Art By Pyae
I dream my painting and then I paint my dream💜
ပုဂံနောက်ခံလေးနဲ့အပ်ထားတာလေး 🤎
Client စိတ်ကူးထဲကအတိုင်းလေးရေးဆွဲပေးဖြစ်ခဲ့တာလေး🖤
29/05/2026
ဒီပန်းချီကားလေး Sold Out 🔴 ဖြစ်သွားပါပြီ။
ဝယ်ယူစုဆောင်းပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ရှင့် 🤍
တော်တော်များများ သဘောမကျကြတဲ့ပန်းလေးမို့ ဒီ artwork ကို Collect လုပ်မယ့်သူရှိပါ့မလားလို့ ထင်ထားခဲ့မိတာပါ။
ဒါပေမယ့် ဒီကားလေးကို တန်ဖိုးထားပြီး ရွေးချယ်ပေးတဲ့အတွက် တကယ်ဝမ်းသာရပါတယ် ✨
အားပေးမှုတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင့်။
This painting is now officially Sold Out 🔴
Thank you sincerely for purchasing and collecting this artwork 🤍
Since this flower is often overlooked and not commonly favored, I honestly wasn’t sure if this piece would find someone who connected with it.
That’s why I’m especially grateful that this artwork found a collector who appreciated its quiet beauty and feeling ✨
Thank you always for your support.
နှစ်ပါတ်ကျော်လောက် မနက် လေးငါးနာရီလောက်ထိ ထိုင်ရေးထားတာလေး🤧❤
27/05/2026
Title ~ ခေါင်ရမ်းနီ 🌺❤ (Red Hibiscus)
အကုန်သိကြတဲ့အတိုင်း မြန်မာနိုင်ငံမှာ ခေါင်ရမ်းပန်းကို “မသာပန်း” လို့ တင်စားကြတယ်။
ဘာအပြစ်မှမရှိဘဲ လူတွေရဲ့အယူအဆတွေအောက်မှာ သူ့ခဗျာ ရှင်လျက်နဲ့ သေနေရသလိုပဲ။
အလှဆုံးပွင့်လန်းနေပါရဲ့၊
အမြတ်တနိုး နမ်းရှုံ့မယ့်သူမရှိ၊
ပန်ဆင်မယ့်သူမရှိတဲ့ ပြစ်ပယ်ခံထားရတဲ့ ဒီပန်းလေး...
ဒါပေမယ့် ကိုရီးယားမှာတော့ ခေါင်ရမ်းပန်းကို “무궁화 (Mugunghwa)” လို့ခေါ်ကြပြီး သူတို့နိုင်ငံရဲ့ National Flower အဖြစ် သတ်မှတ်ထားကြတယ်။
“무궁 (mugung)” ဆိုတာ “အဆုံးမရှိသော / ထာဝရ” ဆိုတဲ့ အဓိပ္ပါယ်ရှိပြီး၊ ခေါင်ရမ်းပန်းကလည်း နွေရာသီတစ်လျှောက် ပန်းတွေ ဆက်တိုက်ပွင့်နေလေ့ရှိတာကြောင့် —
• ခံနိုင်ရည်ရှိမှု
• မပျက်စီးလွယ်မှု
• တည်ကြည်မှု
တို့ကို ကိုယ်စားပြုတယ်လို့ ယူဆကြတယ်။
ဒါကြောင့်လည်း ကိုရီးယားလူမျိုးတွေရဲ့ စိတ်ဓာတ်နဲ့ ဆက်စပ်ပြီး National Flower အဖြစ် အမြတ်တနိုး သတ်မှတ်လာကြတာလို့ သိရပါတယ်။
အခြားနိုင်ငံတွေကတောင် အမြတ်တနိုးထားတဲ့ ပန်းတစ်ပွင့်ကို “နိမိတ်မကောင်းဘူး” ဆိုတဲ့ အယူတစ်ခုတည်းနဲ့ ပြစ်ပယ်ထားတာက တကယ်အဓိပ္ပါယ်ရှိပါ့မလား...
လူငယ်တစ်ယောက်ဖြစ်တဲ့ ပြည့်ကတော့ ယုတ္တိမရှိတဲ့ အယူအဆတွေကို ဆန့်ကျင်ပြီး၊ ခေါင်ရမ်းပန်းလေးရဲ့ အလှတရားတစ်ခုချင်းစီကို အမြတ်တနိုးထားကာ တတ်စွမ်းသလောက် ရေးဖွဲ့ဖြစ်ခဲ့ပါတယ် 🌺❤
Title ~ ခေါင်ရမ်းနီ 🌺❤ (Red Hibiscus)
Size ~2'3'
Medium~ oil
For sale🟢
အကုန်သိကြတဲ့အတိုင်း မြန်မာနိုင်ငံမှာ ခေါင်ရမ်းပန်းကို “မသာပန်း” လို့ တင်စားကြတယ်။
ဘာအပြစ်မှမရှိဘဲ လူတွေရဲ့အယူအဆတွေအောက်မှာ သူ့ခဗျာ ရှင်လျက်နဲ့ သေနေရသလိုပဲ။
အလှဆုံးပွင့်လန်းနေပါရဲ့၊
အမြတ်တနိုး နမ်းရှုံ့မယ့်သူမရှိ၊
ပန်ဆင်မယ့်သူမရှိတဲ့ ပြစ်ပယ်ခံထားရတဲ့ ဒီပန်းလေး...
ဒါပေမယ့် ကိုရီးယားမှာတော့ ခေါင်ရမ်းပန်းကို “무궁화 (Mugunghwa)” လို့ခေါ်ကြပြီး သူတို့နိုင်ငံရဲ့ National Flower အဖြစ် သတ်မှတ်ထားကြတယ်။
“무궁 (mugung)” ဆိုတာ “အဆုံးမရှိသော / ထာဝရ” ဆိုတဲ့ အဓိပ္ပါယ်ရှိပြီး၊ ခေါင်ရမ်းပန်းကလည်း နွေရာသီတစ်လျှောက် ပန်းတွေ ဆက်တိုက်ပွင့်နေလေ့ရှိတာကြောင့် —
• ခံနိုင်ရည်ရှိမှု
• မပျက်စီးလွယ်မှု
• တည်ကြည်မှု
တို့ကို ကိုယ်စားပြုတယ်လို့ ယူဆကြတယ်။
ဒါကြောင့်လည်း ကိုရီးယားလူမျိုးတွေရဲ့ စိတ်ဓာတ်နဲ့ ဆက်စပ်ပြီး National Flower အဖြစ် အမြတ်တနိုး သတ်မှတ်လာကြတာလို့ သိရပါတယ်။
အခြားနိုင်ငံတွေကတောင် အမြတ်တနိုးထားတဲ့ ပန်းတစ်ပွင့်ကို “နိမိတ်မကောင်းဘူး” ဆိုတဲ့ အယူတစ်ခုတည်းနဲ့ ပြစ်ပယ်ထားတာက တကယ်အဓိပ္ပါယ်ရှိပါ့မလား...
လူငယ်တစ်ယောက်ဖြစ်တဲ့ ပြည့်ကတော့ ယုတ္တိမရှိတဲ့ အယူအဆတွေကို ဆန့်ကျင်ပြီး၊ ခေါင်ရမ်းပန်းလေးရဲ့ အလှတရားတစ်ခုချင်းစီကို အမြတ်တနိုးထားကာ တတ်စွမ်းသလောက် ရေးဖွဲ့ဖြစ်ခဲ့ပါတယ် 🌺
25/05/2026
အညာ 🤎
23/05/2026
အရမ်းဖတ်လို့ကောင်းတဲ့ ရုပ်ပြလေး⭐
Size 14"18"
Medium acrylic
(ဒီ video လေးကို page တစ်ခုက ခွင့်ပြုချက်မယူပဲယူတင်ထားတာရှိပါတယ် အဲ့ page က ပြည့်နဲ့ဘာမှမဆိုင်ပါဘူးနော် 🙁)
ပုဂံ🤎
Click here to claim your Sponsored Listing.
Category
Contact the establishment
Telephone
Website
Address
Yangon