Study with me
To share skills ,advice, knowlege for youth
06/07/2024
မနက်ဖြန်အတွက် ယူသွားရမည့် ပစ္စည်းများ‼️
-----------------------------
၁။ စာမေးပွဲဖြေဆိုခွင့်လက်မှတ် (ကာလာ print ထုတ်ထားတဲ့ ၃မျက်နှာစလုံး)
၂။ မှတ်ပုံတင်
၃။ ခဲတံ (2B, HB) အနည်းဆုံး ၃ချောင်း
၄။ ခဲဖျက်နဲ့ချွန်စက်
၅။ ရိုးရိုးလက်ပတ်နာရီ
၆။ Mask
(အပေါ်က ပစ္စည်းတွေကို ဖိုင်အကြည်လေးနဲ့ သယ်သွားတာ ကောင်းပါတယ်။)
🔕📵 Phone ကိုမဖြစ်မနေ ယူသွားမှရမယ်ဆိုရင်လည်း airplane mode on, power ပိတ်ပြီး အခန်းစောင့်ဆရာမဆီအပ်ထားရမှာပါနော် ။
ထပ်မှာချင်တာကတော့.....
⭕️ ဒီနေ့ည စောစောအိပ်ပြီး မနက်ဖြန် မနက် ၆ခွဲ နောက်ဆုံးထပါ၊ မပိုင်သေးတဲ့စာတွေကို ခေါင်းထဲ နင်းကန်မထည့်ဘဲ ရပြီးသား စာတွေကိုသာ ပြန်နွှေးပြီး စိတ်အေးအေးထားဖြေဆိုပါ၊ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဖြေဆိုမှသာ အဖြေမှန်ကို ရွေးနိုင်ချေပိုများလို့ပါ။
⭕️ မနက်စာကို အဟာရပြည့်ပြီး ဗိုက်မနာစေတာမျိုး စားသွားပါ၊ စာမေးပွဲကျင်းပရာနေရာသို့ မနက်၈နာရီ အရောက်သွားပါ။
⭕️ ရန်ကုန်ကသူတွေက ယာဥ်ကြောကြပ်လောက်တာမို့ တတ်နိုင်သလောက်စောစော အိမ်ကစောထွက်ပါ။
⭕️ Grammarနဲ့ Reading အပိုင်းမှာ အချိန်ကို သေချာစီမံပါ၊ Grammar အပိုင်းကို အေးဆေးလေးဖြေနေရင် Reading မှာ အချိန်မလောက်ဖြစ်တတ်တာမလို့ သတိထားပါ။
⭕️ အဖြေလုံးဝမသိတဲ့အပုဒ်တွေကို ကွက်လပ်ချန်မထားခဲ့ပါနဲ့၊ မဖြေနိုင်တဲ့အပုဒ်တွေ ရှိလာရင် ခန့်မှန်းပြီး နံပါတ်တစ်ခုကို ပုံသေသတ်မှတ်၍ ခြယ်ခဲ့ပါ၊ နောက်မှဖြေမယ်ဆိုရင်လည်း ချန်ခဲ့တဲ့အပုဒ်တွေကို မေးခွန်းနံပါတ် သေချာမှတ်ပြီးပြန်ဖြေပါ။
⭕️ Listening အပိုင်းမဖြေခင် နားရတဲ့အချိန်မှာ အပေါ့သွားထားပါ၊ Listening အပိုင်းအတွက် ဥပမာတစ်ပုဒ်ဖွင့်ပြတဲ့အခါ အဲ့တာကို နားထောင်မနေဘဲ မေးခွန်းမှာပါတဲ့ တကယ်ဖြေရမယ့် အပုဒ်တွေရဲ့ စာတွေ၊ ပုံတွေကိုသာ ဖတ်နေ၊ ကြည့်နေပါ။
⭕️ နားထောင်နေတဲ့ အပုဒ်ကိုပဲ သေချာအာရုံစိုက်ပါ၊ ရှေ့မှာ အကြောင်းကြောင်းကြောင့် မကြားလိုက်ရတဲ့၊ မဖြေလိုက်ရတဲ့အပုဒ်တွေရှိလာရင် အပေါ်မှာပြောထားသလို နံပါတ်တစ်ခုခုကိုသာ ခြယ်ခဲ့ပါ။
皆さんတို့ အားလုံး စာမေးပွဲမှာ အကောင်းဆုံးဖြေဆိုနိုင်ပါစေ။ みんな、ごうかくできますように🈴🍀🍀
JLPT နီးသောအခါ ကျောင်းသားများအခြေအနေ....👇
🇯🇵 N5, N4, N3 Exam Practice Class 🇯🇵
https://www.facebook.com/share/p/xAVh6EMYUQ2EryuB/?mibextid=oFDknk
22/05/2024
𝗥𝗲𝗺𝗶𝗻𝗱𝗲𝗿 : 𝗝𝗟𝗣𝗧 ဖြေရန် 𝟰5ရက်သာ ကျန်ပါတော့တယ် ‼️
----------------------------
စာမေးပွဲဖြေဖို့ ရက်ကလည်းသိပ်မကျန်၊ စာတွေကလည်း ရသလိုလို၊ မရသလိုလိုနဲ့ မမဆောင်းဖြစ်နေပြီလား ❓
ဒါဆိုရင်တော့ Study with me ရဲ့ ......
"𝐄𝐱𝐚𝐦 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 𝐂𝐥𝐚𝐬𝐬" နဲ့ မိတ်ဆက်ပေးချင်ပါတယ် 💁♀️
----------------------------
🇯🇵 N5 Exam Practice Class 🇯🇵
✍️ Start in 8.6.2024
🗓️ Days - Sat & Sun
⏰ Time - 6 to 7 pm
🌟 Duration - 1 month
💸 Fees - 20,000 mmk
💻 Platform - Zoom
📚 Textbook - Zettai Goukaku & OQ 2 sets
🚨လူဦးရေ အကန့်အသတ်ရှိတာမလို့ ~~
N5 ကို အမှတ်ကောင်းကောင်းနဲ့ အောင်ချင်တယ်ဆိုရင် အခုဘဲ page cbကို " N5 (E.P.C) " လို့ ပေးပို့စာရင်းသွင်းလိုက်ပါ 🤳
----------------------------
🇯🇵 N4 Exam Practice Class 🇯🇵
✍️ Start in 1.6.2024
🗓️ Days - Sat & Sun
⏰ Time - 7 to 9 pm
🌟 Duration - 1 month
💸 Fees - 20,000 mmk
💻 Platform - Zoom
📚 Old Questions - 7 sets
🚨လူဦးရေ အကန့်အသတ်ရှိတာမလို့ ~~
N4 ကို အမှတ်ကောင်းကောင်းနဲ့ အောင်ချင်တယ်ဆိုရင် အခုဘဲ page cbကို " N4 (E.P.C) " လို့ ပေးပို့စာရင်းသွင်းလိုက်ပါ 🤳
----------------------------
🇯🇵 N3 Exam Practice Class 🇯🇵
✍️ Start in 3.6.2024
🗓️ Days - Mon & Tue
⏰ Time - 7:30 to 9 pm
🌟 Duration - 1 month
💸 Fees - 20,000 mmk
💻 Platform - Zoom
📚 Old Questions - 5 sets
🚨လူဦးရေ အကန့်အသတ်ရှိတာမလို့ ~~
N3 ကို အမှတ်ကောင်းကောင်းနဲ့ အောင်ချင်တယ်ဆိုရင် အခုဘဲ page cbကို " N3 (E.P.C) " လို့ ပေးပို့စာရင်းသွင်းလိုက်ပါ 🤳
----------------------------
📌 ကဲ ~~ JLPT ဖြေဖို့ လိုသေးတဲ့ ရက်ပေါင်း 45ရက်ကို Study with me ရဲ့ "𝐄𝐱𝐚𝐦 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 𝐂𝐥𝐚𝐬𝐬" တက်ပြီး အချိန်ကို အကျိုးရှိ" အသုံးချမလား ?
💔 မိနစံတို့ဆီ လုံး၀ပြန်မလာတော့မယ့် ရည်းစားဟောင်းလေးကို မျှော်နေမှာလား ? ဆိုတာစဉ်းစားတော့နော် .....
✍️ လူရွေးမှားခဲ့ပေမယ့် သင်တန်းရွေးမမှားဖို့ အခုပဲ အမြန်ဆုံးစာရင်းသွင်းလိုက်ပါ 🤭
17/05/2024
まるごとA2(1) 会話クラスの一つの活動の写真ですです。水掛祭りにするとおもったが、学生さんたちが旅行したり、帰省したりお休みを取ったので、水掛祭りのあと、4月20日にした活動です 👀
この活動では勉強した会話表現などを復習のために学生一人ずつに質問を順番に聞きました。制限時間を過ぎた学生や間違いをした学生にパウダーを顔に塗らせました。先生も学生全員も楽しい時間をすごしました 🤭
09/04/2024
学生 : သင်္ကြန်ပြီးမှ JLPT အတွက် စာစလုပ်လို့ရလား sensei❓
先生 : စကားတွေ ရှည်ရှည်ဝေးဝေးမပြောတော့ဘူး၊ ပုံကိုသာကြည့်👇
21/03/2024
🇯🇵Japanese Basic + N5 Class(Exam Result)🇯🇵
-----------------------------
修了したのは3ヶ月前ですが、今さら成績表を載せるのを思い出しました。最初から最後までよく参加してくれてありがたいです。Study with me の学生達なので素晴らしいに決まっています。🤗🎉
29/02/2024
🗣️ E လို မမှုတ်ဘဲ J လို မှုတ်ရင်း အာလူးဖုတ်ဖို့ 🗣️
🇯🇵 Japanese Speaking Classes 🇯🇵
•••••••••••••••••••••••••••
ဂျပန်ပြည်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးတဲ့ နေရာက ပါဝင်တဲ့ ကွက်လပ်တစ်ခုဖြစ်တဲ့ Speaking Skill ကို Study with me ရဲ့ အရည်အချင်းပြည့် ဆရာ၊ ဆရာမတွေ၊ ဖော်ရွေတဲ့ အတန်းဖော်တွေနဲ့အတူတူ ဖြည့်လိုက်ပါ။ 🤩
Japanese နဲ့ ပတ်သက်ပြီး ကျောင်းသားတွေရဲ့ ယုံကြည်မှု၊ အားကိုးမှုနဲ့ စိတ်ချရမှုကို အပြည့်အဝရထားတဲ့ Study with me မှာ Speaking Class တွေ အခု ထပ်မံဖွင့်လှစ်လိုက်ပါပြီနော်။ 🥳
ဒီအတန်းလေးကတော့ (၃) လပဲ ကြာမြင့်မှာဖြစ်ပြီး Specialized Lessons တွေနဲ့အတူတူ အားလုံးပျော်ပျော်ပါးပါး သင်ယူနိုင်အောင် ပြင်ဆင်ထားတာမို့ ပျင်းစရာကောင်းမှာတော့ စိုးရိမ်စရာမလိုပါဘူး။ 😎
•••••••••••••••••••••••••••
◼️ ဘယ်လိုလူတွေ တက်သင့်လဲဆိုရင် ဂျပန်စာ အခြေခံနားလည်ထားပြီး ကိုယ့်ရဲ့ Speaking Skill ကို အဆင့်မြှင့်ချင်တဲ့ သူတွေအတွက် အသင့်တော်ဆုံးဖြစ်မှာပါ။ 💁♀️
◼️ နှုတ်ဆက်စကားပြောတာ၊ အားလပ်ရက်တွေအကြောင်း ပြောတာ၊ မိတ်ဆက်ပေးတာ၊ အလည်အပတ်ခေါ်တာ စတဲ့ နေ့စဉ်အသုံးပြုရတဲ့ အခြေခံ Conversation လေးတွေကိုမှ 🗣️
◼️ သက်ဆိုင်ရာ Level အလိုက် လေ့လာနိုင်အောင် ပြင်ဆင်ပေးထားပြီးတော့ 📂
◼️ ဂျပန်နိုင်ငံထောက်ခံချက်ရထားတဲ့ Marugoto စာအုပ်နဲ့ သင်ကြားပေးသွားမှာပါနော် 📚
◼️ Recording လည်း ပေးသွားမှာဖြစ်လို့ ပြန်လေ့လာချင်သူတွေလည်း အဆင်ပြေဦးမယ့်အပြင်
◼️ သင်တန်းပြီးဆုံးသွားတဲ့အခါ Certificate လည်း ထိုက်ထိုက်တန်တန် ပေးအပ်ဦးမှာဖြစ်လို့
‼️ စိတ်ဝင်စားတယ်ဆိုရင်တော့ လူမပြည့်ခင် မြန်မြန် Hi ထားပြီး စာရင်းသွင်းဖို့ဝောာ့ လိုပါမယ် 🤫 ‼️
•••••••••••••••••••••••••••
ဪ.. ဒါနဲ့ အချိန်စာရင်းနဲ့ သင်တန်းကြေးကရော။ 🤔
🇯🇵 Speaking Class for A1 🇯🇵
📌Start in 28.2.2024
🗓️Days- Wednesday & Thursday
⏰Time- 8:00 to 9:00 PM
🌟 Duration- 3 months
💻 Platform- Zoom
💸Fees- 15,000 mmk (for 3 months)
*(A1 class လေးကို N5 တက်နေဆဲသူနဲ့ N5 ပြီးဆုံးထားတဲ့သူများ တက်ရောက်နိုင်ပါတယ်)*
•••••••••••••••••••••••••••
🇯🇵 Speaking class for A2(1) 🇯🇵
📌Start in 24.2.2024
🗓️Days- Saturday & Sunday
⏰Time- 10:30 AM to 12:00 PM
🌟 Duration- 3 months
💻 Platform- Zoom
💸Fees- 20,000 mmk (for 3 months)
*(A2-1 class လေးကို N4 တက်နေဆဲသူ နဲ့ N4 ပြီးဆုံးထားတဲ့သူများ တက်ရောက်နိုင်ပါတယ်)*
•••••••••••••••••••••••••••
🇯🇵 Speaking class for A2(2) 🇯🇵
📌Start in 9.3.2024
🗓️Days- Saturday & Sunday
⏰Time- 7:00 to 9:00 PM
🌟 Duration- 3 months
💻 Platform- Zoom
💸Fees- 25,000 mmk (for 3 months)
*(A2-2 class လေးကို N3 တက်နေဆဲသူ နဲ့ N3 ပြီးဆုံးထားတဲ့သူများ တက်ရောက်နိုင်ပါတယ်)*
•••••••••••••••••••••••••••
ဒါကြောင့် ဂျပန်မသွားခင် ဂျပန်လို လည်လည်ပတ်ပတ် ပြောနိုင်တဲ့အထိ များများနာနာ လေ့ကျင့်ချင်တယ်ဆိုရင်တော့ Study with me ဆီကိုပဲ လှမ်းလာလိုက်တော့နော်။ 😉
17/02/2024
三つの会話クラスA1, A2-1, A2-2 の成績です。修了したのは数週間前ですが、私はちょっと忙しかったので載せられませんでした 👀
日本語の会話クラスに参加したいなら Study with me を思い出せてください。最も適当な授業料で効果 的に教えているのは我々の Study with me の会話クラスです 💯
間もなく2月に開始する会話クラスの授業時間表を発表しますので、ページメッシンジャーまで事前登録をしましょう 🤭
31/01/2024
"ရိုးမပေါ်က ကျတဲ့မျက်ရည်မဟုတ်တဲ့
ဂျပန်စာမရလို့ ကျတဲ့မျက်ရည်" 🌚
----------------------
ဂျပန်စာလေ့လာတာ levelတွေပိုမြင့်လာလေ
Grammarတွေက ရှုပ်၊ Kanjiတွေက မှတ်ရခက်နဲ့
"ဂျပန်စာသင်မိတာ မှားပြီ" ဆိုတဲ့ နောင်တရဖူးကြမယ်လို့ ထင်ပါတယ် 🥴
ဒီလိုသာဆို ဘာဆက်လုပ်ကြမလဲ.....?
✓ကိုယ့်ရဲ့အိမ်မက်တွေကိုပဲ အဆုံးရှုံးခံမလား ?
✓အခြားဘာသာစကားတစ်ခုကိုပဲ ပြောင်းပြီးလေ့လာမလား ?
----------------------
ဟူးးးး ဒါတော့မဖြစ်ဘူး မင်မင်ရေ 😫
အချိန်တွေ၊ ပိုက်ဆံတွေ ရင်းထားပြီးကာမှ
ဒီတိုင်းတော့ လက်မလျှော့နိုင်ဘူးဆိုတဲ့သူတွေအတွက် ~~
Study with me က ဖွင့်လှစ်ပေးလိုက်တဲ့ Class 3ခု 🇯🇵
☞ မိနစံတို့ဘက်က စိတ်အားထက်သန်မှုနဲ့ ကြိုးစားချင်စိတ်သာ ယူလာခဲ့ပါ 💯
☞ "ခက်လှပါချည်ရဲ့" ဆိုတဲ့ ဂျပန်စာ လွယ်သွားအောင်လို့တော့ Sensei တို့ သင်ပေးနိုင်ပါတယ် 👩🏫
✓ ကဲ ~~ Class 1ခုချင်းစီရဲ့ details ကို ပုံတစ်ပုံချင်းစီအောက်မှာ အသေးစိတ်ရှင်းပြပေးထားတာမလို့ ဆက်ကြည့်သွားပါဦးနော် 💭
21/01/2024
မနက်ဖြန် JLPT Result ထွက်မယ့်နေ့နော် ကလေးတို့ရေ 👀
Result လေးတွေ သိရရင်လည်း လာပြောကြဦးနော် 🥺
02/12/2023
JLPT Exam အတွက် အထူးဂရုပြုရန် ‼️
-----------------------------
👉 မနက်ဖြန်စာမေးပွဲသွားဖြေတဲ့အခါ
စာမေးပွဲဖြေဆိုခွင့်စာရွက် test voucher, သက်သေခံကတ်ပြား (မှတ်ပုံတင်/ယာဥ်မောင်းလိုင်စင်စတာတွေ) နဲ့အတူ ပိုက်ဆံအနည်းငယ်၊ ခဲတံ၊ခဲဖျက်၊ချွန်စက်တို့ကို အပြင်မှမြင်နိုင်သော အိတ်အကြည်ထဲသို့ထည့်၍ ယူသွားပါ။
👉 ဖြေဆိုမည့်ခဲတံအား HB/2B ခဲတံကိုသာ အသုံးပြုပါ။ ခဲဆံဖောင်တိန် အသုံးမပြုပါနဲ့။ ခဲတံအား လုံလုံလောက်လောက်ထည့်သွားပါ။ ယူသွားရမဲ့ပစ္စည်းတွေကို ညကတည်းက သေချာပြင်ထားပါ။
👉 ဒီနေ့ည ၁၀နာရီ နောက်ဆုံးထား အိပ်ရာဝင်ပြီး မနက် ၆ခွဲ နောက်ဆုံးအိပ်ရာထပါ။ မပိုင်သေးတဲ့စာတွေကို ခေါင်းထဲ နင်းကန်မထည့်ဘဲ ရပြီးသား စာတွေကိုသာ ပြန်နွှေးပြီး စိတ်အေးအေးထားဖြေဆိုပါ။ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဖြေဆိုမှသာ အဖြေမှန်ကို ပိုရွေးနိုင်ချေများလို့ပါ။
👉 မနက်စာကို အဟာရပြည့်ဝစေသည့် တစ်ခုခုစားသွားပါ။ စာမေးပွဲကျင်းပရာနေရာသို့ မနက်၈နာရီ အရောက်သွားပါ။
👉 ရိုးရိုးလက်ပတ်နာရီသာပတ်သွားပါ။ Smart Watch ပတ်လေ့ရှိသူက smart watch ကို ထားခဲ့ပြီး ရိုးရိုးလက်ပတ်နာရီဆောင်သွားပါ။ ဖြစ်နိုင်ရင် ဖုန်းမယူသွားပါနဲ့။ လိုက်ပို့မယ့်သူရှိရင် လိုက်ပို့မယ့်သူထံအပ်ခဲ့ပါ။
(အကယ်၍အကြောင်းတစ်ခုခုကြောင့် ယူသွားမယ်ဆိုရင်လည်း ဖုန်းကို airplane mode on, power ပိတ်ပြီး အခန်းစောင့်ဆရာမဆီအပ်ထားရမှာပါ။)
👉 တစ်ပိုင်းဖြေပြီးတိုင်း နားချိန်ရမှာမလို့ ကိုယ်က ဗိုက်ဆာတတ်တဲ့သူဆိုရင် နားချိန်အတွင်းမှာ စားလို့ရအောင် ရေဗူးနဲ့မုန့် ဆောင်သွားပြီး ဖြေဆိုမယ့် အခန်းရှေ့မှာ ထားခဲ့ပါ။
👉 Grammarနဲ့ Reading အပိုင်းမှာ အချိန်ကို သေချာစီမံပါ။ Grammar အပိုင်းကို အေးဆေးလေးဖြေနေရင် Reading မှာ အချိန်မလောက်ဖြစ်တတ်ပါတယ်။
👉 အဖြေလုံးဝမသိတဲ့အပုဒ်တွေကို ကွက်လပ်ချန်မထားခဲ့ပါနဲ့။ မဖြေနိုင်တဲ့အပုဒ်တွေ ရှိလာရင် ခန့်မှန်းပြီး နံပါတ်တစ်ခုကို ပုံသေသတ်မှတ်၍ ခြယ်ခဲ့ပါ။ နောက်မှဖြေမယ်ဆိုရင်လည်း ချန်ခဲ့တဲ့အပုဒ်တွေကို မေးခွန်းနံပါတ် သေချာမှတ်ပြီးပြန်ဖြေပါ။
👉 Listening အပိုင်းမဖြေခင် နားရတဲ့အချိန်မှာ အပေါ့သွားထားပါ။ Listening အပိုင်းအတွက် ဥပမာတစ်ပုဒ်ဖွင့်ပြတဲ့အခါ အဲ့တာကို နားထောင်မနေဘဲ မေးခွန်းမှာပါတဲ့ တကယ်ဖြေရမယ့် အပုဒ်တွေရဲ့ စာတွေ၊ ပုံတွေကိုသာ ဖတ်နေ၊ ကြည့်နေပါ။
👉 နားထောင်နေတဲ့ အပုဒ်ကိုပဲ သေချာအာရုံစိုက်ပါ။ ရှေ့မှာ အကြောင်းကြောင်းကြောင့် မကြားလိုက်ရတဲ့၊ မဖြေလိုက်ရတဲ့အပုဒ်တွေရှိလာရင် အပေါ်မှာပြောထားသလို နံပါတ်တစ်ခုခုကိုသာ ခြယ်ခဲ့ပါ။
💥 ကဲ ~~ မနက်ဖြန်အတွက် သတိထားရမယ့်အရာတွေကိုလည်း ရှင်းပြသင့်သလောက် ရှင်းပြပြီးပြီမလို့ စာမေးပွဲမှာ မေးခွန်းအပုဒ်စီတိုင်းကို သေချာအာရုံစူးစိုက်ဖြေဆိုနိုင်ပြီး အဖြေမှန်တွေကိုသာ ရွေးချယ်နိုင်ပါစေနော် ....
皆合格できますように。🙆♀️
27/11/2023
Reminder : JLPT စာမေးပွဲဖြေရန် ၅ရက်သာ လိုပါတော့သည် ‼️
Category
Contact the school
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Study with me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.