Genius Learning Academy
No.14,3rd Floor, Pwesardan St., Nat chaung quarter. Tamwe Tsp., Yangon , Ph: 09443095296 No.14. Pwesardan St., Nat chaung quarter.
Tamwe Tsp., Yangon
Ph: 094430 95296
16/08/2026
A to Z Letter Sounds သိပြီးသားကလေးလေးတွေ Join လို့ရမယ့်
"OXFORD PHONICS WORLD 2 - စက်တင်ဘာ အတန်းသစ်" ( BATCH 15) ဖွင့်ပါတော့မယ်
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
🔸 Teacher Terry နဲ့ Phonics သင်ယူနိုင်ဖို့ Oxford Phonics World 2 (PHONICS 2) (Batch 15 ) ကို စက်တင်ဘာလဆန်းမှာ ဖွင့်လှစ်ပါတော့မယ်နော်။
🔸 ဒီအတန်းလေးကို Oxford Phonics World 1 တက်ရောက်ပြီးတဲ့သားသားမီးမီးများ (သို့မဟုတ်) A to Z Letter Sounds တွေကိုသိရှိပြီးတဲ့သားသားမီးမီးများတက်ရောက်နိုင်ပါတယ်။
🔸 Phonics 1,2 မှသည် Phonics 5 အထိ ဆရာနဲ့စဉ်ဆက်မပြတ်သင်ကြားလို့ရနေပါပြီ။ Zoom Class ဖြစ်တာမို့ အင်တာနက်ရှိတဲ့ဘယ်နေရာကမဆို သင်ယူလို့ရပါတယ်။
🔸 ဒီအတန်းလေးမှာ Oxford Phonics World 2 စာအုပ်ကိုအဓိကထားသင်ကြားပြီး Short Vowels တွေကိုစတင်သင်ယူကြရမှာဖြစ်ပါတယ်။
🥇 ကလေးတွေကို Phonics သင်ခြင်းက....🥇
🔹 English အသံထွက်တွေကို စနစ်တကျပီသမှန်ကန်စွာထွက်တတ်စေတယ်။
🔹 Vocabulary ကြွယ်ဝပြီး Language Skill သိသိသာသာတက်လာစေတယ်။
🔹မရင်းနှီးတဲ့ English Word တွေကိုမြင်ရုံနဲ့ အလွယ်တကူစာလုံးပေါင်းနိုင်၊အသံထွက်နိုင်လာစေတယ်။
🔹 စာဖတ်စွမ်းရည်တိုးလာစေတယ်။ သိသိသာသာစာဖတ်လာနိုင်စေတယ်။
🔹စာလုံးပေါင်းအမှတ်မှားမှုတွေကိုလျှော့ချနိုင်ပြီး စာလုံးပေါင်းအတင်းကျက်ရတာမျိုးကနေကင်းလွတ်စေတယ်။
စတဲ့အကျိုးတွေကိုရစေနိုင်ပါတယ်။
PHONICS 2 (Batch 15)
🔸🔸🔸🔸🔸🔸🔸🔸
📍 သင်တန်းချိန် - Thursday, Friday - ည (7:30) နာရီ မှ (8:30) နာရီအထိ
📍 စတင်မည့်ရက် - စက်တင်ဘာလ (၃)ရက်(3.9.2026)
📍 သင်တန်းကြေး - 440,000 ကျပ် (လေးသိန်းလေးသောင်းကျပ်) (Course တစ်ခုစာ အပြတ်ဖြစ်ပါတယ်)
🟥(သင်တန်းကာလ (၄) လခန့်ကြာမြင့်ပါမယ်)
🟥( သင်တန်း Fees ကို နှစ်ကြိမ်ခွဲသွင်းနိုင်ပါတယ်)
🔺 ONLINE CLASS (Zoom Class) ဖြစ်ပါတယ် 🔺
📣 သင်တန်းတက်ဖို့ ဘာတွေလိုမလဲ🏆
----------------------------------
🔹 A to Z Letter Sounds သိရှိပြီးတဲ့သားသားမီးမီးများ
🔹 Online class ဖြစ်လို့ အင်တာနက်နဲ့ Device တစ်ခုခု
🔹 Oxford Phonics World 2 စာအုပ် (၂) အုပ်တွဲလေးကို မိမိဘာသာအပြင်ကနေဝယ်ထားဖို့လိုပါတယ်ရှင်။
စာအုပ်ပုံကို Comment မှာပြထားပေးပါတယ်။
🔸 သင်တန်း Fees ကို KBZ, AYA, KPay, AYAPay တို့နဲ့ပေးသွင်းလို့ရပါတယ်။
🔹 ထပ်မံသိရှိချင်တာများအတွက် Page Messenger ကနေ စုံစမ်းနိုင်ပါတယ်ရှင်🔹
23/07/2026
“Phonics က ABCD သင်တာမဟုတ်ဘူး။ ကလေးတစ်ယောက် စာဖတ်တတ်ဖို့ ဦးနှောက်ကို ပြင်ဆင်ပေးတာပါ။”
ကလေးတစ်ယောက် စာဖတ်တတ်လာဖို့ အရေးကြီးဆုံးက letters ကိုမှတ်တာမဟုတ်ဘဲ letter sounds တွေကိုနားလည်ပြီး အသံတွေကိုပေါင်းတတ် (blending)၊ ခွဲတတ် (segmenting) လုပ်နိုင်ဖို့ပါ။
ဒါကြောင့် UK, Australia, Singapore အပါအဝင် နိုင်ငံတော်တော်များများမှာ Systematic Phonics Instruction ကို Early Literacy ရဲ့ အခြေခံအဖြစ် အသုံးပြုနေကြတာပါ။
Science of Reading သုတေသနတွေကလည်း
Phonological Awareness + Letter Knowledge + Oral Language + Systematic Phonics တွေက စာဖတ်နိုင်စွမ်းရဲ့ အုတ်မြစ်ဖြစ်တယ်လို့ ထပ်ခါထပ်ခါ အတည်ပြုထားပါတယ်။
ဒါပေမဲ့
ဒီနေရာမှာ ကျွန်တော် စဉ်းစားမိတာတစ်ခုရှိတယ်။
“စာဖတ်တတ်သွားပေမယ့်… Learning ကိုမုန်းသွားရင်ရော?”
“Phonics တတ်သွားပေမယ့်… English ကိုကြောက်သွားရင်ရော?”
ကလေးတစ်ယောက်ရဲ့ Love of Learning နဲ့ Emotional Development ကို ပျက်စီးစေပြီး စာတတ်လာတာကိုတော့ မလိုချင်ပါဘူး။
အဲဒါကြောင့်ပဲ
လွန်ခဲ့တဲ့နှစ်တွေက Zoom ကနေ ကလေးလေးတွေနဲ့ သင်နေတဲ့အချိန် (ပုံလေးထဲကအတိုင်း)A, B, C….letters လေးတွေကို
မျက်နှာလေးတွေဆွဲတယ်။
ခြေလက်လေးတွေထည့်တယ်။
ဦးထုပ်လေးတွေတပ်တယ်။
ကလေးတွေနဲ့ စကားပြောခိုင်းလိုက်ပါတယ်။
“Hi… I’m A.”
“My sound is /a/.”
အက္ခရာတစ်လုံးချင်းစီကို Character လေးတွေဖြစ်အောင် ဖန်တီးလိုက်တော့
ကလေးတွေက စာသင်နေတာမဟုတ်တော့ဘူး။
သူငယ်ချင်းအသစ်တွေနဲ့ တွေ့နေတာဖြစ်သွားတယ်။
အဲဒီနေ့က စပြီး
Alphabet Planet Early Childhood Phonics Program ရဲ့ အစေ့လေး ပေါက်လာခဲ့တာပါ။
ဒီနေ့ မြင်ရတဲ့ AP Program က…
Storybook တွေရှိတယ်။
Animation တွေရှိတယ်။
Songs နဲ့ Movement တွေရှိတယ်။
Games တွေရှိတယ်။
I Spy Activities တွေရှိတယ်။
Tracing တွေရှိတယ်။
ဒါပေမယ့် အားလုံးရဲ့ အဓိကရည်ရွယ်ချက်ကတော့
“ကလေးတွေကို ပျော်ပျော်ရွှင်ရွှင် စာဖတ်တတ်လာအောင် လုပ်ပေးဖို့။”
စာတတ်ဖို့က အရေးကြီးပါတယ်။
ဒါပေမယ့်
စာတတ်ရုံနဲ့ မလုံလောက်ပါဘူး။
Learning ကို ဆက်ချစ်နေဖို့၊
ကိုယ့်ကိုယ်ကို ယုံကြည်နေဖို့၊
“ငါ သင်ယူနိုင်တယ်” ဆိုတဲ့ စိတ်လေး မပျောက်သွားဖို့က ပိုအရေးကြီးပါတယ်။
အဲဒီအတွက်ပဲ…
Alphabet Planet ကို Phonics Program တစ်ခုအနေနဲ့ မဟုတ်ဘဲ… Early Childhood Development Program တစ်ခုလို ဒီဇိုင်းဆွဲထားတာပါ။
မကြာခင်မှာတော့
မိဘတွေ၊ ဆရာ၊ ဆရာမတွေ ကိုယ်တိုင်လည်း အိမ်မှာဖြစ်ဖြစ်၊ စာသင်ခန်းထဲမှာဖြစ်ဖြစ် အသုံးပြုနိုင်အောင် Alphabet Planet Early Childhood Phonics Program ကို စတင်မိတ်ဆက်ပေးသွားပါမယ်။
ကလေးတစ်ယောက်ရဲ့ ပထမဆုံး English Learning Journey ဟာ… စိတ်ဖိစီးမှုနဲ့ မစသင့်ဘူး။ ပျော်ရွှင်မှု၊ ယုံကြည်မှု၊ ချစ်ခြင်းနဲ့ စတင်သင့်တယ်လို့ ယုံကြည်ပါတယ်။
Teacher Terry
Alphabet Planet Early Childhood phonics program
20/07/2026
🥇ဆရာဦးသူရကျော် Terry ကိုယ်တိုင်သင်ကြားတဲ့ 4 Skills - Weekend တန်းခွဲသစ်တွေ August လအတွင်းဖွင့်လှစ်ပါတော့မယ် 📣
---------------------------------------------
🏆 အသက် 9/10 နှစ်အရွယ်သားသားမီးမီးများနှင့် ဆယ်ကျော်သက်များအတွက် 4 Skills တန်းခွဲသစ်များစတင်ဖွင့်လှစ်ပါတော့မယ်။
🥇 ဆရာဦးသူရကျော်ကိုယ်တိုင်သင်ကြားခြင်းဖြစ်ပြီး Give Me Five (Macmillan) Series ကိုအသုံးပြုသင်ကြားမှာဖြစ်ပါတယ်။
🎯 English Language ကိုပေါ့ပါးပျော်ရွှင်စွာသင်ယူရင်း 4 Skills ...
🔹Listening ,
🔹Speaking,
🔹 Reading,
🔹Writing (Vocabulary and Grammar)
ကိုတိုးတက်လာစေမှာဖြစ်ပါတယ်။ 10 လကြာမြင့်တဲ့ Long Course များဖြစ်တာမို့ English language ကို ဆရာဦးသူရကျော်နဲ့အခြေခံပိုင်နိုင်အောင် ၊ကျွမ်းကျင်အောင်ရေရှည်သင်ယူချင်သူများအတွက် သင့်တော်ပါတယ်။
🔸 အတန်းအားလုံးအတွက်ဆရာကိုယ်တိုင် Level Test (အခမဲ့) ပြုလုပ်ပေးပြီး တက်ရောက်သင့်တဲ့အတန်းကိုညွှန်းပေးပါတယ်🔸
🔸 Online Class ( Zoom ဖြင့်) သင်ကြားမှာဖြစ်ပါတယ်။
🚩 အတန်းချိန်များ
----------------------------
📍 Give Me Five Book 5
Starting date - 8.8.26
Date - Every Saturday and Sunday
Time - 2:00 PM to 3:00 PM
Duration - 10 months
(သင်တန်းအတွက် ပုံမှာပြသထားတဲ့ Give Me Five Book 5(နှစ်အုပ်တွဲ) ကိုမိမိဘာသာဝယ်ယူထားရမှာဖြစ်ပါတယ်။) Comment မှာလည်း GMF book 5 စာအုပ်ကိုပြသထားပါတယ်။
----------------------------------
📍 Give Me Five Book 6
Starting date - 8.8.26
Date - Every Saturday and Sunday
Time - 8:30 PM to 9:30 PM
Duration - 10 Months
(သင်တန်းအတွက် ပုံမှာပြသထားတဲ့ Give Me Five Book 6(နှစ်အုပ်တွဲ) ကိုမိမိဘာသာဝယ်ယူထားရမှာဖြစ်ပါတယ်။) GMF 6 စာအုပ်ကို Comment မှာလည်းပြသထားပါတယ်။
----------------------------------------------
🔻 သင်တန်းကြေးကို AYA, AYA Pay, KBZ, KPay တို့ဖြင့်ပေးသွင်းနိုင်ပါတယ်။
🔸ထပ်မံသိလိုတာများအတွက် Genius Learning Academy Page Messenger မှတဆင့်မေးမြန်းနိုင်ပါတယ်။
#𝐅𝐨𝐮𝐫𝐒𝐤𝐢𝐥𝐥𝐬
🎖️ Phonics 1 Batch 16🎖️
ENROLL NOw!
Starting Date: 8.8.26
Phonics Foundation Class (Phonics 1) BATCH 16
အတန်းသစ် 8.8.26 စတင်ဖွင့်လှစ်ပါတော့မယ်🎉🏆
06/07/2026
💎 August လဆန်းဖွင့်လှစ်မယ့် Tr.Terry ရဲ့ Early Childhood Phonics Foundation Course
အတန်းသစ်📣📣 BATCH 16📣📣
🔰Weekend တန်းခွဲ🔰
---------------------------------------------------
🟥ကလေးဖွံ့ဖြိုးမှုနဲ့အညီ စနစ်တကျပြင်ဆင်ထားတဲ့ Early Childhood Phonics Foundation Course 🟥
🎓 အသက် (၄) နှစ်ပြည့်ပြီး Phonics စသင်ချင်တဲ့ သားသားမီးမီးတွေအတွက် ကလေးဖွံ့ဖြိုးမှုနဲ့အညီစနစ်တကျပြင်ဆင်ထားတဲ့ Early Childhood Phonics Foundation Course (Online Class) ကို စတင်တက်ရောက်နိုင်ပါပြီနော်။ ✨BATCH 16 ✨ အတန်းသစ်ဖြစ်ပါတယ်။
🟥 SATURDAY, SUNDAY (Weekend) တန်းလေးဖြစ်ပါတယ်🟥
🔸ဒီ Foundation Course မှာ Oxford Phonics World စာအုပ်ကို Reference လုပ်ပြီးသင်ကြားမှာဖြစ်သလို ကလေးဖွံ့ဖြိုးမှုနဲ့အညီရေးသားပြင်ဆင်ထားတဲ့ Teacher Terry ရဲ့ Alphabet Planet သင်ရိုးကိုပါထည့်သွင်းသင်ကြားမှာဖြစ်ပါတယ်။
🔸 Early Childhood Phonics Foundation Course ဖြစ်တာမို့ ကလေးတွေဟာ ပျော်ပျော်ရွှင်ရွှင်သီဆိုသင်ယူနေရင်း
◾ Letter တွေရဲ့ Names နဲ့ Sounds တွေရဲ့ဆက်စပ်မှု
◾စနစ်တကျရွေးချယ် ဖန်တီးထားတဲ့ A to Z Characters လေးတွေကနေတဆင့် A to Z Letter 26 လုံးနဲ့ Letter Sounds တွေကို စွဲစွဲမြဲမြဲသိရှိသွားမှာဖြစ်ပါတယ်။
🔸 Teacher Terry ဟာ ကလေးပေါင်းထောင်ချီကို Phonics သင်ကြားခဲ့ပြီး Early Childhood Educator တစ်ယောက်အနေနဲ့ ကလေးဖွံ့ဖြိုးမှုနဲ့ကလေးတို့ရဲ့ ဘာသာစကားသင်ယူမှုကို စနစ်တကျ Research လုပ်ကာ အာရှကလေးများအတွက်ပြင်ဆင်ထားတဲ့သင်ရိုးကို အသုံးပြုသွားမှာဖြစ်ပါတယ်။
🚩 ကလေးတွေကို Phonics သင်ခြင်းက....
🔹 English အသံထွက်တွေကို စနစ်တကျပီသမှန်ကန်စွာထွက်တတ်စေတယ်။
🔹 Vocabulary ကြွယ်ဝပြီး Language Skill သိသိသာသာတက်လာစေတယ်။
🔹မရင်းနှီးတဲ့ English Word တွေကိုမြင်ရုံနဲ့ အလွယ်တကူစာလုံးပေါင်းနိုင်၊အသံထွက်နိုင်လာစေတယ်။
🔹 စာဖတ်စွမ်းရည်တိုးလာစေတယ်။ သိသိသာသာစာဖတ်လာနိုင်စေတယ်။
🔹စာလုံးပေါင်းအမှတ်မှားမှုတွေကိုလျှော့ချနိုင်ပြီး စာလုံးပေါင်းအတင်းကျက်ရတာမျိုးကနေကင်းလွတ်စေတယ်။
စတဲ့အကျိုးတွေကိုရစေနိုင်ပါတယ်။
✅ Phonics 1 Batch 16 တက်ရောက်မယ်ဆိုရင် ✅
🔹 အသက် (၄) နှစ်ပြည့်ပြီးတဲ့ သားသားမီးမီးများ စတင်တက်ရောက်နိုင်ပါတယ်။
🔹 သင်တန်းကာလ - Foundation (၄) လ သင်တန်း
🔹သင်တန်းချိန် - Saturday, Sunday - ညနေ (4:30) မှ (5:30) ထိ
🔹 Zoom Class (Online Class) ဖြစ်ပါတယ်🔹
🔹 Fees : (၄) လပြတ် - ၄၄၀,၀၀၀ ကျပ် (လေးသိန်းလေးသောင်းကျပ်)
🔹 သင်တန်းစတင်မည့်ရက် - 8.8.26 (Sat)
(ဩဂုတ်လ ၈ ရက်)
🔹 သင်တန်းမှာ အသုံးပြုမယ့် Oxford Phonics World 1 စာအုပ်(၂ အုပ်တွဲ) ကို မိမိဘာသာကြိုတင်ဝယ်ယူထားရမှာဖြစ်ပါတယ်။ စာအုပ်ပုံကို Comment မှာပြထားပေးပါတယ်ရှင်။
(ဆရာကိုယ်တိုင်ရေးဆွဲထားတဲ့ Alphabet Planet ကတော့ စာအုပ်မထွက်ရှိသေးတာမို့ ဝယ်ဖို့မလိုသေးပါဘူး။
Oxford Phonics World 1 ကိုပဲဝယ်ယူထားရမှာဖြစ်ပါတယ်။)
🔹သင်တန်း Fees ကို KBZ,AYA,KPay တို့ဖြင့်ပေးသွင်းနိုင်ပါတယ်🔹
🔸 ထပ်မံသိရှိလိုတာတွေအတွက် Genius Learning Academy page Messenger မှတဆင့်အသေးစိတ်မေးမြန်းနိုင်ပါတယ်။
14/06/2026
ဆရာဦးသူရကျော် Terry ရဲ့ "မိဘများအတွက်သောကြာညကျောင်း" "Batch 3" အတွက် Google form ဖြည့်ပြီး စာရင်းပေးထားနိုင်ပါပြီရှင်။
Form Link ⤵️⤵️
https://docs.google.com/forms/d/e/1FAIpQLSe460m-Q5rMBPDeoNkuNoD37d_RBNM4JOZO8bCM8vCpi3XNfw/viewform?usp=publish-editor
ဇွန်လ ၃၀ ရက် ညနေ ၅ နာရီ Form ပိတ်ပါမယ်ရှင်။
အတန်းစမယ့်ရက်ကိုထပ်မံကြေညာပေးပါမယ်ရှင်။
🔸အတန်းချိန် - Every Friday - 9:00 PM
(Zoom Class ဖြစ်ပါတယ်)
🔸Form ဖြည့်ပြီးစာရင်းပေးထားသူများ Comment မှာ FN3 လို့ Comment ပေးခဲ့ပါနော်။ ဆက်သွယ်ရလွယ်ကူစေရန်အတွက်ပါ။
#မိဘများအတွက်သောကြာညကျောင်း
26/05/2026
"Teacher Terry ကိုယ်တိုင်သင်ကြားပေးမယ့် လူကြီးများအတွက် A,B,C,D to Conversations" အတန်း June လဆန်းစတင်ပါတော့မယ်
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
♦️ဆရာက ဖွင့်ပေးမယ် ဖွင့်ပေးမယ်နဲ့ မဖွင့်ဖြစ်တာကြာပြီဖြစ်တဲ့ လူကြီးတန်းလေး "Adult Learners Class"စ ဖွင့်ပါတော့မယ်နော်။
ဆရာ့ကို ❌ "ဆရာ...အင်္ဂလိပ်စာကို A,B,C,D လောက်ပဲသိတော့တယ်၊ ဒီတစ်သက်တော့ ယုံကြည်မှုရှိရှိနဲ့ အင်္ဂလိပ်စကားပြောနိုင်တော့မှာမဟုတ်ပါဘူး၊
❌Beginnerအဆင့်ကနေလည်း တက်တော့မှာမဟုတ်ပါဘူး"
❌ဒီတစ်သက် English လို Communicate လုပ်နိုင်ပါတော့မလားမသိဘူး"
ဆိုပြီး လက်လျှော့ထားတဲ့သူတွေ အခုအတန်းလေးကို လာ Join လို့ရပြီနော်။✅
🟥 ဒီ "A,B,C,D Class" ရဲ့ သင်ကြားမှုပုံစံကလည်း အင်္ဂလိပ်စာကိုအခြေခံကနေ Confidence ရှိရှိပြောနိုင်လာတဲ့အထိ Stress လုံးဝမရှိဘဲ Song Lessons, Authentic Lessons တွေနဲ့ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်သင်ယူရမှာမို့ လူကြီးလူငယ်ဘယ်အသက်အရွယ်မဆို လာ Join လို့ရပါတယ်။
🟥 ဘယ်သူမဆိုတက်ရောက်နိုင်ဖို့ သင်တန်းကြေးကိုလည်း ပုံမှန်ထက် 70% ထိလျှော့ချထားတာမို့ တစ်လကို သင်တန်း Fees - သုံးသောင်းကျပ်တည်းနဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်🟥
🏆သင်တန်းအမည် - "A,B,C,D Class"
🏆 စတင်မည့်ရက် - 4th June, 2026
🏆 သင်တန်းရက်နဲ့အချိန် - ကြာသပတေးည (9 PM to 10 PM)
🏆 တစ်ပတ်တစ်ရက်၊ Zoom class (Online class) ဖြစ်ပါတယ်။
🏆 သင်တန်း Fees - တစ်လ ၃၀,၀၀၀ ကျပ်
(သုံးသောင်းကျပ်)
🟥ဒီအတန်းလေးကိုတက်ဖို့ "သင်ယူချင်စိတ်" တစ်ခုပဲရှိဖို့ လိုတာမို့ အခုပဲ chat box ကနေ ဆက်သွယ်လိုက်ပါနော်။🟥
🟥 နာမည်စာရင်းပေးထားချင်သူများ Comment မှာ ABCD class လို့ မန့်ခဲ့ပေးပါရှင်။
🟠 အသေးစိတ်ကို Genius Learning Academy Page Messenger ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#𝐅𝐨𝐮𝐫𝐒𝐤𝐢𝐥𝐥𝐬
11/05/2026
4 skills level 2 အတန်းလေးဖြစ်တဲ့ Give Me Five Book 2 (Batch 14) မေလအတွင်းဖွင့်လှစ်ပါမယ်
---------------------------------------------
📚 Give Me Five Book 1 စာအုပ်ကိုသင်ကြားနေကြတဲ့ ကျောင်းသားဟောင်းများအတွက်ရော၊ ကျောင်းသားသစ်များအတွက်ပါ 4 skills level 2 - Elementary 2 (Batch 14) အတန်းသစ်ဖွင့်လှစ်ပါတော့မယ်နော်။
🧑💼 4 Skills တက်ချင်တဲ့သားသား မီးမီးများအတွက် Give Me Five Book 2 (Macmillan) ကိုအသုံးပြုသင်ကြားမှာဖြစ်ပြီး ဆရာဦးသူရကျော် Terry နဲ့အတူ တက်ကြွပျော်ရွှင်စွာ သင်ယူခွင့်ရရှိမှာဖြစ်ပါတယ်။
📔 4 skills Class မို့ Listening, Speaking, Reading, Writing (Vocabulary & Grammar) Skills တွေတိုးတက်ရရှိသွားစေမှာပါ။
💁 ကလေးများအတွက် စနစ်တကျဖွဲ့စည်းထားတဲ့သင်ရိုးဖြစ်တဲ့အပြင် Story, Game, Songs တွေနဲ့ပျော်ရွှင်စရာ Project လေးတွေလုပ်ဆောင်ရင်း သူငယ်ချင်းတွေနဲ့အတူ တက်တက်ကြွကြွသင်ယူကြရမှာဖြစ်ပါတယ်။
✅ English - English သင်ကြားမှာဖြစ်ပြီး Zoom Class ဖြစ်ပါတယ်။
📔 သင်တန်းမှာ အသုံးပြုမယ့် Give Me Five Book 2 စာအုပ် (2 အုပ်တွဲ) ကိုတော့ မိမိဘာသာဝယ်ယူထားဖို့လိုပါတယ်ရှင်။
စာအုပ်ပုံလေးကို Comment မှာပြထားပေးပါတယ်။
💠ဘယ်သူတွေတက်ရောက်နိုင်သလဲ
--------------------------------------------------------
✅ အသက် ၇/၈ နှစ်ဝန်းကျင်သားသားမီးမီးများအတွက် သင့်တော်ပါတယ်။
💥သင်တန်းသားအသစ်များအတွက် Level Test အခမဲ့ပြုလုပ်ပေးပါတယ်။💥
📍သင်တန်းအချိန် - Every Thursday and Friday (6:30 to 7:30 PM)
📍သင်တန်းကာလ - (၆) လခန့်ကြာမြင့်ပါမယ်
📍သင်တန်းစတင်မည့်ရက် - 21.5.26 (Thursday)
📍သင်တန်းကြေး - 600,000 ကျပ် (Course တစ်ခုလုံးစာအပြတ်ဖြစ်ပါတယ်။)
(သင်တန်းကြေးကို (၂) ကြိမ်ခွဲသွင်းနိုင်ပါတယ်။ ပထမ ၃ လစာ ၃၀၀,၀၀၀ ကျပ်အရင်ပေးသွင်းတက်ရောက်နိုင်ပြီး နောက် ၃ လအကြာမှ ကျန်တစ်ဝက်ကိုပေးသွင်းရမှာဖြစ်ပါတယ်။)
📍 Learning Platform - Face-to-Face Zoom Class
♦️သင်တန်းကြေးကို - AYA,KBZ, KPay တို့ဖြင့်ပေးသွင်းနိုင်ပါတယ်။
✳️အသေးစိတ်ကို page messenger မှတဆင့် မေးမြန်းနိုင်ပါတယ်။
01/05/2026
မိဘများအတွက်သောကြာညကျောင်း ( Friday Night School) Batch 2 ကို မေလ (၈) ရက်စတင်ဖွင့်လှစ်ပါမယ်ရှင်။
Google Form ဖြည့်ပြီး Registration လုပ်ထားပြီးသူများ အောက်ပါ Link မှတဆင့် Facebook group သို့ Join နိုင်ပါပြီ။ ⬇️⬇️⬇️
https://www.facebook.com/share/g/18pR3Dfdv5/
(Registration လုပ်ထားသူများသာ လက်ခံမှာဖြစ်ပါတယ်ရှင်)
✅ Registration မလုပ်ရသေးသူများအတွက်⬇️⬇️
https://docs.google.com/forms/d/1tuLK1RQPyWRjUJ6Q0YTBspvSjOuYRMmIRX6CgamIQFM/edit
မှတဆင့်လုပ်ဆောင်နိုင်ပါတယ်။
📝(မေလ ၅ ရက်နေ့ Form ပိတ်ပါမယ်ရှင်)
#သောကြာညကျောင်း
Contact the school
Website
Address
No. 14, Pwesardan Street , Natchaung Ward, Tamwe Township
Yangon
11211
Opening Hours
| Monday | 09:00 - 15:00 |
| Tuesday | 09:00 - 15:00 |
| Wednesday | 09:00 - 15:00 |
| Thursday | 09:00 - 15:00 |
| Friday | 09:00 - 15:00 |
| Saturday | 09:00 - 18:30 |
| Sunday | 09:00 - 18:30 |