❞
ရန်ကုန်ဆိုင်ခွဲများ
--------------------------
❛ မင်္ဂလာတောင်ညွန့်မြို့နယ် ❜ (09-772558950)
❛ သာကေတမြို့နယ် ❜ (09-789366895)
❛ သင်္ကန်းကျွန်းမြို့နယ် ❜ (09-786409959)
❛ မြောက်ဒဂုံမြို့နယ် ❜ (09-775117578)
❛ အင်းစိန်မြို့နယ် ❜ (09-773043497)
❛ လှိုင်မြို့နယ် ❜ (09-764610408)
❛ နေပြည်တော် ❜ (09-786387505)
Credit
25/02/2026
TOYOTA CROWN SPORT SUV🖤
25/02/2026
"MITSUBISHI CANTER "
(Chassis) စစ်ကြည့်မယ်
⛔ရှေ့လေးနောက်လေး မှန်/မမှန်
⛔အင်ဂျင်အမျိုးအစား မှန်/မမှန်
⛔ပေအရှည် မှန်/မမှန်
ရောင်းမှား / ၀ယ်မှား မဖြစ်ကြစေဖို့ရန် ရည်ရွယ်ပါတယ်။
- FE7 ( ခေါင်းကျဉ်း )
- FE8 ( ခေါင်းကြယ် )
- FE72 ( ခေါင်းကျဉ်း - ရှေ့ ဘတ်တာ )
- FE82 ( ခေါင်းကြယ် - ရှေ့ ဘတ်တာ)
- FE73 ( ခေါင်းကျဉ်း - ရှေ့ လေး အမှန် )
- FE83 ( ခေါင်းကြယ် - ရှေ့ လေး အမှန် )
FE72 , FE82 , FE73 , FE83 တို့ရဲ့နောက်မှာ ကပ်ပြီးပါလာတဲ့ ENGLISH စာလုံးက အင်ဂျင် ကိုပြောတာပါ။
ဥပမာ
70A , 70B , 70B , 70D , 73B ,
73D , 73E , 82D , 82E , 83D ,
83E
- A ( 4M40 အင်ဂျင် - 2800 Cc )
- B ( 4M42 အင်ဂျင် - 3000 Cc )
- C ( 4D33 အင်ဂျင် - 4200 Cc )
- D ( 4M50 အင်ဂျင် - 4900 Cc )
- E ( 4M51 အင်ဂျင် - 5200 Cc )
အင်ဂျင် ကိုညွှန်းတဲ့စာလုံးရဲ့နောက်မှာကပ်ပြီးပါလာတဲ့ ENGHISH စာ နောက် တစ်လုံးက ပေ အရှည်ကို ညွှန်းပါတယ်။
ဥပမာ
B , C , E , G
- B = 10 ပေ
- C = 12 ပေ
- E = 14 ပေ
- G = 16 ပေ
ဥပမာ
FE83DG ဆိုရင်
● 83 ကရှေ့လေးနောက်လေး
● D က 4M50 အင်ဂျင်
● G က ၁၆ပေ
⛮ အားလုံးဘဲ ကားကောင်း / ကားမှန်များသာ ပိုင်ဆိုင်နိူင်ကြပါစေ ⛮
အလွဲ ကားများ ၀ယ်ယူမိသည့် ဒုက္ခများမှ ကင်းဝေးကြပါစေ
Crd Original Uploader
#ကားအကြောင်း
20/10/2025
Model - 2009 (Nov)
Colour - Pearl White (624P)
Engine - 1.3 / 2W
Grade - G Smart
Smart Key / IPad TV / ခေါင်းမှီ ၃လုံး
ရှဲပြောင်း /ထိုင်ခုံအမဲ/ ဆိုက်ကာဗာအမဲ
Engine oil/Honda Auto oil/ Coolent အသစ်
အောက်ပိုင်းလက်တင် ခရီးဝေးတန်းထွက်နိုင်
လိုင်စင်အသစ် / ၅၀၀၀ ချလန်ယာဥ်စစ်ပီး
ဝယ်ယူသူမှစိတ်တိုင်းကျစစ်ဆေးနိုင်ပါသည်။
ိုင်စင်_2I
Price - ***သိန်း (ညှိနိုင်း)
Phone - 095176609
Location - Yangon.
24/09/2025
မိမိအကောင့်ထဲ ရှဲထားပါ
တချိန်အသုံးဝင်လာပါလိမ့်မည်။
- ဂရံ
- - ပုံစံ ၁၀၅
- ပုံစံ ၁၀၆
- - စလစ်မြေ
- ပုံစံ ၇ ( လယ်ယာမြေ)
-ပါမစ်မြေ နမူနာပုံတွေပါ
Credit photo
"မြေဧက ဖွဲ့နည်း - တွက်နည်းများ".................................................
* တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
* လေးနားညီ စတုရန်း=
* အလျား ၂၀၈.၇၁ ပေ x အနံ ၂၀၈.၇၁ ပေ။
* နှစ်နားညီ စတုဂံ = လျားxနံ 43560
* နှစ်နားပြိုင် တြာဗီဇီယံ =
* ပြိုင်နား နှစ်ခုပေါင်း ၂ x နံ 43560
* တြိဂံ = ၀.၅xအခြေxအမြင့် 43560
* ထောင့်မှန် တြိဂံ -
* အခြေxအမြင့် = ရလာဒ် ၂ 43560
* စက်ဝိုင်း -
* အချင်းဝက်x အချင်းဝက်x 3.1416 43560
* (သို့)
* စက်ဝိုင်း -
* အချင်းxအချင်းx .၇၈၅၄ 43560
* ပုံသေ မြှောက်ကိန်း ၀.၇၈၅၄
* ၀.၇၈၅၄ သည် ပိုင်ကိန်း၃.၁၄၁၆ကို(အနားလေးဖက်) ၄နှင့်စားပြီးစတုရန်းကွက်ဖေါ်သည်။
အနားငါးမျက်နှာ၆မျက်နှာနှင့်အနားများစွာ=စတုဂံစတုရန်းတြိဂံစသည်အကွက်စိပ်ပြီးတွက်ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
"ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း"
============================
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ. )
* (၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကိုမြှောက်။
* (၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း
* ပင်ခြား ကွာဝေးမြှောက်ကိန်း
မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
၆၀၀၀၀ ၁၄၄ = ၄၁၆ ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ x .၁၅ = ၆၂
၄၁၆ + ၆၂= ၄၇၈ ပင်
* (၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်
စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
၄၃၅၆၀ ၃၆၁ = ၁၂၀
ဖိုခနောက်ဆိုင်စိုက်လျှင်
၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်
(ဝင်းမြင့် တွက်နည်း - ၁၀၀ စာအုပ်မှ ...)
25/06/2025
Honda Fit Shuttle မှာ C grade နဲ့ G grade က အများကြီးကွာပါတယ့် Cgrade မှာ မပါဝင်တယ့် accessories တော်တော်များများ က G Grade မှာ ပါဝင်ပါတယ့်
ဥပမာ-Cruise control -Cgrade မှာ လုံးဝလုံးဝမပါဘူး ပါရင်လဲ သုံးလိုမရပါဘူး (Cruise ပါလို့ Cruise ကို သွားနှိပ်ရင် ဒိုင်ခွက် မှာ Cruise မပေါ်ဘူး
/ဒီထက်ပိုကောင်းတယ့် နည်းနဲ့ စစ်ချင်ရင် ကားရဲ့ ဘယ်ဘယ့် တံခါးဘောင်နားမှာ ပါတယ့် Chessi code ကို သွားကြည့်ပါ chessi နံပါတ်အောက်မှာ နံပါတ် 7AO လို့ပါရင် သူ့ဆီမှာ smart key ပါနေရင်လဲ့ အဲ့ကားက C gradeပါ Grade ချိန်းထားတယ့် ကားပါ /
7B1-7B3 လို့ပါရင် အဲ့ကားက Hybrid grade ပါ မြန်မာ မှာ တချို့ တော်တော်များများ G Gradeလို့ ခေါ်တယ့်/ဂျပန် Option မှာHybrid Grade လို့ခေါ်ပါတယ့်
အဲ့ Grade ကလဲ သော့ နဲ့ပဲလာတယ့်/စမတ် ပါရင် စမတ် ပြန်ထည့်ထားတာပါ-သူ့ကို စစ်လို့ရတယ့် နည်း က ဘယ့်ဘယ် အရှေ့ထိုင်ခုံ Passenger ဘေးဘောင်နား မှာ Namplate ပါတယ့် အဲ့ မှာ 7B လို့ပါရင် အဲ့တာ သော့ဂရိတ်ပဲ
အောက်မှာ နမူနာပုံ ပါမယ့်
/7C/7D/7E/7F တို့ပါမှာ ဂျပန်က အော်ပါလာတယ့် စမတ်ကီး အမှန်ပါ -အကြမ်းမှတ်ချင်ရင် English အက်ခရာ ABCDEFနဲ့ ခွဲပါ/နောက်ထပ် C grade နဲ့ G grade ကွာခြားချက်-
C grade မှာ ပါးခြမ်း မီး ပါမယ့်/ဘေး စကပ် နှစ်ဖက်မပါ/cillint လက်ကိုင် လေးကွင်းမှာ သုံးကွင်းမပါ/Half လည်သာ မဖြစ်/HID မီးဖြူမပါ/ရှေ့မှန် ကြီး sunshade မပါ/အဲယားကွန်း နီကယ်ကွင်းမပါ/ဘက်မှန်မီးချောက်မပါ
Hybrid grade နဲ့ စမတ် ကီး နဲ့မတူပါ - G grade မှာ စမတ်မပါ/မှန် sunshadeမပါ/HID မီးဖြူ မဖြစ် / ဒီနေရာ မှာ ကျွန်တော် တခု ပြောချင်တယ့်
အဖြူ နဲ့ ပါးဝိူက် လုံးဝမတူပါ အဖြူ က ကာလာကုဒ် NH 578 ပါ /ပါးဝိူက် က ကာလာကုဒ် NH624P ပါ)/NH578 က စမတ်ပါလာရင် အဲ့တာပြန်ဆင်ဂရိတ်ပါ/
နောက်တချက် သတိထားရမှာ NH624 P က 7C/7D/7E/7F ဆိုရင် စမတ် အမှန် NH624 P ပါးဝှိုက် က 7B နဲ့လာရင် အဲ့တာ Hybrid Grade ကို စမတ်ထည့်ထားတာပါ...
အဓိက လွယ်လွယ် လေးမှတ်ရမှာ-
ဘယ့်ဘက် ရှေ့ဘောင်နား မှာ Nameplate ရှိမယ့် အဲ့ nameple ကိုကြည့်ရမယ့်
7A -NH578 -အဖြူရောင် C grade…
ပစ္စည်း အစုံပါနေလဲ C grade- Grade Change ကားပါ…
7B-NH624 P -Hybrid G သော့ဂရိတ် -ပါးဝိူက်-အဲ့ကားမှာ ရှေ့မှန်ကြီး လဲထားနိုင်တယ့်
G Hybrid မှာ ရှေ့မှန်ကြီး Sunshade မပါ
စမတ်ကီး မပါ -HiD မီးဖြူ မပါ -ကျန်တာ စမတ် အတိုင်း အကုန်ပါ
7C-NH624 P ပါးဝိူက် စမတ် အမှန်
အဲ့ဒါ အားလုံး C-G-Smart ပါးဝိူက် နဲ့ အဖြူ ကို ရှင်းပြပေးထားတာပါ
NH700 M-Silver
NH731P-Black
7A-NH700M-C grade Silver
7B-NH 700M-G Hybrid Silver
7A-NH 731P-C grade Black
7B-NH 731P-G Hybrid Black
စမတ်ကီး အမှန် ကားတွေက
7C/7D/7E/7F
7C-စမတ် အမှန်
7D-2012 late ကော်ဖီခွက် မီးအပြာ ဘေး Hybrid တံဆိပ်ပါ
7E-ပရီမီယံ
7F ဆို Panorama Grade ခေါင်းမိုး မှာ မှန်ပါ
Shuttle မှာ Fine line Grade ဆိုပြီး ရှိတယ့် ရှေ့ထိုင်ခုံ အပူပေး Seat 💺 Heater ပါမယ့် နောက် ထိုင်ခုံ လက်တင် အကြီးပါမယ့်
2013 Late ဖြစ်ရင် ပုံပြောင်းမယ့် ဖန်ရှဲ အစား နီကယ်ရှဲ ဖြစ်မယ့် /နောက်မီးခွက်ပြောင်မယ့် /ရှေ့ ဘန်ဘာ နောက်ဘန်ဘာ ပြောင်းမယ့် /Paddle Shift ပါမယ့် /အတွင်းထိုင်ခုံ /side cover အရောင် ပြောင်းမယ့် /ထိုင်ခုံ Heater နောက်လက်တင်ကြီး မှန်ဒီပရိုဇာ ပါမယ့်
ကိုသိသလောက် တက်နိုင်သလောက် ရှင်းပြပေးပြီး ကိုယ့် ညံ့ရင် ကိုယ့်ခံပေါ့
ကျေးဇူးပါ...
Ko Tun Tun
Category
Telephone
Website
Address
အမှတ် ၁၇၁၊သုမိတ္တာ ၆လမ်း၊၁ ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်
Yangon