Power Pro Diesel Generator

Power Pro Diesel Generator

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Power Pro Diesel Generator, Commercial and industrial equipment supplier, 95B Kyaik Waing Pagoda Road, Yangon.

25/08/2026

အိမ်ထဲမှာ အေးအေးလူလူ နားပါမယ်ဆို ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား မီးစက်သံကြီးကြောင့် Mood ပျောက်နေရမယ်ဆို အဆင်ပြေနေပါ့ဦးမလား? 😖

ဒီလိုပါပဲ။ လူနေအိမ်နဲ့ ဆူညံသံကြောင့် အနှောင့်အယှက်ဖြစ်လို့မရတဲ့ Service လုပ်ငန်းတွေမှာ မီးပျက်လို့ မီးစက်ဖွင့်ရမယ်ဆိုရင်တောင် ဆူညံမှုလုံးဝမရှိသလို ပါဝါအားလည်းအပြည့်ပေးနိုင်တဲ့ မီးစက်တစ်လုံးရှိပါမှ အဆင်ပြေပါလိမ့်မယ် 👍

ဒီအတွက်မပူပါနဲ့။ အသံလည်းလုံ၊ အလုပ်လည်းမရှုပ်၊ ပါဝါအားအပြည့်သုံးနိုင်မဲ့ Power Pro Diesel Generator တွေရှိနေပါတယ်။

🤫 အဆင့်မြင့်နည်းပညာများနဲ့ တည်ဆောက်ထားတဲ့ Canopy ကြောင့် ဆူညံသံပျောက်

🎛️ ATS အသင့်ချိတ်ဆက်နိုင်လို့ မီးပျက်၊ မီးလာချိန်မှာ မီးစက်နှိုး၊ မီးသွားချိန်းနေစရာမလို

⚡ ကမ္ဘာကျော် Cummins Engine ကြီးနဲ့ Stamford Alternator တို့ကြောင့် မီးအားအပြည့်သုံး

ဒီလိုအကောင်းဆုံးနည်းပညာတွေကြောင့်မို့ လူကြီးမင်းတို့ရဲ့ နေအိမ်နဲ့ လုပ်ငန်းတို့မှာ မီးအပြည့်ရသလို အသံလုံလို့ စိတ်ချမ်းသာမှုပိုစေမှာ အသေအချာပါပဲခင်ဗျာ။

Power Wing Machinery ရဲ့ ရုံးသုံး ၊ လုပ်ငန်းသုံး ၊ အိမ်သုံး Power Pro မီးစက်တွေကို ဝယ်ယူတပ်ဆင်ဖို့

☎️ 09 788660022
☎️ 09 788660055 တို့ကို အခုပဲဆက်သွယ်လိုက်ပါ။




#မီးစက်

24/08/2026

Diesel Generator တွေ သက်တမ်းပိုရှည်ချင်တယ်ဆိုရင် Generator ထဲကို ထည့်သွင်းမောင်းနှင်နေတဲ့ ဒီဇယ်ဆီတွေဟာလည်း Quality ကောင်းဖို့လိုပါတယ် ⛽

စျေးနှုန်းသက်သာတာပဲကြည့်ပြီး Quality ညံ့တဲ့ ဒီဇယ်ဆီတွေကို ရေရှည်အသုံးပြုမယ်ဆိုရင် မမျှော်လင့်ထားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ် ⤵️

ဒီဇယ် Quality ညံ့တဲ့အခါ ကြုံတွေ့လာရနိုင်တဲ့ ပြဿနာတွေကတော့
⚠️ ဆီစစ် (Fuel Filter) များ ခဏခဏပိတ်ဆို့ခြင်း
⚠️ ဆီမှုတ်ကိရိယာ (Fuel Injector) များပျက်စီးခြင်း
⚠️ အင်ဂျင်စွမ်းဆောင်ရည် ကျဆင်းခြင်း
⚠️ ကာဗွန်ချိုးများကပ်ငြိပြီး အင်ဂျင်သက်တမ်းတိုခြင်း
⚠️ မီးခိုးနှင့် အညစ်အကြေးများ ပိုမိုထွက်ခြင်း
⚠️ မီးစက်မကြာခဏပျက်ခြင်း
⚠️ ပြင်ဆင်စရိတ်များပိုကြီးမားလာခြင်း အစရှိတဲ့ ပြဿနာမျိုးစုံနဲ့ ကြုံတွေ့ရလာမှာဖြစ်ပါတယ်။

ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ မီးစက်ကြီးတွေ ရေရှည်အသုံးခံပြီး အကောင်းဆုံး စွမ်းဆောင်ရည်ပေးနိုင်ဖို့အတွက် ယုံကြည်ရတဲ့ ဆီဆိုင်တွေကနေ အရည်အသွေးပြည့်မီတဲ့ ဒီဇယ်ဆီ (High-quality Diesel) ကိုသာ ရွေးချယ်အသုံးပြုကြဖို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

Power Wing Machinery ရဲ့ ရုံးသုံး ၊ လုပ်ငန်းသုံး ၊ အိမ်သုံး Power Pro မီးစက်တွေကို ဝယ်ယူတပ်ဆင်ဖို့

☎️ 09 788660022
☎️ 09 788660055 တို့ကို အခုပဲဆက်သွယ်လိုက်ပါ။




#မီးစက်

21/08/2026

Diesel Generator လို့ပြောတဲ့အခါ ဟာလာဟင်းလင်း Open Type နဲ့ အဖုံးအကာအပြည့် Silent Type ဆိုပြီး နှစ်မျိုးကွဲနေတာကို သတိထားမိကြမှာပါ။

ဒီလိုမျိုး Open Type နဲ့ Silent Type ကြားက ကွာဟချက်တွေ၊ ဘယ်အမျိုးအစားတွေကို ဘယ်နေရာမှာ အသုံးချတယ်ဆိုတာတွေကို မသိသေးဘူးဆိုရင်တော့ Power Pro ကနေ လုပ်ငန်းရှင်တို့ ရွေးချယ်ရလွယ်ကူအောင် ရှင်းပြပေးချင်ပါတယ်။

🔊 Open Type Generator

Open Type တွေက Canopy (အမိုးအကာ) မပါတဲ့အတွက် လေဝင်လေထွက် ပိုကောင်းပြီး အင်ဂျင်အအေးခံစနစ်က အလုပ်လုပ်တာပိုမြန်ပါတယ်။ အပြင်အဆင် ရှင်းလင်းတဲ့အတွက် ပြုပြင်ထိန်းသိမ်းရတာ အရမ်းလွယ်ကူသလို ဈေးနှုန်းပိုင်းမှာလည်း ပိုပြီးချိုသာလေ့ရှိပါတယ်။

အဓိကကတော့ ဆူညံသံထွက်ပေါ်မှုကို ဂရုစိုက်စရာမလိုတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် (Construction Sites) တွေ၊ စက်မှုဇုန် (Industrial Zone) တွေ၊ သတ္တုတွင်းတွေနဲ့ ကြီးမားကျယ်ပြန့်တဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။

🤫 Silent Type Generator

Canopy လို့ခေါ်တဲ့ အထူးပြုလုပ်ထားတဲ့ အမိုးအကာနဲ့ အသံထိန်းစနစ်တွေ ပါဝင်တဲ့အတွက် မောင်းနှင်နေချိန်မှာ ဆူညံသံကို သိသိသာသာကြီး လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် မိုးဒဏ်၊ လေဒဏ်နဲ့ ဖုန်မှုန့်တွေကို ကာကွယ်ပေးနိုင်လို့ အပြင်ဘက် (Outdoor) မှာ အလွယ်တကူထားရှိနိုင်ပါတယ်။

Silent Type တွေကိုတော့ ဆူညံသံကြောင့် အနှောင့်အယှက်ဖြစ်လို့မရတဲ့ လူနေအိမ်ရာတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ဟိုတယ်၊ ရုံးခန်းတွေနဲ့ Supermarket တွေအတွက် မရှိမဖြစ် ရွေးချယ်သင့်တဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။

ဒါတွေကို သိထားပြီးပြီဆိုရင်တော့ လူကြီးမင်းတို့အနေနဲ့ လုပ်ငန်းသဘာဝနဲ့ အသုံးပြုမှုအပေါ်မူတည်ပြီး မိမိနဲ့ အကိုက်ညီဆုံး Diesel Generator အမျိုးအစားကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

💪 Power Pro မှာတော့ စွမ်းဆောင်ရည်မြင့်မားပြီး အရည်အသွေးပိုင်းမှာ စိတ်ချရတဲ့ Silent Type နဲ့ Open Type Diesel Generator နှစ်မျိုးစလုံးကို လိုအပ်တဲ့ KVA အလိုက် (အမြင့်ဆုံး 4,000 KVA အထိ) အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။

📝 ဒါ့အပြင် မတပ်ဆင်ခင်မှာလည်း Load Calculation နဲ့ Sizing အတွက် Power Pro ရဲ့ ကျွမ်းကျင်အင်ဂျင်နီယာတွေကနေ Installation Site အထိ အခမဲ့ Survey ဆင်းကာ ဆွေးနွေးပေးသွားမှာမို့ စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ဆိုရင် Power Pro ကိုသာ သတိရလိုက်ပါခင်ဗျာ။

☎️ 09 788660022
☎️ 09 788660055 တို့ကို အခုပဲဆက်သွယ်လိုက်ပါ။




#မီးစက်

19/08/2026

Site တစ်ခုတည်းမှာ အချိန်တွေကြာ၊ အလုပ်တွေမဖြစ်နေတာ စွမ်းအင်လိုအပ်ချက်ကြောင့်လား? 🏗️

⚡ကရိန်းကြီးတွေ မောင်းနှင်ဖို့၊ ကွန်ကရစ်ဖျော်စက်တွေသုံးဖို့နဲ့ ဝရိန်ဆော်ဖို့ အစရှိတဲ့ Heavy Equipment တွေကို ပါဝါအားအပြည့်ပေးနိုင်ဖို့ လောက်လောက်လားလားနဲ့ ခံနိုင်ရည်အားအပြည့်ရှိတဲ့ Diesel Generator ကို ရှာဖွေနေရင်တော့ Power Pro Diesel Generator တွေ ရှိပါတယ်ခင်ဗျာ။

ဘာကြောင့် Construction Site တွေအတွက် Power Pro က အိုခေပြီး စိုပြည်သွားစေရတာလဲ?

🔹 စွမ်းဆောင်ရည် အမြင့်ဆုံးနဲ့ ရုန်းအားအကောင်းဆုံး Cummins Engine

🔹 လျှပ်စစ်အားကို တည်ငြိမ်စွာနဲ့ အပြည့်အဝ ထုတ်လွှတ်ပေးနိုင်တဲ့ Stamford Alternator

🔹 မီးစက်တစ်ခုလုံးကို တိကျသေချာစွာ စောင့်ကြည့်ထိန်းချုပ်ပေးနိုင်တဲ့ အဆင့်မြင့် Deepsea UK Controller

🔹 အလွယ်တကူ Maintenance လုပ်နိုင်မဲ့ Open Type နဲ့ အသံလုံတဲ့ Silent Type ဆိုပြီးရွေးချယ်နိုင်တဲ့အပြင်

🔹 လုပ်ငန်းအရွယ်အစားအပေါ်မူတည်ပြီး 4,000 KVA အထိ ရွေးချယ်ဝယ်ယူနိုင်တာမို့

လုပ်ငန်းခွင် လည်ပတ်မှုတွေ ပိုမိုတွင်ကျယ်စေဖို့နဲ့ စက်ယန္တရားကြီးတွေ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်အပြည့်နဲ့ အလုပ်လုပ်နိုင်ဖို့ စိတ်ချယုံကြည်ရဆုံး Power Pro ကိုသာ ရွေးချယ်တပ်ဆင်လိုက်ပါခင်ဗျာ 🤝

Power Wing Machinery ရဲ့ ရုံးသုံး ၊ လုပ်ငန်းသုံး ၊ အိမ်သုံး Power Pro မီးစက်တွေကို ဝယ်ယူတပ်ဆင်ဖို့

☎️ 09 788660022
☎️ 09 788660055 တို့ကို အခုပဲဆက်သွယ်လိုက်ပါ။




#မီးစက်

18/08/2026

ကိုယ့်စက်ရုံ၊ အလုပ်ရုံတွေမှာ Downtime တွေရှိနေသမျှ Profit တွေအဆုံးရှုံးခံနေရတာနဲ့ အတူတူပါပဲ 📉

ဘာကြောင့်လဲဆို Downtime ကြောင့် Production Line တွေကြန့်ကြာတယ်၊ ကြန့်ကြာတဲ့အခါ မှာထားတဲ့ Order တွေကို အပြည့်အဝမဖြည့်ဆည်းပေးနိုင်၊ မဖြည့်ဆည်းပေးနိုင်တော့ ဝင်ငွေက ထင်သလောက်မရနဲ့ အမှိုက်ကစ ပြာသာဒ်မီးလောင်တော့တာပါပဲ 😢

ဒါဆို စက်ရုံ၊ အလုပ်ရုံတွေရဲ့ Downtime ဖြစ်ရတဲ့ အကြောင်းအရင်းက စွမ်းအင်လိုအပ်ချက်ကြောင့်ဆိုရင်တော့ Power Pro Diesel Generator တွေကို အခုပဲတပ်ဆင်ထားလိုက်ပါ 💪

Power Pro Diesel Generator တွေရဲ့ အားသာချက်တွေကတော့
✅ လုပ်ငန်းသုံးအတွက် 100 kVA ကနေ 4,000 kVA အထိ ရွေးချယ်စရာရှိခြင်း
✅ အကြမ်းခံပြီး ရုန်းအားကောင်းတဲ့ ကမ္ဘာကျော် Cummins Engine တပ်ဆင်ထားခြင်း
✅ လျှပ်စစ်စွမ်းအင်ကို ပြည့်ဝစွာထုတ်လွှတ်ပေးနိုင်တဲ့ Stamford Alternator အသုံးပြုထားခြင်း
✅ မီးစက်တစ်ခုလုံးကို အလိုအလျောက် ထိန်းချုပ်ပေးနိုင်တဲ့ နာမည်ကြီး Deepsea (UK) Controller ပါဝင်ခြင်းတို့ကြောင့်

မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေမှာ ပြည့်ဝတဲ့ ပါဝါအားနဲ့ ယုံကြည်စိတ်ချရတဲ့ စွမ်းဆောင်ရည်ကို လိုလားတယ်ဆိုရင်တော့ Power Pro က အမှန်ကန်ဆုံး ရွေးချယ်မှုပါပဲခင်ဗျာ 🫡

Power Wing Machinery ရဲ့ ရုံးသုံး ၊ လုပ်ငန်းသုံး ၊ အိမ်သုံး Power Pro မီးစက်တွေကို ဝယ်ယူတပ်ဆင်ဖို့

☎️ 09 788660022
☎️ 09 788660055 တို့ကို အခုပဲဆက်သွယ်လိုက်ပါ။




#မီးစက်

17/08/2026

အရေးတကြီး ဆေးကုသမှုပြုလုပ်ဖို့ ကြိုးပမ်းနေချိန်မှာ မီးလာဖို့ထိုင်စောင့်နေလို့ ဖြစ်ပါ့မလား?

❤️‍🩹 ကျန်းမာရေးကိစ္စဆိုတာ ဘာကိုမှအချိန်ဆွဲပြီး ထိုင်စောင့်နေလို့မရတဲ့ ကိစ္စဖြစ်လို့ အရေးကြီးဆုံးအချိန်တွေမှာ လိုအပ်တဲ့စွမ်းအင်ကို အပြည့်အဝဆုံးနဲ့ အမြန်ဆုံး အစားထိုးပေးနိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ Power Pro Diesel Generator တွေကို ဆေးရုံ၊ ဆေးခန်းတွေမှာ Standby အနေနဲ့ မဖြစ်မနေ ကြိုတင်တပ်ဆင်ထားသင့်ပါတယ်။

⚡ ATS အသင့်ချိတ်ဆက်နိုင်လို့ မီးပျက်သွားခဲ့ရင် အချိန်တိုအတွင်းမှာ အလိုအလျောက် လျှပ်စစ်မီးပြန်ရမယ်
⚡ ဆူညံသံကင်းတဲ့ Soundproof အမျိုးအစားမို့ လူနာတွေကို အနှောင့်အယှက်မဖြစ်စေဘူး
⚡ ခေတ်မီ China Top Premium Factory ကနေ တိုက်ရိုက်တင်သွင်းထားလို့ အရည်အသွေးပြည့်မီတယ်
⚡ ၂၄ နာရီ Customer သီးသန့် Hotline၊ ကျွမ်းကျင်မှုအပြည့်ရှိတဲ့ Service Team နဲ့ Spare Parts တွေလည်း အသင့်ရှိနေတဲ့ Aftersales Service တွေကြောင့်

ဘယ်လိုအခြေအနေမျိုးမှာမဆို လျှပ်စစ်မီးအသင့်ရှိနေဖို့အတွက်ဆို Power Pro အမှတ်တံဆိပ်ကိုသာ ယုံကြည်စွာနဲ့ ရွေးချယ်လိုက်ပါခင်ဗျာ။

Power Wing Machinery ရဲ့ ရုံးသုံး ၊ လုပ်ငန်းသုံး ၊ အိမ်သုံး Power Pro မီးစက်တွေကို ဝယ်ယူတပ်ဆင်ဖို့

☎️ 09 788660022
☎️ 09 788660055 တို့ကို အခုပဲဆက်သွယ်လိုက်ပါ။




#မီးစက်

27/07/2026

တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့ ရင်သွေးငယ်လေးတွေ ပညာရေးမှာ ထူးချွန်ထက်မြက်ပြီး အလင်းရောင်တွေ တောက်ပနေဖို့ဆိုရင်... 👦👧

သူတို့ရဲ့ သင်ယူမှုပတ်ဝန်းကျင်ကလည်း အမြဲတမ်း အဆင်ပြေချောမွေ့နေဖို့က အရေးကြီးပါတယ် 🏫

စာသင်နေချိန်မှာ မီးပျက်သွားတာမျိုးက ကလေးငယ်တွေရဲ့ အာရုံစူးစိုက်မှုကို အနှောင့်အယှက်ဖြစ်စေသလို စာသင်ခန်းတွင်းမှာ အပူဒဏ်နဲ့ အလင်းရောင်မလုံလောက်မှုတွေကြောင့် သင်ကြားရေးအရှိန်ကိုလည်း သိသိသာသာ လျော့ကျစေပါတယ်။

ဒါကြောင့် ကိုယ်ပိုင်ကျောင်းတွေ၊ မူကြိုကျောင်းတွေနဲ့ International School တွေအနေနဲ့ သင်ကြားရေးကဏ္ဍမှာ လျှပ်စစ်မီးကြောင့် လုံးဝအနှောင့်အယှက်မဖြစ်ရလေအောင် International Quality စံချိန်စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားတဲ့ Power Pro Diesel Generator တွေကို ကြိုတင်တပ်ဆင်ထားလိုက်ပါ။

Power Pro ရဲ့ အသံလုံမီးစက်ကြီးတွေက မောင်းနှင်နေချိန်မှာ ဆူညံသံ လုံးဝမရှိသလို ATS ချိတ်ဆက်နိုင်လို့ လျှပ်စစ်မီးကို အချိန်တိုအတွင်းမှာ ပြန်လည်ရရှိစေမှာမို့ စာသင်ခန်းတွေအတွက် အနှောင့်အယှက်ကင်းကင်းနဲ့ လိုအပ်တဲ့ လျှပ်စစ်ပါဝါကို အပြည့်အဝပေးစွမ်းနိုင်မှာပါ ⚡💡

Power Wing Machinery ရဲ့ ရုံးသုံး ၊ လုပ်ငန်းသုံး ၊ အိမ်သုံး Power Pro မီးစက်တွေကို ဝယ်ယူတပ်ဆင်ဖို့

☎️ 09 788660022
☎️ 09 788660055 တို့ကို အခုပဲဆက်သွယ်လိုက်ပါ။




#မီးစက်

25/07/2026

မီးစက်တစ်လုံး ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့နဲ့ လိုအပ်တဲ့အချိန်တိုင်း အပြည့်အဝအသုံးချနိုင်ဖို့ Maintenance ဆိုတာ အရေးပါတဲ့ကိစ္စတစ်ခုပါ 🏭⚡

ဒီ Maintenance ကိစ္စဆိုတာ မေ့သွားလို့လည်းမရသလို Delay လုပ်ထားလို့လည်း မဖြစ်ပါဘူး။
ဒါပေမဲ့ နေ့စဉ်နဲ့အမျှ အလုပ်များနေတတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့မီးစက်ကို ဘယ်အချိန် Maintenance လုပ်ရမလဲဆိုတာကို ခေါင်းထဲထည့်ထားနေစရာမလိုအောင် Power Pro က စီမံပေးထားပါတယ် 🤝

Power Pro ကို ရွေးချယ်မယ်ဆိုရင် Aftersales Service တစ်ခုအနေနဲ့ ကျွမ်းကျင် Service Team က သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း ပုံမှန် Maintenance Checkup တွေကို တာဝန်ယူ လာရောက်ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ် 🧑‍🔧

အင်ဂျင်ပိုင်းဆိုင်ရာကစလို့ မီးစက်တစ်လုံးလုံးရဲ့ အခြေအနေကို စနစ်တကျ စစ်ဆေးပေးမှာဖြစ်လို့ ချို့ယွင်းချက်တွေကို ကြိုတင်ကာကွယ်နိုင်ပြီး စိတ်အေးချမ်းသာစွာနဲ့ လုပ်ငန်းတွေကို ဆက်လက်လည်ပတ်နိုင်မှာပါ 🔁

ဒါကြောင့် ရေရှည်အသုံးခံပြီး ကွာလတီမှန်တဲ့အပြင် ဝန်ဆောင်မှုပိုင်းမှာပါ ရာနှုန်းပြည့် စိတ်ချယုံကြည်ရတဲ့ Power Pro Diesel Generator တွေကိုသာ သင့်လုပ်ငန်းအတွက် အကောင်းဆုံးပါတနာအဖြစ် ရွေးချယ်လိုက်ပါခင်ဗျာ။

Power Wing Machinery ရဲ့ ရုံးသုံး ၊ လုပ်ငန်းသုံး ၊ အိမ်သုံး Power Pro မီးစက်တွေကို ဝယ်ယူတပ်ဆင်ဖို့

☎️ 09 788660022
☎️ 09 788660055 တို့ကို အခုပဲဆက်သွယ်လိုက်ပါ။




#မီးစက်

22/07/2026

မီးစက်တစ်လုံးမှာ Battery ဆိုတဲ့ အခန်းကဏ္ဍက သေးသယောင်ရှိပေမဲ့ တကယ်တမ်းမှာတော့ အဓိကအကျတဲ့ အစိတ်အပိုင်းတစ်ခုထဲမှာ ပါပါတယ်။

Battery ဆိုတာ အင်ဂျင်ကိုနှိုးဖို့တင်မဟုတ်ဘဲ Digital Controller နဲ့ Sensor တွေကို ပါဝါပေးဖို့၊ မီးလိုင်းအလိုအလျောက်ပြောင်းပေးတဲ့ ATS စနစ်ကို အချိတ်အဆက်မိမိ အထောက်အပံ့ပေးဖို့အတွက် လိုအပ်ပါတယ်။

ဒါကြောင့် Battery ခဏခဏပျက်ပြီဆို မီးစက်တစ်လုံးလုံးရဲ့ လည်ပတ်မှုကို အများကြီးထိခိုက်သလို Battery တစ်လုံးရဲ့ တန်ဖိုးကလည်း မသေးတာမို့ မီးစက်ထဲက Battery ခဏခဏပျက်နေတယ်ဆို စစ်ဆေးကြည့်သင့်တဲ့ အချက်တွေကို မျှဝေလိုက်ပါတယ်ခင်ဗျာ။

🔋 Battery Charger ကို စစ်ဆေးပါ
Battery ကို အားသွင်းပေးတဲ့ Charger ပျက်နေတာ ဒါမှမဟုတ် အားသွင်းနှုန်းများလွန်းတာ၊ အားသွင်းနှုန်းနည်းလွန်းတာတွေက Battery သက်တမ်းကို အမြန်ဆုံးလျော့ကျစေတဲ့ အဓိကတရားခံတွေပါ။

🔋ဘက်ထရီခေါင်းနဲ့ ဝါယာကြိုးများကို စစ်ဆေးပါ
ဘက်ထရီငုတ်တွေမှာ ဂျီးတက်နေတာ၊ ဝါယာကြိုးတွေ လျော့ရဲနေတာတွေက လျှပ်စစ်စီးဆင်းမှုကို အဟန့်အတားဖြစ်စေသလို Battery ကိုလည်း အလွယ်တကူ ပျက်စီးစေပါတယ်။ ဒါကြောင့် ဘက်ထရီခေါင်းတွေကို အမြဲသန့်ရှင်းပြီး ကြပ်နေအောင်ထားရပါမယ်။

🔋 ပါဝါယိုစိမ့်မှုရှိမရှိ စစ်ဆေးပါ
မီးစက်မမောင်းဘဲ ရပ်ထားချိန်မှာ Controller ဒါမှမဟုတ် တခြား Sensor တွေဆီကနေ ပုံမှန်ထက် ပါဝါပိုဆွဲနေတာမျိုး ဒါမှမဟုတ် ဝါယာရှော့ဖြစ်နေတာမျိုး ရှိ၊ မရှိကို သေချာတိုင်းတာ စစ်ဆေးသင့်ပါတယ်။

🔋အရည်အသွေးနဲ့ သက်တမ်းကို ဆန်းစစ်ပါ
အသုံးပြုထားတဲ့ Battery က မီးစက်ရဲ့ လိုအပ်တဲ့ Ampere နဲ့ ကိုက်ညီမှုရှိရဲ့လား၊ သက်တမ်းလွန်နေပြီလား ဒါမှမဟုတ် Quality မကောင်းတဲ့ Battery မျိုးကို သုံးထားမိသလားဆိုတာကို ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။

ဒီအချက်တွေကို ပုံမှန်စစ်ဆေးပေးမယ်ဆိုရင်တော့ Battery ခဏခဏလဲရတဲ့ ကုန်ကျစရိတ်တွေ၊ Battery မကောင်းလို့ စက်မနိုးဘဲ လုပ်ငန်းလည်ပတ်မှု နှောင့်နှေးနေတာတွေကို လျှော့ချနိုင်မှာဖြစ်ပြီး မီးစက်ရဲ့ စွမ်းဆောင်ရည်ကိုလည်း အပြည့်အဝရရှိစေမှာပါ။




#မီးစက်

21/07/2026

သည်းသည်းထန်ထန် အဆက်မပြတ် ရွာသွန်းတတ်တဲ့ မိုးရာသီမှာ မီးစက်ကြီးတွေ စိုထိုင်းဆများပြီး ရေစိုလွယ်တာကြောင့် အခန့်မသင့်ရင် အရေးကြုံမှ နှိုးမရတဲ့ ပြဿနာမျိုးတွေ ကြုံရလာနိုင်ပါတယ်။

ဒါကြောင့် Diesel Generator ကြီးတွေ မိုးရာသီမှာလည်း ချို့ယွင်းမှုမရှိဘဲ အဆင်ပြေပြေ လျှပ်စစ်ဓာတ်အားတွေ ထုတ်လွှတ်ပေးနိုင်ဖို့အတွက် သေချာဂရုစိုက် ထိန်းသိမ်းရမယ့် အချက် (၄) ချက်ကို မျှဝေပေးလိုက်ပါတယ်။

Canopy (အမိုးအကာ) ကို သေချာစစ်ဆေးပါ ☔

မီးစက်ကို အပြင်မှာ ထားရှိတယ်ဆိုရင် ရေဝင်ရောက်မှုမရှိစေဖို့ Canopy က သေချာလုံရဲ့လား၊ ပေါက်ပြဲနေတာမျိုးရှိလားဆိုတာ သေချာစစ်ဆေးပါ။ မီးစက်အတွင်းပိုင်း Panel တွေထဲ ရေဝင်သွားရင် Short Circuit (မီးလော့ခ်ကျတာ) ဖြစ်တတ်လို့ အထူးသတိပြုရပါမယ်။

ဆီတိုင်ကီ (Fuel Tank) ကို ရေမဝင်အောင် ဂရုစိုက်ပါ ⛽

မိုးရာသီမှာ အဖြစ်အများဆုံး ပြဿနာက ဆီတိုင်ကီအဖုံးကတစ်ဆင့်ဖြစ်စေ၊ စိုထိုင်းဆကြောင့်ဖြစ်စေ ဒီဇယ်ဆီထဲ ရေငွေ့တွေ ရောနှောဝင်ရောက်သွားတာပဲ ဖြစ်ပါတယ်။ ဆီထဲ ရေပါသွားရင် အင်ဂျင်ကို အကြီးအကျယ် ထိခိုက်စေနိုင်လို့ ဆီဖြည့်တဲ့အခါ ရေမပါအောင် ဂရုစိုက်ဖို့ အထူးလိုအပ်ပါတယ်။

ဘက်ထရီနဲ့ ဝါယာကြိုးလိုင်းများကို စစ်ဆေးပါ 🔋

စိုထိုင်းဆများတဲ့အတွက် ဘက်ထရီခေါင်းတွေမှာ ဂျီးတက်လွယ်ပါတယ်။ ဘက်ထရီခေါင်းတွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးပြီး ငုတ်တွေသေချာမြဲနေရဲ့လား စစ်ဆေးပါ။ ဝါယာကြိုးလိုင်းတွေ ပေါက်ပြဲနေတာမျိုးရှိရင်လည်း Electric Shock အန္တရာယ်မရှိစေဖို့ ချက်ချင်းလဲလှယ်ရပါမယ်။

မီးစက်ကို ပုံမှန်လေး Run ပေးပါ ⚙️

မီးစက်ကို မသုံးဖြစ်ဘူးဆိုရင်တောင် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် (၁၀ မိနစ်မှ ၁၅ မိနစ်ခန့်) No-load နဲ့ ပုံမှန်နှိုးပေးပါ။ ဒါမှသာ အင်ဂျင်ဝိုင်တွေ အင်ဂျင်အတွင်းပိုင်းအနှံ့ လည်ပတ်နိုင်မှာဖြစ်ပြီး စက်နှိုးရခက်တဲ့ ပြဿနာကို ကျော်လွှားနိုင်မှာပါ။

မိုးရာသီမှာ ဒီအချက်လေးတွေကို သေချာဂရုစိုက်မယ်ဆိုရင်တော့ လုပ်ငန်းခွင်အတွက် လျှပ်စစ်မီးလိုအပ်ချက်ကို မီးစက်ကြီးကနေ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာမို့ မီးပျက်သွားတဲ့အခါမှာလည်း အခက်အခဲမရှိဘဲ ပုံမှန်အတိုင်း လည်ပတ်နိုင်မှာ အသေအချာပါပဲခင်ဗျာ။

Power Wing Machinery ရဲ့ ရုံးသုံး ၊ လုပ်ငန်းသုံး ၊ အိမ်သုံး Power Pro မီးစက်တွေကို ဝယ်ယူတပ်ဆင်ဖို့
☎️ 09 788660022
☎️ 09 788660055 တို့ကို အခုပဲဆက်သွယ်လိုက်ပါ။




#မီးစက်

Telephone

Address


95B Kyaik Waing Pagoda Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00