Mini Tour

Mini Tour

Share

𝐎𝐧𝐞 𝐒𝐭𝐨𝐩 𝐓𝐫𝐚𝐯𝐞𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐯𝐢𝐝𝐞𝐫.
❝ ခရီးသွားခြင်းဟာ ကမ္ဘာကြီးရဲ့အလှတရားကိုကြည့်ဖို့ အကောင်းဆုံးနည်းလမ်းပါ။ ❞

22/09/2026

‼️🎇၂၀၂၆တောင်ကြီးတန်ဆောင်တိုင် ပွဲခင်းထဲ လည်ပတ်မယ်ဆ်ို သတိပြုရမဲ့အချက်များ

(၁) ပွဲခင်းထဲသို့ စောစောသွားနိုငိလေ ပိုအဆင်ပြေလေပါပဲ ကားတွေ အရမ်းကျပ်ပိတ်ညှပ်နေတာမို့ အနီးစပ်ဆုံးထိကားစီးလာပြီး လမ်းလျှောက်သွားတာက ပိုအဆင်ပြေဆုံးပါနော်
ပွဲခင်းထဲသွားမဲ့ ကားတွေ တယောက်ဘယ်လောက်ဆ်ိုပီး အနီးစပ်ဆုံးထိ ကားတွေစီးလာလို့လည်းရပါတယိ

(၂)အအေးဒဏ်ခံနိုင်ဖို့ ကုတ်အကျီအရှည် Hoodies စသဖြင့် ထူထဲသော အ၀တ်အစားများ၀တ်သွားပါ။

(၃) ညှပ်ဖိနပ်အစား Sneakers ဖိနပ်ကိုစီးရင်တော့ ပြေးရလွားရတာပို အဆင်ပြေပါမယ်။ပြေးရလွားရဆိုတာ မီးကြည်မီးပုံးက ယမ်းကြတာ မီးရူးမီးပန်းများ အခန့်မသင့်ရင်ကြတာမို့ အပေါ်ကြည့် အောက်ကြည့်ပြေးဖို့ပါ ။

(၄) ပွဲခင်းထဲ မိမိတို့လူစုမကွဲအောင် လက်တွေချိတ် တွဲပြီးသွားသွားပါ လူစုကွဲသွားပါက ပြန်ဆုံရန် ပွဲခင်းထဲတွင် ဆုံမှတ် တခုသတ်မှတ်ထားပါနော်

(၅)လူထူထပ်တဲ့နေရာဖြစ်တာကြောင့် တန်ဖိုးကြီးလက်ဝတ်ရတနာများ၊ ပိုက်ဆံအများအပြားနဲ့ မလိုအပ်တဲ့ အီလက်ထရောနစ်ပစ္စည်းများ ယူဆောင်လာခြင်းကို ရှောင်ကြဉ်ပါ။

(၆)ညမီးကြီး လွတ်ချိန်ကို လေလမ်းကြောင်းကိုသတိပြုပါ လေနဲ့ ဆန့်ကျင်ဘက်တွင် နေပါ။အလံတွေက အလကားမဟုတ် လေလမ်းကြောင်းကိုသူတို့က ညွန်းပေးနေတာပါ မီးရှူးထိုးလို့ ယမ်းကြလို့ ဖျာနဲ့အုပ်ပြီးပြေးရတာတွေလည်းရှိတတ်တယ် မီးခိုး မှိုင်းနံ့ကြောင့် အဝတ်အစားအကောင်းတွေသိပ်မဝတ်ပါနဲ့

(၇)မီးပုံးပျံအဖွဲ့တွေရဲ့ ကားတန်းများအနီးနဲ့ သူတို့ရဲ့ ပြင်ဆင်ရေးဇုန် (ကြိုးတားထားသည့်နေရာ) အတွင်းသို့ လုံးဝမဝင်ပါနဲ့။ အဖွဲ့သားမဟုတ်ပါက အထင်လွဲမှားစွာ တိုက်ခိုက်ခံရနိုင်ပါတယ်။

(၈)ယမ်းခွေများ: မြေပြင်မှာ ခင်းကျင်းထားတဲ့ ယမ်းခွေတွေဟာ အလွန်အန္တရာယ်များပါတယ်။ ကလေး၊ လူကြီးမရွေး အနားကပ်ခြင်း၊ ကိုင်တွယ်ခြင်း လုံးဝမပြုလုပ်ပါနဲ့။
မီးသတ်ကားအနီး: မီးပုံးပျံပျက်ကျပါက မီးသတ်ကားများက ချက်ချင်းဆိုသလို လှုပ်ရှားရတာကြောင့် ယာဉ်တိုက်မှုအန္တရာယ်မဖြစ်စေဖို့ သူတို့အနားမှာ နေခြင်းကိုရှောင်ပါ။

(၉)မီးကြီးလွှတ်တင်ချိန်: မီးကြီးမီးပုံးပျံများဟာ အလွန်အန္တရာယ်များတဲ့အတွက် မြေပြင်မှာ အိပ်ပြီး၊ ထိုင်ပြီး အေးအေးလူလူကြည့်ရှုခြင်းကို ရှောင်ကြဉ်ပါ။ အရေးပေါ်အခြေအနေအတွက် အမြဲတမ်းသတိရှိပြီး အသင့်အနေအထားမှာ ရှိနေသင့်ပါတယ်။
မီးပုံးပျံ လွတ်တဲ့ အဖွဲ့များအားအနောက်ယှက်မဖြစ်အောင် လမ်းဖယ်ပေးတာ ကူညီပေးတာမျိုးလုပ်ပါ သူတို့ သတ်မှတ်ထားသော စည်းမကျော်ပါနှင့် မီးကြည်မီးပုံး ယမ်းချိန်စင်အနီးဆေးဆိပ် မသောက်ပါနှင့်။ မီးပုံပျံ တလုံးကို ၄ လ၅လ အချိန်ယူငွေးကြေးများစွာနဲ့ ရင်းပြီးဖန်တီးရတာမို့ သင့်ကြောင့်စိတ်အ‌ နှောက်အယှက်
မဖြစ်ပါစေနင့်

•(၁၀)ပွဲတော်ပြီးဆုံးချိန်: ပွဲတော်ဟာ မနက် ၁-၂ နာရီအထိ ကြာမြင့်တတ်ပါတယ်။ ပွဲသိမ်းလို့ ပြန်ချိန်မှာ လမ်းတွေဟာ မှောင်ပြီး လူပြတ်တတ်တာကြောင့် လုယှက်မှုအန္တရာယ်ကို အထူးသတိပြုပြီး တစ်ဦးတည်းမပြန်ဘဲ အုပ်စုဖွဲ့ပြန်ကြပါ။

#တောင်ကြီးတန်ဆောင်တိုင်ပွဲတော်

22/09/2026

🔥 လူငယ်ဆန်ပြီး Team Work ဖြစ်သော Working Environment တစ်ခုကိုရှာဖွေနေပါသလား
✨ခရီးသွားခြင်းကိုစိတ်ဝင်စားပီး Travel Industry တွင် Career Growth အခွင့်အလမ်းများ ရရှိချင်တယ်ဆိုရင်တော့

💼 Sales & Marketing (Female – 2Posts)

✅Key Responsibilities

📌Corporate Sales (B2B): B2B Client အသစ်များကို ရှာဖွေချဉ်းကပ်ခြင်း၊ Proposal/Quotation များ ပြင်ဆင်တင်ပြခြင်းနှင့် ရေရှည် လုပ်ငန်းဆက်ဆံရေး တည်ဆောက်ခြင်း။
📌General Sales & Marketing: Marketing Campaign များနှင့် Promotion အစီအစဉ်များကို စိစစ်ရေးဆွဲပြီး Sales Target များ ပြည့်မီအောင် ဆောင်ရွက်ခြင်း။
📌Digital Marketing Support: Digital Media Platform များတွင် Content တင်ဆက်ခြင်းနှင့် Leads များကို Sales အဖြစ် ပြောင်းလဲနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း။
📌Reporting: Sales Plan၊ Achievement များနှင့် စျေးကွက်အခြေအနေများကို Management သို့ ပုံမှန် အစီရင်ခံစာ တင်ပြခြင်း။

---

✅Requirements

📌Any Graduated ။ (Business/Marketing ဘွဲ့ရများ ပိုဦးစားပေးမည်)
📌Sales & Marketing နယ်ပယ်တွင် လုပ်သက် အနည်းဆုံး (၁) နှစ် ရှိရမည်။ (Corporate Sales သို့ Digital Marketing အတွေ့အကြုံရှိပါက ပိုမို ကောင်းမွန်မည်)
📌B2B Communication, Negotiation နှင့် Presentation Skill ကောင်းမွန်ရမည်။
📌MS Office (Excel, Word, PowerPoint) နှင့် Social Media Management ကို အခြေခံ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
📌Target-driven ဖြစ်ပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
📌မြန်မာ/အင်္ဂလိပ် ရေးသား၊ ပြောဆိုဆက်ဆံနိုင်စွမ်း ရှိရမည်။
_____________________________________

💼 Sales Person (Female - 2Posts)

✅Key Responsibilities

📌Inbound Sales & Customer Service: Viber၊ Phone နှင့် Walk-in ဝင်ရောက်လာသော Customer များအား Tour Package များနှင့် ပတ်သက်၍ မြန်ဆန်တိကျစွာ ရှင်းလင်းအကြံပြုခြင်းနှင့် Proposal/Quotation များ ပြင်ဆင်ပေးခြင်း။
📌Bus Ticket Booking: Customer များ လိုအပ်သော Express Bus Ticket ရောင်းချခြင်း၊ ခရီးစဉ် သတင်းအချက်အလက်များ ရှင်းလင်းပြောကြားခြင်းနှင့် Booking စနစ်တကျ ပြုလုပ်ပေးခြင်း။
📌Sales Follow-up & Relationship Management: Customer များအား Follow-up ပုံမှန်ပြုလုပ်၍ Booking Conversion တိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် Existing Customer များနှင့် ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းခြင်း။
📌Sales & Marketing Support: Marketing Campaign များ၊ Promotion အစီအစဉ်များနှင့် Marketing Team ၏ အခြားသော လုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးပေးခြင်း။
📌Sales Reporting: Daily / Monthly Sales Target များ ပြည့်မီအောင် ဆောင်ရွက်ပြီး Management သို့ အစီရင်ခံစာ ပုံမှန်တင်ပြခြင်း။

---

✅Requirements

📌Travel & Tour Industry သို့မဟုတ် Customer Service / Sales ပိုင်းကို စိတ်ဝင်စားသူ ဖြစ်ရမည်။ (Travel & Tour Sales Experience ရှိသူများကို ဦးစားပေးမည်)
📌Customer များနှင့် ဆက်ဆံရာတွင် ယဉ်ကျေးဖော်ရွေပြီး Communication & Negotiation Skill ကောင်းမွန်ရမည်။
📌Customer Need ကို တိကျစွာ နားလည်ပြီး သင့်တော်သည့် Package / Ticket များကို Recommend လုပ်နိုင်ရမည်။
📌Follow-up ကောင်းစွာ ပြုလုပ်နိုင်ပြီး Target-driven ဖြစ်ရမည်။
📌Microsoft Office (Word, Excel)၊ Email နှင့် Viber တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
📌အခြေခံ အင်္ဂလိပ်စာ ဖတ်/ရေး (Basic English) ရရမည်။
📌တက်ကြွသွက်လက်ပြီး Teamwork ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရမည်။
_____________________________________

💼 Junior Graphic Designer (Male/Female - 1Post)

✅Key Responsibilities

📌Social Media & Digital Content Design: Facebook, TikTok, Website စသည့် Digital Platform များအတွက် Promotional Banner များ၊ Poster များ၊ Ads Graphic များကို ဖန်တီးရေးဆွဲခြင်း။
📌Marketing Material Creation: Company Profile, Brochure, Catalogue, Flyer စသည့် Print Media များအတွက် လိုအပ်သော Design များကို သတ်မှတ်ချက်အတိုင်း ပြင်ဆင်ရေးဆွဲခြင်း။
📌Brand Consistency: ကုမ္ပဏီ၏ Brand Identity & Guidelines များနှင့်အညီ Design များကို စနစ်တကျ ရေးဆွဲခြင်း။
📌Team Collaboration: Marketing & Content Team များနှင့် ပူးပေါင်း၍ လိုအပ်သည့် Artwork များကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ခြင်း။

---

✅Requirements

📌မည်သည့် ဘွဲ့မဆို လျှောက်ထားနိုင်ပါသည်။ (Graphic Design/Art ဆိုင်ရာ Certificate သို့မဟုတ် Diploma ရှိသူများ ပိုမို ဦးစားပေးမည်)
📌Graphic Design ပိုင်းတွင် အနည်းဆုံး (၁) နှစ် သို့မဟုတ် Intern အတွေ့အကြုံရှိရမည်။ (Portfolio ပြသနိုင်ရမည်)
📌Adobe Photoshop, Illustrator သို့မဟုတ် Canva စသည့် Design Software များကို အခြေခံကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
📌Design Trend များကို စိတ်ဝင်စားပြီး Creativity & Attention to Detail ရှိရမည်။
📌Feedback များကို လှိုက်လှဲစွာ လက်ခံနိုင်ပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
📌သတ်မှတ်ထားသော Deadline အမီ အလုပ်လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။
_____________________________________

💼 Page Admin (M/F– 2Posts)

✅Key Responsibilities

📌 Facebook / Messenger / Viber ကနေ ဝင်လာတဲ့ ခရီးစဉ်မေးမြန်းမှုတွေကို ယဉ်ကျေးဖော်ရွေစွာ Reply ပြန်ပေးခြင်း

📌 ပြည်တွင်း / ပြည်ပ Tour Packages များ၏ အသေးစိတ်အချက်အလက်၊ Price & Promotion များကို Customer များအား ရှင်းပြပေးခြင်း

📌 Customer Inquiry & Booking စာရင်းများကို စနစ်တကျ မှတ်တမ်းတင်ခြင်း

📌 Booking Lead များကို Sales & Operation Team သို့ မှန်ကန်စွာ လွှဲပြောင်းပေးခြင်း

📌 Page Content နှင့် Promotion အသစ်များ တင်ဆက်ရာတွင် Team နှင့် ပူးပေါင်းကူညီခြင်း

📌 Customer များ၏ မေးမြန်းမှုများကို အချိန်မီ Follow-up ပြုလုပ်ပေးခြင်း

---

📌 Requirements

✅ Travel & Tours / E-commerce / Online Sales ပိုင်းတွင် Admin အတွေ့အကြုံ 6 Months – 1 Year ရှိသူ ဦးစားပေးမည်

✅ စာရိုက်မြန်ပြီး Chat / Message များကို မြန်ဆန်တိကျစွာ Reply ပြန်နိုင်သူ

✅ Customer များနှင့် စိတ်ရှည်ဖော်ရွေပြီး သဘောထားပျော့ပျောင်းစွာ ဆက်ဆံနိုင်သူ

✅ Facebook, Messenger, Viber, Tiktok နှင့် Social Media Platform များကို ကောင်းမွန်စွာ အသုံးပြုနိုင်သူ

✅ Phone / Computer ကောင်းမွန်စွာ အသုံးပြုနိုင်မှု

✅ Teamwork ကောင်းမွန်ပြီး Sales & Operation Team များနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ

---

💰 What You’ll Get

Basic Salary

➕ Sales Incentive
➕ Bonus / Target Incentive
➕ Career Growth Opportunity
➕ Young & Friendly Working Environment

Apply Here🌻

Viber - 09 795 516 265
Location - Innocity ,Building 101,Southokkalapa
Working Hours - Monday to Sat ( 9:30am to 5pm )
တပတ်အတွင်း Interview ခေါ်ယူမည်ဖြစ်ပြီး Interviewလာဖြေရန်အဆင်မပြေသူများနှင့် လျှောက်ထားမူနဲ့မကိုက်ညီသူများ လျှောက်ထားရန်မလိုအပ်ပါ

💰 လစာ – အတွေ့အကြုံနှင့် အရည်အချင်းပေါ်မူတည်၍ ထပ်မံညှိနှိုင်းပေးပါမည် (Cv တွင်မျှော်မှန်းလစာထည့်၍လျှောက်ထားနိုင်ပါသည်)

Photos from Mini Tour's post 22/09/2026

ပုဂံ - ညောင်ဦး - ပုပ္ပါး အပတ်စဥ်သောကြာနေ့တိုင်း (18.9.2026)ထွက်တဲ့ Bus-3 ခရီးစဉ်တွင် Mini Tour နှင့်အတူ ယုံကြည်စိတ်ချစွာ လိုက်ပါအားပေးခဲ့ကြသည့် ဧည့်သည်တော်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်❤️

ခရီးစဉ်တစ်လျှောက်လုံးတွင် ဧည့်သည်တော်များ၏ ရင်းနှီးဖော်ရွေစွာ ပူးပေါင်းပါဝင်မှု၊ အချင်းချင်း ရိုင်းပင်းကူညီမှုတို့ကြောင့် ခရီးစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့စွာဖြင့် အမှတ်တရကောင်းများစွာ ရရှိခဲ့ပါတယ်ရှင်

နောင်ထွက်ရှိမည့် ခရီးစဉ်များတွင်လည်း ဧည့်သည်တော်များနှင့်အတူ တွေ့ခွင့်ရရှိရန် မျှော်လင့်မိပါတယ်ရှင်❤️

ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်🙏✨

゚viralシ #ပုဂံ

22/09/2026

🤫🛍️ ဗီယက်နမ် Hanoi ရောက်ရင် အင်္ကျီလှလှလေးတွေကို စျေးအသက်သာဆုံးရမယ့် လျှို့ဝှက်စျေးတန်း!
ခရီးသွားရင်း Shopping ထွက်ဖို့ နေရာရှာနေရင် ဒါလေးကို အရင် Save ထားလိုက်ပါနော်!
📍 နေရာ: Chợ Nhà Xanh Market (Hanoi, Vietnam)
✨ ဘာလို့ သွားသင့်တာလဲ:
မိန်းကလေးဝတ် အင်္ကျီ၊ ဂါဝန်နဲ့ Fashion Item မျိုးစုံကို စျေးတန်တန်နဲ့ ရနိုင်တယ်။
Local တွေပဲ အဓိက သွားဝယ်ကြတဲ့ စျေးမို့ စျေးမများဘူး၊ ရွေးစရာလည်း အများကြီးပဲနော်

☎️ဒီခရီးစဉ်လေးကိုစိတ်ဝင်စားရင်တော့
Oct 7-11 ခရီးစဉ်လေးကို VM လို့မန့်ခဲ့ပါဦးနော်

21/09/2026

💁‍♀️နောက်တစ်ခေါက်ပြန်မရတော့မဲ့ အောက်တိုဘာလ ဗီယက်နမ် မြောက်ပိုင်း+အလယ်ပ်ိုင်း ခရီးစဉ်

😍October နဲ့ November လတွေမှာ သူငယ်ချင်း၊မိသားစုများနှင့်အတူ အပန်းဖြေနိုင်အောင် Mini Tour ကနေ ခရီးစဉ်လေးတွေ စီစဉ်ပေးလိုက်ပါပြီနော်!
ဘယ်ခရီးစဉ်လေးတွေလဲဆိုရင်တော့

👉Vietnam
7 - 11 Oct 2026 ဗီယက်နမ်မြောက်ပိုင်း(Hanoi - Halong - Sapa) 5D4N - 3,800,000 mmk

👉29 Oct - 2 Nov 2026 ဗီယက်နမ်မြောက်ပိုင်း (Hanoi - Halong - Sapa) 5D4N - 3,800,000 mmk

👉04 - 07 Nov 2026 ဗီယက်နမ်အလယ်ပိုင်း (Danang - Hoi An) 4D3N - 3,330,000 mmk

👉10 - 14 Nov 2026 ဗီယက်နမ်မြောက်ပိုင်း+အလယ်ပိုင်း (Hanoi - Halong - Danang - Hoi An) 5D4N - 4,520,000 mmk

👉24 - 28 Nov 2026 ဗီယက်နမ်မြောက်ပိုင်း (Hanoi - Halong - Sapa) 5D4N - 4,200,000 mmk

*ခရီးစဉ်မှာ ဘာတွေပါဝင်မလဲဆိုတော့...
✈️ Flight Ticket+စားစရိတ်ငြိမ်း+မြန်မာ TourLeader

📄 PV First Time သမားများအတွက်: ပြည်ပထွက်ခွာခွင့် စာရွက်စာတမ်းကိစ္စရပ်များကို အစအဆုံး အဆင်ပြေအောင် တာဝန်ယူ ဆောင်ရွက်ပေးမှာမို့ စိတ်ပူစရာ လုံးဝမလိုပါဘူးရှင်။

🌍 နိုင်ငံတကာမှ Join ချင်သူများအတွက်: ဘယ်နိုင်ငံကနေမဆို လိုက်လို့ရပါတယ်။

🗺️ ဝန်ဆောင်မှု: လမ်းခရီးတစ်လျှောက် အဆင်ပြေစေဖို့ မြန်မာ Tour Guide အပြင်၊ ဒေသန္တရဗဟုသုတတွေ ဝေမျှပေးမယ့် ကျွမ်းကျင်ဒေသခံ ဧည့်လမ်းညွှန်များကပါ နွေးထွေးစွာ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

💖 စိတ်ချရတဲ့ ဝန်ဆောင်မှု၊ ပျော်စရာအမှတ်တရတွေနဲ့အတူ အနားယူဖို့အတွက် အခုပဲ စုံစမ်းမေးမြန်းပြီး လူကြီးမင်းတို့ရဲ့ ခုံနေရာကို လက်ဦးမှု ရယူလိုက်ပါရှင်။

☎️ အသေးစိတ်စုံစမ်းသိရှိလိုပါက
ပြည်ပခရီးစဉ် - 09 4000 933 41, 61
ပြည်တွင်းခရီးစဉ် - 09 400 35 60 10, 20, 30
Messenger သို့မဟုတ် Viber မှတစ်ဆင့်လည်း စုံစမ်းနိုင်ပါသည်။

🏬 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞
Inno City၊ အမှတ် (၈၀၄)၊ ဝေဇယန္တာလမ်းမကြီး နှင့် ပါရမီလမ်းမကြီးထောင့်၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ။
ဘ
🏬 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞
၈၂လမ်း နှင့် ၁၅(A)၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့။

#ဗီယက်နမ်

Photos from Mini Tour's post 21/09/2026

𝐂𝐨𝐂𝐨𝐞 𝐅𝐚𝐦𝐢𝐥𝐲 𝐆𝐫𝐨𝐮𝐩 ဘားအံခရီးစဉ်မှာ အတူတူပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင် Mini Tour ရဲ့ ခရီးစဉ်ကို ယုံကြည်စိတ်ချစွာနဲ့ လိုက်ပါအားပေးပြီး အမှတ်တရအများကြီး ဖန်တီးပေးခဲ့ကြတဲ့ 𝐂𝐨𝐂𝐨𝐞 𝐅𝐚𝐦𝐢𝐥𝐲 𝐆𝐫𝐨𝐮𝐩 မိသားစုတစ်စုလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်❤️

နောက်ထပ် ခရီးစဉ်တွေမှာလည်း အတူတူသွားဖို့ Mini Tour ကအမြဲတမ်း ကြိုဆိုနေပါတယ်ရှင်❤️

𝐂𝐨𝐂𝐨𝐞 𝐅𝐚𝐦𝐢𝐥𝐲 𝐆𝐫𝐨𝐮𝐩 မိသားစုတစ်စုလုံး နောင်လာမယ့် ခရီးစဉ်တိုင်းမှာလည်း အခုလိုပဲ ပျော်ရွှင်ချမ်းမြေ့စရာ အမှတ်တရအသစ်တွေနဲ့ ပြည့်နှက်နေပါစေ ရှေ့ဆက်မယ့် လုပ်ငန်းခရီးလမ်းမှာလည်း ရောင်းအားအကောင်းဆုံးနဲ့အခက်အခဲဟူသမျှကို ကျော်ဖြတ်ပြီး အောင်မြင်မှုအထွတ်အထိပ်ကို အမြန်ဆုံး ပိုင်ဆိုင်
နိုင်ပါစေလို့ Mini Tour မှဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်🙏

20/09/2026

မင်တို့ရဲ့ချုံချင်းခရီးစဉ်က ဟော့ပေါ့ဆိုရင် ကမ္ဘာ့နာမည်အကြီးဆုံးဆိုင်မှာကျွေးတာနော်💕
#ချုံချင်း

20/09/2026

🇨🇳တရုတ်ပြည်ချုံချင်းခရီးစဉ်မှအမှတ်တရများ
2026ရဲ့နောက်ဆုံးခရီးစဉ် Dec နှင်းကျတဲ့အချိန်မှမလိုက်ဖြစ်ရင်မမှီတော့ဘူးနော်

📍တရုတ်ပြည် Visaအတွက်စိတ်ပူစရာမလိုပါ(visaပါဝင်ပြီး)
စိတ်ပူနေကြတဲ့လေယာဉ်လက်မှတ်ပါဝင်ပြီးသားပါ

***ခရီးစဉ်ထွက်တဲ့ရက်များမတူတာကြောင့်ဈေးနူန်းအသေးစိတ်ကို မိမိသွားမည့်ရက်နဲ့အတူမေးပေးပါနော်

‼️ ခရီးစဉ်အတွင်း ပါဝင်တဲ့ ဝန်ဆောင်မှုများကတော့
✅ လေယာဉ်လက်မှတ် အသွားအပြန် (တိုက်ရိုက်)
✅ ဗီဇာ
✅ 4****ဟိုတယ်
✅ ခရီးစဉ်တစ်လျှောက် (နံနက်စာ၊နေ့လည်စာ၊ညစာ)
✅ နာမည်ကြီး ချုံချင့် ဟော့ပေါ့လဲ ပါဝင်ပါတယ်။
✅ ခရီးစဉ်တွင်ပါဝင်တဲ့ နေရာများအတွက်ဝင်ကြေးများ
✅ ကျွမ်းကျင်သော ဒေသခံဧည့်လမ်းညွှန်
✅ မြန်မာ Tour Guide တို့ပါဝင်မှာပဲဖြစ်ပါတယ်ရှင်။

☎️ အသေးစိတ်စုံစမ်းသိရှိလိုပါက
ပြည်ပခရီးစဉ် - 09 4000 933 41, 61
ပြည်တွင်းခရီးစဉ် - 09 400 35 60 10, 20, 30
Messenger သို့မဟုတ် Viber မှတစ်ဆင့်လည်း စုံစမ်းနိုင်ပါသည်။

🏬 𝐌𝐢𝐧𝐢 𝐓𝐨𝐮𝐫 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫
Inno City ၊ အမှတ် (၈၀၄) ၊ ဝေဇယန္တာလမ်းမကြီး နှင့် ပါရမီလမ်းမကြီးထောင့် ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ။

🏬 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞
၈၂လမ်း နှင့် ၁၅(A)၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့။

20/09/2026

🧨❝ မကြာခင် သီတင်းကျွတ်တော့မယ် မင်းနဲ့အတူ နေရာစုံအောင် လျှောက်လည် ချင်တယ် ဆို ခုံနေရာကောင်းလေးတွေရပါဦးမယ် ❞ 💏

🤩Mini Tourကိုရွေးချယ်ရင်တော့ ဝန်ဆောင်မူကပေးရတာနဲ့တန်ပြီး ဈေးနူန်းက မများစေဖို့ အာမခံပါတယ်ရှင် တစ်ခါပဲ မင်တို့နဲ့သွားကြည့်ပါနော် မမေ့နိုင်တဲ့အမှတိတရ ကျန်ခဲ့ပြီးချစ်ဧည့်သည်တွေပျော်ရွင်စေရပါမယ်

ခုံတွေပြည့်တာမြန်တဲ့အတွက် နေရာကောင်းလေးရဖို့ ကြိုတင် 𝗕𝗼𝗼𝗸𝗶𝗻𝗴 မှ အဆင်ပြေပါမယ်ရှင်

🎇သီတင်းကျွတ်ကာလဟာ ပုဂံမှာလည်ပတ်လို့ အကောင်းဆုံး အချိန်တွေထဲကတစ်ခုဖြစ်တဲ့အတွက် ဘုရားတွေမှာ ဆီမီးပူဇော်ရင်း ပုဂံသီတင်းကျွတ်ညရဲ့ အလှတရားတွေကို ခံစားလို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်ရှင်။

☎️ အသေးစိတ်စုံစမ်းသိရှိလိုပါက
ပြည်ပခရီးစဉ် - 09 4000 933 41, 61
ပြည်တွင်းခရီးစဉ် - 09 400 35 60 10, 20, 30
Messenger သို့မဟုတ် Viber မှတစ်ဆင့်လည်း စုံစမ်းနိုင်ပါသည်။

🏬 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞
Inno City၊ အမှတ် (၈၀၄)၊ ဝေဇယန္တာလမ်းမကြီး နှင့် ပါရမီလမ်းမကြီးထောင့်၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ။
ဘ
🏬 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞
၈၂လမ်း နှင့် ၁၅(A)၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့။

#ပုဂံ #သီတင်းကျွတ်

19/09/2026

ကလောရောက်ရင်ကလောဈေးကိုလည်ဖို့မမေ့နဲ့နော်💕 #ကလောဈေး

Category

Website

Address


Building : 101 , Room-804 , INNO CITY
Yangon
11091