FC Real Power

FC Real Power

Share

The Power Of Achievement

27/08/2026

🌕 ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) မှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ! 🌕

မိုးစက်မိုးပေါက်တွေနဲ့အတူ လန်းဆန်းစွာ ဖူးပွင့်လာတဲ့ ခတ္တာပန်းလေးတွေနဲ့ ဝါခေါင်လရာသီကို ရောက်ရှိလိုလာခဲ့ပါပြီ။
ယနေ့ကျရောက်တဲ့ ဝါခေါင်လပြည့် "မေတ္တာအခါတော်နေ့" အခါသမယမှာ ရာသီပန်းဖြစ်တဲ့ ခတ္တာပန်းလေးတွေလိုပဲ လူတိုင်းရဲ့ ရင်ထဲမှာ မေတ္တာတရားတွေ အေးချမ်းစွာ ဖူးပွင့်နိုင်ကြပါစေ။ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် ချစ်ခင်ကြင်နာမှု၊ နားလည်မှုတွေနဲ့အတူ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်လေးများကို ဖန်တီးတည်ဆောက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပိုသလိုက်ပါတယ်။ ။ ✨

28/07/2026

ငြိမ်းချမ်းသာယာသော ဒုတိယဝါဆိုလပြည့်နေ့လေးဖြစ်ပါစေ။ 🌕🌸
ဓမ္မစကြာအခါတော်နေ့ နေ့ထူးနေ့မြတ်မှာ ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံစွာဖြင့် ကုသိုလ်တရားများ ပွားများနိုင်ကြပါစေကြောင်း Real Power မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏🏗

18/07/2026

၇၉ နှစ်မြောက် အာဇာနည်နေ့
🌟 မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် အသက်၊ သွေး၊ ချွေးများကို စတေးကာ ပေးဆပ်ခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား Real Power မိသားစုမှ အစဉ်အောက်မေ့ လေးစားလျက် ဦးညွှတ် ဂါရဝပြုအပ်ပါသည်။ 🙏
#အာဇာနည်နေ့

28/06/2026

🌕 အားလုံးအတွက် ငြိမ်းချမ်းသာယာသော ပထမဝါဆိုလပြည့်နေ့လေး ဖြစ်ပါစေ။ 🌕🌸

ခက်ခဲကြမ်းတမ်းတဲ့ လုပ်ငန်းခွင်တွေမှာ Real Power က အကောင်းဆုံးသော စက်ယန္တရား အပိုပစ္စည်းများဖြင့် အမြဲတမ်း အင်အားဖြည့်တင်းပေးနေသလို၊ ဒီနေ့လို နေ့ထူးနေ့မြတ်လေးမှာလည်း မိတ်ဆွေတို့ရဲ့ စိတ်နှလုံး အေးချမ်းမှုအပြည့်နဲ့ ကုသိုလ်တရားတွေ ပွားများနိုင်ပါစေ‌ကြောင်း ဆုတောင်း‌မေတ္တာပို့သလိုက်ပါတယ်။ 🙏💪

29/05/2026

ယနေ့ကျရောက်သော နယုန်လပြည့် (မဟာသမယအခါတော်နေ့) မြတ်တွင် Real Power ရဲ့ ချစ်မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ 🙏🌕

မဟာဝုန်တောကြီး၌ ဘုရားရှင်နှင့် ရဟန္တာအရှင်သူမြတ်တို့အား ဖူးမြော်ရန် နတ်၊ ဗြဟ္မာ၊ နဂါး၊ ဂဠုန်အပေါင်းတို့ စုံညီစွာစုဝေးရောက်ရှိလာခဲ့ကြသော "မဟာသမယ" အခါသမယကို အစွဲပြု၍ ပေါ်ပေါက်လာသည့် ဤနေ့ထူးနေ့မြတ်တွင် မိတ်ဆွေတို့၏ အိမ်နှင့် လုပ်ငန်းခွင်များ၌ နတ်ကောင်းနတ်မြတ်တို့၏ စောင့်ရှောက်မှုများရရှိကာ အဆင်ပြေချောမွေ့ပြီး ဒီထက်မက အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨🏢📈

#နယုန်လပြည့် #မဟာသမယနေ့

07/05/2026

FC Real Power မှ May လအတွက် ညနေ 5:00 မှ 6:00 အထိ Imperium Sport Arena တွင် ကွင်းယူထားပြီး ဖြစ်ပါတယ်ခင်ဗျာ ...။ ကျွန်တော်တို့ FC Real Power ဖြင့် ချစ်ကြည်ရေးခြေစမ်းပွဲ ကစားချင်သော အသင်းများရှိပါက Page Messenger (သို့ ) 09-252 406 362 သို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ...။

30/04/2026

"👷‍♂️တန်ဖိုးမဖြတ်နိုင်သော လုပ်အားရှင်များအား အလေးအနက် ဂုဏ်ပြုအပ်ပါသည်"
ယနေ့ မေလ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ တွင် လုပ်ငန်းခွင်အသီးသီး၌ အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသော အလုပ်သမားထုကြီး တစ်ရပ်လုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပါစေကြောင်း Real Power မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏✨

29/04/2026

"သာသနာနှစ် ၂၅၆၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် ချစ်မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါး အေးချမ်းကြပါစေ။" 🙏🌕

ဗုဒ္ဓမြတ်စွာဘုရားရှင် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူခြင်း၊ ဘုရားအဖြစ်သို့ ရောက်ရှိခြင်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတည်းဟူသော ထူးခြားသည့် မှတ်တိုင် (၄) ခုနှင့် ပြည့်စုံသည့် ဤနေ့ထူးနေ့မြတ်တွင် ကုသိုလ်ကောင်းမှုများဖြင့် ပြည့်စုံနိုင်ကြပါစေ။
ယနေ့မှစ၍ မိတ်ဆွေတို့၏ မိသားစုနှင့် လုပ်ငန်းခွင်များတွင် အေးမြသော ကဆုန်ရေစင်ကဲ့သို့ အဆင်ပြေချောမွေ့မှုများ အမြဲရရှိနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🤝✨

16/02/2026

တရုတ်နှစ်သစ်ကူးအခါသမယမှာ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ။ 🧧✨
နှစ်သစ်မှာ လုပ်ငန်းသစ်တွေ ရင်းနှီးမြှပ်နှံမှုအသစ်တွေအပြည့်နဲ့ အောင်မြင်မှုမှတ်တိုင်များစွာကို စိုက်ထူနိုင်ကြပါစေကြောင်း Real Power မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🏮💪

Category

Website

Address


No. (64)A , Naung Yoe Street, Mayangone Township
Yangon