Pink Lover
Pink Lover is manufactured by YSG Co.,ltd & it's the 1st chocolate biscuits manufacturer among local brands.
21/06/2026
အပြင်လောကမှာ ဘယ်လောက်ပဲ ထက်မြက်ပြီး အရာရာကို တစ်ယောက်တည်း ရင်ဆိုင်နိုင်တဲ့ မိန်းမသား ဖြစ်နေပါစေ... အဖေ့ရှေ့ရောက်ရင်တော့ အမြဲတမ်း ဂျီကျလို့ရတဲ့၊ အလိုလိုက်ခံချင်တဲ့ သမီးငယ်လေးတစ်ယောက်လို ပြန်ဖြစ်သွားရတာပဲ မဟုတ်လား။
အဖေ့ရဲ့ သိပ်ကိုရိုးရှင်းတဲ့ ဂရုစိုက်မှုလေးတွေ၊ ချစ်ခြင်း နဲ့ နွေးထွေးမှုတွေကပဲ သားသမီးတွေ အတွက်တော့ လောကကြီးမှာ အလုံခြုံဆုံး အရံအတားကြီးပါ။
ဒီနေ့ ဇွန်လ ၂၁ ရက်မှာ ကျရောက်တဲ့ "အဖေများနေ့" မှာ အဖေ့ကို ဖက်ပြီး "ချစ်တယ်" လို့ ပြောဖို့ ရှက်နေရင်တောင်... Comment မှာ အဖေ့ရဲ့ အလိုလိုက်ဆုံး အမှတ်တရလေးတွေကို မျှဝေရင်း ကျေးဇူးတင်စကား ပြောလိုက်ရအောင်။
Happy Father's Day to the first man I ever loved! 👑
19/06/2026
Congratulations, May Grace Parry! 👑
Miss Universe Myanmar 2026 Winner ဖြစ်လာတဲ့အတွက် Pink Lover ကနေ ချစ်ခင်စွာ ဂုဏ်ပြုဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ရှေ့ဆက်မယ့် ခရီးလမ်းမှာ ပိုမိုတောက်ပနိုင်ပါစေ! ✨🌹
18/06/2026
လူအများစုက စိတ်ဖိစီးမှုများလာရင် အလုပ်ကို အတင်းဆက်လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ သိပ္ပံနည်းကျလေ့လာမှုတွေအရ အလုပ်ခွင်ထဲက ဖိစီးမှုတွေကို အတင်းအကျပ် အောင့်အည်းထားခြင်းက ဦးနှောက်ရဲ့ Prefrontal Cortex (ဆုံးဖြတ်ချက်ချတဲ့အပိုင်း) ကို အလုပ်မလုပ်နိုင်တော့ဘဲ အမှားမှားအယွင်းယွင်း ဖြစ်စေတတ်ပါတယ်။
ဒါကြောင့် အောက်ပါ လက္ခဏာ (၃) ခု ပြလာရင် ကိုယ့်ကိုယ်ကိုယ် ခဏလောက် အနားပေးဖို့ လိုနေပါပြီ။
❌ စာသားတွေကို ထပ်ခါတလဲလဲ ဖတ်နေရပေမယ့် ခေါင်းထဲမဝင်တော့ခြင်း (Brain Fog)
❌ သေးငယ်တဲ့ အမှားလေးတွေအပေါ်မှာပါ အလွယ်တကူ စိတ်တို၊ စိတ်ဆိုးလာခြင်း
❌ ပုခုံးနဲ့ ဇာတ်ကြောတွေ တောင့်တင်းပြီး ကိုက်ခဲလာခြင်း
💡 ဒီလိုအချိန်မှာ Stress တွေဖျောက်ပြီး ပျော်ရွှင်မှုဟော်မုန်းတွေတိုးစေဖို့ဆိုရင်...
အတင်းရှေ့ဆက်မတိုးပါနဲ့။ ခဏလောက် ထိုင်ခုံကထ၊ အကြောဆန့်လိုက်ပြီး စိတ်ဖိစီးမှုတွေကို လုပ်လိုက်ပါ။
ပြီးရင် ဦးနှောက်ကို အချိုဓာတ်နဲ့ အာဟာရဓာတ် (Glucose) အနည်းငယ် ပေးလိုက်ပါ။
Pink Lover Biscuit ရဲ့ ဘီစကစ်လေးက Hokkaido Milk Chocolate ပါဝင်လို့ ဦးနှောက်ထဲက စိတ်ကျေနပ်မှုကိုပေးတဲ့ Endorphins ဟော်မုန်းကို ချက်ချင်း ထွက်ရှိစေပါတယ်။
တကယ်တော့ ၅ မိနစ်လောက် ခဏနားပြီး အချိုဓာတ်လေး ဖြည့်တင်းလိုက်ရုံနဲ့ ဦးနှောက်ရဲ့ ကုန်ထုတ်စွမ်းအား (Productivity) ဟာ နောက်တစ်နာရီစာအတွက် ပိုမို တွင်ကျယ်လာပါလိမ့်မယ်။ 🥰✨
ကဲ... လက်ရှိ Laptop ရှေ့မှာ ပင်ပန်းနေပြီဆိုရင်တော့ အလုပ်ကို ခဏဘေးဖယ်ပြီး Pink Lover လေးနဲ့အတူ သင့်ရဲ့ ပန်းရောင်အနားယူချိန်လေးကို ဖန်တီးလိုက်ပါဦး။
14/06/2026
ပျော်ရွှင်မှုဆိုတာ ကိုယ်ကထိုင်စောင့်နေရမှာလား?
ပျော်ရွှင်မှုဆိုတာ ထိုင်စောင့်နေရမယ့်အရာ မဟုတ်ပါဘူး။ ကိုယ်တိုင် ဖန်တီးယူရမယ့် အခိုက်အတန့်လေးတွေပါ။ 💗
ပင်ပန်းလွန်းလို့ စိတ်အားငယ်နေမိတဲ့အခါ၊ စိတ်ဓာတ်ကျစရာတွေကြုံလာရတဲ့အအခါပျော်ရွှင်မှုကို အဝေးကြီးမှာ သွားမရှာပါနဲ့။
အကြိုက်ဆုံးသီချင်းလေးတစ်ပုဒ် ဖွင့်လိုက်တာ၊ ပြတင်းပေါက်အပြင်က မိုးရေစက်တွေကို ငေးကြည့်လိုက်တာ၊ ဒါမှမဟုတ် Pink Lover Biscuit လေးတစ်ကိုက်ကို အရသာခံ စားလိုက်တာကလည်း ပျော်ရွှင်မှုတွေရမည့် အခိုက်အတန့်လေးလိုပါပဲ..
ဒါကြောင့်ပျော်ရွှင်မှုကို လိုက်မရှာပါနဲ့ အခိုက်အတန့် အသေးလေးတွေက ကိုယ်တိုင်ဖန်တီးယူလိုက်ပါ။
10/06/2026
ဖေဖေနဲ့ Sweet Moments
ဖေဖေ့ရဲ့ အသည်းကျော်လေးလို့ပြောရင် "သမီးလေး" တွေက ပထမဆုံးပဲမလား? အမှတ်တရဆိုရင်လည်း ဖေဖေနဲ့ သမီးလေးတွေကြားမှာကလည်း အများဆုံးပဲမလား
Father's Day အမှတ်တရအနေနဲ့ ဖေဖေနဲ့ သမီးလေးရဲ့ Sweet Memories လေးကို အတူမျှဝေရင်း "Pink Lover" လေးတွေလက်ဆောင်ရယူနိုင်မယ့် အစီအစဉ်လေးရောက်ရှိလို့လာပါပြီ...
ဘယ်လိုပါဝင်ရမလဲ?
-ယခု Post ရဲ့ Comment မှာ ဖေဖေနဲ့ Sweet Memories လေးတွေကို အမှတ်တရအဖြစ်ရေးပေးပါ။
-Pink Lover TikTok Account ကို Follow လုပ်ပါ။
https://www.tiktok.com/.lover.mm?_r=1&_t=ZS-96myzQUvi9V
-ယခု Post ကို Share ပေးပါ။
-ပါဝင်ထားပြီးကြောင်း Screenshot လေးတွေမန့်ပေးပါ။
စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ ပါဝင်သူလေးတွေထဲမှ အမှတ်တရလှလှလေးတွေကို ရွေးထုတ်ပြီး ကံထူးရှင်အဖြစ်ရွေးချယ်သွားမှာဖြစ်လို့ June 30 မတိုင်ခင်ပါဝင်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်..
Premium Ingredients ဖြစ်တဲ့ "Hokkaido Milk Chocolate" ကကြွပ်ကြွပ်ရွရွ ဘီစကစ် လေးနှစ်ခုမှာအပြည့်ညှပ်ထားလို့ ပုံမှန်နဲ့ မတူတဲ့ ချိုမွှေးဆိမ့်ကြွပ်တဲ့အရသာကို ပူးတွဲခံစားရမှာပါ။
ခံစားမှုနှစ်ဆနဲ့ ပူးတွဲအရသာ Pink Lover လေးစား
03/06/2026
June လမှာ ဘယ်သူတွေ အပျော်ရွှင်ရဆုံး ဖြစ်မလဲ? 🌦🔮
မိုးရာသီရဲ့အစ ဇွန်လမှာ ကြယ်တာရာတွေရဲ့အဆိုအရ အပျော်ရွှင်ရဆုံးဖြစ်မယ့် ရာသီခွင် (၄) ခုကို Pink Lover ကနေ မျှဝေပေးချင်ပါတယ်။
ကိုယ့်ရဲ့ ရာသီခွင် ပါဝင်လားဆိုတာ ပုံလေးတွေကို တစ်ပုံချင်းစီ ထောက်ပြီး ကြည့်လိုက်ရအောင်။ 🥰
👉 ကိုယ့်ရဲ့ ရာသီခွင်လေးတွေပါမလားလို့ ကြည့်ရင်း၊ ပါဝင်တဲ့ သူငယ်ချင်းတွေကိုပါ Comment မှာ Mention ခေါ်ပြီး မုန့်အတူတူစားဖို့ ဖိတ်ခေါ်လိုက်ပါဦးနော်။
28/05/2026
သရက်သီးမှည့် ပေါတဲ့ရာသီမှာ ရိုးရိုးစားရတာ ငြီးငွေ့လာပြီလား? ဒါဆိုရင်တော့ ဆိုင်ကဝယ်စားသလို Premium ဆန်ပြီး အာဟာရလည်းပြည့်တဲ့ Smoothie Bowl လေးကို Pink Lover နဲ့အတူ ဖန်တီးကြည့်ရအောင်!
ဒီ Dessert လေးဟာ သရက်သီးရဲ့ Refreshing ဖြစ်တဲ့ အရသာနဲ့ Pink Lover ရဲ့ ဆိမ့်မွှေးတဲ့ Hokkaido Milk အရသာတို့ကို တစ်ပြိုင်နက် ခံစားရမှာပါရှင်။
🛒 ဘာတွေလိုမလဲ (Ingredients)
-Pink Lover Hokkaido Milk Chocolate Biscuits (အလှဆင်ဖို့နဲ့ ဝါးစားဖို့)
-သရက်သီးမှည့် (၁) လုံး (အေးခဲထားရင် ပိုပျစ်ပျစ်လေးရပါတယ်)
-Plain Yogurt သို့မဟုတ် နွားနို့ (အနည်းငယ်)
-Toppings: သရက်သီးတုံးလေးတွေ၊ Strawberry (ရှိရင်)၊ အစေ့အဆန် (Seeds) အနည်းငယ်။
👩🍳 လုပ်နည်းအဆင့်ဆင့် (How to make)
1.Smoothie ပြင်ဆင်ခြင်း: သရက်သီးမှည့်ကို ဒိန်ချဉ် (သို့မဟုတ်) နွားနို့အနည်းငယ်နဲ့ရောပြီး ပျစ်ပျစ်လေးဖြစ်အောင် Blender နဲ့ ကြိတ်ပေးပါ။ (ရေခဲတုံးလေးတွေ ထည့်ကြိတ်ရင် ပိုအေးပြီး စားလို့ကောင်းပါတယ်)
2.Bowl ထဲထည့်ခြင်း: ရလာတဲ့ သရက်သီး Smoothie အနှစ်လေးတွေကို ပန်းကန်လုံးလှလှလေးထဲ လောင်းထည့်လိုက်ပါ။
3.Pink Lover နဲ့ အလှဆင်ခြင်း: အပေါ်ကနေ သရက်သီးတုံးလေးတွေ ခင်းပါ။ ပြီးရင် Pink Lover Biscuits လေးတွေကို အလုံးလိုက်ဖြစ်စေ၊ ထက်ခြမ်းခွဲပြီးဖြစ်စေ စိုက်ပြီး အလှဆင်လိုက်ပါ။
4.Finish Touch: မုန့်သားရဲ့ ကျွတ်ရွမှုကို ပိုလိုချင်ရင် Pink Lover (၁) ခုလောက်ကို အပေါ်ကနေ အမှုန့်လေးတွေဖြစ်အောင် ဖြူးပေးလိုက်ပါဦး။
ဒါဆိုရင်တော့ ဓာတ်ပုံရိုက်ရင်လည်း အရမ်းလှ၊ စားလိုက်ရင်လည်း ချက်ချင်း အားအင်ပြည့်သွားစေမယ့် Pink Lover Mango Smoothie Bowl လေး ရပါပြီ! 🤩📸
ပိတ်ရက် အားလပ်ရက်လေးတွေမှာ ချစ်ရတဲ့သူတွေအတွက် ကိုယ်တိုင်လုပ်ကျွေးပြီး အချိုမြိန်ဆုံး အမှတ်တရလေးတွေ ဖန်တီးလိုက်ပါနော်။ ✨💖
တစ်ခုပဲစား... Pink Lover နဲ့ဆို ပျော်ရွှင်သွား!
25/05/2026
1st Day of School မှာဆယ်ကျော်သက် အလှလေးတွေကြားမှာ ကိုယ်ကတစ်မူထူးနေဖို့ဆို Pink Lover Biscuits လေးကတော့ အရင်အတိုင်းပဲ မပါမဖြစ်ပဲပေါ့
ကျောင်းဝတ်စုံလေးနဲ့လည်း Perfect
သူငယ်ချင်း အသစ်တွေမိတ်ဖွဲ့မယ်ဆိုလည်း Perfect
မုန့်ကို ဒီအတိုင်းစားတာထက် ကော်ဖီလေးထဲဖြစ်ဖြစ်၊ နွားနို့လေးထဲဖြစ်ဖြစ် "နှစ်ပြီး တို့စားရမှ" ပိုအရသာရှိတယ်လို့ ခံစားရတဲ့သူတွေရှိလား?
ဒါဟာ မုန့်စားရုံတင်မဟုတ်ဘဲ စိတ်ကိုပါ အပန်းပြေစေတဲ့ အနုပညာတစ်ခုပဲလေ။ ✨
Pink Lover Biscuits ရဲ့ ကျွတ်ရွနေတဲ့ မုန့်သားလေးက နွားနို့ပူပူလေးထဲ (သို့မဟုတ်) ကော်ဖီခါးခါးလေးထဲ ရောက်သွားတဲ့အခါ... အထဲက Hokkaido Milk Chocolate Cream လေးက ပိုပြီး ဆိမ့်သွားပြီး ပါးစပ်ထဲမှာတင် အရည်ပျော်သွားမှာပါ။ 😍🥛✨
ပင်ပန်းနေတဲ့အချိန်ပဲဖြစ်ဖြစ်၊ အနားယူချင်တဲ့အချိန်ပဲဖြစ်ဖြစ်... "တို့စားလိုက်၊ ပျော်သွားလိုက်" နဲ့ အချိန်လေးကို အချိုမြိန်ဆုံး ဖြတ်သန်းလိုက်ရအောင်။
ကိုယ့်လိုပဲ တို့စားရတာကိုမှ အရူးအမူးဖြစ်တဲ့ "Dipping Fan" လေးတွေရှိရင် Comment မှာ လက်ထောင်သွားဦးနော်! 🙋♂️🙋♀️
တစ်ခုပဲစား... Pink Lover နဲ့ဆို ပျော်ရွှင်သွား! 😍🍪
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 138, Seik Kan Thar Street, Shwe Pyi Thar Industrial 4, Insein Township
Yangon
11012
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |