Phone Pyae Naing
Professional Badminton Player
2023-2024 Myanmar National Champion
FOE Season 1 Winner
Sports Entrepreneur
The Zawana 🦁
Manager Contact (09-775871515)
Remember to always work hard
10/08/2026
သိပ်မကြာသေးခင်က မိဘတစ် ယောက်လာမေးတယ် ကလေးကိုပြိုင်ပွဲပြီးလို့ရှုံးပြီးထွက်လာတဲ့ချိန်မှာ ဘယ်လိုပြောပေးရမလဲ ဆိုတာကိုသူမသိဘူးဖြစ်နေတယ်တဲ့။ အဲ့တာနဲ့ကျွန်တော်လည်း ကျွန်တော် ပြောပြဖြစ်တာလေးပြန်တင်ပေးလိုက်ပါတယ်။
အဲ့တော့ အတိုပြောရရင်တော့ ပွဲပြီးသွားလို့ရှုံးပြီးထွက်လာရင် ရှုံးလည်းဘာမှမဖြစ်ဘူး ထပ်ကြိုးစားပါပဲ ပြောဖြစ်တယ်။ Technical လိုအပ်ချက်တွေကတော့ပြောသင့်သလောက်ကို ဒေါသမပါဘဲပြောပြတယ်။ အဲလိုပြောလို့ တစ်ခါတစ်လေ ကျွန်တော် ကိုင်တွယ်ပုံပျော့တယ်ထင်ကြပါတယ်။ မပျော့ပါဘူး တခြားအချိန် စည်းကမ်း၊ အနေအထိုင်အပြောအဆို၊ training အချိန်ဆိုကျွန်တော့်ကို တော်တော်မုန်းကြလောက်ပါတယ်။တအားပြောတအားခိုင်းလို့။ သို့သော် ပွဲအပြီးရှုံးသွားတဲ့အချိန်ကျရင် မတူပါဘူး ။
ကျွန်တော်ခံယူထားတာကတော့ မိဘနဲ့ဆရာတွေရဲ့အဓိကဦးစားပေးအလုပ်က ကစားသမားအတွက် safe အဖြစ်ဆုံးပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ပါပဲ။ ရှုံးသွားလည်းဘာမှမဖြစ်ဘူး သူ့ကိုဘာဖြစ်ဖြစ် ဒီလူတစ်စုကအားပေးနေမှာ သူထပ်ကြိုးစားမယ်ဆိုပြီးဖြစ်နေဖို့ပါပဲ။ သူအယုံကြည်ဆုံးလူတစ်စုကသူကျရှုံးနေချိန်မှာ အရင်ဦးအောင်ဆူပြီးဆိုရင် trauma တွေ Fear of failure ဆိုတဲ့ရှုံးမှာကိုကြောက်တဲ့စိတ်တွေတစ်သက်လုံး ပါသွားပါလိမ့်မယ်။ ရှုံးမှာကြောက်လို့လုပ်နေတဲ့သူနဲ့ အမှန်ကြိုးစားသွားတဲ့သူနဲ့ကရေရှည်မှာအရမ်းစကားပြောပါတယ်။ ဒါကိုလည်းသတိထားရမယ်။
ဒါတွေကလည်း တစ်ခါတစ်လေမိဘနဲ့ဆရာတွေက ကာယကံရှင်ကစားသမားထက်နိုင်ချင်သွားပြီး မနိုင်ရကောင်းလားဆိုပြီးဆူမိသွားတာပါ။ ကိုယ်တိုင်လည်းကစားသမားဖြစ်တော့ ကာယကံရှင်ကစားသမားလောက်နိုင်ချင်တဲ့သူရှိအုန်းမလားဗျာ။ ရှုံးပြီးထွက်လာရင်ကစားသမားထက် အခြားလူတွေကပိုခံစားရတယ်ဆိုတာမရှိသလောက်ရှားပါတယ်။ ကြီးလာလို့ပိုဟန်ဆောင် ကောင်းလာတာပဲရှိမယ်။
ဒါတွေကိုကောင်းကောင်းလက်ခံပြီး ကလေးတွေကိုအကောင်းဆုံးခွန်အားမှတစ်ပါး ဘာမှမဖြစ်အောင်နေဖို့ပဲတိုက်တွန်းချင််ပါတယ်။
Video ကတော့ မိန်မိန်း final မှာနိုင်သင့်တဲ့ပွဲကိုရှုံးပြီးထွက်လာချိန် စကားခေါ်ပြောထားတုန်းကပါ။ ရှုံးလို့စိတ်ပျက်တဲ့ကစားသမားတစ်ယောက်ရဲ့ခံစားချက်ကိုသက်သာအောင်လုပ်ပေးဖို့ကအဓိက။
( မိန်မိန်း တို့ကတော့ အတွေ့အကြုံလည်းရှိပြီး နေသားလည်းကျ ပြီးဆိုတော့ professional ပီသနေပါ ပြီး သိပ်ပြောစရာမလိုဘူး ပြန်ပြုံးတာပဲ 😊)
Podcast guest appearance. Coming soon!
Always my home 🏡
The Pursuit | Episode 3 Hyrox MM Vlog
Life is funny sometimes
တစ်ခါတစ်လေကြတော့လည်းအလွဲလေးတွေကြားနေတက်အောင်နေရင်း အကောင်းဆုံးလုပ်စရာရှိတာလေးတွေလုပ်ရင်း ပျော်ပျော်ပါးပါးပေါ့
05/08/2026
မတင်တော့ဘူးလုပ်ထားတာ ဒါပေမဲ့ကြည့်ကြမယ်ထင်ပါတယ်လေ 😂
😊
The Pursuit | Episode 2 The Work-Life Balance
အားကစားနဲ့အလုပ်တစ်ဖက်နဲ့မှာ တစ်ချို့နေ့တွေမှာ တစ်နေ့တာအလုပ်လုပ်ချိန် ၁၈နာရီလောက်ထိရှိပါတယ်။ မပင်ပန်းဘူးပြောရင်လိမ်ရာကြမှာပေါ့ ဒါပေမဲ့လွန်ခဲ့တဲ့ ၅နှစ်လောက်ကဖြစ်ချင်ခဲ့တဲ့ဆန္ဒတွေ ဖြစ်လာနေတာတွေကိုမှ ကျွန်တော်ညည်းညူးနေလို့မရပါဘူး။
နောက်(၅) နှစ်လည်းဖြစ်လာချင်တာတွေရှိနေသေးလို့ ကြိုးစားနေရတာကိုကအခွင့်အရေးအကြီးကြီးလို့ခံယူထားတယ်။
Hyrox Myanmar Recap
Category
Contact the public figure
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Phone Pyae Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.