Padesar

Padesar

Share

ᴏɴᴇ-ꜱᴛᴏᴘ ᴘʟᴀᴛꜰᴏʀᴍ ꜰᴏʀ ʏᴏᴜʀ ɢᴀꜱ ɴᴇᴇᴅꜱ !

29/09/2026

အိမ်သုံးဂက်(စ်) ၊ ဂက်(စ်) နှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင် ၊ အိမ်သုံးနဲ့ မီးဖိုချောင်သုံးပစ္စည်းအရောင်းဆိုင် ၊ Electronics နဲ့ Home Appliance အရောင်းဆိုင် 🖥️📺…
သင်က ဒီလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဆိုရင် ရောင်းအားပိုတက်ဖို့အတွက် အွန်လိုင်းကနေ ဝယ်သူ အသစ်တွေ ရဖို့လည်း လိုအပ်တာပေါ့ 📈
ဒါဆိုရင် ပဒေသာကို ဘာကြောင့် ရွေးချယ်ပြီး လက်တွဲသင့်တာလဲ?
ပဒေသာဟာ ဂက်(စ်) ၊ ဂက်(စ်)မီးဖိုနဲ့ အိုးတွေအပြင် ဂက်(စ်)နဲ့ ဆက်စပ်တဲ့ အပိုပစ္စည်းတွေ ၊ အိမ်သုံးနဲ့ မီးဖိုချောင်သုံးပစ္စည်း တွေ ၊ Electronics နဲ့ Home Appliance ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ Online Platform တစ်ခုပါ 💚
ဒါကြောင့် ဆိုင်ရဲ့ ဝန်ဆောင်မှုတွေကို Smart System တစ်ခုဖြစ်သွားစေဖို့ ပဒေသာက အတူတကွ လက်တွဲပုံဖော်ဖို့ အဆင်သင့် ရှိလို့နေပါတယ်နော် 🤝
ပဒေသာရဲ့ မိတ်ဖက်ကိုယ်စားလှယ် ဖြစ်လာတဲ့အခါ ဆိုင်တည်ရှိရာ မြို့နယ်နဲ့ မြို့နယ်ရဲ့ အနီးဝန်းကျင်မှာရှိတဲ့ အက်(ပ်) သုံးစွဲ သူတွေဆီ တိုက်ရိုက်ချိတ်ဆက်ပေးမှာဖြစ်တာကြောင့် ဝယ်သူသစ်တွေကို အလွယ်တကူ တိုးပွားရရှိစေမှာပါ 📍
ဒါ့အပြင် အော်ဒါတွေကိုလည်း စာရွက်ပေါ် မှတ်စရာမလိုဘဲ အက်(ပ်)ထဲကနေတစ်ဆင့် အလွယ်တကူ လက်ခံပြီး ပို့ဆောင်နိုင် သလို 📦
E-Receipt စနစ် ပါဝင်တာကြောင့်လည်း စာရင်းဇယားတွေကို စနစ်တကျ သိရှိနိုင်မှာ ဖြစ်ပါတယ် 🧾
ဒါတွေတင်မကဘဲ ပဒေသာရဲ့ ယုံကြည်စိတ်ချရတဲ့ Official Partner ဆိုင်တစ်ဆိုင်အဖြစ် ခေတ်မီ ၊ စနစ်ကျစွာနဲ့ ဝန်ဆောင် မှုတွေ ပေးသွားနိုင်မှာပဲ ဖြစ်ပါတယ်နော် 💼
ဒါကြောင့်မလို့ လုပ်ငန်းကို စမတ်ကျကျ လည်ပတ်ပြီး အွန်လိုင်းကနေ ဖောက်သည်အသစ်တွေရဖို့ ဒီနေ့ပဲ ပဒေသာနဲ့ လက်တွဲ ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်🤝
ပဒေသာရဲ့ Vendor အဖြစ်ပါဝင်လိုပါက page Messenger နဲ့ 09977838141 ကို တနင်္လာ မှ စနေနေ့ (ရုံးချိန်) ၉ နာရီ မှ ၅နာရီ အတွင်း ဆက်သွယ်ပြီး စုံစမ်းမေးမြန်း နိုင်ပါတယ်နော် 💬📞
📲 ပဒေသာ အက်ပလီကေးရှင်းကို First Comment က Link ကို နှိပ်ပြီး အသုံးပြုနိုင်ပါပြီ
#လွယ်လွယ်လေးဂက်စ်မှာပဒေသာ

27/09/2026

Recharge Your Energy... ရာသီစာကြက်သားဆန်ပြုတ် 🥣

ပင်ပန်းမှုတွေကြောင့် ခန္ဓာကိုယ်က Low Energy ဖြစ်ပြီး အားအင်ကုန်ခမ်းနေချိန်မျိုးမှာ တစ်ဇွန်းသောက်လိုက်ရုံနဲ့ လည်ချောင်း ထဲမှာ နွေးခနဲဆင်းသွားပြီး ကြည်လင်လန်းဆန်းသွားစေမယ့် အရသာကတော့ ဆန်ပြုတ်ပူပူလေးပါပဲ 🔋

ကြက်ရိုးနဲ့ အသားဖတ်လေးတွေကို အရည်ကြည်ထွက်အောင် အချိန်ယူပြီး ပြုတ်ထားတဲ့ ကြက်ပြုတ်ရည်ချိုချိုလေးထဲမှာ ဆန် သားအိအိလေးတွေ ပေါင်းစပ်သွားတဲ့အခါ ခံတွင်းကို တကယ်ပဲ ဇိမ်ရှိစေပါတယ် 😋🍗

အပေါ်ကနေ ဂျင်းပါးပါးလှီးထားတာလေးတွေ 🫚၊ ကြက်သွန်မြိတ်မွှေးမွှေးလေးနဲ့ ငရုတ်ကောင်းလေး ဖြူးလိုက်တဲ့အခါ ထွက် လာတဲ့ အငွေ့တထောင်းထောင်းနဲ့ အနံ့ကတင် ချက်ချင်း အမောပြေစေတာပါ ✨

အစာအိမ်အတွက် ဝန်မလေးဘဲ အစာကြေလွယ်သလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရနဲ့ ရေဓာတ်ကိုလည်း ဖြည့်တင်း ပေးနိုင်တာမလို့ ပင်ပန်းပြီး နုံးခွေနေသူတွေအတွက် သင့်တော်တဲ့ အစားအစာတစ်ခုပါပဲ 💪

ကုန်ခမ်းနေတဲ့ အားအင်တွေကို ပြန်ဖြည့်နိုင်ဖို့ အာဟာရပြည့်ဝတဲ့ ဆန်ပြုတ်ပူပူလေးတစ်ပွဲလောက် သောက်လိုက်ကြရအောင် နော် 🥣

ဂက်(စ်)မီးဖို ၊ ဂက်(စ်)အိုး ၊ ဂက်(စ်)နဲ့ ဆက်စပ်တဲ့ အပိုပစ္စည်းတွေအပြင် Home Appliance တွေ ၊ မီးဖိုချောင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို အလွယ်တကူ မှာယူနိုင်ဖို့ ပဒေသာ အက်ပလီကေးရှင်းကို First Comment က Link ကို နှိပ်ပြီး အသုံးပြုနိုင်ပါ ပြီနော် 📱🛒✨

26/09/2026

ယနေ့ကျရောက်တဲ့ တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့) နေ့ထူးနေ့မြတ် အခါသမယမှာ ချစ်ခင်ရတဲ့သူများအားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေကြောင်း ပဒေသာ မိသားစုမှ ဦးစွာပထမ မေတ္တာပို့သ ဆုမွန် ကောင်း တောင်းလိုက်ရပါတယ် 🙏

"တော်သလင်း မြစ်တွင်းသင်္ဖြူးခင်း" ဆိုသလို မြစ်ရေပြင် ငြိမ်သက်ကြည်လင်ပြီး ရာသီဥတု သာယာအေးချမ်းပြီး ထူးမြတ်တဲ့ အချိန်အခါသမယကစပြီး မိသားစုတိုင်း စိတ်ရောကိုယ်ပါ အေးချမ်းသာယာပြီး လိုရာဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ 🌸

ဂက်(စ်)မီးဖို ၊ ဂက်(စ်)အိုး ၊ ဂက်(စ်)နဲ့ ဆက်စပ်တဲ့ အပိုပစ္စည်းတွေအပြင် Home Appliance တွေ၊ မီးဖိုချောင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို အလွယ်တကူ မှာယူနိုင်ဖို့ ပဒေသာ အက်ပလီကေးရှင်းကို First Comment က Link ကို နှိပ်ပြီး အသုံးပြုနိုင်ပါ ပြီနော် 📱🛒✨

#တော်သလင်းလပြည့်

25/09/2026

အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ခလုတ်ပိတ်ထားပေမယ့် မီးအားစွဲတာ ဘာကြောင့်လဲ…?
လျှပ်စစ်ပစ္စည်းတွေကို ခလုတ်ပိတ်ထားပြီဆိုပြီး မီးအားလုံးဝ မစွဲတော့ဘူးလို့ ထင်နေပါသလား🤔
တကယ်တော့ လျှပ်စစ်ပစ္စည်းတချို့မှာ ခလုတ်ပိတ်ထားပေမယ့် Plug တပ်ထားဆဲဖြစ်ရင် Standby Mode ကြောင့် လျှပ်စစ် ဓာတ်အား အနည်းငယ် ဆက်လက်သုံးစွဲမှု ရှိနေနိုင်ပါတယ် 🔌
Standby Mode ဆိုတာက လျှပ်စစ်ပစ္စည်းကို အပြည့်အဝ အသုံးမပြုနေတဲ့အချိန်မှာတောင် နောက်တစ်ကြိမ် ပြန်အသုံးပြုနိုင်ဖို့ လိုအပ်တဲ့ လုပ်ဆောင်ချက်အချို့ကို ဆက်လက်အလုပ်လုပ်နေစေတဲ့ အခြေအနေတစ်ခုပါ 💡
ဥပမာ - Remote Control နဲ့ ပြန်ဖွင့်ရတဲ့ TV ၊ Microwave ၊ Computer နဲ့ တခြား Smart Device တွေမှာ Standby Power သုံးစွဲမှု ရှိနိုင်ပါတယ်⚡
အဲ့ဒီပစ္စည်းတွေကို ခလုတ်ပိတ်ထားပေမယ့် Indicator Light လေးတွေ ဆက်လင်းနေတာမျိုးကိုလည်း တွေ့ရတတ်ပါတယ် ✨
တစ်ကြိမ်သုံးစွဲတဲ့ လျှပ်စစ်ပမာဏက အများကြီးမဟုတ်ပေမယ့် အသုံးမပြုတဲ့ပစ္စည်းတွေကို အချိန်ကြာကြာ Plug တပ်ထားမယ် ဆိုရင် Standby Power သုံးစွဲမှုတွေ စုလာနိုင်ပါတယ် ⚡
ဒါကြောင့် မကြာခဏအသုံးမပြုတဲ့ လျှပ်စစ်ပစ္စည်းတွေကို ခလုတ်ပိတ်ထားရုံမက Plug ဖြုတ်ထားတာ ဒါမှမဟုတ် Power Strip အသုံးပြုထားတယ်ဆိုရင် Switch ကို ပိတ်ထားတာ က Standby Power သုံးစွဲမှုကို လျှော့ချနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ် ပါတယ်နော်🌿
နေ့စဉ်အသုံးပြုနေတဲ့ လျှပ်စစ်ပစ္စည်းတွေကို သတိထားပြီး စနစ်တကျအသုံးပြုခြင်းက လျှပ်စစ်စွမ်းအင်ကို စနစ်တကျ အသုံးပြု နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ် 💚
ဂက်(စ်)မီးဖို ၊ ဂက်(စ်)အိုး ၊ ဂက်(စ်)နဲ့ ဆက်စပ်တဲ့ အပိုပစ္စည်းတွေအပြင် Home Appliance တွေ၊ မီးဖိုချောင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို အလွယ်တကူ မှာယူနိုင်ဖို့ ပဒေသာ အက်ပလီကေးရှင်းကို First Comment က Link ကို နှိပ်ပြီး အသုံးပြုနိုင်ပါ ပြီနော် 📱🛒✨

24/09/2026

ဂက်(စ်)အသုံးပြုမှုကို ထိရောက်အောင် စီမံနည်း 💡
ဂက်(စ်)အိုးတစ်အိုး ဘယ်လောက်ကြာကြာ အသုံးခံမလဲဆိုတာ ဂက်(စ်)ပမာဏတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရနိုင်ပါဘူးနော် ⏳
နေ့စဉ်ချက်ပြုတ်တဲ့အခါ ဘယ်လိုချက်ပြုတ်လဲ၊ မီးကို ဘယ်လိုအသုံးပြုလဲဆိုတာတွေကလည်း ဂက်(စ်)အသုံးပြုမှုအပေါ်မှာ သက်ရောက်မှု ရှိပါတယ် 🍳
ဒါကြောင့် ဂက်(စ်)ကို မလိုအပ်ဘဲ အလေအလွင့် မဖြစ်စေဖို့ မီးမဖွင့်ခင်ကတည်းက ချက်ပြုတ်မယ့် ပါဝင်ပစ္စည်းတွေကို အသင့် ပြင်ထားပြီးမှ ချက်ပြုတ်တာက မီးအသုံးပြုချိန်ကို စနစ်တကျ စီမံနိုင်စေပါတယ် 🥗
ချက်ပြုတ်နေစဉ်မှာလည်း ဟင်းအမယ်နဲ့ ကိုက်ညီမယ့် အိုးအရွယ်အစားကို သေချာရွေးချယ်ပြီး သင့်တော်တဲ့ မီးအားကို အသုံးပြု ဖို့ လိုပါတယ် 🍲
နောက်ပြီး မီးအားကို လိုအပ်တာထက် ပိုမြှင့်ထားတာက ချက်ပြုတ်ချိန်ကို ပိုမြန်စေတာ မဟုတ်တာကြောင့် ဟင်းချက်နေစဉ်မှာ လိုအပ်သလို မီးအားကို ချိန်ညှိပေးတာက ပိုသင့်တော်ပါတယ် 🔥
ဒါ့အပြင် ဟင်းချက်နေတုန်း အိုးအဖုံးကို မလိုအပ်ဘဲ ခဏခဏ ဖွင့်တာကို ရှောင်ပြီး အပူကို ထိန်းထားနိုင်အောင် ချက်ပြုတ်တာ ကလည်း ချက်ပြုတ်မှုကို ပိုမိုထိရောက်စေပါတယ် 🥘
ချက်ပြုတ်ပြီးတဲ့အခါမှာလည်း မီးကို သေချာပိတ်တာအပြင် မီးဖို၊ Regulator နဲ့ ပိုက်လိုင်းတွေကို စစ်ဆေးပေးတာက ဂက်(စ်) အသုံးပြုမှုကို စနစ်တကျ စီမံနိုင်ဖို့အပြင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်လည်း အထောက်အကူပြုရာ ရောက်ပါတယ် 🛡️
ဒါကြောင့် ဂက်(စ်)ကို အသုံးပြုတဲ့အခါ အလေအလွင့် အနည်းဆုံးဖြစ်စေဖို့အတွက် နေ့စဉ်ချက်ပြုတ်ဖို့ ပြင်ဆင်တဲ့ အမူအကျင့် လေးတွေကို ဂရုစိုက်ပေးဖို့ တိုက်တွန်းလိုက်ရပါတယ် ✨
📲 ပဒေသာ အက်ပလီကေးရှင်းကို First Comment က Link ကို နှိပ်ပြီး အသုံးပြုနိုင်ပါပြီ

22/09/2026

ဟင်းချက်ရင်း ကုန်သွားတဲ့ ဂက်(စ်)ကို နေပူဒဏ်လည်း ခံစရာမလို ၊ မိုးရွာလို့ စိုရွှဲမှာ တွေးပူစရာမလိုဘဲ ဖုန်းတစ်လုံးရှိရုံနဲ့ အရိပ် ထဲကနေ အထာကျကျ မှာလို့ရနေပြီဆိုရင်…
ပဒေသာ (Padesar) အက်ပလီကေးရှင်းနဲ့ ဆိုရင်ပေါ့ ✨
ဖုန်းထဲက ပဒေသာ အက်ပလီကေးရှင်းကိုဖြစ်ဖြစ်၊ KBZPay ထဲက ပဒေသာ (Mini App) ကိုဖြစ်ဖြစ် ဖွင့်လိုက်တာနဲ့ အလွယ်တ ကူမှာလို့ ရနေပြီလေ 📲
ကိုယ်နေထိုင်တဲ့ မြို့နယ်အတွင်းက ဆိုင်တွေကနေ မှာမယ်ဆိုရင် အိမ်ရှေ့အထိ လာယူပြီး ပြန်ပို့ပေးမယ့်အပြင် ပို့ဆောင်ခက လည်း ၂,၀၀၀ ကျပ်တည်းနော် 🛵
ဒါတင်မကသေးဘဲ ပဒေသာမှာ ဂက်(စ်)ဖြည့်ဖို့အတွက် ဈေးနှုန်း Update တွေကိုလည်း အချိန်နဲ့တစ်ပြေးညီ အလွယ်တကူ ရှာ ကြည့်လို့ရတဲ့အပြင် ကိုယ်မှာထားတဲ့ Order ရဲ့ လုပ်ဆောင်မှု အဆင့်ဆင့်ကိုလည်း အသေးစိတ် ကြည့်လို့ရတာဆိုတော့ စိတ်ချ ယုံကြည်လို့ ရတာပေါ့ 🔍
နောက်ပြီး ပဒေသာကလေ... ဂက်(စ်)အရည်ဖြည့်တာ တစ်ခုတည်း ရတာမဟုတ်ဘူး...
ဂက်(စ်)မီးဖို ၊ ဂက်(စ်)အိုး ၊ ဂက်(စ်)နဲ့ ဆက စပ်တဲ့ အပိုပစ္စည်းတွေအပြင် Home Appliance တွေ ၊ မီးဖိုချောင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကိုပါ တစ်နေရာတည်းကနေ စုံစုံ လင်လင် ဝယ်လို့ရသေးတာနော် 🍳
ဒါ့အပြင် စက်တင်ဘာတစ်လလုံးမှာ အကောင့်သစ်ဖွင့်ပြီး အသုံးပြုမယ့် ချစ်သောတို့ကလည်း ပွိုင့် (၅,၀၀၀) လက်ဆောင်ကို ချက်ချင်း ရဦးမှာဆိုတော့ မီးဖိုချောင်နဲ့ ပတ်သက်တဲ့ လိုအပ်ချက်မှန်သမျှကို အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့အတွက် လွယ်လွယ်လေးမှာလို့ရတဲ့ ပဒေသာ အက်ပလီကေးရှင်းကို ဆောင်ထားဖို့ပဲလိုပါတယ်🎁🏠
📲 ပဒေသာ အက်ပလီကေးရှင်းကို First Comment က Link ကို နှိပ်ပြီး အသုံးပြုနိုင်ပါပြီ

📥 Application ရယူရန် -
iOS 👉 https://bit.ly/46FtgU9
Android 👉 https://bit.ly/4nIgxYh

20/09/2026

တစ်ပတ်တာလုံး ပင်ပန်းခက်ခဲမှုတွေကို ရင်ဆိုင်ခဲ့ရပြီးနောက် ဒီနေ့ Super Sunday မှာ ကိုယ့်ကိုကိုယ် အချိန်ပေးဖို့ လိုအပ် တယ် မဟုတ်လား
ဒါကြောင့် ဒီနေ့လေးမှာ ဘာတွေပြီးအောင် လုပ်ရမလဲဆိုတဲ့ အစီအစဉ်တွေ ခဏလောက် Pause လုပ်ထားလိုက်ပါ
တစ်ခါတလေ ဘာမှအလျင်စလို မလုပ်ဘဲ အနားယူတာကလည်း စိတ်အမောပြေစေတဲ့ အကောင်းဆုံးအနားယူခြင်းပါပဲ
အကြိုက်ဆုံးသီချင်းလေး နားထောင်တာ ၊ စာအုပ်ဖတ်တာ ၊ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူတာလို ကိုယ်သက်တောင့် သက်သာဖြစ်စေမယ့် အရာလေးတွေအတွက် အချိန်ပေးရင်း Reset လုပ်ကြည့်ပါ
ဒါ့အပြင် အိပ်ရေးဝဝအိပ်တာ ၊ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ရင်း ခန္ဓာကိုယ်ကို ဂရုစိုက်ပေးတာက လည်း တစ်ပတ်တာအတွက် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်ဖြည့်ပေးနိုင်ပါတယ်
ဒါကြောင့် ဒီ Super Sunday လေးမှာ သေချာအနားယူရင်း နောက်တစ်ပတ်အတွက် Recharge လုပ်လိုက်ပါနော်
ဂက်(စ်) နဲ့ မီးဖိုချောင်အတွက် လိုအပ်တဲ့ အရာမှန်သမျှတွေကို ပဒေသာ (Padesar) အက်ပလီကေးရှင်းကနေ စမတ်ကျကျနဲ့ မှာယူလို့ ရနေပါပြီ
📲 ပဒေသာ အက်ပလီကေးရှင်းကို First Comment က Link ကို နှိပ်ပြီး အသုံးပြုနိုင်ပါပြီနော်

18/09/2026

ချစ်ရတဲ့ အိမ်ရှင်မတို့ရေ... 👩‍🍳💖
မီးဖိုချောင်ထဲက ဂက်(စ်)အိုးကို အရည်ပဲ ဖြည့်မလား ၊ ဂက်(စ်)အိုး အသစ်ပဲ ဝယ်မလား 🛒
ဒါမှမဟုတ် မီးဖိုချောင်နဲ့ ပတ်သက်တာ တွေကိုပဲ ဝယ်မလား... ✨
ဖုန်းထဲမှာ Padesar App ရှိရင် အိမ်ပြင်ထွက်စရာမလိုဘဲ လိုချင်တာ အကုန်လုံးကို စိတ်ကြိုက်မှာလို့ ရနေပါပြီနော်📱
ကိုယ့်မြို့နယ်ထဲက ပဒေသာနဲ့ လက်တွဲထားတဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေကလည်း အိမ်ရှေ့အထိ အရောက်ပို့ဆောင်ပေး သွားဦးမှာလေ... 🛵📦
Padesar နဲ့ဆိုရင် မီးဖိုချောင်နဲ့ ပတ်သက်တာတွေ ဝယ်ဖို့ စိတ်ပူစရာမလိုတော့ပါဘူး... Everything is ok! 👌
📲 ပဒေသာ အက်ပလီကေးရှင်းကို First Comment က Link ကို နှိပ်ပြီး အသုံးပြုနိုင်ပါပြီနော် 👇

17/09/2026

မီးဖိုချောင် လိုအပ်ချက်တိုင်းအတွက် အလွယ်ဆုံး ဖြေရှင်းနည်း…
မီးဖိုချောင်အတွက် ဂက်(စ်)အိုး ၊ ဂက်(စ်)မီးဖို ၊ ဂက်(စ်)အရည်ဖြည့်တာ ၊ ဂက်(စ်)နဲ့ပတ်သက်တဲ့ အပိုပစ္စည်းတွေနဲ့ Home Appliance တွေ လိုအပ်လာတဲ့အခါ အပြင်ထွက်စရာမလိုဘဲ အိမ်အရောက် အဆင်ပြေပြေ မှာယူနိုင်ပါပြီ 📦🏡
ဖုန်းထဲမှာ အလွယ်တကူ ဆောင်ထားနိုင်တဲ့ Padesar Application ကနေ ဖြစ်စေ၊ သီးသန့် အက်ပ်ဒေါင်းစရာမလိုတဲ့ KBZPay (Padesar Mini App) ဒါမှမဟုတ် Browser ကနေ အလွယ်တကူ ဝင်ရောက်နိုင်တဲ့ Padesar Website ကနေ ဖြစ်စေ ကိုယ်နဲ့ အဆင်ပြေဆုံး နည်းလမ်းတစ်ခုခုနဲ့ အချိန်မကုန်ဘဲ မှာယူနိုင်ပါတယ် 🌐📲
ဒါကြောင့်မလို့ မီးဖိုချောင်သုံး ပစ္စည်းတွေကို တစ်နေရာတည်းကနေ ရွေးချယ်ပြီး ပဒေသာရဲ့ ဝန်ဆောင်မှုတွေကို အခုပဲ ရယူ လိုက်ပါ ✨
📲 ပဒေသာ အက်ပလီကေးရှင်းကို First Comment က Link ကို နှိပ်ပြီး အသုံးပြုနိုင်ပါပြီနော်

16/09/2026

စိမ်းလန်းတဲ့ ကမ္ဘာမြေနဲ့အတူ အေးချမ်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ 🌿
ယနေ့ ကျရောက်တဲ့ "ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့" ကနေစပြီး သဘာဝပတ်ဝန်းကျင်နဲ့ အိုဇုန်းလွှာ ကာကွယ်ရေးအတွက် အားလုံး အတူတကွ လက်တွဲ ပါဝင်လိုက်ကြရအောင်နော် ✨
ကမ္ဘာမြေကြီးကို နေရောင်ခြည်ဒဏ်ကနေ အကာအကွယ်ပေးထားတဲ့ အိုဇုန်းလွှာ မပျက်စီးအောင် ထိန်းသိမ်းဖို့ဆိုတာ နေ့စဉ် ဖြတ်သန်းမှုတွေထဲကနေ အလွယ်တကူ စတင်နိုင်ပါတယ် 🛡️
ကိုယ့်ရဲ့ နေ့စဉ် လူနေမှုပုံစံလေးတွေကို သဘာဝနဲ့ သဟဇာတဖြစ်အောင် စနစ်တကျ ပြောင်းလဲနေထိုင်ခြင်းကပဲ ကမ္ဘာမြေ အတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်စေတာပါ 🍃
ဒါကြောင့်မလို့ ကမ္ဘာမြေကို ကာကွယ်ဖို့ ဒီနေ့ပဲ အတူတူ စတင်လိုက်ကြရအောင်နော် 🌍
📲 ပဒေသာ အက်ပလီကေးရှင်းကို First Comment က Link ကို နှိပ်ပြီး အသုံးပြုနိုင်ပါပြီ

Address


Room: 314, Third Floor, Shwe Hintha Condo, Tower C Pyay Road, Hlaing Township
Yangon
11051

Alerts

Be the first to know and let us send you an email when Padesar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.