Knowledge From Stories -KFS

Knowledge From Stories -KFS

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Knowledge From Stories -KFS, Education, Yangon.

29/03/2020

အားလုံးဘဲ အပြင်သွားတဲ့အခါ သတိလေးနဲ့ နေကြပါ သွားကြပါ နော် ။

Photos from Best Friends Education Service's post 15/01/2020
28/09/2019

ကျရှုံး​နေတဲ့ အချိန်​မှာ ရဲရင့်​ပါ
~~~~~~~~~~~~~~~~~~~

ဒါဆို ရဲရင့်​ပြလိုက်​စမ်းပါ ။
လှောင်​​ပြောင်​ရယ်​​မော တိုက်​ခိုက်​​နေတဲ့ အတုအ​ယောင်​​တွေ ကြားထဲမှာ ခြ​င်္သေ့ တစ်​​ကောင်​ အသွင်​ နဲ့​ရဲရင့်​ပြလိုက်​ပါ ။

လူ​တွေက သူတိုထက်​ သာရင်​ မနာလိုကြတာ သဘာဝပါ။
သူတို့ထက်​ ညံ့ရင်​​တော့ ကဲ့ရဲ့ ပြီ​ပေါ့ ။

ဒါ​ပေမဲ့ သူတို့ထက်​ အဆ ပေါင်းများစွာ သာတဲ့သူကို​တော့ အားကျ အတုယူတတ်​ကြပါတယ်​ ။
ဒီသ​ဘောသဘာဝ ကို သင်​နားလည်းထားပါ ။

နေပူပြီးရင်​ ​နေရိပ်​လာတဲ့ အချိန်​ရှိပါတယ်။
မုန်းတိုင်းပြီးရင်​ ​လေ​ပြေ လာစမြဲပါ ။

ဒါဆို သေချာပြီပေါ့။

ကျရှုံးချိန်​​တွေပြီးရင်​ မလွဲမ​သွေလာမှာက ​အောင်​မြင်​မှုပါ ။

ထို​အောင်​မြင်​မှူ့​တွေကို သင့်​ရဲ့ရဲရင့်​တဲ့ အပြုံး​တွေနဲ့ ကြိုဆိုလိုက်ပါ။

" ဆင်​ "ဖမ်းဖို့ သွားတဲ့ လူတစ်​​ယောက်​က လမ်းမှာ ​ဟောင်​​နေတဲ့ ​ခွေး​တွေကို ခဲ နဲ့ ပစ်​​နေရင်​ " ဆင်​ " ရဖို့ အချိန်​ ​နှောင့်​​နှေးသွားပါလိမ့်​မယ်​ ။

ဒါ့​ကြောင့်​ သင့်​ရဲ့တန်​ဖိုး ရှိတဲ့ အချိန်​​တွေကို ​အောင်​မြင်​မှုအတွက်နဲ့​ပဲ အချိန်​ကုန်​ခံပါ ။

အရည်​အ​သွေး နိမ့်​တဲ့ လူ​တွေကြောင့်​ ​ခေါင်းကိုက်​ မခံပါနဲ့ ။

သင့်​ရဲ့ ရဲရင့်​မှုတွေ နဲ့ ကျရှုံးမှုတွကို စိန်​​ခေါ်လိုက်ပါ။
ဒါဆို စိန်​​ခေါ်မှု​တွေ များတဲ့ ​လောကကြီးကို သင်​ ​ကောင်း​ကောင်း ရင်​ဆိုင်​သွားနိုင် ​မှာပါ ။

အောင်မြင်ပါစေဗျာ။

Credit : မေတ္တာများစွာဖြင့်
#အောင်မြင်ရေးနည်းလမ်းများ

ပြန်လည်မျှဝေသူ 📣VK🇱🇹🇱🇹

28/09/2019

ကိုယ့်စိတ်ကိုကိုယ်​ မနှိပ်စက် ပါနဲ့
======================
စိတ်မညစ် ရအောင် ဒီစာလေး ဖတ်ပါနော်….

ကိုယ့်ကို နှိပ်စက်နိုင် နေတဲ့ အတွေးတွေ မတွေးပါနဲ့

ကိုယ့်စိတ်ကို ပူလောင် စေတဲ့ အတွေးတွေ မတွေးပါနဲ့

ကိုယ့်အပေါ် မကောင်းတဲ့ သူတွေ အကြောင်း မတွေးပါနဲ့

ကိုယ့်ကို မခေါ်ချင်တဲ့ သူတွေ အကြောင်း မတွေးပါနဲ့

ကိုယ့်ကို ဂရုမစိုက် သူတွေ အကြောင်း မတွေးပါနဲ့

ကိုယ့် စေတနာကို နားမလည် သူတွေ အကြောင်း မတွေးပါနဲ့

ကိုယ့်အပေါ် သစ္စာ မရှိတဲ့ သူတွေ အကြောင်း မတွေးပါနဲ့

ကိုယ့်အပေါ် လိမ်ညာ လှည့်စား သူတွေ အကြောင်း မတွေးပါနဲ့

ကိုယ့်ကို မုန်းတဲ့ သူတွေ အကြောင်းလည်း မတွေးပါနဲ့
ကိုယ့်ကို မချစ် လို့ ကျောခိုင်း ထွက်သွား တဲ့ သူတစ်ယောက် အကြောင်း မတွေးပါနဲ့

“မတွေးပါနဲ့”

အဲ့ဒီ သူတွေ အကြောင်း မတွေးပါနဲ့
အဲဒီ အကြောင်းတွေ တွေးမိနေ သမျှ ” ကိုယ့်စိတ်ကို နှိပ်စက် နေလို့” ကိုယ့်မှာ စိတ် ချမ်းသာမှု ဆိုတာ ဘယ်တော့မှ ရနိုင်ဖို့ မလွယ်ပါဘူး

ဒါ့ကြောင့်
ကိုယ့်စိတ်ကို ချမ်းသာအောင် တွေးပါ။
နားလည် ပေးနိုင်မယ့် အတွေး သာ တွေးပါ။
မေတ္တာပွားနိုင်ဖို့ တွေးပါ။
ခွင့်လွှတ် နိုင်အောင် ကြိုးစားဖို့ တွေးပါ။
အမုန်း မပွားဖို့ပဲ တွေးပါ။
မေတ္တာ ထားခြင်းသည် အကောင်းဆုံး လက်စား ချေခြင်း ပါပဲ။

ကိုယ့် စိတ်ကို နှိပ်စက် နိုင်ဆုံးသူဟာ
ကိုယ် ကိုတိုင်သာ ဖြစ်ပါတယ်။
တစ်ခြားသူတွေ ဟာ ကိုယ့်စိတ်ထဲ ကို ဝင်လာပြီး နှိပ်စက်လို့ မရပါဘူး။
အဲ့ဒီ သူတွေကို ကိုယ့်စိတ် ထဲမှာ ထားပြီး ကိုယ့်ကိုယ် ကို ပြန်နှိပ်စက် နေတာ ပါပဲ။
ကိုယ့်အတွေး တွေနဲ့ ကိုယ့်ကိုယ် ကို ပြန်ပြီး မနှိပ်စက် ပါနဲ့တော့……

လူ့ဘဝ က တိုတောင်းလွန်း လှပါတယ်။
ခဏတာ ရလာတဲ့ လူ့ဘဝ လေးမှာ ကိုယ့်ကိုယ်ကို ပျော်ရွှင် အေးချမ်းမှု ရအောင် ကိုယ်တိုင် လုပ်ယူ ဖန်တီးပြီး ပျော်ပျော် နေနိုင်ဖို့ အရေးကြီး ပါတယ်။

ငယ်ငယ် ကလည်း ငိုခဲ့ ပြီးပြီ
အရွယ်ရောက် တော့လည်း ငိုခဲ့ ပြီးပြီ
မနေ့ကလည်း ငိုခဲ့ ပြီးပြီ
ဒီနေ့လည်း ငိုခဲ့ပြီးပြီ
မနက်ဖြန်က စပြီး ရယ်နိုင်ဖို့ ကြိုးစားပါ

လူ့ဘဝ တိုတို လေးမှာ အမြဲတမ်း ငိုနေ ရရင် လူဖြစ်ရှုံး ပါတယ်။

” ကိုယ့်စိတ်ကို မနှိပ်စက် ပါနဲ့တော့ ”

Credit _ ဒိုက်ဒိုက် (မြင်းခြံ)

ပြန်လည်မျှဝေသူ ( Stitch )

ထပ်ဆင်မျှ့ဝေသူ 📣VK🇱🇹🇱🇹

27/09/2019

ဒေါသကို.ဖြေရှော့နည်း
■■■■■■■■■■

အရမ်းကောင်းတယ် ဖတ်ကြည့်နော်....✔
ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။
ကျားငယ်က မေးပါတယ်။

" အဖေက ခြင်္သေ့ကိုလည်းတိုက်ရဲတယ်။
ကျားသစ်ကိုလည်း နိုင်ရဲတယ်။ ဘာမှမဟုတ်တဲ့
ခွေးရူးကျတော့ ရှောင်ပုန်းတယ်။
သိက္ခာမကျဘူးလား အဖေ " တဲ့ ၊

ကျားကြီးက သူ့သားကိုပြန်မေးလိုက်ပါတယ်။

" ခွေးရူးကိုနိုင်တော့
ဂုဏ်ယူစရာ ကောင်းသလား သား " ၊

ကျားငယ်ခေါင်းခါပါတယ်။

" ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား "

ကျားငယ်က ခေါင်းခါပြန်တယ်။

" ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို သွားရန်စရမှာလဲ၊
ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင်၊ တွေ့ကရာ
လျှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ
ငါတို့ကို ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး၊ အဲဒါ သား
မြဲမြဲမှတ်ထား၊ လူတွေလိုမလုပ်ပါနဲ့ ၊
လူတွေတော်တော်များများက ခွေးရူးနဲ့ ပြိုင်တူ
ကိုက်နေကြတာ " တဲ့။

တစ်စုံတစ်ယောက်၏ စော်ကားမော်ကား
အပြုမူ အပြောအဆိုတွေကြောင့် ဒေါသထွက်
တုန့်ပြန်ချင်စိတ်ပြင်းပြနေသော သင့်အား
ဒီ ပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။

...မန္တလေးစာကြည့်တိုက် ဇော်ဇော်

ပြန်​လည်​မျှ​ဝေသူ 📣VK🇱🇹🇱🇹

27/09/2019

မယုံနိုင်တဲ့ ခွန်အား
~~~~~~~~~~~~

တစ်ခါက.....
ခရီးသွား ကုန်သည်အဖွဲ့တစ်ဖွဲ့ဟာ
တောင်တန်းတစ်ခုကို ဖြတ်ပြီး ခရီးသွားကြရင်း
မထင်မှတ်ပဲ အဖွဲ့ထဲမှ တစ်ယောက်ဟာ ခြေချော်ပြီး ချောက်ကမ်းပါးထဲကို ပြုတ်ကျသွားခဲ့တယ် ။

ပြုတ်ကျသူဟာ ချောက်ကမ်းပါးရဲ့
ထက်ဝက်မှာရှိတဲ့ ကျောက်စွယ်လေးမှာ တင်နေတယ်။ ချောက်ကမ်းပါးကြီးကလဲ အင်မတန်မှ နက်ရှိုင်းတော့ ဘယ်သူမှလဲ ဆင်းမကယ်ဝံ့ကြဘူးပေါ့ ။

ဒီတော့ ကုန်သည်အဖွဲ့က.....
" ပြုတ်ကျသူကို ကူညီဖို့ဟာ တကယ့်ကို မလွယ်ကူဘူး။ သူဟာ သေလူ ဖြစ်သွားပါပြီ။
ဒီတော့ သူ့အိမ်ကို ဘာများမှာချင်လဲဆိုပြီး
ကမ်းပါးထိပ်ကနေ အော်ဟစ်ပြီး မေးကြမယ် " ဆိုပြီး.....

" ဟေ့လူ မင်းဟာ မကြာခင် သေရတော့မယ်။
ဒီချောက်ကမ်းပါးကြီးကို မင်း တက်နိုင်မှာ မဟုတ်ဘူး။ ငါတို့လဲ ဆင်းကယ်လို့ မရနိုင်ဘူး။
ဒီတော့ မင်းအိမ်က မိသားစုကို ဘာမှာချင်လဲပြော
ငါတို့ သွားပြောပေးမယ် " လို့ အော်ပြောကြသတဲ့ ။

ဒီအချိန်မှာ ပြုတ်ကျသူဟာ
ချောက်ကမ်းပါးကြီးကို ကုတ်ခြစ်ပီး တက်ဖို့
ကြိုးစားပါတော့တယ် ။

ကမ်းပါးထိပ်က အဖွဲ့ကလဲ
တက်ဖို့မကြိုးစားပါနဲ့တော့ ဆက်ပြီး အောက်ကို ပြုတ်ကျလိမ့်မယ်။ မင်းအိမ်ကို မှာချင်တဲ့ စကားကိုသာ ငါ့ကိုပြောပါ။ အဖွဲ့ကရမယ့် မင်းရဲ့ ဝေစုကိုလဲ မင်းအိမ်ကို ပေးပေးပါ့မယ် " လို့ အော်ဟစ်ပြောဆိုကြပြန်တယ်။

ဒီလိုပြောလေ.....
ပြုတ်ကျသူဟာ ကြိုးစားပြီး ကုတ်ခြစ်တက်လာလေပါပဲ

ဒီလိုနဲ့ တက်လာလိုက်တာ
မယုံနိုင်အောင်ပါပဲ။ သူဟာ အပေါ်ကို ရောက်လာနိုင်ခဲ့ပါတယ် ။

ဒီတော့မှ အပေါ်က သူ့အဖွဲ့ဟာ ဝမ်းသာအားရဖြစ်ပြီး " မင်းကို မဖြစ်နိုင်ပါဘူး။
မကြိုးစားနဲ့တော့လို့ ပြောတာကို ဂရုမစိုက်ပဲ
ဘာလို့ ဇွတ်အတင်း တက်လာနိုင်ခဲ့တာလဲ " လို့
ဝိုင်းမေးကြတော့…..

" ငါဟာ နားသိပ်မကြားသူ တစ်ယောက်ပါ။
မင်းတို့ပြောတာကို ငါမကြားဘူး။
ငါက မင်းတို့ဟာ ငါ့ကို အပေါ်တက်ဖို့
တိုက်တွန်း အားပေးနေကြတာလို့ ထင်တာနဲ့
အားကြိုးမာန်တက် တက်လာခဲ့တာပါ " လို့
ပြန်ပြောလိုက်ပါတော့တယ်။

ဒီလိုပါပဲ.....
ဘဝမှာ အောင်မြင်ဖို့အတွက် အခက်အခဲတွေ
ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ
ပတ်ဝန်းကျင်ရဲ့ အထင်သေး ကဲ့ရဲ့ ထိုးနှက်ချက်စကားတွေကို လျစ်လျှူရှုပြီး
သင့်ရဲ့ ခွန်အားတွေအဖြစ် အသုံးချလိုက်ပါ ။

: ဓမ္မအလင်းရောင်
ပြန်လည်မျှစေသူ 📣VK🇱🇹🇱🇹

27/09/2019

ကျွန်တော်pageလေး ပျက်သွားပြီးကတည်းက page အသစ်လေးပြန်မလုပ်ဖြစ်ခဲ့ဘူး အခုတော့ပြန်လုပ်လိုက်ပါပြီ သူငယ်ချင်းများနဲ့စာဖတ်သူများအားလုံး ယခုpageလေးထဲက မိမိတွက်နည်းနည်းသော်လည်းကောင်း ၊အများနဲ့တိုက်ဆိုင်ခဲ့သော်လည်းကောင်း ၊
ပြန်လည်မျှဝေစေချင်ပါတယ် ။

လေးစားစွားဖြင့် 📣VK🇱🇹🇱🇹

27/09/2019

အရမ်းကို ကောင်းလွန်းတဲ့ စာလေးပါ။
-----------------------_--------

လှေက ကမ်းမှာကပ်ထားရင် အန္တရယ်အကင်းဆုံးပဲ၊
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

။။။

တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းပျိုလေးတစ်ကောင်ရှိတယ်၊
သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့ အခွင့်အရေးကိုစောင့်နေတယ်။

  ကုန်သည်လာတယ်၊ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´

မြင်းကခေါင်းခါပြီးပြောတယ်၊

`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို့ ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ ? ´

  စစ်သားလာတယ်၊ ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´

မြင်းကခေါင်းခါပြီးပြောတယ်၊

`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို သာမာန်စစ်သားတစ်ယောက်နောက်လိုက်ပြီး တိုက်ပွဲဝင်ရမှာလဲကွ? ´

  မုဆိုးလာတယ်၊ ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´

မြင်းကခေါင်းခါပြီးပြောတယ်၊

`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို မုဆိုးနဲ့အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ? ´

  ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားသည်၊ ဒီမြင်းတစ်ကောင် သူနဲ့တန်သည့်အလုပ်ရှာမတွေ့သေးချေ။

  တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့် စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကိုလိုအပ်ကြောင်း နေရာအနှံ့ကြော်ငြာစာများကပ်ကာ လိုက်ရှာလေသည်၊

အာဇာနည်မြင်းက စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊

` ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ´

  စစ်သူကြီးကမေးတယ်၊

` ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့ လမ်းတွေကို နှံ့စပ်လား ´

  မြင်းက ခေါင်းခါတယ်၊

  စစ်သူကြီးက ထပ်မေးတယ်၊

` ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား.. စစ်ပွဲအတွေ့အကြုံရှိသလား ´

  မြင်းက ခေါင်းထပ်ခါတယ်၊

  စစ်သူကြီးကထပ်မေးတယ်၊

` ဒါဆို မင်းတောထဲတောင်ထဲမှာ သားကောင်တွေနဲ့တွေ့တဲ့အခါ သခင့်အတွက် ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား ´

  မြင်းက ခေါင်းထပ်ခါတယ်၊

  စစ်သူကြီးကပြောတယ် ` ဒါဆို မင်းဘာအသုံးကျသေးသလဲ´

  မြင်းကပြောတယ် ` ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင်သွားနိင်ပြီး ညဘက်ဆို မိုင် ၈ရာသွားနိုင်တယ်၊ လေအဆန်မှာ အစုန်ထက်တောင်မှ အပြေးမြန်သေးတယ်´

  စစ်သူကြီးက မြင်းပေါ်ခွတက်စီးလိုက်တယ်၊

  မြင်းကအားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊ ဒါပေမယ့် ၁၀လှမ်းလောက်ပဲပြေးရသေးတယ်၊ အမောဟိုက်ပြီး ကျောမှာချွေးတွေပျံလာတယ်၊

  `မင်းအိုသွားပြီ... မပြေးနိုင်တော့ဘူး´ ဟုဆိုကာ စစ်သူကြီးပြန်လှည့်ထွက်သွားသည်၊

  ဒီနေ့သင်လုပ်တဲ့ကိစ္စတစ်ခုဆီတိုင်းဟာ သာမာန်ကြိုးစားနေတယ်ထင်ရပေမယ့် နောင်တစ်ချိန်အတွက် အင်အားလေးတစ်ခုဆိုတာ သိထားပါ၊ ဒီနေ့သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့ အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ အနာဂတ်အတွက်အုတ်မြစ်ချပ်လေးတွေပါ၊ အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ မပြေးခဲ့ရလားလို့ နောင်တမရပါနဲ့၊

လှေက ကမ်းမှာကပ်ထားရင် အန္တာရယ်အကင်းဆုံးပဲ၊
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

  ပညာက အရည်အချင်းကို ကိုယ်စားမပြုဘူး၊ စာပေက ယဉ်ကျေးမှုကို ကိုယ်စားမပြုဘူး၊ မနေ့ကကျော်ဇောခဲ့တဲ့အရာဟာ ဒီနေ့မှာ အတိတ်နဲ့ မှတ်ဥာဏ်အချို့ဖြစ်သွားပြီ၊

ဒါ့ကြောင့် အရေးကြီးတာ မနေ့ကသင်ဘယ်သူလဲမဟုတ်ပါဘူး၊ ဒီနေ့သင်ဘယ်သူလဲဆိုတာပါ၊

ပိုပြီးအရေးကြီးတာ ဒီနေ့သင်ဘာလုပ်သလဲ.. မနက်ဖြန် သင်ဘာဖြစ်မလဲဆိုတာပါ

ပြန်လည်မျှဝေသူ 📣VK🇱🇹🇱🇹

27/09/2019

"အဖေ့စကား ၃ခွန်း"

သားရေ.....
လူတိုင်းမှာမျှော်မှန်းထားတဲ့အနာဂါတ်
ရည်မှန်းချက်ဆိုတာရှိကြတယ် ဒါဆိုသားမှာလဲ
ရှိမှာပေါ့ အနာဂါတ်မှာလှပတဲ့ဘဝဖြစ်ချင်ရင်
အတိတ်တွေကိုတရေးသိပ်ထားလိုက်ပါသား
ဘာဖြစ်လို့လဲဆိုတော့ပြီးဆုံးသွားအရာတွေထဲက
ကျရှုံးမှုတွေ လဲကျမှုတွေကိုပြန်မြင်ရောင်ပြီး
ကြိုးစားချင်စိတ်နည်းသွားတက်သလို
အောင်မြင်ခဲ့တာတွေ ထင်ပေါ်ခဲ့တာတွေ
ကိုပြန်တွေးရင်းနဲ့အချိန်တွေကုန်သွားတက်လို့ပဲ
သားလက်ထဲမှာတန်ဖိုးမရှိအရာတွေဆုပ်ကိုင်
ထားရင်တန်ဖိုးရှိတဲ့အရာတွေထည့်စရာမရှိ
ဖြစ်နေမှာစိုးတယ်သား။

သားရေဘယ်သူမှမွေးကတည်းကအရည်အချင်း
ဆိုတာမပါလာဘူး လေ့ကျင့်ရင်း သင်ယူရင်းနဲ့မှ
တဖြည်းဖြည်းနဲ့ တိုးတက်လာတာပါ
ဓားဆိုတဲ့အရာဟာသွေးမှထက်တယ်
မသွေးဘဲပစ်ထားတာအနည်ငယ်ကြာရင်
သံချေးတက်သလိုပဲသား ဦးနှောက်ကတွေးပါ
မတွေးဘဲထားတဲ့ဦးနှောက်ကကြာရင်
လေးလာတယ်သား
လူတစ်ယောက်အောင်မြင်တယ်ဆိုတာ
သူဆုံးရှုံးခဲ့ပမာဏနဲ့ပေးဆပ်ခဲ့တဲ့အရာတွေနဲ့
တိုက်ရိုက်အချိုးကြတယ်သား
မရှုံးဘူးတဲ့လူဟာ အနိုင်ရတယ်ဆိုတာ
မရှိပါဘူး ဒါကြောင့်သား
လဲရင်ပြန်ထ ကျရင်ပြန်တက်
ရှုံးရင်ပြန်စ ငါ့သားလက်မမြောက်သ၍
ငါ့သားဘယ်တော့မှတကယ်မရှုံးဘူး

သားရေအဖေသားကိုစိန်စီထားတဲ့
နာရီဝယ်မပေးနိုင်ဘူးဒါပေမဲ့
အချိန်မှန်တဲ့နာရီတစ်လုံးတော့
အဖေပေးနိုင်တယ်သား
တကယ်တော့နာရီဆိုတာဟာ
သိန်းကျော်တန်ဖြစ်ဖြစ် သောင်းကျော်တန်ဖြစ်ဖြစ်
ထောင်ကျော်တန်ဖြစ်ဖြစ်အားလုံးဟာအချိန်တူပါပဲ
ဈေးပိုပေးရလို့ဆိုပြီးဘယ်နာရီမှတနေ့ကို
၂၅ နာရီမလည်ပါဘူး
နာရီထုတ်လုပ်သူရဲ့ပင်မစိတ်ကူးက
အချိန်မှန်ကိုသိစေချင်ရုံပဲသား

သားသာနာရီရဲ့အချိန်တွေကိုစိန်တွေလို
တန်ဖိုးထားပြီးတကယ်ကြိုးစားရင်
တစ်ချိန်မှာအချိန်ထဲကနေစိန်ထွက်လာမယ်သား
ဒါပေမဲ့ဘဝဆိုတာကိုတော့ဘောင်မခက်မိပါစေနဲ့
နွားခြေရာခွက်ကိုကမ္ဘာထင်တဲ့ဖားဟာ
နောက်ဆုံးနွားခြေရာထဲမှာသေသလို
ဆင်သေကိုအမှီပြုပြီးပင်လယ်ထဲမျောပါကာ
ပင်လယ်မှာပဲသေသွားတဲ့ကျီမိုက်လိုလဲမဖြစ်စေနဲ့

လောကကြီးကအကျယ်ကြီးပါသား
အကြောင်းအရာတစ်ခုကိုဆုံးဖြတ်တော့မယ်ဆို
မျက်တောင်မွှေးတစ်ဆုံးလောက်ပဲကြည့်ပြီး
မဆုံးဖြတ်ပါနဲ့မျက်စိတစ်ဆုံးကြည့်ပြီးမှ
ဆုံးဖြတ်ပါသား ဘဝဆိုတာတိုက်ပွဲလို
ပြောကြတယ်သား ဒါဆိုအနိုင်နွဲရမှာပေါ့
ဘယ်လိုလဲသား သားရဲ့ကြိုးစားမှုနဲ့
ရလာတဲ့အောင်မြင်မှုကို
အဖေလက်မထောင်ချင်တယ်ကွာ

မောင်နေမာန်
ပြန်လည်မျှဝေသူ 📣 VK🎖

Category

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Knowledge From Stories -KFS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.