Shwin Chan
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwin Chan, Medical supply store, Yangon Office : Unit(306), Myay Nu Condo, Myay Nu Street, Sanchaung Township. Mandalay Office : No(8), Min Kun Boe Bwar Yate Thar Tite Tan, 66th Street, Corner of 30(A) Street, Between 30th & 31st Str, Yangon.
Providing access to essential vaccines in Myanmar, and empowering healthcare professionals with quality diagnostic products, which provide reliable, immediate, and actionable information and thereby helping them making better informed decision.
08/09/2026
မမြင်ရတဲ့ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုတွေ ရှိ/ မရှိ စစ်ဆေးပေးမယ့် 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐡𝐬-𝐂𝐑𝐏 𝐅𝐈𝐀 ✨
👨⚕️ ခန္ဓာကိုယ် အပြင်ဘက်မှာ ထိခိုက်ဒဏ်ရာ၊ အနာတရဖြစ်ရင် ချက်ချင်းမြင်တွေ့နိုင်တာမို့ ကုသဖို့ သတိထားမိကြပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်အတွင်းထဲမှာ မမြင်ရဘဲ ဖြစ်ပေါ်နေတဲ့ရောင်ရမ်းမှုတွေကိုတော့ သတိပြုမိတဲ့သူ မရှိသလောက်ရှားပါတယ်။
မမြင်ရတဲ့ရောင်ရမ်းမှုက ခန္ဓာကိုယ်ကို ဘယ်လိုဒုက္ခပေးသလဲ ❓
👨⚕️ ခန္ဓာကိုယ်အတွင်းထဲက သွေးကြောငယ်လေးတွေ ရောင်ရမ်းလာတဲ့အခါ သွေးစီးဆင်းမှုစနစ်တစ်ခုလုံး နှေးကွေးသွားတတ်ပါတယ်။ သွေးစီးဆင်းမှု နှေးကွေးသွားတဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ အဓိက အရေးကြီး အစိတ်အပိုင်းတွေကို သွေးနဲ့ အောက်ဆီဂျင်ရောက်ရှိမှုလည်း နည်းပါးသွားပါတယ်။
ဒီလိုအခြေအနေမျိုးဖြစ်ပြီဆို ဦးနှောက်နဲ့ အာရုံကြောပိုင်းနဲ့ ပတ်သက်ပြီး မူးဝေခြင်း၊ အာရုံစူးစိုက်ရခက်ခြင်း၊ မှတ်ဉာဏ်စွမ်းအားလျော့နည်းခြင်းနဲ့ ဦးနှောက်သွေးကြောပိတ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ 🚨
👨⚕️ နှလုံးကျန်းမာရေးအပိုင်းမှာဆိုရင်လည်း နှလုံးကြွက်သားဆီ သွေးစီးဆင်းမှု မလုံလောက်တဲ့အခါ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းဖြစ်နိုင်ခြေကို သိသိသာသာ မြင့်တက်စေနိုင်ပါတယ်။
🗣 ဒါတင်မက အဆုတ်အတွင်း သွေးကြောငယ်လေးတွေ ရောင်ရမ်းမှုဖြစ်ပေါ်ခဲ့ရင် အသက်ရှူရခက်ခဲတာနဲ့ အောက်ဆီဂျင်လဲလှယ်မှုစနစ်ကို ထိခိုက်စေနိုင်ပါသေးတယ်။
ယခုလိုကျန်းမာရေးအခြေအနေမျိုးတွေ မကြုံတွေ့ မခံစားရစေဖို့ဆိုရင် ခန္ဓာကိုယ်အတွင်း မမြင်ရတဲ့သွေးကြောငယ်တွေ ရောင်ရမ်းမှုရှိ/ မရှိ အချိန်မီသိရှိနိုင်ဖို့အတွက် 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐡𝐬-𝐂𝐑𝐏 𝐅𝐈𝐀 နဲ့ ကြိုတင်စစ်ဆေးမှု ပြုလုပ်လိုက်ပါ။ ✨
👨⚕️မြန်ဆန်မှန်ကန်တဲ့စစ်ဆေးမှုက တိကျသေချာတဲ့ကုသမှုကို ပေးစွမ်းနိုင်တာကြောင့် ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာရေးဌာနတွေအတွက် အရည်အသွေးမြင့် 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐡𝐬-𝐂𝐑𝐏 𝐅𝐈𝐀 ကို အရည်အသွေးယုံကြည်စိတ်ချရစွာ၊ ဈေးနှုန်းမှန်ကန်သင့်တင့်စွာ မှာယူချင်ပြီဆိုရင်တော့...
နှစ်ပေါင်း ၂၀ ကျော်ကြာ အရည်အသွေးပြည့်မီတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 တွေကို မြန်မာပြည်အနှံ့ ဖြန့်ချိပေးနေတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှာ စိတ်ချယုံကြည်စွာ ဆက်သွယ်စုံစမ်းမှာယူနိုင်ပါတယ်။📞
📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟏-𝟕𝟓𝟐𝟓𝟒𝟔𝟕, 𝟎𝟏-𝟕𝟓𝟏𝟓𝟐𝟗𝟕 , 𝟎𝟗 𝟕𝟓𝟎 𝟔𝟓𝟗 𝟎𝟎𝟎
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
06/09/2026
၃ လစာ ပျမ်းမျှသွေးအတွင်းသကြားဓာတ် ပမာဏကို 𝐇𝐛𝐀1𝐜 နဲ့ စစ်ဆေးလိုက်ပါ။ ✨
🗣 ဆီးချိုသွေးချိုဝေဒနာရှင်အများစုက နေ့စဉ် သွေးချိုတိုင်းတာတာတစ်ခုတည်းနဲ့တင် ခန္ဓာကိုယ်ရဲ့ သွေးချိုအခြေအနေကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ ထင်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် နေ့စဉ်တိုင်းတာတဲ့သွေးချိုပမာဏဆိုတာ တဒင်္ဂအစားအသောက်နဲ့ စိတ်ဖိစီးမှုပေါ်မူတည်ပြီး ခဏခဏ ပြောင်းလဲနေနိုင်တာကို သတိပြုဖို့ လိုပါတယ်။
ဆီးချိုသွေးချိုရောဂါကို စနစ်တကျ ထိန်းချုပ်နိုင်ဖို့ဆိုရင် တစ်နေ့စာ သွေးချိုမဟုတ်ဘဲ လွန်ခဲ့တဲ့ (၂)လကနေ (၃)လအတွင်း ခန္ဓာကိုယ်ရဲ့ပျမ်းမျှသွေးအတွင်းသကြားဓာတ် (𝐇𝐛𝐀1𝐜) ကို မဖြစ်မနေ စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ 👍
👨⚕️ 𝐇𝐛𝐀1𝐜 (𝐆𝐥𝐲𝐜𝐚𝐭𝐞𝐝 𝐇𝐞𝐦𝐨𝐠𝐥𝐨𝐛𝐢𝐧 𝐀1𝐜) ဆိုတာ ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်သယ်ဆောင်ပေးနေတဲ့သွေးနီဥဆဲလ်တွေထဲက ပရိုတင်းဓာတ်တစ်မျိုးဖြစ်တဲ့ hemoglobin လေးမှာ glucose (သကြားဓါတ်)တွေ တွယ်ကပ်နေခြင်းကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။
ဆီးချိုသွေးချိုဝေဒနာရှင်တွေအတွက် ရိုးရိုးလက်ထိပ်ဖောက်စစ်ဆေးခြင်းက လတ်တလောစားသုံးထားတဲ့ အစားအစာပေါ်မူတည်ပြီး ဖြစ်ပေါ်လာတဲ့သွေးအတွင်းသကြားဓာတ်ကိုသာ စစ်ဆေးနိုင်ပါတယ်။ 👨⚕️
𝐇𝐛𝐀1𝐜 စစ်ဆေးတိုင်းတာခြင်းကတော့ သွေးနီဥတွေမှာ လာပေါင်းတဲ့အချိုဓာတ်ကို ကြည့်ပြီး ၂ လကနေ ၃ လအတွင်း ပုံမှန်ရှိသင့်တဲ့သွင်းအတွင်းသကြားဓာတ်ကို တိုင်းတာနိုင်မှာဖြစ်သလို
🔹 ဆီးချိုရှိ/ မရှိ
🔹 ကုသရာမှာ တိုးတက်မှု ရှိ/ မရှိကိုပါ စစ်ဆေးသိရှိနိုင်မှာဖြစ်ပါတယ်။
ဒီတော့ ဆီးချိုသွေးချိုရောဂါနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်ပွားရလေအောင် 𝐇𝐛𝐀1𝐜 စစ်ဆေးတိုင်းတာခြင်းကို
🔸 ၃ လတစ်ကြိမ်ဖြစ်စေ
🔸 ၆ လတစ်ကြိမ်ဖြစ်စေ
🔸 ၁ နှစ်တစ်ကြိမ်ဖြစ်စေ စစ်ဆေးမှုပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။
👨⚕️မြန်ဆန်မှန်ကန်တဲ့စစ်ဆေးမှုက တိကျသေချာတဲ့ကုသမှုကို ပေးစွမ်းနိုင်တာကြောင့် ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာရေးဌာနတွေအတွက် အရည်အသွေးမြင့် 𝐒𝐃 𝐁𝐈𝐎𝐒𝐄𝐍𝐒𝐎𝐑 မှထုတ်လုပ်တဲ့ Standard F အမှတ်တံဆိပ် 𝐇𝐛𝐀1𝐜 𝐓𝐞𝐬𝐭 𝐊𝐢𝐭 ကို အရည်အသွေးယုံကြည်စိတ်ချရစွာ၊ ဈေးနှုန်းမှန်ကန်သင့်တင့်စွာ မှာယူချင်ပြီဆိုရင်တော့...
နှစ်ပေါင်း ၂၀ ကျော်ကြာ အရည်အသွေးပြည့်မီတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 တွေကို မြန်မာပြည်အနှံ့ ဖြန့်ချိပေးနေတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှာ စိတ်ချယုံကြည်စွာ ဆက်သွယ်စုံစမ်းမှာယူနိုင်ပါတယ်။📞
📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟏-𝟕𝟓𝟐𝟓𝟒𝟔𝟕, 𝟎𝟏-𝟕𝟓𝟏𝟓𝟐𝟗𝟕 , 𝟎𝟗 𝟕𝟓𝟎 𝟔𝟓𝟗 𝟎𝟎𝟎
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
03/09/2026
𝐆6𝐏𝐃 ဆိုတာ ရောဂါလား ❓ Enzyme လား ❓
👨⚕️ 𝐆6𝐏𝐃 ဆိုတာ ရောဂါမဟုတ်ဘဲ တကယ်တော့ Glucose-6 Phosphate Dehydrogenase လို့ခေါ်တဲ့ Enzyme တစ်မျိုးဖြစ်ပါတယ်။
ဒီ Enzyme က ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးနီဥတွေ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီပေးပြီး သွေးနီဥအတွက် လိုအပ်တဲ့စွမ်းအင်ကို ထုတ်လုပ်ပေးသလို သွေးထဲမှာပါလာတဲ့သွေးနီဥအတွက် အန္တရာယ်ရှိမယ့်အရာတွေကနေလည်း ကာကွယ်ပေးပါတယ်။ 🛡
🚨 ယခုလို သွေးနီဥအတွက် အရေးကြီးတဲ့ 𝐆6𝐏𝐃 အင်ဇိုင်းက ခန္ဓာကိုယ်မှာ လုံလုံလောက်လောက်မရှိတဲ့အခါ သွေးနီဥတွေ ပျက်စီးလွယ်ပြီး 𝐆6𝐏𝐃 အင်ဇိုင်းချို့တဲ့ခြင်းကို ဖြစ်ပေါ်စေပါတယ်။
𝐆6𝐏𝐃 ချို့တဲ့ခြင်းက ပုံမှန်အားဖြင့် ရောဂါလက္ခဏာပြလေ့မရှိဘဲ ဓာတ်မတည့်တဲ့ အစားအစာ၊ ဆေးဝါးတွေ သောက်သုံးမိတဲ့အခါမှာသာ သွေးနီဥတွေက ပြင်ပဓာတ်တိုးပစ္စည်း (Oxidants) နဲ့ ဆုံတွေ့ပြီး အလွယ်တကူ ပျက်စီးပြိုကွဲသွားကာ နောက်ဆက်တွဲအနေနဲ့
🔹 သွေးအားနည်းခြင်း
🔹 အားနည်းလွယ်ခြင်း
🔹 ခေါင်းမူးခြင်း
🔹 ပင်ပန်းနွမ်းနယ်ခြင်း
🔹 အသက်ရှူမြန်ခြင်း
🔹 နှလုံးခုန်မြန်ခြင်း
🔹 အသားအရေ၊ မျက်လုံးနှင့် ဆီးများဝါးခြင်း
🔹 အမည်းရောင် (သို့မဟုတ်) အရောင်ရင့်သော ဆီးများသွားခြင်း
🔹 အသားရောင်နှင့် နှုတ်ခမ်းဖြူဖျော့ခြင်း အစရှိတဲ့ရောဂါလက္ခဏာတွေ ကြုံတွေ့ခံစားရမှာဖြစ်ပါတယ်။
ဒီလိုလက္ခဏာတွေခံစားနေရပြီဆို နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး တတ်သိနားလည်တဲ့ဆရာဝန်တွေနဲ့ ပြသပေးဖို့လိုသလို 𝐆6𝐏𝐃 ချို့တဲ့သူတွေအနေနဲ့လည်း
🔸 ဗိုင်းရပ်စ် (သို့မဟုတ်) ဘက်တီးရီးယားပိုးဝင်ခြင်းကဲ့သို့သော ရောဂါများ
🔸 Sulf နဲ့စတဲ့ Sulphur ခေါ် ကန့်ဓာတ်ပါဝင်တဲ့ ပိုးသတ်ဆေးများ
🔸 ပရုတ်လုံးနှင့် ပရုတ်လုံးပါဝင်သော လူ့အသုံးအဆောင်ပစ္စည်း၊ ဆေးဝါးများ
🔸 Fava ပဲ (သို့မဟုတ်) အခြားပဲပင်များ
🔸 ငှက်ဖျားဆေး၊ အကိုက်အခဲပျောက်ဆေး၊ ကိုယ်ပူကျဆေးအချို့တွေနဲ့ ထိတွေ့မှု မရှိနိုင်အောင်သတိပြုနေထိုင်ဖို့ လိုအပ်ပါတယ်။
👨⚕️ G6PD ချို့တဲ့(နည်းပါး)ခြင်းက မျိုးရိုးလိုက်တတ်တဲ့အခြေအနေဖြစ်ပြီး ယောက်ျားလေးတွေမှာ အဓိက အဖြစ်များကြသလို မိန်းကလေးတွေမှာဆိုရင်တော့ မျိုးရိုးဗီဇသယ်ဆောင်ထားတဲ့ပုံစံမျိုးနဲ့ လက္ခဏာမပြတတ်ဘဲ G6PD ချို့တဲ့ခြင်းဖြစ်နိုင်တာကြောင့် ခန္ဓာကိုယ်အတွင်းရှိ G6PD ပမာဏကို စစ်ဆေးတိုင်းတာဖို့လိုအပ်ပါတယ်။
ဆေးရုံ၊ ဆေးခန်းတွေအနေနဲ့ 𝐆6𝐏𝐃 ချို့တဲ့ခြင်းကို စစ်ဆေးနိုင်တဲ့ Test Kit ကောင်းတစ်ခုကို ရှာဖွေနေတယ်ဆိုရင်တော့ 𝗦𝗗 𝗕𝗜𝗢𝗦𝗘𝗡𝗦𝗢𝗥 ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 အမှတ်တံဆိပ် 𝐆6𝐏𝐃 𝐄𝐧𝐳𝐲𝐦𝐞 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 𝐀𝐧𝐚𝐥𝐲𝐳𝐞𝐫 ကိုသာ ရွေးချယ်လိုက်ပါ။ ✨
👨⚕️မြန်ဆန်မှန်ကန်တဲ့စစ်ဆေးမှုက တိကျသေချာတဲ့ကုသမှုကို ပေးစွမ်းနိုင်တာကြောင့် ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာရေးဌာနတွေအတွက် အရည်အသွေးမြင့် 𝗦𝗗 𝗕𝗜𝗢𝗦𝗘𝗡𝗦𝗢𝗥 ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 အမှတ်တံဆိပ် 𝐆6𝐏𝐃 𝐄𝐧𝐳𝐲𝐦𝐞 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 𝐀𝐧𝐚𝐥𝐲𝐳𝐞𝐫 ကို အရည်အသွေးယုံကြည်စိတ်ချရစွာ၊ ဈေးနှုန်းမှန်ကန်သင့်တင့်စွာ မှာယူချင်ပြီဆိုရင်တော့...
နှစ်ပေါင်း ၂၀ ကျော်ကြာ အရည်အသွေးပြည့်မီတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 တွေကို မြန်မာပြည်အနှံ့ ဖြန့်ချိပေးနေတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှာ စိတ်ချယုံကြည်စွာ ဆက်သွယ်စုံစမ်းမှာယူနိုင်ပါတယ်။📞
📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟏-𝟕𝟓𝟐𝟓𝟒𝟔𝟕, 𝟎𝟏-𝟕𝟓𝟏𝟓𝟐𝟗𝟕 , 𝟎𝟗 𝟕𝟓𝟎 𝟔𝟓𝟗 𝟎𝟎𝟎
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
01/09/2026
နှလုံးသားက တီးတိုးပြောတဲ့ သတိပေးသံ။ 🚨
🗣 ရင်ဘတ်ထဲက မသိမသာအောင့်ခနဲဖြစ်တာ၊ တင်းကျပ်ကျပ် နာကျင်လာတာ၊ ခဏခဏ အသက်ရှူရကြပ်လာတာမျိုးတွေကို "ပင်ပန်းလို့ပါလေ" ဆိုပြီး ပေါ့ပေါ့ဆဆ နေမိတတ်ကြပါတယ်။
ဒါက သာမန်ပင်ပန်းနွမ်းနယ်မှု မဟုတ်ဘဲ နှလုံးကြွက်သားတွေ အောက်ဆီဂျင်ရရှိမှု မလုံလောက်တော့တဲ့အတွက် အပြင်းအထန် နာကျင်နေရကြောင်းကို နှလုံးသားက အကူအညီတောင်းခံနေတဲ့ သတိပေးသံလည်း ဖြစ်နေနိုင်ပါတယ်။ 🔔
👨⚕️ ဒါ့အပြင် နှလုံးကြွက်သားတွေ ထိခိုက်ဒဏ်ရာရလာတဲ့အခါ ဒါမှမဟုတ် သွေးကြောပိတ်ပြီး ကြွက်သားဆဲလ်တွေ ပျက်စီးလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ သွေးကြောထဲကို 𝐓𝐫𝐨𝐩𝐨𝐧𝐢𝐧 𝐈 လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးကို သတင်းပို့သူအဖြစ် ထုတ်လွှတ်တတ်ပါတယ်။
💢 𝐓𝐫𝐨𝐩𝐨𝐧𝐢𝐧 𝐈 ဆိုတာ နှလုံးကြွက်သား ထိခိုက်ပျက်စီးမှုရှိလာရင် သွေးထဲကို စတင်စိမ့်ထွက်လာတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး သွေးအတွင်းမှာ 𝐓𝐫𝐨𝐩𝐨𝐧𝐢𝐧 𝐈 ပမာဏများလာမယ်ဆို နှလုံးဖောက်ခြင်း၊ နှလုံးရပ်ခြင်းနှင့် အခြားနှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။
‼ ဒါတင်မက နှလုံးကို သွေးစီးဆင်းမှုပိတ်ဆို့သွားတဲ့အခါမှာ Heart Attack ဖြစ်နိုင်ပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရတာကြောင့် သေချာစစ်ဆေးပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။
ဒီတော့ ရင်ဘတ်အောင့်ခြင်းနဲ့ အသက်ရှူမဝခြင်းတွေက နှလုံးသားကပို့တဲ့ သတိပေးသံဖြစ်နိုင်တာကြောင့် မပေါ့ဆဘဲ သွေးအတွင်း 𝐓𝐫𝐨𝐩𝐨𝐧𝐢𝐧 𝐈 ပမာဏကို 𝐅𝐈𝐀 𝐓𝐫𝐨𝐩 𝐈 (TNI) 𝐓𝐞𝐬𝐭 𝐊𝐢𝐭 နဲ့ မြန်မြန်ဆန်ဆန် စစ်ဆေးပြီး နှလုံးကျန်းမာရေးကို စနစ်တကျ ကာကွယ်စောင့်ရှောက်လိုက်ပါ။ ✨
👨⚕️မြန်ဆန်မှန်ကန်တဲ့စစ်ဆေးမှုက တိကျသေချာတဲ့ကုသမှုကို ပေးစွမ်းနိုင်တာကြောင့် ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာရေးဌာနတွေအတွက် အရည်အသွေးမြင့် 𝐒𝐃 𝐁𝐈𝐎𝐒𝐄𝐍𝐒𝐎𝐑 မှထုတ်လုပ်တဲ့ Standard F အမှတ်တံဆိပ် 𝐅𝐈𝐀 𝐓𝐫𝐨𝐩 𝐈 (TNI) 𝐓𝐞𝐬𝐭 𝐊𝐢𝐭 ကို အရည်အသွေးယုံကြည်စိတ်ချရစွာ၊ ဈေးနှုန်းမှန်ကန်သင့်တင့်စွာ မှာယူချင်ပြီဆိုရင်တော့...
နှစ်ပေါင်း ၂၀ ကျော်ကြာ အရည်အသွေးပြည့်မီတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 တွေကို မြန်မာပြည်အနှံ့ ဖြန့်ချိပေးနေတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှာ စိတ်ချယုံကြည်စွာ ဆက်သွယ်စုံစမ်းမှာယူနိုင်ပါတယ်။📞
📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟏-𝟕𝟓𝟐𝟓𝟒𝟔𝟕, 𝟎𝟏-𝟕𝟓𝟏𝟓𝟐𝟗𝟕 , 𝟎𝟗 𝟕𝟓𝟎 𝟔𝟓𝟗 𝟎𝟎𝟎
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
27/08/2026
🚨 ချစ်ခြင်းရဲ့နောက်ကွယ် သေချာစစ်ဆေးဖို့လည်း မမေ့နဲ့ကွယ်။
🗣 ချစ်သူဘဝမှာပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ဘဝမှာပဲဖြစ်ဖြစ် အချစ်ဆိုတဲ့ ဆွဲအားအောက်မှာ နှစ်ယောက်တစ်ကမ္ဘာ တည်ဆောက်ရင်း ချစ်သူရဲ့ဆန္ဒတိုင်းကို အလိုလိုက်၊ အကြိုက်ဆောင်ပေးတတ်ကြတာ သဘာဝပါ။
ဒီလိုအချိန်မျိုးမှာ ချစ်စနိုး ပွေ့ဖက်မှုတွေ၊ နွေးထွေးတဲ့ အထိအတွေ့တွေက အရာရာထက် သာယာလှပတဲ့ သုခချမ်းသာတစ်ခုပါပဲ။ 💑
👨⚕️ ဒါပေမယ့် ထင်မှတ်မထားတဲ့အချိန်တစ်ခုမှာတော့ ဒီလိုချစ်ခြင်းရဲ့ နောက်ဆက်တွဲအဖြစ် ထိန်းချုပ်ရခက်တဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့လာရတတ်ပါတယ်။ သာယာခဲ့တဲ့အချိန်လေး ကုန်ဆုံးလို့ ခဏတာ စိတ်လှုပ်ရှားမှုတွေ ငြိမ်သက်သွားတဲ့အခါ
ရာသီလာရမယ့်ရက် လွဲချော်နေလို့ စိုးရိမ်နေရပြီလား ❓
"တစ်ခါတည်းပါပဲ" ဆိုတဲ့ အတွေးနဲ့ ရင်ထိတ်ပူပန်နေရပြီလား ❓
ရင်ထဲက သောကတွေကြောင့် ညစဉ်အိပ်မပျော်နိုင်အောင် ဖြစ်နေပြီလား ❓
အချစ်နွံထဲမှာ သာယာခဲ့ဖူးပေမယ့် အခုလို စိုးရိမ်စရာ၊ ပူပန်စရာ စိတ်ဖိစီးစရာတွေကို ရင်ဆိုင်နေရပြီဆိုရင်တော့ မသေချာတဲ့စိတ်မှန်းနဲ့ ပူပန်မနေပါနဲ့တော့။ စိတ်အေးချမ်းမှုနဲ့ တိကျတဲ့ အဖြေကို ရရှိဖို့အတွက် 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှ ဖြန့်ချီပေးနေတဲ့ Urine Pregnancy Strips လေးတွေနဲ့ စစ်ဆေးလိုက်ပါ။ ✅
Urine Pregnancy Strips အနေနဲ့
🔹 𝐔𝐥𝐭𝐫𝐚-𝐡𝐂𝐆
🔹 𝐁𝐒𝐓-𝐡𝐂𝐆 ဟူ၍ အမျိုးအစား (၂) မျိုးရှိပြီး နှစ်မျိုးစလုံးက ကိုယ်ဝန်ရှိ/ မရှိစစ်ဆေးပေးနိုင်ကာ 𝐁𝐒𝐓-𝐡𝐂𝐆 ကတော့ ကိုယ်ဝန်မရှိနိုင်တဲ့အခြေအနေမှာ hCG Positive ဖြစ်ပါက မီးယပ်ဆိုင်ရာအခြေအနေရှိ/မရှိကိုပါ ကနဦး သတိပြုစစ်ဆေးနိုင်ပါတယ်။
Urine Pregnancy Strip နဲ့ ဘယ်လိုစစ်ဆေးရတာလဲ❓
🔸 ခွက်တစ်ခုထဲမှာ မိမိရဲ့ဆီးကိုထည့်ထားပါ။
🔸 Strips လေးတွေကို အပြာရောင်ရှိတဲ့ဘက်က သတိထားကိုင်ပြီး ခွက်ထဲတွင် ၁၀စက္ကန့်ခန့် နှစ်ပါ။
(max line မကျော်မိပါစေနဲ့။)
🔸 ပြီးတာနဲ့ ခွက်ထဲက ထုတ်ပြီး သန့်ရှင်းသောနေရာတွင်ထားပါ။
🔸 မိနစ်အနည်းငယ်စောင့်ပြီးတာနဲ့ အဖြေကိုသိရပါပြီ။
Strip မှာ ပါဝင်တဲ့ Line ကို ကြည့်ပြီး
🔸 တစ်လိုင်းတည်းပေါ်လာရင် ကိုယ်ဝန်မရှိဘူး။
🔸 နှစ်လိုင်းပေါ်လာတယ်ဆိုရင်တော့ ကိုယ်ဝန်ရှိနေပြီ။
🔸 ဘာလိုင်းမှ မပေါ်လာဘူးဆိုရင်တော့ နောက်တစ်ကြိမ်ပြန်စစ်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Urine Pregnancy Strip ဝယ်မယ်ဆို တစ်ခုထက်ပိုပြီး ဝယ်ယူဖို့ကို အကြံပြုလိုက်ပါရစေ။
👨⚕️ ချစ်ခြင်းရဲ့နောက်ကွယ်မှာ မတင်မကျစိတ်နဲ့ စိုးရိမ်ပူပန်မှုတွေ ကင်းဝေးဖို့အတွက် တိကျသေချာတဲ့ Result ကို စစ်ဆေးပေးနိုင်မယ့် 𝐔𝐥𝐭𝐫𝐚-𝐡𝐂𝐆 နဲ့ 𝐁𝐒𝐓-𝐡𝐂𝐆 အစရှိတဲ့ Urine Pregnancy Strips တွေကို...
နှစ်ပေါင်း ၂၀ ကျော်ကြာ အရည်အသွေးပြည့်မီတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 တွေကို မြန်မာပြည်အနှံ့ ဖြန့်ချိပေးနေတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှာ စိတ်ချယုံကြည်စွာ ဆက်သွယ်စုံစမ်းမှာယူနိုင်ပါတယ်။📞
📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟏-𝟕𝟓𝟐𝟓𝟒𝟔𝟕, 𝟎𝟏-𝟕𝟓𝟏𝟓𝟐𝟗𝟕 , 𝟎𝟗 𝟕𝟓𝟎 𝟔𝟓𝟗 𝟎𝟎𝟎
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
25/08/2026
𝐒𝐃 𝐂𝐨𝐝𝐞𝐅𝐫𝐞𝐞 နဲ့ စစ်ဆေးကာ ဆီးချိုပမာဏ ထိန်းသိမ်းပါ။ ✨
👨⚕️ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုရင် ခန္ဓာကိုယ်ရဲ့ သတိပေးသံတွေကို ပုံမှန်နားထောင်ပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါကို စနစ်တကျ ထိန်းချုပ်ချင်တယ်ဆိုရင်တော့ မိမိရဲ့သွေးတွင်းသကြားဓာတ် အတက်အကျကို အမြဲမပြတ် သိရှိနေဖို့က အရေးအကြီးဆုံးပဲဖြစ်ပါတယ်။
သွေးတွင်းသကြားဓာတ်ဆိုတာ
🔸 ဒီနေ့စားလိုက်တဲ့ အစားအသောက်
🔸 လုပ်ဆောင်လိုက်တဲ့ လေ့ကျင့်ခန်း
🔸 ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုနဲ့ အိပ်စက်မှု အစရှိတဲ့အချက်တွေအပေါ် မူတည်ပြီး စက္ကန့်နဲ့အမျှ အပြောင်းအလဲ ရှိနေတတ်ပါတယ်။
👨⚕️ အပြောင်းအလဲရှိနေတတ်တဲ့သွေးတွင်းသကြားဓာတ်ပမာဏကို တိတိကျကျ သိရှိနေမှသာ စားသောက်မှုပုံစံနဲ့ သောက်ဆေးတွေကို အချိန်မီ လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်မှာလည်းဖြစ်ပါတယ်။
ဒီတော့ တိကျသေချာတဲ့သွေးတွင်းသကြားဓာတ်ပမာဏကို တိုင်းတာနိုင်ပြီး ဆီးချိုရောဂါကို စနစ်တကျထိန်းချုပ်နိုင်ဖို့အတွက် 𝐒𝐃 𝐂𝐨𝐝𝐞𝐅𝐫𝐞𝐞 ကိုသာ ဆောင်ထားဖို့ မမေ့နဲ့နော်။ ✨
👨⚕️𝐒𝐃 𝐂𝐨𝐝𝐞𝐅𝐫𝐞𝐞 ဆိုတာ အသုံးပြုပုံ လွယ်ကူရိုးရှင်းပြီး တိကျသေချာတဲ့စစ်ဆေးမှုရလာဒ်ကို အချိန်တိုအတွင်း ဖော်ထုတ်ပေးနိုင်တဲ့ Medical Device (Test Kit) ဖြစ်ပြီး စစ်ဆေးမှုရလဒ်တွေကို အရင်လို အချိန်ကုန်ခံစောင့်စရာမလိုဘဲ အခုစစ်၊ အခုချက်ချင်းရလဒ်ကို ဖော်ပြပေးနိုင်တာကြောင့် ဆီးချိုဝေဒနာရှင်တို့အနေနဲ့ ရှိကိုရှိထားသင့်တဲ့ဆီးချိုစစ်စက်လည်းဖြစ်ပါတယ်။
𝐒𝐃 𝐂𝐨𝐝𝐞𝐅𝐫𝐞𝐞 ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ ❓
🔹 ဓာတ်ခွဲခန်းအထိ သွားစရာမလိုဘဲ အိမ်မှာတင် တိကျတဲ့ရလဒ်ကို အချိန်တိုအတွင်း ဖော်ထုတ်ပေးနိုင်ခြင်း
🔹 CodeFree နည်းပညာကြောင့် သီးသန့် Code ထည့်စရာမလိုဘဲ အချိန်ကုန်သက်သာစွာဖြင့် လွယ်လွယ်ကူကူ တိုင်းတာနိုင်ခြင်း
🔹 နေ့စဉ် သွေးတွင်းသကြားဓာတ် အတက်အကျကို မျက်ခြည်မပြတ် စောင့်ကြည့်နိုင်တာကြောင့် အစားအသောက်နဲ့ လူနေမှုပုံစံကို လိုအပ်သလို အချိန်မီ ပြုပြင်ပြောင်းလဲနိုင်ခြင်း
🔹 ဆီးချိုရောဂါရဲ့ ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကြိုတင်ကာကွယ်နိုင်တာကြောင့် စိတ်အေးချမ်းမှုရရှိခြင်း အစရှိတဲ့အကျိုးကျေးဇူးတွေကြောင့် 𝐒𝐃 𝐂𝐨𝐝𝐞𝐅𝐫𝐞𝐞 ကို ရွေးချယ်သင့်ပါတယ်။
ယခုလို အကျိုးကျေးဇူးတွေနဲ့အတူ မြန်ဆန်တိကျတဲ့ ဆီးချိုစစ်ဆေးမှုအတွက် 𝐒𝐃 𝐂𝐨𝐝𝐞𝐅𝐫𝐞𝐞 ဆီးချိုစစ်စက်ကို CodeFree Myanmar Page နဲ့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်တွေမှာ ဝယ်ယူနိုင်သလို ကျွန်တော်တို့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 ကနေလည်း မြန်မာနိုင်ငံအတွင်းသို့ ဖြန့်ချိပေးလျက်ရှိပါတယ်ခင်ဗျ။✨
💢ကျွန်တော်တို့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 ဟာဆိုရင် မြန်မာပြည်ရဲ့ အစောဆုံးဆေးကုမ္ပဏီတစ်ခုဖြစ်ပြီး အနှစ် (၂၀) ကျော်အတွေ့အကြုံကောင်းများဖြင့် ဆေးဝါးဆိုင်ရာ အထောက်အကူပစ္စည်းများ၊ ဆီးစစ်၊ သွေးစစ်သော ပစ္စည်းများကို မြန်မာနိုင်ငံတစ်ဝှမ်း ဖြန့်ချိလျှက်ရှိပါတယ်။
📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟏-𝟕𝟓𝟐𝟓𝟒𝟔𝟕, 𝟎𝟏-𝟕𝟓𝟏𝟓𝟐𝟗𝟕 , 𝟎𝟗 𝟕𝟓𝟎 𝟔𝟓𝟗 𝟎𝟎𝟎
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲𝐖𝐞𝐛𝐬𝐢𝐭𝐞 : http://www.shwinchan.com
19/08/2026
📣 ရာသီတုပ်ကွေးကို မပေါ့ဆနဲ့။ ဂရုစိုက်ဖို့လည်း မမေ့နဲ့။
🗣 ရာသီအကူးအပြောင်းကာလ ရောက်လာပြီဆိုရင် နှာစေး၊ ချောင်းဆိုးက လူတိုင်းနီးပါး ကြုံတွေ့ရတတ်တာကြောင့် သာမန်ပါပဲဆိုပြီး ပေါ့ပေါ့ဆဆနေတတ်ကြပါတယ်။
သာမန်အထင်နဲ့ ပေါ့ပေါ့ဆဆနေလိုက်မိရာက မိသားစုထဲမှာ တစ်ယောက်ယောက် ဖျားနာရာကနေ ကျန်တဲ့သူတွေပါ ကူးစက်ခံရတာမျိုးကို ကြုံတွေ့ဖူးကြမှာပါ။ 😔
👨⚕️ တကယ်တော့ ဒီလိုအချိန်မျိုးမှာ Influenza Virus ကြောင့် အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တတ်ပြီး နှာခေါင်း၊ လည်ပင်းနဲ့ အဆုတ်တွေကို အဓိကတိုက်ခိုက်တတ်တဲ့ ရာသီတုပ်ကွေးကိုလည်း မေ့ထားလို့မရပါဘူး။
💢 Influenza Virus က ချောင်းဆိုး၊ နှာချေရာကနေ ထွက်လာတဲ့အမှုန်အမွှားလေးတွေကတစ်ဆင့် ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးရှိတဲ့မျက်နှာပြင်တွေကို ထိတွေ့ကိုင်တွယ်မိရာကနေတစ်ဆင့် လူတစ်ဦးကနေ နောက်တစ်ဦးကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။
ရာသီတုပ်ကွေးက သာမန်နှာစေး၊ ချောင်းဆိုးရုံတင်မဟုတ်ဘဲ
🔸 ကိုယ်အပူချိန် ရုတ်တရက် မြင့်တက်လာခြင်း
🔸 တစ်ကိုယ်လုံး ကိုက်ခဲ နွမ်းနယ်ခြင်း
🔸 အသက်ရှူရ ခက်ခဲလာခြင်းနှင့် ရင်ဘတ်အောင့်ခြင်း အစရှိတဲ့လက္ခဏာတွေ ကြုံတွေ့ခံစားရနိုင်ပြီး ကလေးငယ်၊ သက်ကြီးရွယ်အို၊ ပန်းနာရင်ကျပ်ရောဂါရှိသူ၊ ခုခံအားဆိုင်ရာရောဂါရှိသူတွေအနေနဲ့ ကူးစက်နိုင်ခြေ၊ ဖြစ်ပွားနိုင်ခြေ၊ ရောဂါပြင်းထန်နိုင်ခြေလည်း ပိုများပါတယ်။
ရာသီတုပ်ကွေးကို ဖြစ်ပွားစေတဲ့ဗိုင်းရပ်စ်က လေထုစိုစွတ်အေးမြတဲ့အချိန် ပိုမိုရှင်သန်နိုင်ကြတာကြောင့် မိုးတွင်းနဲ့ ဆောင်းတွင်းလိုကာလတွေမှာ ရာသီတုပ်ကွေးက အဖြစ်များပြီး သတိပြုဂရုစိုက်ဖို့လိုအပ်သလို စနစ်တကျကုသမှုမခံယူဘူးဆိုရင်
🔹 နမိုးနီးယားရောဂါ
🔹 လေပြွန်ရောင်ခြင်း
🔹 ပန်းနာရင်ကြပ်ရောဂါ
🔹 နှလုံးဖောက်ခြင်း
🔹 နားပြည်ယိုခြင်း
🔹 အသက်ရှူလမ်းကြောင်းပျက်စီးခြင်း အစရှိတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုပါ ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်ဆိုတဲ့အတိုင်း ရာသီတုပ်ကွေးအန္တရာယ်က ကင်းဝေးစေဖို့
✅ရေများများသောက်ပါ။
✅အာဟာရမျှတအောင် စားသောက်ပါ။
✅လက်ကို ဆပ်ပြာ/ လက်သန့်ဆေးရည်နဲ့ စက္ကန့် (၂၀) ကြာအောင် မကြာခဏ ဆေးကြောပါ။
✅နှာချေချောင်းဆိုးသည့်အခါ ပါးစပ်၊ နှာခေါင်းတို့ကို တစ်ရှူး/ တံတောင်ဆစ်ဖြင့် ဖုံးအုပ်ထားပါ။
✅နှာခေါင်စည်း (Mask) တပ်ပါ။
✅အဖျား၊ နှာချေချောင်းဆိုးလက္ခဏာရှိသူနဲ့ အနီးကပ် ထိတွေ့မှုကို ရှောင်ကြဉ်ပါ။
✅မျက်နှာ၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်မဆေးဘဲ ကိုင်တွယ်ခြင်းမပြုပါနှင့်။
✅ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပါ။
အစရှိတဲ့နည်းလမ်းတွေအတိုင်း လိုက်နာပြုမူနေထိုင်ရင်း လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ဖို့ကိုလည်း အကြံပြုတိုက်တွန်းလိုက်ပါတယ်။
အကယ်၍ ရာသီတုပ်ကွေးအတွက် စစ်ဆေးမယ်ဆို 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 𝐅 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐳𝐚 𝐀/𝐁 𝐅𝐈𝐀 နဲ့ စစ်ဆေးလိုက်ပါ။✨
🗣𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 𝐅 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐳𝐚 𝐀/𝐁 𝐅𝐈𝐀 က တုပ်ကွေးဗိုင်းရပ်စ်ရဲ့ Antigen A နဲ့ B (၂) မျိုးလုံး ရှိ/ မရှိကို နှာခေါင်းတို့ပတ်ကတစ်ဆင့် စစ်ဆေးနိုင်ပြီး တိကျမှန်ကန်တဲ့အဖြေရလဒ်ကိုလည်း (၁၀) မိနစ်အတွင်း မြန်ဆန်စွာ ထုတ်ပေးနိုင်သလို သာမန် Positive/ Negative အပြင် ကိန်းဂဏန်း (COI) နဲ့ပါ တိတိကျကျသိရှိနိုင်မှာဖြစ်ပါတယ်။
👨⚕️မြန်ဆန်မှန်ကန်တဲ့စစ်ဆေးမှုက တိကျသေချာတဲ့ကုသမှုကို ပေးစွမ်းနိုင်တာကြောင့် ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာရေးဌာနတွေအတွက် အရည်အသွေးမြင့် 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 𝐅 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐳𝐚 𝐀/𝐁 𝐅𝐈𝐀 ကို အရည်အသွေးယုံကြည်စိတ်ချရစွာ၊ ဈေးနှုန်းမှန်ကန်သင့်တင့်စွာ မှာယူချင်ပြီဆိုရင်တော့...
နှစ်ပေါင်း ၂၀ ကျော်ကြာ အရည်အသွေးပြည့်မီတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 တွေကို မြန်မာပြည်အနှံ့ ဖြန့်ချိပေးနေတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှာ စိတ်ချယုံကြည်စွာ ဆက်သွယ်စုံစမ်းမှာယူနိုင်ပါတယ်။📞
📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟏-𝟕𝟓𝟐𝟓𝟒𝟔𝟕, 𝟎𝟏-𝟕𝟓𝟏𝟓𝟐𝟗𝟕 , 𝟎𝟗 𝟕𝟓𝟎 𝟔𝟓𝟗 𝟎𝟎𝟎
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
16/08/2026
🚨 ဝမ်းရောဂါ ကင်းဝေးစေဖို့ ကြိုတင်ကာကွယ် သတိပြုစို့။
🌧 မိုးရာသီရဲ့ သာယာအေးမြမှုနဲ့အတူ မကြာခဏ ဒွန်တွဲပါလာတတ်တာကတော့ ရေကြီးရေလျှံမှုတွေပဲ ဖြစ်ပါတယ်။ ရေတက်လာချိန်မှာ မြင်တွေ့ရတဲ့ သဘာဝဘေးအန္တရာယ်အပြင် ရေပြန်ကျသွားတဲ့အခါ ကျန်ရစ်ခဲ့တဲ့ မမြင်နိုင်တဲ့ရောဂါဘေးကလည်း မိသားစုတိုင်းရဲ့ ကျန်းမာရေးကို ကြီးမားစွာ ခြိမ်းခြောက်နေတတ်ပါတယ်။
ဒါကတော့ "ဝမ်းပျက်ဝမ်းလျှောရောဂါ"ပဲဖြစ်ပါတယ်။ 🚨
🗣 ရေကြီးရေလျှံချိန်မှာ ပတ်ဝန်းကျင်မှာရှိတဲ့ အညစ်အကြေး၊ မသန့်ရှင်းတဲ့ ရေဆိုးတွေက မိုးရေနဲ့အတူ ရောနှောစီးဆင်းလာကြပါတယ်။ ရေပြန်ကျသွားတဲ့အခါ အဆိုပါ မသန့်ရှင်းတဲ့ ရေဆိုးတွေထဲမှာ ပါလာတဲ့အညစ်အကြေးတွေက အနယ်အနှစ်အဖြစ် မြေပြင်၊ အိမ်ဝိုင်းနဲ့ သောက်သုံးရေတွင်း/ရေကန်တွေထဲမှာ ကျန်ရှိနေခဲ့တတ်ပါတယ်။
💢 ဒီအနယ်အနှစ်တွေက ဝမ်းပျက်ဝမ်းလျှောနဲ့ ကာလဝမ်းရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားဖို့ အကောင်းဆုံးနေရာအရင်းအမြစ်တစ်ခု ဖြစ်သွားတတ်ပြီး ရောဂါပိုးမွှားတွေက အစားအသောက်နဲ့ ရေတွေကနေတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ အလွယ်တကူ ကူးစက်ဝင်ရောက်နိုင်ပါတယ်။
ဘယ်လိုသူတွေမှာ အဖြစ်များနိုင်သလဲ ❓
👨⚕️ ဝမ်းပျက်ဝမ်းလျှောက လူတိုင်းလိုလိုဖြစ်နိုင်ပေမယ့် အထူးသဖြင့် ကလေးငယ်၊ အသက်အရွယ်ကြီးရင့်သူနဲ့ ရောဂါအခံရှိသူတွေမှာ ကူးစက်နိုင်ခြေ ဖြစ်နိုင်ခြေပိုများပါတယ်။
ဝမ်းပျက်ဝမ်းလျှောက ဘယ်လိုအကြောင်းရင်းတွေကြောင့် ဖြစ်ပွားနိုင်သလဲ ❓
🔸 မသန့်ရှင်းသော သောက်သုံးရေများ
🔸 အမှည့်လွန် သစ်သီးများ
🔸 ယင်နားစာများ
🔸 သန့်ရှင်းမှုမရှိသော လမ်းဘေးအစားအစာများ
🔸 မသန့်ရှင်းသော လက်သုပ် အစားအစာတွေကို စားသုံးမိရာကတစ်ဆင့် ဖြစ်ပွားနိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီဆိုရင်
🔹 ဗိုက်အောင့်ခြင်း
🔹 ဗိုက်ရစ်နာခြင်း
🔹 လေပွခြင်း
🔹 မအီမသာဖြစ်ခြင်း
🔹 အဖျားတက်ခြင်း
🔹 ဝမ်းထဲသွေးပါခြင်း
🔹 ရေဓာတ်ခမ်းခြောက်ခြင်း
🔹 ဝမ်းမထိန်းနိုင်ခြင်း အစရှိတဲ့လက္ခဏာမျိုးတွေ ခံစားရမှာဖြစ်သလို ဒီလိုလက္ခဏာတွေ ကြုံတွေ့ရပြီဆို မိတ်ဆွေတို့အနေနဲ့ နီးစပ်ရာ ဆေးရုံ/ ဆေးခန်းတွေမှာ အမြန်ဆုံး စမ်းသပ်စစ်ဆေးပြီး အချိန်မဆွဲဘဲ လိုအပ်တဲ့ကုသမှုတွေကို ခံယူရမှာပဲဖြစ်ပါတယ်။
ဒါကြောင့် ယခုလို မိုးတွင်းကာလနဲ့ ရေကြီးရေလျှံမှုတွေ အဖြစ်များတဲ့အချိန်မျိုးမှာ ကြုံတွေ့ရနိုင်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းအန္တရာယ်က ကင်းဝေးစေဖို့
✅ လက်ကို စနစ်တကျဆေးကြောခြင်း
✅ လက်သန့်ဆေးရည် အသုံးပြုခြင်း
✅ ရေကို ကျက်အောင် ကျိုချက်သောက်သုံးခြင်း
✅ အစားအစာများကို ပူပူနွေးနွေးစားသုံးခြင်း
✅ လမ်းဘေးအစားအသောက်များကို ရှောင်ကြဉ်ခြင်း
✅ ယင်လုံအိမ်သာ အသုံးပြုခြင်း
✅ အမှိုက်ကို စနစ်တကျစွန့်ပစ်ခြင်း အစရှိတဲ့နေထိုင်စားသောက်ပုံနည်းလမ်းတွေအတိုင်း လိုက်နာပြုမူနေထိုင်ကြဖို့ကို 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 က အကြံပြုတိုက်တွန်းလိုက်ပါတယ်။
👨⚕️ အကယ်၍ အရည်အသွေးမြင့် 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 တွေ လိုအပ်လာပြီဆိုရင်လည်း မြန်မာပြည်ရဲ့ အစောဆုံးဆေးကုမ္ပဏီတစ်ခုဖြစ်ပြီး အနှစ် (၂၀) ကျော်အတွေ့အကြုံကောင်းများဖြင့် ဆေးဝါးဆိုင်ရာ အထောက်အကူပစ္စည်းများ၊ ဆီးစစ်၊ သွေးစစ်သော ပစ္စည်းများကို မြန်မာနိုင်ငံတစ်ဝှမ်း ဖြန့်ချိလျှက်ရှိတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှာ စိတ်ချယုံကြည်စွာ ဆက်သွယ်စုံစမ်းမှာယူနိုင်ပါတယ်။📞
📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟏-𝟕𝟓𝟐𝟓𝟒𝟔𝟕, 𝟎𝟏-𝟕𝟓𝟏𝟓𝟐𝟗𝟕 , 𝟎𝟗 𝟕𝟓𝟎 𝟔𝟓𝟗 𝟎𝟎𝟎
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : http://www.shwinchan.com
14/08/2026
မိသားစုတိုင်း ကျန်းမာပြုံးပျော်နေစေဖို့ သွေးလွန်တုပ်ကွေးအန္တရာယ်ကို သတိပြုဂရုစိုက်စို့။ ✨
🌧 မိုးရာသီရောက်ပြီဆိုရင် ကလေးငယ်တွေ နေမကောင်းဖြစ်မှာကို မိဘတိုင်း စိုးရိမ်စိတ်နဲ့ ရင်တထိတ်ထိတ် ဖြစ်ရစမြဲပါ။
ငါ့ကလေး ကိုယ်ပူပြီး ဖျားနေပါလား ❓
သာမန် ရာသီတုပ်ကွေး အအေးမိတာပဲလား ❓
ကြောက်စရာကောင်းတဲ့ သွေးလွန်တုပ်ကွေးများ ဖြစ်နေပြီလား ❓
ဆိုတဲ့ ဒွိဟနဲ့ သံသယ မေးခွန်းတွေက မိုးရာသီရောက်တိုင်း မိဘတိုင်းရဲ့ ရင်ထဲမှာ စိုးမိုးနေတတ်ပါတယ်။
သွေးလွန်တုပ်ကွေးဆိုတာ ရာသီတုပ်ကွေးပုံစံမျိုး
🔹အဖျားကြီးခြင်း
🔹ကိုယ်လက် ညောင်းညာကိုက်ခဲခြင်း
🔹အရိုးအဆစ်ကြွက်သားများ နာကျင်ခြင်း
🔹ခေါင်းကိုက်ခြင်း အစရှိတဲ့လက္ခဏာတွေ ခံစားရတတ်ပါတယ်။
👨⚕️ ဒီတော့ ကလေးငယ်တွေ ဖျားနာတဲ့အခါ သာမန်နေမကောင်းဖြစ်တာအထင်နဲ့ ပုံမှန်အဖျားပျောက်ဆေးတွေနဲ့တင် အချိန်ဆွဲမိရင် သွေးလွန်တုပ်ကွေးရဲ့ မလိုလားအပ်တဲ့နောက်ဆက်တွဲ အန္တရာယ်တွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် ဝေခွဲမရဘဲ တွေဝေနေမယ့်အစား တိကျတဲ့စစ်ဆေးမှုနဲ့ ရင်သွေးလေးတွေကို အချိန်မီကာကွယ်ပေးတာက အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ ✅
👨⚕️ သွေးလွန်တုပ်ကွေးရောဂါအတွက်ဆိုရင် SD Biosensor Korea မှထုတ်လုပ်တဲ့ STANDARD F 200 Fluorescent Immunoassay Analyzer နဲ့အတူ 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐃𝐞𝐧𝐠𝐮𝐞 𝐍𝐒1 𝐀𝐠 𝐅𝐈𝐀၊ 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐃𝐞𝐧𝐠𝐮𝐞 𝐈𝐠𝐌/ 𝐈𝐠𝐆 𝐅𝐈𝐀 တွေနဲ့ တွဲဖက်ပြီး စစ်ဆေးသင့်ပါတယ်။
𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐃𝐞𝐧𝐠𝐮𝐞 test တွေကနေ အဖြေကို ရောဂါရှိ/မရှိ သာမာန် Positive/ Negative အပြင်၊ ကိန်းဂဏန်း ( COI )နဲ့ပါ တိတိကျကျသိရှိနိုင်မှာဖြစ်တယ်။ ✅
👨⚕️Antigen test ဖြစ်တဲ့ 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐃𝐞𝐧𝐠𝐮𝐞 𝐍𝐒1 𝐀𝐠 𝐅𝐈𝐀 နဲ့ Antibody test ဖြစ်တဲ့ 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐃𝐞𝐧𝐠𝐮𝐞 𝐈𝐠𝐌/ 𝐈𝐠𝐆 𝐅𝐈𝐀 ကို တွဲဖက်စစ်ဆေးတာက
သွေးလွန်တုပ်ကွေးရောဂါရဲ့ဘယ်အဆင့်မှာ ရောက်နေသလဲ❓
Primary Infection လား❓
Secondary Infection လား❓
ဆိုတာကို ခွဲခြားသိနိုင်ဖို့အပြင် ရောဂါရဲ့ပြင်းထန်နိုင်ခြေကို ကြိုတင်ခန့်မှန်းနိုင်ဖို့အတွက်ဖြစ်ပါတယ်။
👨⚕️မြန်ဆန်မှန်ကန်တဲ့စစ်ဆေးမှုက တိကျသေချာတဲ့ကုသမှုကို ပေးစွမ်းနိုင်တာကြောင့် ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာရေးဌာနတွေအတွက် အရည်အသွေးမြင့် 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐃𝐞𝐧𝐠𝐮𝐞 𝐍𝐒1 𝐀𝐠 𝐅𝐈𝐀 နဲ့ 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐃𝐞𝐧𝐠𝐮𝐞 𝐈𝐠𝐌/ 𝐈𝐠𝐆 𝐅𝐈𝐀 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေကို အရည်အသွေးယုံကြည်စိတ်ချရစွာ၊ ဈေးနှုန်းမှန်ကန်သင့်တင့်စွာ မှာယူချင်ပြီဆိုရင်တော့...
နှစ်ပေါင်း ၂၀ ကျော်ကြာ အရည်အသွေးပြည့်မီတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 တွေကို မြန်မာပြည်အနှံ့ ဖြန့်ချိပေးနေတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှာ စိတ်ချယုံကြည်စွာ ဆက်သွယ်စုံစမ်းမှာယူနိုင်ပါတယ်။📞
📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟏-𝟕𝟓𝟐𝟓𝟒𝟔𝟕, 𝟎𝟏-𝟕𝟓𝟏𝟓𝟐𝟗𝟕 , 𝟎𝟗 𝟕𝟓𝟎 𝟔𝟓𝟗 𝟎𝟎𝟎
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
12/08/2026
တီဘီပိုးအန္တရာယ် ကင်းဝေးဖို့ 𝐓𝐁-𝐅𝐞𝐫𝐨𝐧 𝐅𝐈𝐀 (𝐈𝐅𝐍-𝐠𝐚𝐦𝐦𝐚) နဲ့ စစ်ဆေးစို့။✨
👨⚕️တီဘီ (TB) ရောဂါဆိုတာ ရောဂါလက္ခဏာ ချက်ချင်းမပြဘဲ ခန္ဓာကိုယ်ထဲမှာ ငြိမ်သက်စွာ ခိုအောင်းနေနိုင်တဲ့ Latent TB (ငုပ်လျှိုးတီဘီ) အဖြစ် ရှိနေတတ်ပါတယ်။
မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးကို စိတ်ချလုံခြုံစေဖို့ဆိုရင် မမြင်ရတဲ့တီဘီပိုး ခိုအောင်းနေခြင်း ရှိ/မရှိကို တိကျစွာ စစ်ဆေးထားဖို့ အထူးလိုအပ်ပါတယ်။ ✅
ဘယ်လိုသူမျိုးတွေ အထူးသဖြင့် စစ်ဆေးသင့်လဲ❓
🔰တီဘီဝေဒနာရှင်များနှင့် အတူနေထိုင်သူများ
တီဘီရောဂါက လေထုထဲကနေတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်တာကြောင့် အိမ်မှာ တီဘီဝေဒနာရှင်ရှိရင် အတူနေမိသားစုဝင်တွေဆီ ပိုးကူးစက်ထားခြင်း ရှိ/မရှိ စစ်ဆေးထားတာက အလုံခြုံဆုံးပဲဖြစ်ပါတယ်။ ရောဂါလက္ခဏာ မပြသေးခင် ငုပ်လျှိုးနေတဲ့ တီဘီပိုးကို ကြိုတင်တွေ့ရှိမယ်ဆို စောစီးစွာ ကာကွယ်ကုသမှု ခံယူနိုင်မှာဖြစ်ပါတယ်။
🔰ကိုယ်ခံအား နည်းနေသူများ
ရောဂါဘယကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင်းကြောင့်ဖြစ်စေ ကိုယ်ခံအား ကျဆင်းနေချိန်မှာ တီဘီပိုး ခိုအောင်းနေမယ်ဆို ရောဂါအဖြစ် ပြင်းထန်စွာ ထကြွလာနိုင်ခြေ အလွန်မြင့်မားတာကြောင့် ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
🔰ဆီးချိုနှင့် သွေးတိုးရောဂါ အခံရှိသူများ
ဆီးချိုရောဂါရှင်တွေအနေနဲ့ သာမန်သူတွေထက် တီဘီရောဂါ ကူးစက်ဖြစ်ပွားနိုင်ခြေ (၃) ဆ ပိုမိုမြင့်မားပါတယ်။ သွေးတိုးနဲ့ နာတာရှည်ရောဂါအခံရှိသူတွေအနေနဲ့လည်း ကိုယ်ခံအားမမျှတမှုကို ကြုံတွေ့ရလေ့ရှိတာကြောင့် တီဘီပိုး ရှိ/မရှိ ကြိုတင်စစ်ဆေးထားခြင်းက မလိုလားအပ်တဲ့ဆိုးကျိုးအန္တရာယ်ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
🔰ပြည်ပသို့ ကျောင်းသွားတက်မည့်သူနှင့် အလုပ်သွားလုပ်မည့်သူများ
ပြည်ပနိုင်ငံ အများအပြားမှာ ဗီဇာလျှောက်ထားစဉ် ဒါမှမဟုတ် ကျောင်း/ အလုပ်မဝင်မီ TB Screening ကို မဖြစ်မနေ တောင်းဆိုလေ့ရှိတာကြောင့် ကြိုတင်စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။
တီဘီရောဂါပိုး ရှိ/ မရှိ စစ်ဆေးမယ်ဆို ရလဒ်က နိုင်ငံတကာအဆင့်မီ တိကျမှုရှိတဲ့ 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐓𝐁-𝐅𝐞𝐫𝐨𝐧 𝐅𝐈𝐀 (𝐈𝐅𝐍-𝐠𝐚𝐦𝐦𝐚) နဲ့ စစ်ဆေးနိုင်ပါတယ်။ ✨
👨⚕️မြန်ဆန်မှန်ကန်တဲ့စစ်ဆေးမှုက တိကျသေချာတဲ့ကုသမှုကို ပေးစွမ်းနိုင်တာကြောင့် ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာရေးဌာနတွေအတွက် အရည်အသွေးမြင့် 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐓𝐁-𝐅𝐞𝐫𝐨𝐧 𝐅𝐈𝐀 (𝐈𝐅𝐍-𝐠𝐚𝐦𝐦𝐚) ကို အရည်အသွေးယုံကြည်စိတ်ချရစွာ၊ ဈေးနှုန်းမှန်ကန်သင့်တင့်စွာ မှာယူချင်ပြီဆိုရင်တော့...
နှစ်ပေါင်း ၂၀ ကျော်ကြာ အရည်အသွေးပြည့်မီတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 တွေကို မြန်မာပြည်အနှံ့ ဖြန့်ချိ ပေးနေတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှာ စိတ်ချယုံကြည်စွာ ဆက်သွယ်စုံစမ်းမှာယူနိုင်ပါတယ်။📞
📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟏-𝟕𝟓𝟐𝟓𝟒𝟔𝟕, 𝟎𝟏-𝟕𝟓𝟏𝟓𝟐𝟗𝟕 , 𝟎𝟗 𝟕𝟓𝟎 𝟔𝟓𝟗 𝟎𝟎𝟎
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
Category
Contact the practice
Website
Address
Yangon Office : Unit(306), Myay Nu Condo, Myay Nu Street, Sanchaung Township. Mandalay Office : No(8), Min Kun Boe Bwar Yate Thar Tite Tan, 66th Street, Corner Of 30(A) Street, Between 30th & 31st Str
Yangon
11111
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |