Union Express

Union Express

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Union Express, Cargo and freight company, No473B, Zaya 15St, South Okkalapa Township, Yangon.

14/08/2026

ပါဆယ်စီစစ်ရေး အချိန်ပိုင်း (Part-time) ဝန်ထမ်း အလိုရှိသည်

​ညနေပိုင်း အချိန်ပိုင်းလုပ်ရင်း ဝင်ငွေ အပြင် လုပ်ငန်းခွင်အတွေ့အကြုံလိုချင်သူ လူငယ်များအတွက်
Union Express မှ ပါဆယ်စီစစ်ရေး အချိန်ပိုင်း (Part-time) ဝန်ထမ်းများခေါ်ယူနေပါပြီ။

( လုပ်ငန်း အတွေ့အကြုံ နှင့် ပညာအရည်အချင်း ကန့်သတ်ချက်မရှိပါ )

ရာထူးအမည်: ပါဆယ်စီစစ်ရေး အချိန်ပိုင်း ဝန်ထမ်း (Part-time Parcel Processing Staff)

လုပ်ခလစာ : ၃သိန်း ခွဲကျပ်

​အလုပ်ချိန် : ညနေ ၄:၀၀ နာရီ မှ ည ၉:၀၀ နာရီအထိ

နားရက် : တပတ် တရက်နား ။

​အလုပ်နေရာ : (၁၀) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။

​လုပ်ငန်းအတွေ့အကြုံ: လုံးဝ (လုံးဝ) မလိုအပ်ပါ။ (လုပ်ငန်းစတင်တာနဲ့ လိုအပ်တာတွေကို အစအဆုံး Training ပေးသွားမှာ ဖြစ်လို့ လုပ်ငန်းအတွေ့အကြုံမရှိသူများလည်း စိတ်ချလက်ချ လျှောက်ထားနိုင်ပါတယ်။)

အသက် ၁၈ မှ ၃၀ အတွင်း

တောင်ဥက္ကလာနှင့်အနီးတဝိုက်နေထိုင်သူများ

အချိန်ပိုင်းဖြင့် ဝင်ငွေရှာလိုသူများ။

​ရုံးချိန်/ ကျောင်းချိန် ပြင်ပ အချိန်ကို အကျိုးရှိရှိ အသုံးချလိုသူများ။

​အလုပ်အတွေ့အကြုံအသစ် ရှာဖွေနေသူများနှင့် Logistics နယ်ပယ်ကို စိတ်ဝင်စားသူများ။

​ပညာရည်အချင်းကန့်သတ်ချက်မရှိပဲ လုပ်ငန်းမှပေးအပ်ထားသောတာဝန်များကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး စနစ်တကျလုပ်ကိုင်တတ်သူမည်သူမဆို လျှောက်ထားနိုင်သည်။

​လျှောက်ထားလိုပါက

Viber Number 09 429 925 546 သို့မဟုတ် Facebook Messenger သို့ CV form ပေးပို့လျှောက်ထားနိုင်ပါသည်။

28/07/2026

လေးစားရပါသော Customer များခင်ဗျာ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ တွင်ကျရောက်သော ဝါဆိုလပြည့်နေ့ အခါသမယ တွင် Union Express ၏ ဝန်‌ဆောင်မှုလုပ်ငန်းစဉ်များအား တရက်တာ ရက်နားခွင့်ပြုပါရန်လေးစားစွာအကြောင်းကြားအပ်ပါတယ်ခင်ဗျာ။ 🙏🙏🙏

18/07/2026

Union Express Delivery Company တွင် တာဝန်ထမ်းဆာင်ရန် ပစ္စည်းပို့ယာဉ်မောင်းများအမြန်အလိုရှိပါသည်။

( တောင်ဥက္ကလာရုံးတွင်တာဝန်ထမ်းဆောင်ရန် )

အခြေခံလစာ။ 450,000 Ks + ရက်မှန်ကြေး 30000 Ks + Ph Bill 20000 Ks စုစုပေါင်း 5 သိန်းကျပ်

( နှစ်စဉ် လုပ်သက် Bonus ခံစားခွင့်ရှိမည်။ )

အလုပ်ချိန်။ မနက် ၈း၃၀ နာရီ မှ ညနေ ၆ နာရီ

နားရက် ။ တပတ် ၁ ရက်နား

လျှောက်ထားလိုသူများအနေဖြင့်

- အသက် ၂၀ မှ ၃၀ အတွင်းဖြစ်ရမည်။
- မှတ်ပုံတင်မူရင်းရှိရမည်။
- ယာဉ်မောင်းလိုင်စင် မူရင်းရှိရမည်။
- Viber အသုံးပြုနိုင်သော ကိုယ်ပိုင်ဖုန်းရှိရမည်။
- Google Map ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
- ရန်ကုန်မြို့တွင်း လမ်းကြောင်းများ ကျွမ်းကျင်စွာ သွားလာနိုင်ရမည်။
- ကျန်းမာရေးကောင်းမွန်၍ အပင်ပန်းခံနိုင်ရမည်။
- Customer များအား ယာဉ်ကျေးချိုသာစွာ ပြောဆိုဆက်ဆံတတ်ရမည်။

လျှောက်ထားလိုပါက

Viber နံပါတ် 09 429 925 546 သို့မဟုတ် Facebook Messenger သို့ CV form ပေးပို့ လျှောက်ထားနိုင်ပါသည်။

03/06/2026

Union Express Delivery Service တွင်တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူး များအမြန်အလိုရှိပါသည်။

Customer Service ( အမျိုးသမီး )

( လစာ - 400000 ++++ )

အလုပ်ချိန် - မနက် ၉:၀၀ နာရီ မှ ညနေ ၅:၃၀ နာရီ
နားရက် - တပတ် တစ်ရက် ( စနေနေ့ )
ရုံးနေရာ - တောင်ဥက္ကလာပမြို့နယ်

လုပ်ငန်းတာဝန်အကျဥ်းချုပ်

- Rider များ၏ ပစ္စည်းပို့ဆောင်မှု အခြေအနေများနှင့်ပတ်သက်၍ Online Shop များထံ အစီရင်ခံရန်
- နေ့စဥ် ပစ္စည်းနှင့် ငွေအဝင်အထွက်များကို စီစစ်အတည်ပြုပေးရန်။
- Online Shop များမှ မေးမြန်းလာသော ပါဆယ် ပို့​ဆောင်မှုအခြေအနေများကို ‌‌Tracking လိုက်ပေးရန်။
- Customer များ၏လိုအပ်ချက်များကို Team နှင့်ပူး‌ပေါင်း၍ အကောင်းဆုံး ဖြေရှင်းပေးရန်။

Sorting (ပါဆယ် အဝင်/အထွက် တာဝန်ခံ ) ( အမျိုးသား)

( လစာ - ညှိနှုင်း )
( CV form တွင်မျှော်မှန်းလစာထည့်ရေးပေးပါရန် )

အလုပ်ချိန် - နေ့လည် ၂ နာရီ မှ ည ၁၀ နာရီ
နားရက် - တစ်ပတ် တစ်ရက်
ရုံးနေရာ - တောင်ဥက္ကလာပမြို့နယ်

လုပ်ငန်းတာဝန်အကျဥ်းချုပ်

Customer များ နေ့စဉ်အပ်နှံသောပစ္စည်းများကို စာရင်းပြုစု မှတ်တမ်းတင်ရန် နှင့် သတ်ဆိုင်ရာ တာဝန်ကျ လမ်းကြောင်းအလိုက်ခွဲ ဝေပေးရန် ။
Rider များ နေ့စဉ်ပို့ဆောင်၍ မရသော ပါဆယ်များ ( Pending Parcel ) များအား မှတ်တမ်းနှင့် တိုက်ဆိုင် စစ်ဆေး၍ တာဝန်ကျ လမ်း ကြောင်းအလိုက်ခွဲဝေပေးရန်။
( အသေးစိတ်လုပ်ငန်းတာဝန်များအား အင်တာဗျူးတွင် ရှင်းပြပေးသွားမည်ဖြစ်ပြီး ခန့်အပ်ပြီးပါက Training ပေးသွားမည် )

လျှောက်ထားလိုသူများအနေဖြင့်

- တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
- အသက် ၁၈ မှ ၃၀ ကြား ရှိသူဖြစ်ရမည် ။
- အပြောအဆို ယဥ်ကျေးသိမ်မွေ့ရမည်။
- ပါဆယ်များနှင့်ပတ်သတ်၍ တိကျမှန်ကန်စွာ လုပ်ကိုင်နိုင်သူဖြစ်ရမည်။
( Online Shop / Customer Service / Delivery Service နှင့် Warehouse / Store Keeping ပိုင်းအတွေ့အကြုံရှိသူများ ဦးစား ပေးခန့်ထားမည်။ )

လျှောက်ထားလိုပါက

Viber နံပါတ် 09 429 925 546 သို့မဟုတ် Facebook Messenger သို့ CV form ပေးပို့ လျှောက်ထားနိုင်ပါသည်။

29/04/2026

1/5/2026 ( အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ )တွင် Union Express ၏ ဝန်ဆောင်မှုများခေတ္တရပ်နားမည်ဖြစ်ကြောင်းလေးစားစွာအသိပေးအကြောင်းကြားလိုက်ရပါသည်။♥️♥️♥️♥️♥️

27/04/2026

လှိုင်သာယာ ၊ အင်းစိန် နှင့် ရွှေပြည်သာ မြို့နယ်များအတွင်း ပစ္စည်းပို့ဆောင်ရန် လမ်း‌‌ကြောင်း ကျွမ်းကျင်သော Delivery Rider များအမြန်အလိုရှိပါသည်။

( သမိုင်းရုံးခွဲတွင်တာဝန်ထမ်းဆောင်ရန် )

- လှိုင်သာယာ ၊ အင်းစိန် နှင့် ရွှေပြည်သာမြို့နယ် ကျွမ်းကျင်သူများ ဦးစားပေးလျှောက်ထားနိုင်သည်။
( မြို့နယ် ၃ခုလုံးကို အလှည့်ကျသွားလာနိုင်ရမည်။)

*** Company မှ Battery စက်ဘီး အခမဲ့ ငှားရမ်းပေးမည် ***

Way ကြေးသီးသန့် သို့မဟုတ်
အခြေခံလစာ + ကော်မရှင်
မိမိအဆင်ပြေရာရွေးချယ်ခံစားခွင့်ရှိမည်။

တစ်လလျှင် ဝင်‌‌ငွေ ၇သိန်း အနည်းဆုံးရရှိမည်။

လျှောက်ထားလိုသူများအနေဖြင့်

- မှတ်ပုံတင်မူရင်းရှိရမည်။
- Viber အသုံးပြုနိုင်သော ကိုယ်ပိုင်ဖုန်းရှိရမည်။
- စက်ဘီးကျွမ်းကျင်စွာနင်းနိုင်ရမည်။
- ကျန်းမာရေးကောင်းမွန်၍ အပင်ပန်းခံနိုင်ရမည်။
- ချိုသာစွာ ပြောဆိုဆက်ဆံတတ်ရမည်။

လျှောက်ထားလိုပါက

Viber နံပါတ် 09 429 925 546 သို့မဟုတ် Facebook Messenger သို့ CV form ပေးပို့ လျှောက်ထားနိုင်ပါသည်။

01/04/2026

နှစ်သစ်ကူးရုံးပိတ်ရက်ကြေညာခြင်း

လေးစားတန်ဖိုးထားရပါသော Union Express ၏ Customer များခင်ဗျာ ဧပြီလ ၁၁ရက်နေ့ ( 11.4.2026 ) မှ ဧပြီလ ၁၉ ရက်နေ့ ( 19.4.2026 ) ထိ မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရက်အဖြစ် Union Express ၏ ဝန်ဆောင်မှုများအား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။ ( 9.4.2026 ) အထိကောက်ယူထားသော (ရန်ကုန်မြို့တွင်း ) ပစ္စည်းများကို ( 10.4.2026 ) တွင်နောက်ဆုံးထားပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ပို့ဆောင်မရပဲကြန့်ကြာနေသောပစ္စည်းများနှင့် ( 10.4.2026) တွင်ကောက်ယူထားသောပစ္စည်းများကို ရုံးပြန်ဖွင့်မည့်ရက် ( 20.4.2026 ) တွင်စတင်၍ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ။ မိတ်ဆွေများအားလုံး ချစ်ခင်ရသူများနှင့်အတူ ဘေးကင်းလုံခြုံသော နှစ်သစ်ကူးအခါသမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Union Express မိသားစု မှ နှစ်သစ်ကူး ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

10/02/2026

12/2/2026 ( ပြည်ထောင်စုနေ့ ) နှင့် 16/2/2026 ( တရုတ်နှစ်သစ်ကူးနေ့ ) နှစ်ရက်တွင် Union Express ၏ ဝန်ဆောင်မှုများခေတ္တရပ်နားမည်ဖြစ်ကြောင်းလေးစားစွာအသိပေးအကြောင်းကြားလိုက်ရပါသည်။♥️♥️♥️♥️♥️

Category

Telephone

Website

Address


No473B, Zaya 15St, South Okkalapa Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00