Creative Coder Myanmar

Creative Coder Myanmar

Share

လုပ်ငန်းခွင်ဝင် Level Project များကို Creative Coder နဲ့အတူ လေ့လာလိုက်ပါ။ 🚀 [email protected]

24/09/2026

WDF Class အကြောင်း အသိပေးခြင်း

WDF Class နဲ့ ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူတွေအားလုံးကို အရေးကြီးတဲ့ အသိပေးချက်တစ်ခု ပြောပြချင်ပါတယ်။

လက်ရှိ WDF Class ကို သင်ကြားပေးနေတဲ့ ဆရာ ဇေယျာဝင်းဟာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ရောက်ကုသနေရပါတယ်။

ဆရာ့ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံက ဆင်းပြီးနောက်မှာလည်း အနည်းဆုံး တစ်လခန့် အနားယူပြီးမှ အတန်းတွေကို ပြန်လည်စတင်နိုင်မယ်လို့ အသိပေးထားပါတယ်။

ဒီအခြေအနေကြောင့် လက်ရှိ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အဆင်မပြေမှုတွေ ဖြစ်သွားတဲ့အပေါ် CCM ဘက်က အနူးအညွတ် တောင်းပန်ပါတယ်။

အထူးသဖြင့် ကိုယ့်အချိန်တွေ ဖယ်ထားပြီး အတန်းတက်ဖို့ စီစဉ်ထားတဲ့သူတွေ၊ ဒီ Class ကို မျှော်လင့်ပြီး လေ့လာနေတဲ့သူတွေအတွက် အခုလို ရပ်နားလိုက်ရတာ အဆင်မပြေဘူးဆိုတာ ကျနော်တို့ နားလည်ပါတယ်။

ဒါကြောင့် လက်ရှိ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဆရာ ပြန်လည်သက်သာပြီး အတန်းပြန်စတဲ့အချိန်မှာ အတန်းကို အစကနေ ပြန်လည်တက်ရောက်နိုင်အောင် CCM ဘက်က စီစဉ်ပေးသွားပါမယ်။

ဒါ့အပြင် WDF ပြီးတဲ့နောက် ဆက်တက်ရမယ့် Advanced Agentic Coding Class တွေကိုလည်း 40% Discount နဲ့ ဆက်လက်တက်ရောက်နိုင်အောင် စီစဉ်ပေးသွားမှာပါ။

ဒီအခြေအနေက CCM ဘက်က ရည်ရွယ်ပြီး ဖြစ်လာတာမဟုတ်ပေမယ့် အတန်းတက်နေတဲ့သူတွေအပေါ် သက်ရောက်မှုရှိသွားတာကိုတော့ ကျနော်တို့ အပြည့်အဝ နားလည်ပါတယ်။

အဆင်မပြေမှုတွေ ဖြစ်သွားတဲ့အတွက် တကယ်ကို အားနာပြီး CCM Founder အနေနဲ့ အနူးအညွတ် တောင်းပန်ပါတယ်။

တစ်ဖက်မှာလည်း ဆရာ ဇေယျာဝင်း အမြန်ဆုံး ကျန်းမာလာပြီး အတန်းတွေကို ပြန်လည်သင်ကြားနိုင်ဖို့ ဆုတောင်းပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ❤️

နားလည်ပေးကြတဲ့ ကျောင်းသား၊ ကျောင်းသူ တစ်ယောက်ချင်းစီကိုလည်း ကျနော်တို့ဘက်က အထူးကျေးဇူးတင်ပါတယ်။

CCM က ကျောင်းသားတွေရဲ့ Learning Journey မရပ်သွားအောင် အတတ်နိုင်ဆုံး တာဝန်ယူပြီး ဆက်လက် Support ပေးသွားပါမယ်။

24/09/2026

Client Project လာအပ်ရင် ဘယ်လိုမျိုး အရင်ဆုံး service ပေးရမလဲ ?

🔴 AI ခေတ်မှာ Web Developer ဖြစ်ချင်ရင် ဘယ်ကနေ ဘယ်လို စရမလဲ (Free Webinar)

🗓 Sep 26 (Sat) 8-10PM · Zoom
💯 အခမဲ့ · 👥 100 ယောက်ပဲ

📩 Messenger မှာ "Beginner" လို့ ပို့ပါ

23/09/2026

🔴 Free Webinar — AI ခေတ်မှာ Web Developer ဖြစ်ချင်ရင် ဘယ်ကနေ ဘယ်လို စရမလဲ

🗓 Date: September 26, 2026 (Saturday)
🕗 Time: 8:00 PM – 10:00 PM
📍 Platform: Zoom (Online)
💰 Cost: လုံးဝ အခမဲ့
👥 Seats: 100 ယောက်ပဲ လက်ခံပါမယ်

ဒီ Webinar က ဘယ်သူတွေအတွက်လဲ

- HTML/CSS သိပြီးသားပေမဲ့ ဆက်ဘယ်လိုသွားရမလဲ မသိသူ
- လုံးဝ Coding မသိသေးဘဲ သုညကနေ စချင်သူ
- Tutorial ကြည့်ဖူးပေမဲ့ လမ်းပျောက်နေသူ
- Skill ရှိပေမဲ့ Experience မရှိလို့ Job မရ Loop ကို စိုးရိမ်နေသူ

ဘာတွေ ရမလဲ

✅ AI ခေတ်မှာ Web Dev ဘယ်လို ပြောင်းလဲနေလဲ
✅ သုညကနေ Job-Ready အထိ Roadmap တစ်ခုလုံး
✅ Beginner တွေ အများဆုံး မှားတတ်တဲ့ အချက်တွေ
✅ Experience ↔ Job Loop ကနေ ဘယ်လို ထွက်ရမလဲ

📩 Registration: Messenger မှာ "Beginner" လို့ ပို့လိုက်ပါ 👉

23/09/2026

Web Development ကို စိတ်ဝင်စားတယ်။

ဒါပေမယ့်...

“ဘယ်ကနေ စရမလဲ?”
“ဘာတွေကို အရင်လေ့လာရမလဲ?”
“HTML, CSS, JavaScript ပြီးရင် ဘာဆက်လုပ်ရမလဲ?”
“Developer ဖြစ်ဖို့ ဘယ်လို Roadmap နဲ့ သွားရမလဲ?”

ဆိုတာတွေ မသေချာသေးဘူးဆိုရင် ဒီ Webinar က သင့်အတွက်ပါ။ 💻

ဒီ Webinar မှာ Coding Language တွေကို အများကြီးသင်ပေးသွားမယ့်အစား Web Developer တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုလမ်းကြောင်းနဲ့ လေ့လာသွားရမလဲ ဆိုတာကို တစ်ဆင့်ချင်း ရှင်းပြပေးသွားမှာပါ။

Sneak Peek အနေနဲ့ ပြောရမယ်ဆိုရင် 👇

Foundation 🌱
Web Development စမယ့်သူတစ်ယောက်အနေနဲ့ ဘာတွေကို အရင်နားလည်ထားဖို့လိုလဲ?

💻
သင်ထားတာတွေကို Project တွေအဖြစ် ဘယ်လိုအသုံးချမလဲ?

🚀
Beginner ကနေ Developer တစ်ယောက်ဖြစ်လာဖို့ ဘာတွေကို ဆက်လေ့လာရမလဲ?

👨‍💻
Skill တွေ တည်ဆောက်ပြီးရင် အလုပ်အတွက် ဘယ်လိုပြင်ဆင်သွားမလဲ?

ဒီ Roadmap တစ်ခုလုံးကို Webinar မှာ ပိုပြီးအသေးစိတ်နဲ့ ရှင်းပြပေးသွားမှာပါ။

အခုတော့ အားလုံးကို မပြောသေးပါဘူး။ 👀

Web Developer ဖြစ်ချင်ပေမယ့်
“ဘယ်ကနေစရမလဲ?” ဆိုတာ မသိသေးတဲ့သူတွေအတွက် ဒီ Webinar ကနေ ကိုယ့်ရဲ့ ပထမဆုံးခြေလှမ်းကို ဘယ်လိုစမလဲဆိုတာ ပိုရှင်းသွားစေချင်ပါတယ်။

Webinar မှာတွေ့ကြမယ်။ 💻🌱
Webinar ကိုစိတ်ဝင်စားတယ်ဆိုရင် Page Messenger မှာ "Beginner" လို့ပို့ပြီး စာရင်းသွင်းနိုင်ပါသေးတယ်ခင်ဗျာ။

23/09/2026

လူသုံးအများဆုံး AI Agent 4 မျိုး အကြောင်း

22/09/2026

ပြီးခဲ့တဲ့ Workshop မှာ ပါဝင်ခဲ့ကြတဲ့ ၁၀၀ ယောက်စလုံးကို ဒီနေရာကနေ တစ်ခါ ထပ်ပြီး ကျေးဇူးတင်ပါတယ် ❤️ အဲ့ဒီ Energy၊ အဲ့ဒီ Passion ကို ပြန်သတိရမိတိုင်း ကျနော် အားတက်ပါတယ်။ ဒီစိတ်အားထက်သန်မှုတွေကြောင့် CCM ကနေ အခမဲ့ Webinar တစ်ခု ထပ်မံ စီစဉ်ပေးလိုက်ပါတယ်။

September 26 (Saturday)၊ ညနေ 8 နာရီကနေ 10 နာရီအထိ Zoom ပေါ်မှာ ကျင်းပမှာဖြစ်ပြီး၊ ဒီတစ်ခါလည်း နေရာ ၁၀၀ ပဲ လက်ခံပါမယ်။ ဒီ Webinar အတွင်းမှာတော့ AI ခေတ်မှာ Web Development ကဘယ်လိုပြောင်းလဲနေလဲဆိုတာကနေ၊ ဘယ်ကနေ ဘယ်လို အဆင့်လိုက် လေ့လာသင့်လဲဆိုတဲ့ Roadmap တစ်ခုအထိ ဆွေးနွေးပေးသွားမှာပါ။ ဒါ့အပြင် Beginner တွေ အများဆုံး လွဲမှားတတ်တဲ့ အချက်တွေနဲ့ Skill ရှိပေမဲ့ Job မရတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းရမလဲဆိုတာကိုပါ အသေးစိတ် ပြောပြပေးမှာဖြစ်ပါတယ်။

လုံးဝ အခမဲ့ဖြစ်တာကြောင့်
တက်ရောက်ချင်တယ်ဆိုရင် အခု post လေးကို share ပြီး share ထားတဲ့ screenshot လေးကို
Messenger မှာ ပို့လိုက်ရုံပါပဲ 👉 m.me/creativecodermm

22/09/2026

AI ခေတ်မှာ Web Developer ဖြစ်ချင်ရင် ဘယ်ကနေ ဘယ်လို စရမလဲ (Free Webinar)

🗓 Sep 26 (Sat) 8PM-10PM · Zoom
👥 100 ယောက်ပဲ လက်ခံပါမယ်

ဒီ Webinar က ဘယ်သူတွေအတွက်လဲ

• HTML/CSS သိပြီးသားပေမဲ့ ဆက်ဘယ်လိုသွားရမလဲ မသိသူ
• လုံးဝ Coding မသိသေးဘဲ သုညကနေ စချင်သူ
• Tutorial ကြည့်ဖူးပေမဲ့ လမ်းပျောက်နေသူ
• Skill ရှိပေမဲ့ Experience မရှိလို့ Job မရ Loop ကို စိုးရိမ်နေသူ

ဘာတွေ ရမလဲ
✅ AI ခေတ်မှာ Web Dev ဘယ်လို ပြောင်းလဲနေလဲ
✅ သုညကနေ Job-Ready အထိ Roadmap တစ်ခုလုံး
✅ Experience ↔ Job Loop ကနေ ဘယ်လို ထွက်ရမလဲ

စိတ်ဝင်စားရင် page မှာ "Beginner" လို့ စာ မြန်မြန်ပို့လိုက်ပါ။

22/09/2026

Certificate တစ်ခုရပြီဆိုတာနဲ့
“အလုပ်ရပြီ” လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် CCM Certificate တစ်ခုရထားတယ်ဆိုတာက
အဲ့ဒီ Course ကို တက်ပြီးသွားတာထက် ပိုတဲ့အဓိပ္ပါယ်ရှိပါတယ်။

Creative Coder Myanmar မှာ Course တစ်ခုချင်းစီအတွက် Project တစ်ခု တည်ဆောက်ပြီး လေ့လာထားတဲ့အရာတွေကို လက်တွေ့အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။

ဒါကြောင့် CCM Certificate ရတဲ့အချိန်မှာ—

“ဒီ Course ကို လေ့လာပြီးပြီ” ဆိုတာကို ပြနိုင်သလို
“ကိုယ်သင်ထားတာကို Project တစ်ခုအနေနဲ့ လက်တွေ့လုပ်ဖူးတယ်” ဆိုတာကိုလည်း ပြနိုင်ပါတယ်။ 💻

ဒါ့အပြင် Web Developer Career Path Program မှာ CCM Certificate ရရှိထားတဲ့ ကျောင်းသားတွေက Internship အတွက် Interview ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

Interview မှာတော့ Certificate တစ်ခုတည်းနဲ့ ဆုံးဖြတ်တာမဟုတ်ပါဘူး။

ကိုယ်တကယ် ဘာတွေသိထားလဲ၊
Project ကို ဘယ်လိုတည်ဆောက်ထားလဲ၊
Problem တစ်ခုကြုံရင် ဘယ်လိုဖြေရှင်းလဲ၊
ကိုယ်တိုင် ဘယ်လောက်နားလည်ထားလဲဆိုတာတွေကိုလည်း ကြည့်မှာပါ။

ဒါကြောင့် CCM Certificate က
“အလုပ်ရမယ်လို့ အာမခံတဲ့ Certificate” မဟုတ်ပါဘူး။

အဲ့ဒီအစား—

Learn → Build → Get Certified → Apply → Interview → Gain Experience

ဆိုတဲ့ လမ်းကြောင်းထဲက နောက်တစ်ဆင့်ကို ဆက်သွားနိုင်ဖို့ အသိအမှတ်ပြုချက်တစ်ခု ဖြစ်ပါတယ်။ 🌱

ကျွန်တော်တို့အနေနဲ့လည်း CCM Certificate ရရှိထားတဲ့ ကျောင်းသားတစ်ယောက်ချင်းစီကို သူတို့ လေ့လာထားတဲ့အရာတွေကို အခြေခံပြီး Internship အခွင့်အရေးကို ဆက်လက်လျှောက်ထားနိုင်အောင် လမ်းဖွင့်ပေးထားပါတယ်။

တကယ်လေ့လာမယ်။
တကယ်လုပ်မယ်။
တကယ်တိုးတက်မယ်။

Certificate က အဆုံးမဟုတ်ပါဘူး။
နောက်တစ်ဆင့်ကို ဆက်သွားဖို့ အစိတ်အပိုင်းတစ်ခုပါ။ 👨‍💻🌱

Web Developer Career Path Program အကြောင်း အသေးစိတ်သိချင်ရင် Page Messenger မှာ “WEB” လို့ ပို့ပြီး လာမေးလို့ရပါတယ်။

21/09/2026

ဘယ်လောက်လေ့လာလေ့လာ မရဘူး ကိုယ်တိုင် မရေးတတ်ဘူး ဖြစ်နေကြတယ်ဆိုတဲ့ သူတွေ အတွက် ကျနော် လုပ်ဖြစ်တဲ့ နည်းမျှဝေပေးထားပါတယ်✨❤️

21/09/2026

AI ခေတ်မှာ Job ရှာရခက်နေရင် — ဒီ ၃ ချက် ပြန်ကြည့်ပါ 👇

Fundamental ခိုင်ခြင်း၊ Business Logic နားလည်ခြင်း၊ Scale ဖြစ်အောင် တည်ဆောက်တတ်ခြင်း — ဒါ ၃ ခု ရှိရင် AI ခေတ်ထဲမှာ ပိုရပ်တည်နိုင်တယ် ❤️

Telephone

Address


Yangon
10011