CHID Bank

CHID Bank

Share

Promising Futures

30/09/2026

🩵 တင်ဒါလုပ်ငန်းများ အောင်မြင်စွာ ပြီးမြောက်ဖို့ CHID Bank ရဲ့ PO/PBG (Payment Order & Performance Bank Guarantee) ဝန်ဆောင်မှု
တင်ဒါအောင်မြင်ပြီးနောက် ပရောဂျက်များကို သတ်မှတ်ချိန်အတွင်း စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်ဖို့ ငွေကြေးနှင့် အာမခံချက်ဆိုင်ရာ လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
✅ လူကြီးမင်းတို့၏ Private Tender ၊ Government Tender လုပ်ငန်းများအတွက် ငွေပေးချေမှုများကို အဆင်ပြေချောမွေ့ စိတ်ချရစေရန် Payment Order (PO) ဝန်ဆောင်မှုနှင့်
✅ မိတ်ဖက်လုပ်ငန်းများနှင့် ချိတ်ဆက်ရာတွင် ခိုင်မာသော ယုံကြည်မှုနှင့် လုပ်ငန်းပုံရိပ် တည်ဆောက်နိုင်ရန် Performance Bank Guarantee (PBG) ဝန်ဆောင်မှုများကို နီးစပ်ရာ CHID Bank ဘဏ်ခွဲတိုင်းတွင် လူကြီးမင်းတို့၏ လုပ်ငန်းလိုအပ်ချက်နှင့်အညီ လွယ်ကူလျင်မြန်စွာ လာရောက်လျှောက်ထားနိုင်ပါပြီ။
📞 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက နီးစပ်ရာ CHID Bank ဘဏ်ခွဲများသို့ လာရောက်စုံစမ်းနိုင်သည့်အပြင် Call Center ဖုန်းနံပါတ် 09 401 010 810 ၊ 09 401 010 820 တို့သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
တင်ဒါအောင်မြင်သည့် အချိန်မှသည် ပရောဂျက်များ ပြီးမြောက်အောင်မြင်သည်အထိ CHID Bank နှင့်အတူ ယုံကြည်စိတ်ချစွာ လက်တွဲလျှောက်လှမ်းလိုက်ပါ။
🏦💙

Photos from CHID Bank's post 29/09/2026

ဘဏ်လုပ်ငန်းဝန်ဆောင်မှုစွမ်းရည်အရည်အသွေးမြှင့်တင်ရန် CHID Bank ၏ Town Hall Meeting နှင့် Credit Analysis Training ကျင်းပပြုလုပ်ခြင်း

CHID Bank ၏ ဦးဆောင်သူများနှင့် ဘဏ်ခွဲအသီးသီးမှ ဘဏ်ခွဲတာဝန်ခံများအကြား လုပ်ငန်းများ ပိုမိုနီးကပ်စွာ ချိတ်ဆက်ပူးပေါင်းနိုင်ရန်၊ စည်းလုံးညီညွတ်မှုရှိစေရန်နှင့် အဖွဲ့အစည်းအတွင်း ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးရန် ရည်ရွယ်၍ CHID Bank ၏ Strategic Town Hall Meeting အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် CHID Bank ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ CHID Bank ၏ ဒုဥက္ကဌ ၂ နှင့်တကွ C Levels များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဘဏ်ခွဲအသီးသီးရှိ တာဝန်ခံများ တက်ရောက်ခဲ့ကြပီး ဒုဥက္ကဌ ၂ နှင့် Chief Executive Officer ဦးရဲထွန်းဦးတို့မှ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းလမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ ဘဏ်ခွဲတာဝန်ခံများ၊ ဌာနမှူးများမှ လက်ရှိလုပ်ငန်းအခြေအနေများ၊ လုပ်ငန်းခွင်ဆိုင်ရာ စိန်ခေါ်မှုများအား တင်ပြဆွေးနွေးပြီး ဌာနအချင်းချင်း၊ ဘဏ်ခွဲများအကြား ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအား အကြံပြု၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

ထို့အပြင် CHID Bank သည် ဘဏ်ဝန်ဆောင်မှု အရည်အသွေးများ ပိုမိုကောင်းမွန်လာစေရန်နှင့် စနစ်ကျသော ချေးငွေစီမံခန့်ခွဲမှုစနစ် ပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ ဝန်ထမ်းများအတွက် ချေးငွေသုံးသပ်ဆန်းစစ်မှု သင်တန်း (Credit Analysis Training) ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် CHID Bank ရုံးချုပ်၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယနေ့ခေတ် ပြောင်းလဲတိုးတက်နေသော ဘဏ်လုပ်ငန်းကဏ္ဍတွင် Credit Analysis (ချေးငွေသုံးသပ်ဆန်းစစ်ခြင်း)သည် ဘဏ်၏ တည်ငြိမ်ခိုင်မာမှုနှင့် ဘဏ္ဍာရေးလုံခြုံမှုကို ထိန်းသိမ်းပေးသည့် အဓိကမဏ္ဍိုင်တစ်ခု ဖြစ်ပါသည်။ ချေးငွေမထုတ်ပေးမှီ ဖောက်သည်များ၏ ငွေကြေးဆိုင်ရာ အချက်အလက်များ၊ လက်ရှိငွေကြေးစီးဆင်းမှု (Cash Flow)၊ ကြွေးဆပ်နိုင်စွမ်းနှင့် လုပ်ငန်း၏အလားအလာများကို စနစ်တကျ အကဲဖြတ်ဆန်းစစ်ခြင်းဖြင့် မလိုလားအပ်သော ချေးငွေကြွေးကျန် ပြဿနာများ (Non-Performing Loans) နှင့် ဘဏ္ဍာရေးဆိုင်ရာ စိစစ်မှုအားနည်းချက်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေများကို ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ခန့်မှန်းတွက်ဆချက်များထက် ခိုင်မာသည့် စာရင်းဇယား အချက်အလက်များကို အခြေခံ၍ ဆုံးဖြတ်ခြင်းကြောင့် ဘဏ်၏ လုံခြုံရေးကို ကာကွယ်ပေးရုံသာမက စည်းကမ်းပြည့်ဝပြီး ခိုင်မာသော ချေးငွေထုတ်ပေးမှု စနစ်တစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

ပိုမိုခိုင်မာသော Branch Leadership၊ ပိုမိုကောင်းမွန်သော Credit ပိုင်းဆိုင်ရာဝန်ဆောင်မှုများနှင့် Customer များအား အကောင်းမွန်ဆုံးဝန်ဆောင်မှုပေးနိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် Town Hall Meeting နှင့် Credit Analysis Training များကို Learning & Collaboration Platform တစ်ခုအဖြစ် CHID Bank သည် မိမိတို့၏ People, Knowledge နှင့် Leadership တို့ကို စဉ်ဆက်မပြတ် တိုးမြှင့်ပေးလျက်ရှိကြောင်း ပြောကြားရင်း မှတ်တမ်းပုံရိပ်များကို ပြန်လည်မျှဝေလိုက်ရပါတယ်ရှင်။

29/09/2026

🔐 ဒစ်ဂျစ်တယ် လုံခြုံရေးအတွက် Digital Detox ပြုလုပ်ပေးပါ။

ဒစ်ဂျစ်တယ် လုံခြုံရေးအတွက် Digital Detox ပြုလုပ်တယ်ဆိုတာ နေ့စဉ် Social Media တွေ၊ App တွေနဲ့ Online Service တွေကို အသုံးပြုရင်း မလိုအပ်တော့တဲ့ App တွေ၊ Account တွေနဲ့ Personal Information တွေ စုပုံလာတဲ့အခါ Digital Detox ပြုလုပ်ရင်း Screen Time လျှော့ချရုံသာမက ကိုယ့်ရဲ့ Digital Security ကိုပါ ပြန်လည်စစ်ဆေးပေးဖို့ ဆိုလိုခြင်းဖြစ်ပါတယ်။

📱 Digital Detox လုပ်တဲ့အခါ ဒီအချက်တွေကို စစ်ဆေးပေးပါ။
🔹 မသုံးတော့တဲ့ App တွေကို ဖယ်ရှားပါ
မလိုအပ်တော့တဲ့ App တွေကို Delete ပြုလုပ်ပြီး ကိုယ့်ဖုန်းထဲမှာ မလိုအပ်တဲ့ App တွေ မရှိအောင် ရှင်းလင်းပေးပါ။
🔹 App Permission တွေကို ပြန်စစ်ပါ
Location, Camera, Microphone, Contacts နဲ့ Photos စတဲ့ Personal Information တွေကို ဘယ် App တွေက အသုံးပြုခွင့်ရထားလဲ ပြန်လည်စစ်ဆေးပြီး မလိုအပ်တဲ့ Permission တွေကို ပိတ်ထားပါ။
🔹 Password နဲ့ Account Security ကို စစ်ဆေးပါ
Account တစ်ခုနဲ့တစ်ခု Password မတူအောင် အသုံးပြုပြီး အရေးကြီးတဲ့ Account တွေမှာ Two-Factor Authentication (2FA) ကို ဖွင့်ထားပါ။
🔹 မသိတဲ့ Link နဲ့ Message တွေကို ရှင်းလင်းပါ
မသိတဲ့သူထံက ရရှိလာတဲ့ Link၊ File နဲ့ Message တွေကို သတိထားပါ။ အထူးသဖြင့် OTP၊ Password နဲ့ Banking Information တောင်းခံတဲ့ Message တွေကို မယုံကြည်မီ သေချာစစ်ဆေးပါ။
🔹 Social Media Privacy Settings ကို ပြန်စစ်ပါ
Public ဖြစ်နေတဲ့ Personal Information တွေကို ပြန်လည်စစ်ဆေးပြီး ကိုယ့်ရဲ့ Privacy ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်ထားပါ။
🔹 Device နဲ့ App တွေကို Update ပြုလုပ်ပါ
ဖုန်း Operating System နဲ့ App တွေကို နောက်ဆုံး Version အထိ Update ပြုလုပ်ထားခြင်းကလည်း Digital Security အတွက် အရေးကြီးပါတယ်။
✨ Digital Detox ဆိုတာ ဖုန်းအသုံးမပြုဘဲ အနားမယူတာ၊ Social Media တွေအသုံးမပြုတာ ကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ Digital Space ထဲမှာ မလိုအပ်တော့တဲ့ Account၊ App၊ Permission နဲ့ Information တွေကို ပြန်လည်စစ်ဆေးပြီး ပိုမိုလုံခြုံတဲ့ Digital Environment တစ်ခု ဖန်တီးပေးခြင်းလည်း ဖြစ်ပါတယ်။
ဒီနေ့ပဲ ကိုယ့်ရဲ့ Digital Space ကို တစ်ချက်ပြန်စစ်ပြီး ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်လိုက်ပါ။ 🔐💙

28/09/2026

ဘဏ်ပိတ်ရက် အသိပေးကြေညာခြင်း
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ (၁) ရက် (ကြာသာပတေးနေ့) သည် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ “ဘဏ်ပိတ်ရက်” ဖြစ်ပါသောကြောင့် CHID Bank ရုံးချုပ် နှင့် ဘဏ်ခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
ရုံးပိတ်ရက်အတွင်း CHID Bank ၏ ATM ဝန်ဆောင်မှုများနှင့် Mobile Banking ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း (၂၄) နာရီပတ်လုံး အသုံးပြုနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။
ရုံးပိတ်ရက်များမှာ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုတွေအတွက် သိလိုသမျှ မေးမြန်းမှုများကို ဖြေဆိုပေးနိုင်ဖို့ CHID Bank ရဲ့ Call Centre ဖုန်းနံပါတ်များဖြစ်သော 09 401 010 810 , 09 401 010 820 သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

Photos from CHID Bank's post 28/09/2026

သင့်ဘဝရဲ့အောင်မြင်မှုအတွက် အကောင်းဆုံးလုပ်ငန်းခွင်ကို CHID Bank မှာ ရှာဖွေလိုက်ပါ ...
CHID Bank ဟာ လုပ်ငန်းခွင်မှာ သင့်ကိုပိုမိုတိုးတက်စေဖို့နဲ့ သင့်ရဲ့စိတ်ကူးအိမ်မက်များကို လက်တွေ့ကျကျ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရန်အတွက် ယုံကြည်စိတ်ချရတဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်တာမလို့ ယခုပဲလျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

🔹Project Evaluation Department
✅Deputy Manager: 1 Post
✅Supervisor: 1 Post

🔹Loan Litigation Department
✅Deputy Manager: 1 Post

🔹Internal Audit Department
✅Senior Banking Assistant: 1 Post

🕘Working Hours : 9:00 AM to 5:00 PM
📅Off Days : Saturday, Sunday and Public Holidays
🏦Industry : Banking Industry
အလုပ်လျှောက်ထားလိုပါက [email protected] သို့ CV Form ပေးပို့ လျှောက်ထားနိုင်သလို CHID Bank Recruitment Team ရဲ့ ဖုန်းနံပါတ် 09449557439 ကိုလည်း ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ပါတယ်။
သင့်အနာဂတ်ကို ထုဆစ်ပုံဖော်ဖို့ အခုပဲလျှောက်ထားလိုက်တော့နော်။

25/09/2026

🏗️ သင့်လုပ်ငန်းတိုးတက်အောင်မြင်ဖို့ CHID Bank Construction Loan နဲ့ လက်တွဲစို့
ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးအရင်းအနှီးက အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်နေပါတယ်။ လုပ်ငန်းတိုးချဲ့ဖို့ဖြစ်စေ၊ ဆောက်လုပ်ရေးစီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ဖြစ်စေ လိုအပ်တဲ့ ငွေကြေးအရင်းအနှီးကို စနစ်တကျ စီမံထားနိုင်ဖို့လိုအပ်ပါတယ်။
ဒါကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် လိုအပ်တဲ့ ငွေကြေးအရင်းအနှီးကို အချိန်မီရယူနိုင်ဖို့ CHID Bank Construction Loan ကို နီးစပ်ရာ CHID Bank ဘဏ်ခွဲများမှာ လာရောက်လျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်။
📌CHID Bank Construction Loan နှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို မေးမြန်းစုံစမ်းလိုပါက နီးစပ်ရာ CHID Bank ဘဏ်ခွဲများတွင် လာရောက်စုံစမ်းနိုင်သလို Call Center ဖုန်းနံပါတ် 09 401 010 810 နှင့် 09 401 010 820 သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
မိမိရဲ့ ဆောက်လုပ်ရေးလုပ်ငန်း ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ပြီး လုပ်ငန်းတိုးတက်အောင်မြင်မှုဆီ ဆက်လက်လျှောက်လှမ်းနိုင်ဖို့ CHID Bank က ယုံကြည်စိတ်ချရတဲ့ ငွေကြေးမိတ်ဖက်အဖြစ် အတူရှိနေပါတယ်။ 🩵

23/09/2026

အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရာမှာ ငွေစုခြင်းက အရေးကြီးတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ ယနေ့ရရှိတဲ့ ဝင်ငွေထဲက အနည်းငယ်ကို ပုံမှန်စုဆောင်းထားခြင်းက မမျှော်လင့်ထားတဲ့ အသုံးစရိတ်တွေကို ရင်ဆိုင်နိုင်ဖို့နဲ့ အနာဂတ်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။
🔐ဘာကြောင့် ငွေစုသင့်တာလဲ?
✅ မမျှော်လင့်ထားတဲ့ အရေးပေါ်အသုံးစရိတ်တွေအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ခြင်း
✅ ကိုယ်ပိုင်ရည်မှန်းချက်တွေဖြစ်တဲ့ ပညာရေး၊ အိမ်၊ လုပ်ငန်းနဲ့ အခြားအနာဂတ်အစီအစဉ်တွေအတွက် ငွေကြေးအခြေခံကောင်းတစ်ခု တည်ဆောက်နိုင်ခြင်း
✅ လစဉ်ဝင်ငွေနဲ့ အသုံးစရိတ်တွေကို ပိုမိုစနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း
✅ ပုံမှန်စုဆောင်းတဲ့ အလေ့အကျင့်ကနေ ငွေကြေးဆိုင်ရာ စည်းကမ်းကောင်းတစ်ခု တည်ဆောက်နိုင်ခြင်း
ငွေစုခြင်းမှာ အရေးကြီးဆုံးက ပမာဏများများ စုနိုင်ဖို့ထက် ပုံမှန်စုဆောင်းနိုင်ဖို့ ဖြစ်ပါတယ်။ လစဉ်ဝင်ငွေထဲက ကိုယ်တတ်နိုင်တဲ့ ပမာဏလေးနဲ့ စတင်ပြီး ရည်မှန်းချက်တစ်ခုချင်းစီအတွက် စနစ်တကျ စုဆောင်းသွားနိုင်ပါတယ်။
သင့်ရဲ့ ဒီနေ့ စုဆောင်းမှုသေးသေးလေးတွေက မနက်ဖြန်ရဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် အခြေခံကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ 🌱
💙 အနာဂတ်အတွက် စုဆောင်းမှုတိုင်းမှာ ယုံကြည်စိတ်ချရတဲ့ ငွေကြေးမိတ်ဖက်အဖြစ် CHID Bank နဲ့အတူ စုဆောင်းလိုက်ပါ။

18/09/2026

💼 ဝန်ထမ်းလစာပေးချေမှုအတွက် လွယ်ကူ၊ မြန်ဆန်၊ စိတ်ချရတဲ့ CHID Payroll Service

လုပ်ငန်းရှင်များနဲ့ HR များအတွက် ဝန်ထမ်းလစာပေးချေမှုကို စနစ်တကျ စီမံခန့်ခွဲနိုင်ပြီး အချိန်ကုန်သက်သာစေဖို့ CHID Payroll Service နဲ့အတူ ဝန်ထမ်းလစာပေးချေလိုက်ပါ။
Payroll Service ကိုအသုံးပြုပြီး ဝန်ထမ်းများအတွက် လစာပေးရက်မှာ အချိန်မီ လစာငွေ ပေးချေနိုင်ပြီး
CHID Payroll Service နဲ့အတူ
✔️ လစာပေးချေမှုလုပ်ငန်းစဉ်များကို လွယ်ကူစွာ စီမံနိုင်ခြင်း
✔️ ဝန်ထမ်းလစာပေးချေမှုကို မြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်း
✔️ လစာပေးချေမှုများကို တိတိကျကျ ယုံကြည်စိတ်ချစွာ စီမံနိုင်ခြင်း
တို့ကို ရရှိနိုင်မှာဖြစ်ပါတယ်။
Payroll Management ကို ပိုမိုလွယ်ကူထိရောက်စေဖို့ CHID Payroll Service နဲ့အတူ စတင်လိုက်ပါ။ 💙

16/09/2026

လုပ်ငန်းတိုးတက်မှုအတွက် ယုံကြည်စိတ်ချရတဲ့ ငွေကြေးမိတ်ဖက် - CHID Bank MSMEs Loan 💼💙

လူကြီးမင်းတို့ရဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား (MSMEs) လုပ်ငန်းများကို ပိုမိုတိုးချဲ့ပြီး ရေရှည်တည်တံ့အောင် တည်ဆောက်လိုပါသလား?
လုပ်ငန်းတိုးချဲ့ရန်၊ လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်နှင့် လုပ်ငန်းလည်ပတ်မှု ငွေကြေးအရင်းအနှီးများအတွက် CHID Bank MSMEs Loan က လူကြီးမင်းနဲ့အတူ အသင့်ရှိနေပါတယ်။
✅ မိမိတို့ လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ငွေကြေးအထောက်အပံ့ကို ရယူပြီး လုပ်ငန်းရဲ့ အနာဂတ်အတွက် ခြေလှမ်းသစ်တွေကို ယုံကြည်ချက်ရှိရှိ စတင်နိုင်ဖို့ နီးစပ်ရာ CHID Bank ဘဏ်ခွဲများတွင် CHID Bank MSMEs Loan ကို အခုပဲ လာရောက်လျှောက်ထားလိုက်ပါ။
CHID Bank MSMEs Loan နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို နီးစပ်ရာ ဘဏ်ခွဲများတွင် စုံစမ်းနိုင်သည့်အပြင် Call Center ဖုန်းနံပါတ်များဖြစ်သော 09 401 010 810 နှင့် 09 401 010 820 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

11/09/2026

📲 ဖုန်းဘေလ်ဖြည့်ဖို့ လိုအပ်နေပြီလား?
ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ်ပြတ်မသွားဖို့ ဖုန်းဘေလ်ဖြည့်ဖို့လိုအပ်လာတိုင်း CHID Pay နဲ့ ဖုန်းဘေလ်ဖြည့်ပြီး Discount တွေယူဖို့ မမေ့နဲ့နော်။
✅ CHID Pay မှာ မည်သည့်ဖုန်းအော်ပရေတာအတွက်မဆို အနည်းဆုံး ၁,၀၀၀ ကျပ်ကစပြီး ဖုန်းဘေလ်ဖြည့်လိုက်တိုင်း Discount တွေရရှိမှာဖြစ်လို့ မိမိကိုယ်တိုင်အတွက်ဖြစ်စေ ချစ်ခင်ရသူတွေအတွက်ဖြစ်စေ ဖုန်းဘေလ်ဖြည့်ပြီး Discount တွေရယူလိုက်ပါ။

Download CHID Pay ⬇️
Android ~ https://shorturl.at/JDqCm
IOS ~ https://shorturl.at/BTgAD

Category

Telephone

Address


No. 60, Shwedagon Pagoda Road, Yaw Min Gyi Quarter, Dagon Township
Yangon
11111

Opening Hours

Monday 09:30 - 15:00
Tuesday 09:30 - 15:00
Wednesday 09:30 - 15:00
Thursday 09:30 - 15:00
Friday 09:30 - 15:00

Alerts

Be the first to know and let us send you an email when CHID Bank posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.