Easy Learning English
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Easy Learning English, Education, Tokyo, Yangon.
about "I want you to"
17/08/2025
👨🏫I want you to ဆိုတာကတော့ ကျွန်တော်က ခင်များကို (ပြုလုပ်စေချင်/ပေးစေချင်) ဆိုတဲ့ ဆန္ဒရှိတာ / သူများကိ တောင်းဆိုချင်တဲ့ ဆန္ဒရှိတာကို ဖော်ပြပြောဆိုချင်တဲ့အခါမှာ အသုံးပြုကြပါတယ်။
Grammer သဘောတရားအရ စာကြောင်းတည်ဆောက်ပုံက ပုံမှန်အားဖြင့်...
Sub (ပြုလုပ်သူ) + want to (ချင်တဲ့ဆန္ဒထုတ်ဖော်ကချက်) + V1 (ကြိယာ) + Object(ပြုလုပ်ခြင်းခံရသူ) နဲ့တည်ဆောက်ကြပါတယ်။
I want you to တည်ဆောက်ပုံ You နေရာမှာ Third Parties များဖြစ်ကြသည့် Him/Her/it/them တို့နဲ့လည်း အစားထိုးအသုံးပြုနိုင်ပါသည်။ (သတိ--->>> him နေရာမှာ He, Her နေရာမှာ She, Them နေရာမှာ They တို့နဲ့ မှားယွင်းစွာ အသုံးပြုတက်သည်ကို သတိပြုပါ၊ လုံးဝအသုံးမပြုရပါ)။
ဉပမာစာကြောင်းများလေ့လာကြည့်ကြရအောင်....
I want to come to your party.
ကျွန်တော် ခင်ဗျားရဲ့ ပါတီပွဲကို လာချင်ပါတယ်။
I want you to come to my party.
ကျွန်တော် ခင်ဗျားကို ကျွန်တော့်ရဲ့ပါတီပွဲ ကို/သို့ လာစေချင်တယ်။
I want him to come to my party.
ကျွန်တော် သူ့ကို ကျွန်တော့်ရဲ့ပါတီပွဲ ကို/သို့ လာစေချင်တယ်။
I want her to come to my party.
ကျွန်တော် သူမကို ကျွန်တော့်ရဲ့ပါတီပွဲ ကို/သို့ လာစေချင်တယ်။
I want them to come to my party.
ကျွန်တော် သူတို့ကို ကျွန်တော့်ရဲ့ပါတီပွဲ ကို/သို့ လာစေချင်တယ်။
He is helping me with my job because I want it done by tomorrow. သူကျွန်တော့်ရဲ့ အလုပ်ကို ကူညီလုပ်ပေးနေပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ထိုအလုပ်ကို မနက်ဖန် ပြီးမြောက်စေချင်တဲ့အတွက်ကြောင့်ပါ။ (ဘာသာပြန်လွယ်ကူစေရန် အဓိပ္ပာယ်မပျက်အောင်ပြန်ဆိုပေးထားသည်။
Q. What do you want to do this evening?
ခင်ဗျားဒီနေ့ညနေ ဘာလုပ်ချင်ပါသလဲ?
A. Well, I want to play with my friends.
ကောင်းပါပြီ, ကျွန်တော် ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူကစားချင်ပါ တယ်။
#ပိုပြီးမှတ်မိသွားအောင်Videosဖိုင်များ နဲ့ နောက်ပို့စ်တွေမှာတင်ပေးပါမယ်။
မိတ်ဆွေတို့ အကြောင်း အခြေခံအဆင့်သင်္ခန်းစာလေးကို လေ့လာသွား၊ မိတ်ဆွေအတွက် အများကြီး အကျိုးကျေးဇူးပြုမှာပါ။
YouTube Channel - https://www.youtube.com/watch?v=s39D5_Qg_Mk
03/08/2025
အခမဲ့သင်္ခန်းစာတွေနဲ့ အင်္ဂလိပ်စကားပြော လွယ်လွယ်ကူကူလေ့လာနိုင်တော့မှဖြစ်လို့ Like & Follow လေးလုပ်ပေးထားပါ။
We are coming with free & easy lessons for you to learn together.
Please Like & Follow. 🥰🥰🥰
✴️✴️✴️ ဒီနေ့ ကျွန်တော်တို့ ဆိုတဲ့ စကားစုအကြောင်း မှတ်မိသွားအောင် ပျော်ရွှင်ဖွယ် ဟာသလေးနဲ့ အတူတူလေ့လာကြရအောင် 😁😁😁 ✴️✴️✴️
📖 As luck would have it ဆိုတဲ့ အဓိပ္ပာယ်က ကံကောင်းချင်တော့ ၊ ကံဆိုးချင်တော့ ၊ ကံအကြောင်းအားလျော်စွာ ဆိုပြီး #၃မျိုးစလုံးနဲ့ မှတ်ယူနိုင်ပါတယ်။ 📖
📕📕📕 ဒါဆိုရင် အောက်ပါစာကြောင်းလေးတွေကိုဆက်ဖတ်ကြည့်ရအောင် ( #ကံအကြောင်းအားလျော်စွာ )........ 📕
📖 မောင်ဖိုးသဲ ရွာတောင်ပိုင်းက မရွှေဥ (သူတစ်ဖက်သက်ကြိုက်နေတဲ့ကောင်မလေး) ဆီကိုသွားလည်ခဲ့တယ်။
📗 Mg Phoe Thae visited his crush, Ma Shwe Oo in the southern part of the village.
📖 ကံအကြောင်းအားလျော်စွာဘဲ မောင်ဖိုးသဲ မရွှေဥကို ရွာရဲ့လမ်းစုံမှာ မထင်မှတ်တွေ့တဲ့အခါမှာ ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်တာဘာဖြစ်သလဲ/ဘာပြောခဲ့သလဲ?
📗 As luck would have it, when Mg Phoe Thae run into Ma Shwe Oo at the crossroad of the village, what was the awkward thing he said to her?
📖 ဟဲလို....... မရွှေဥ............ နေကောင်းလား ? လို့မေးလိုက်တယ်။
📗 Hello....... Ma Shwe Oo. How are you? Asked he.
📖 မရွှေဥက "ဟုတ်....... နေကောင်းပါတယ်" လို့ ပြန်ပြောလိုက်တယ်။
📗 "I am fine, thank you." Replied Ma Shwe Oo.
📕ဒါဆိုရင်နောက်တစ်ခု လေ့လာရအောင်( #ကံကောင်းချင်တော့) 📕
📖 ကံများကောင်းချင်တော့ မနေ့က မောင်ဖိုးသဲ လမ်းပေါ်ကနေ ၁၀၀၀၀ တန်ကျပ်တွေ့ခဲ့တယ်/ ကောက်ရခဲ့တယ်။
📗 As luck would have it, Mg Phoe Thae found a 10,000ks note on the street yesterday.
📕 နောက်တစ်ခု ( #ကံဆိုးချင်တော့)📕
📖 ကံဆိုးချင်တော့ မောင်ဖိုးသဲ ဘတ်စ်ကားဂိတ်ရောက်တဲ့အချိန်မှာဘဲ ဘတ်စ်ကားက ထွက်သွားတယ်။ သူကားမမှီတော့ဘူး လွတ်သွားတာပေါ့။
📗 As luck would have it, the bus left when Mg Phoe Thae arrived at the bus stop. And he missed the bus.
13/07/2025
I take refuge in the Buddha.
I take refuge in the Dhamma.
I take refuge in the Saṅgha.
၁။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
၂။ ဓမ္မံ သရဏံ ဂစ္ဆာမိ
တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
၃။ သံဃံ သရဏံ ဂစ္ဆာမိ
သံဃာတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
12/07/2025
#ချစ်စရာကောင်းလိုက်တဲ့မိန်းကလေး! #လှလိုက်တဲ့မိန်းကလေး! #ယဉ်ကျေးလိုက်တဲ့မိန်းကလေး! လို့ အင်္ဂလိပ်လို ဘယ်လိုပြောရမလဲ?
Admin ရဲ့ အဖြေကို comment box မှာ ကြည့်ပေးပါ။
မိမိတို့ရဲ့ စိတ်ကူးလေးကိုလည်း comment မှာဖြေသွားပေးနော်။
ကိုယ့်အားကို အားကိုးပါ 💪💪💪
23/10/2023
အင်္ဂလိပ်သဒ္ဒါသင်ကြားတဲ့အခါမှာ The first person, The second person, The third person ဆိုပြီး ခိုင်းနှိုင်းသုံးစွဲကြပါတယ်။
#လွယ်ကူလေ့လာအင်္ဂလိပ်စာမှ လူတိုင်းနားလည်နိုင်တဲ့ ပုံစံလေးနဲ့ မျှဝေပေးပါရစေ 🙏
The First Person ဆိုတာ ဉပမာ- ကျွန်တော်က ခင်းဗျားကို စကားပြောတယ်ဆိုပါစို့ ......
ကျွန်တော်က ခင်းဗျားကို စကားပြောနေလို့ "ကျွန်တော့်" ကို The First Person လို့ ဆိုလိုသတ်မှတ်ပါတယ်။
ကျွန်တော်တို့က ခင်ဗျားကို စကားပြောနေတယ်စိုပါစို့ ....
ဒါဆိုရင် "ကျွန်တော်တို့" ဆိုတာက The First Person ဖြစ်ပါတယ်။
အင်္ဂလိပ်ဘာသာမှာအသုံးပြုတဲ့ နာမ်စားတွေကတော့ ( I ) ကျွန်တော်, (We) ကျွန်တော်တို့ ဖြစ်ပါတယ်။
I am speaking to you. ကျွန်တော်ခင်ဗျားကို စကားပြောနေပါတယ်။
We are speaking to you. ကျွန်တော်တို့က ခင်ဗျားကို စကားပြောနေပါတယ်။
ဒီစာကြောင်းလေး နှစ်ကြောင်းမှာ I , We ဆိုတဲ့ နာမ်းစားတွေက The First Person တွေဘဲဖြစ်ပါတယ်။
ဒါဆိုရင် The Second Person နှင့် The Third Person က ဘယ်သူတွေဖြစ်မလဲ....... ?
နောက်ပို့စ်လေးတွေမှာ ဆက်ကြည့်ပေးနော်............. 🥰🥰🥰
အားလုံးဘဲ အင်္ဂလိပ်စာအပြောအဆို / အရေအသား ပိုမိုတိုးတက်ပါစေ 🙏
18/10/2023
အခြေခံသင်္ခန်းစာ English Grammar In Use မှ Present Simple အကြောင်း Am, is, are အသုံးပြုပုံ ကို လေ့လာလိုက်ကြရအောင် 🥰🥰🥰
Present Simple အကြောင်းအခြေခံသင်္ခန်းစာတွင် စတင်လေ့လာသူများအဖို့ နားလည်မှု တစ်စုတစ်ရာအခက်အခဲ ရှိခဲ့ပါက comment box နှင့် CB တွင် စာချန်ထားနိုင်ပါသည်။လွယ်ကူလေ့လာ အင်္ဂလိပ်စာion
လွယ်ကူလေ့လာ အင်္ဂလိပ်စာ am, is, are အသုံးပြုပုံ (Present Simple) English Grammar in use (အခြေခံအဆင့် Present Simple အကြောင်းသင်္ခန်းစာတွင် am, is, are အသုံးပြုပုံ ကို လေ့လာနိုင်ပါပြီ ။
15/10/2023
ကျွန်တော်နေရတာအေးတယ်။ ကျေးဇူးပြု၍ ပြတင်းတံခါးလေးပေးပိတ်နိုင်မလား ကို အင်္ဂလိပ်လို ဘယ်လိုပြောမလဲ?
မူရင်း အသံဖိုင် အောက်ပါလင့်ခ်မှာ နားထောင်နိုင်ပါပြီ....
အင်္ဂလိပ်စကားပြော Can you close the window, please? လွယ်ကူလေ့လာ အင်္ဂလိပ်စာမှာ လွယ်လွယ်ကူကူ လေ့လာကြမယ်
Category
Website
Address
Tokyo
Yangon
Alerts
Be the first to know and let us send you an email when Easy Learning English posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.