Intellect Myanmar

Intellect Myanmar

Share

HR & Business Software Solution Services

05/07/2026

"အရည်အသွေးမြင့် SOP များတွင် ရှိရမည့် ဂုဏ်
အင်္ဂါရပ်များ"

အရည်အသွေးမြင့်မားသော လုပ်ထုံးလုပ်နည်းတစ်ခုသည် ပထမဦးစွာ ကြည့်လိုက်ရုံဖြင့် ဖတ်ချင်စဖွယ် ဖြစ်ရမည် (စာလုံးသေးများဖြင့် ပြည့်နှက်နေသော စာရွက်စာတမ်းမျိုး မဖြစ်ရပါ) ။၄င်းသည် ရှင်းလင်းရ မည်၊ ပြည့်စုံရမည်၊ တိကျရမည်ဖြစ်သည့်အပြင် စနစ်တကျ ဖွဲ့စည်းထားပြီး ဖတ်ရလွယ်ကူရမည် ဖြစ် သည်။

အနှစ်ချုပ်အားဖြင့် အရည်အသွေးမြင့် SOP တစ်ခုတွင် အောက်ပါ ဂုဏ်အင်္ဂါရပ်များ ရှိရမည် ဖြစ်သည်။

✅ပုံစံကျခြင်း (Well-formatted)
စာရွက်စာတမ်းတစ်ခု၏ အသွင်အပြင်သည် အမှန်တကယ် အရေးကြီးပါသည်. အသွင်အပြင် (Looks) နှင့် အနှစ်သာရ (Substance) နှစ်ခုစလုံးသည် တစ်ခုနှင့်တစ်ခု အထောက်အကူပြုနေကြသည်။ SOP တစ်ခုသည် ပုံစံကျနပြီး သေသပ်ပါက ဖတ်ရှုသူများသည် ၎င်းကို ထိရောက်စွာ ဖတ်ရှုနိုင်ပြီး အနှစ်သာရကိုလည်း လွယ်လွယ်ကူကူ နားလည်နိုင်မည်ဖြစ်သည်။
✅တိုရှင်းလိုရင်းရှိခြင်း (Concise)
SOP တစ်ခုတွင် အချက်အလက် မည်မျှ ပါဝင်သင့်သနည်း။ စာရေးသူအများစုသည် မိမိတို့၏ SOP ကို အလွန်ပြည့်စုံစေချင်သောကြောင့် တိုက်ရိုက်မပတ်သက်သော အချက်အလက်များကိုပါ ထည့်သွင်းတတ် ကြသည်။ သို့သော် ဖတ်ရှုသူများအတွက် အချိန်အကန့်အသတ်ရှိသဖြင့် SOP များသည် အသုံးပြုသူ၏ အချိန်နှင့် လုပ်ငန်းစဉ် လိုအပ်ချက်များအပေါ် မူတည်ပြီး တိုရှင်းလိုရင်းရှိရမည် ဖြစ်သည်။
✅ကောင်းမွန်စွာ ရေးသားထားခြင်း (Well-written)
ရှည်လျားပြီး ရှုပ်ထွေးသော ဝါကျများထက် ဝါကျတိုတို နှင့် ရိုးရှင်းသော စကားလုံးများကို အသုံးပြုရမည်။ နားမလည်နိုင်သော အတိုကောက်စာလုံးများနှင့် နည်းပညာစကားလုံးများ (Jargon) ကို ရှင်းပြချက်မပါဘဲ အသုံးမပြုသင့်ပါ။ အသုံးပြုသော ဘာသာစကား အရည်အသွေးသည် SOP ၏ အရည်အသွေးကို တိုက်ရိုက် သက်ရောက်မှုရှိသည်။
✅ရှင်းလင်းပြတ်သားခြင်း (Clear)
ဖတ်ရှုသူသည် ဖတ်ပြီးသွားသောအခါ ဘာလုပ်ရမည်ကို ဇဝေဇဝါမဖြစ်ဘဲ ရှင်းရှင်းလင်းလင်း သိရှိစေရ မည်။
✅တိကျခြင်း (Precise)
ဖော်ပြထားသော ကိန်းဂဏန်းများ၊ ယူနစ်များနှင့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့သည် မှန်ကန်တိကျရမည် ဖြစ်သည်။
✅စည်းမျဉ်းများနှင့် ကိုက်ညီခြင်း (Compliant)
SOP သည် သက်ဆိုင်ရာ ကုမ္ပဏီတွင်းနှင့် ပြင်ပ အရည်အသွေး စံနှုန်းများ၊ လမ်းညွှန်ချက်များနှင့် စည်း မျဉ်းစည်းကမ်းများ (Regulations) နှင့် ကိုက်ညီမှု ရှိရမည်
ဖြစ်သည် ။

"SOP Mastery" Ebook ရပါပြီ။

📌 စာအုပ်အသေးစိတ်
စာအုပ်အမည် - SOP Mastery
အမျိုးအစား - Ebook (Digital Copy)
စာမျက်နှာ - 181 Pages
စျေးနှုန်း - 30,000 ကျပ်

ဝယ်ယူဖတ်ရှုလိုပါက

Messenger (Chatbox)

သို့မဟုတ်

Viber/WhatsApp

+6584066541

ကနေတဆင့် ယခုပဲ ဆက်သွယ်မှာယူနိုင်ပါပြီ။

Kpay ဖြင့် ပေးချေနိုင်ပါသည်။

ငွေလွှဲပြီးပါက ငွေလွှဲ Screenshot နှင့်
စာအုပ်ပို့ပေးရမယ့်
Email သို့မဟုတ် Viber Numberပို့ပေးပါ ခင်ဗျ။

05/07/2026

"SOP Mastery" စာအုပ် စာဖတ်လမ်းညွှန်

✅ မဟာဗျူဟာချမှတ်ခြင်းနှင့် လက်တွေ့အကောင်အထည်ဖော်မှုကြားက ကွာဟချက်တွေကို သိချင်ရင်တော့ အခန်း (၁) "SOP သီအိုရီဆိုင်ရာ အခြေခံအုတ်မြစ်များ" ကို ဖတ်ရှုနိုင်ပါတယ်။ လုပ်ငန်းတွေ ဘာကြောင့် ကျရှုံးရသလဲဆိုတဲ့ အကြောင်းရင်းတွေ၊ 3M Model (Macro-Meso-Micro) အကြောင်းတွေသာမက မူဝါဒ (Policy)၊ လုပ်ငန်းစဉ်များ ပုံဖော်ရေးဆွဲခြင်း (Process Mapping)၊ လုပ်ငန်းစီးဆင်းမှု လေ့လာဆန်းစစ်ခြင်း (Workflow Analysis) နဲ့ တာဝန်ခွဲဝေသတ်မှတ်ခြင်း (Role Assignment) စတဲ့ အခြေခံသဘောတရားတွေကိုပါ ပြည့်ပြည့်စုံစုံ ထည့်သွင်းရှင်းလင်းထားပါတယ်။
✅SOP ရဲ့ အခြေခံသဘောတရားနဲ့ ရရှိလာမယ့် အကျိုးကျေးဇူးတွေကို သိချင်ရင်တော့ အခန်း (၂) "SOP ဆိုသည်မှာ" ကို ဖတ်ရှုပါ။ SOP ကြောင့် ရှုပ်ထွေးနေတဲ့ လုပ်ငန်းခွင်ကနေ စနစ်ကျတဲ့ အခြေအနေကို ဘယ်လိုပြောင်းလဲသွားမလဲဆိုတာနဲ့ "စနစ်" (Process) နဲ့ "လူ" (People) ကြား ဘယ်လိုဟန်ချက်ညီအောင် လုပ်ဆောင်ရမလဲဆိုတာကို လေ့လာနိုင်ပါတယ်။
✅SOP တစ်ခုမှာ ဘယ်လိုအချက်တွေ ပါဝင်ရမလဲဆိုတာကို သိချင်ရင်တော့ အခန်း (၃) "SOP ရေးသားနည်း လမ်းညွှန်များ" ကို ဖတ်ရှုပါ။ မျက်နှာဖုံးကနေစပြီး မူဝါဒ (Policy) တွေ၊ အဆင့်ဆင့် လမ်းညွှန်ချက်တွေအထိ မပါမဖြစ်တဲ့ အစိတ်အပိုင်းတွေကို စံနမူနာ (Template) နဲ့တကွ ဖော်ပြပေးထားပါတယ်။
✅SOP Project တစ်ခုကို ဘယ်လိုစတင်ရမလဲဆိုတာကို သိချင်ရင်တော့ အခန်း (၄) "SOP ရေးသားခြင်း လုပ်ငန်းစဉ်များ" ကို ဖတ်ရှုပါ။ လုပ်ငန်းရဲ့ လက်ရှိအခြေအနေကို သုံးသပ်ခြင်း (Diagnosis) ကနေစပြီး လက်တွေ့စမ်းသပ်ခြင်း (Pilot Test) အထိ အဆင့်ဆင့်လုပ်ဆောင်ရမယ့် Project Lifecycle ကို လမ်းညွှန်ပေးထားပါတယ်။
✅SOP ကို ရှင်းလင်းပြီး နားလည်လွယ်အောင် ဘယ်လိုရေးရမလဲဆိုတာကို သိချင်ရင်တော့ အခန်း (၅) "SOP ရေးရာတွင် အသုံးပြုသည့် အရေးအသားပုံစံများ" ကို ဖတ်ရှုပါ။ Miller's Law ကို အသုံးပြုပြီး ဝါကျတိုတိုနဲ့ ရှင်းလင်းပြတ်သားစွာ ရေးသားနည်းတွေ၊ လုပ်ဆောင်ရန် ညွှန်ကြားတဲ့ ဝါကျပုံစံတွေနဲ့ တိကျတဲ့ အသုံးအနှုန်းတွေကို ရှင်းပြထားပါတယ်။
✅ရေးဆွဲထားတဲ့ SOP တွေရဲ့ အရည်အသွေးကို စစ်ဆေးချင်ရင်တော့ အခန်း (၆) "SOP များ၏ အရည်အသွေးကို စနစ်တကျ စစ်ဆေးခြင်း" ကို ဖတ်ရှုပါ။ အရည်အသွေး စစ်ဆေးဖို့အတွက် Checklist တွေနဲ့ ရက်ပေါင်း ၃၀/၆၀/၉၀ Rollout Plan အကြောင်းကို အသေးစိတ် လေ့လာနိုင်ပါတယ်။
✅SOP တွေကို နည်းပညာ၊ AI တို့နဲ့ ဘယ်လိုချိတ်ဆက်ရမလဲဆိုတာကို သိချင်ရင်တော့ အခန်း (၇) "AI၊ အလိုအလျောက်စနစ်နှင့် SOP စီမံခန့်ခွဲမှု၏ အနာဂတ်" ကို ဖတ်ရှုပါ။ RPA (Robotic Process Automation)၊ AI နည်းပညာတွေနဲ့ ဒစ်ဂျစ်တယ် SOP စနစ် တည်ဆောက်ပုံတွေကို ဖော်ပြပေးထားပါတယ်။
✅SOP ကျင့်သုံးရာမှာ ကြုံတွေ့ရတတ်တဲ့ ဝန်ထမ်းတွေရဲ့ ငြင်းဆန်မှုတွေကို ကိုင်တွယ်ဖြေရှင်းချင်ရင်တော့ အခန်း (၈) "လူသားစွမ်းအားနှင့် လုပ်ငန်းခွင်ယဉ်ကျေးမှု" ကို ဖတ်ရှုပါ။ ဝန်ထမ်းတွေက SOP ကို ဘာကြောင့် လက်မခံချင်ကြတာလဲဆိုတဲ့ စိတ်ပညာရှုထောင့်နဲ့ ADKAR Model ကို သုံးပြီး အပြောင်းအလဲကို စီမံခန့်ခွဲပုံတွေကို ရှင်းပြထားပါတယ်။
✅SOP ကို အသုံးချပြီး စီးပွားရေးလုပ်ငန်း အောင်မြင်မှုတွေ ရယူချင်ရင်တော့ အခန်း (၉) "SOP မှသည် စီးပွားရေးအောင်မြင်မှုဆီသို့" ကို ဖတ်ရှုပါ။ OKRs တွေ၊ KPIs တွေကို SOP နဲ့ ဘယ်လိုချိတ်ဆက်မလဲဆိုတာနဲ့ "ရှင်သန်နေသော စီမံခန့်ခွဲမှုစနစ်" (Living Management System) တစ်ခု တည်ဆောက်ပုံကို နိဂုံးချုပ်အနေနဲ့ တင်ပြပေးထားပါတယ်။

"SOP Mastery" Ebook ရပါပြီ။

📌 စာအုပ်အသေးစိတ်
စာအုပ်အမည် - SOP Mastery
အမျိုးအစား - Ebook (Digital Copy)
စာမျက်နှာ - 181 Pages
စျေးနှုန်း - 30,000 ကျပ်

ဝယ်ယူဖတ်ရှုလိုပါက

Messenger (Chatbox)

သို့မဟုတ်

Viber/WhatsApp

+6584066541

ကနေတဆင့် ယခုပဲ ဆက်သွယ်မှာယူနိုင်ပါပြီ။

Kpay ဖြင့် ပေးချေနိုင်ပါသည်။

ငွေလွှဲပြီးပါက ငွေလွှဲ Screenshot နှင့်
စာအုပ်ပို့ပေးရမယ့်
Email သို့မဟုတ် Viber Numberပို့ပေးပါ ခင်ဗျ။

01/06/2026

“စိတ်ဓာတ်ကျနေသလား?
အောင်မြင်တဲ့သူတွေက မလဲကျဖူးလို့ မဟုတ်ဘူး။
လဲကျတိုင်း… ပြန်ထရဲလို့ အောင်မြင်တာ။”

01/06/2026

“မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ အကျင့်တွေ ပြန်လုပ်မိ

နေသလား?

Willpower မလုံလောက်လို့ မဟုတ်ဘူး။

Habit အသစ်နဲ့ အစားမထိုးရသေးလို့ပဲ။”

Telephone

Address


Kaymar Thiri Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00