YLC - Yadanar Learning Center
International School
25/09/2026
🔺🔵🟩 ပုံသဏ္ဌာန်လေးများကို ရှာဖွေ၍ကပ်ကြမယ် 🔷⭐
🌻Shining Sunflowers Classroom 🌻
ဒီနေ့မှာတော့ သားသားမီးမီးလေးတို့က သင်္ချာဘာသာရပ်မှ မတူညီတဲ့ ပုံသဏ္ဌာန်လေးများကို လေ့လာမှတ်သားပြီး မှန်ကန်တဲ့နေရာတွေမှာ ရှာဖွေကပ်ခြင်း Activity ကို ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်ခဲ့ကြပါတယ်။ 🥰
ဒီ Activity လေးကနေ
• Circle, Square, Triangle စတဲ့ ပုံသဏ္ဌာန်တွေကို ခွဲခြားသိရှိနိုင်စေခြင်း
• အရောင်နဲ့ ပုံသဏ္ဌာန်ကို သေချာကြည့်ရှုစေခြင်း
• လက်နဲ့မျက်လုံး ပူးပေါင်းလုပ်ဆောင်နိုင်မှုကို တိုးတက်စေခြင်း
• Fine Motor Skills နဲ့ အာရုံစူးစိုက်မှုကို ဖွံ့ဖြိုးစေခြင်းတို့ကို လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်ရှင့်။ 🌈✨
(25.9.26)
24/09/2026
“န” - နွားကလေးကို အစာကျွေးခြင်း ~ Tiny Tulips Class 🐄🌿
ဒီနေ့မှာတော့ Pre-KG မှ သားသားမီးမီးလေးတွေဟာ “န” အက္ခရာလေးကို သင်ယူရင်း “နွားကလေးကို အစာကျွေးခြင်း” Activity လေးကို ပျော်ပျော်ရွှင်ရွှင် ပါဝင်လုပ်ဆောင်ခဲ့ကြပါတယ်။ 🥰
ဒီ Activity လေးကနေ ကလေးလေးတွေဟာ “န” အက္ခရာကို မှတ်မိစေခြင်း၊ နွားလေးအကြောင်း သိရှိစေခြင်း နဲ့ တိရစ္ဆာန်လေးတွေကို ချစ်ခင်ကြင်နာပြီး ဂရုစိုက်တတ်တဲ့ စိတ်ဓာတ်လေးတွေ ရရှိစေဖို့ လေ့လာခဲ့ကြပါတယ်။ 🤍✨
ကစားရင်း သင်ယူ၊ သင်ယူရင်း ပျော်ရွှင်နေတဲ့ ကလေးလေးတွေရဲ့ ချစ်စရာပုံရိပ်လေးများကိုမျှဝေပေးလိုက်ပါတယ်ရှင့်။
23/09/2026
🪁 Phonics Fun – K for Kite! 🪁 (10.9.26)
Our Little Lilies had a fun and creative phonics activity learning the sound and letter Kk through a Kite Craft! ✂️🎨 By making their own colourful kites, the children practiced recognising the letter Kk, connecting the letter with the /k/ sound, and strengthening their fine motor skills through cutting, sticking, and decorating. 💕✨
Hands-on phonics activities like this make learning more enjoyable and memorable while encouraging creativity, concentration, hand-eye coordination, and confidence. 🌈🪁
Little Lilies လေးတွေက Kk – /k/ sound ကို Kite Craft ပြုလုပ်ရင်း ပျော်ပျော်ရွှင်ရွှင် လေ့လာခဲ့ကြပါတယ်။ ✂️🎨 ကိုယ်တိုင် Kite လေးတွေ ပြုလုပ်ရင်း အက္ခရာနှင့်အသံကို မှတ်မိစေရန်အတွက် လေ့ကျင့်ခဲ့ကြပါတယ်။ 💕✨
ဒီလို လက်တွေ့လုပ်ဆောင်ရတဲ့ Activity မှတစ်ဆင့် သားသားမီးမီးလေးတွေရဲ့ လက်ချောင်းကြွက်သားအားကောင်းစေခြင်း၊ လက်နှင့်မျက်စိ ပူးပေါင်းလုပ်ဆောင်နိုင်မှု၊ အာရုံစူးစိုက်မှု၊ ဖန်တီးနိုင်စွမ်း တို့ကို တိုးတက်စေပြီး သင်ယူမှုကိုလည်း ပိုမိုပျော်ရွှင်မှတ်မိလွယ်စေပါတယ်။ 🌈🪁
20/09/2026
🌟 YLC Weekend Phonics Class – Level 1
Certificate Awarding & PTC 🎓📚
Congratulations to our wonderful Level 1 learners on successfully completing their Phonics course! 🎉👏 We are so proud of their effort, progress, and achievements in developing their phonics and reading skills. 📖✨
A heartfelt thank you to all the parents for your continuous support, encouragement, and cooperation throughout the course. 💙
YLC Weekend Phonics Class – Level 1 မှ သင်တန်းအောင်မြင်စွာပြီးဆုံးပြီး Certificate ရရှိခဲ့ကြသော သားသားမီးမီးလေးများ၏ ကြိုးစားမှု၊ တိုးတက်မှုနှင့် အောင်မြင်မှုများအတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ 📚🎓✨
PTC သို့ အချိန်ပေးတက်ရောက်ပေးကြသော မိဘတစ်ဦးချင်းစီနှင့် သားသားမီးမီးလေးများ၏ သင်ယူမှုခရီးစဉ်အတွက် YLC Weekend Phonics Class ကို ယုံကြည်စွာ အပ်နှံပေးခဲ့ကြသော မိဘများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ 💙🌱📚
Congratulations, our little readers! 🎉👏
Keep learning, keep shining! ⭐💙
19/09/2026
🌟 YLC Weekend Phonics Class – Level 2
Certificate Awarding & PTC 🎓📚
Congratulations to our wonderful Level 2 learners on successfully completing their Phonics course! 🎉👏 We are so proud of their effort, progress, and achievements in developing their phonics and reading skills. 📖✨
A heartfelt thank you to all the parents for your continuous support, encouragement, and cooperation throughout the course. 💙
YLC Weekend Phonics Class – Level 2 မှ သင်တန်းအောင်မြင်စွာပြီးဆုံးပြီး Certificate ရရှိခဲ့ကြသော သားသားမီးမီးလေးများ၏ ကြိုးစားမှု၊ တိုးတက်မှုနှင့် အောင်မြင်မှုများအတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ 📚🎓✨
PTC သို့ အချိန်ပေးတက်ရောက်ပေးကြသော မိဘတစ်ဦးချင်းစီနှင့် သားသားမီးမီးလေးများ၏ သင်ယူမှုခရီးစဉ်အတွက် YLC Weekend Phonics Class ကို ယုံကြည်စွာ အပ်နှံပေးခဲ့ကြသော မိဘများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ 💙🌱📚
Congratulations, our little readers! 🎉👏
Keep learning, keep shining! ⭐💙
🌻 Shining Sunflowers Classroom | Maths – Count & Threading Beads 🔢🧵✨
Our Shining Sunflowers had a fun and hands-on Maths learning experience through Count and Threading Beads! 🥰🔢 The children practised counting, number recognition, and one-to-one correspondence while carefully threading the correct number of beads. This engaging activity also helps develop fine motor skills, hand-eye coordination, concentration, patience, and early mathematical thinking. 💙✨
Shining Sunflowers မှသားသားမီးမီးလေးများသည် သင်္ချာဘာသာရပ်မှ ရေတွက်ခြင်းကို ပုတီးစေ့များကို ရေတွက်ပြီး ပျော်ရွှင်စွာ လေ့လာခဲ့ကြပါတယ်။ 🥰 သားသားမီးမီးလေးများသည် သတ်မှတ်ထားသော ကိန်းဂဏန်းများအတိုင်း ပုတီးစေ့များကို တစ်စေ့ချင်း ရေတွက်ရင်း
အရေအတွက်နှင့် ကိန်းဂဏန်းကို ကိုက်ညီအောင် ယှဥ်တွဲလေ့ကျင့်ခဲ့ကြပါတယ်။
14/09/2026
🐞 Science – Insect Hunting 🔍🌿
Our Little Lilies became little scientists for the day! 🐜🐞🦋 Through our Insect Hunting activity, the children explored a mini insect world and searched for different insects such as ants, ladybugs, bees, butterflies, dragonflies, and caterpillars. 🔎🌱 They observed the insects carefully, matched them with the picture cards, and discovered more about the tiny creatures around us.
This hands-on science activity helps children develop observation skills, curiosity, concentration, vocabulary, and early scientific thinking. It also encourages children to explore their environment, ask questions, and learn through fun sensory and play-based experiences. 🌈✨
Little Lilies အတန်းမှ သားသားမီးမီးလေးများသည် အင်းဆက်လေးတွေကို ရှာဖွေစူးစမ်းရင်း လေ့လာခဲ့ကြပါတယ်ရှင့်။
🐜🐞🦋 Insect Hunting Activity တွင်ပါဝင်သော ပုရွက်ဆိတ်၊ ပိုးတောင်မာ၊ ပျား၊ လိပ်ပြာ၊ ပုစဉ်းနဲ့ ပိုးကောင်လေးများ စတဲ့ အင်းဆက်တွေကို ရှာဖွေကြည့်ရှုခဲ့ကြပြီး Picture Cards လေးတွေနဲ့လည်း ကိုက်ညီအောင် လေ့လာခဲ့ကြပါတယ်ရှင်။ 🔎🌱
Activity မှတစ်ဆင့် သားသားမီးမီးလေးများရဲ့
✅စူးစမ်းလေ့လာနိုင်စွမ်း၊
✅ အာရုံစူးစိုက်နိုင်မှု
✅ ဝေါဟာရ ကြွယ်ဝမှုနဲ့
✅အစောပိုင်း သိပ္ပံဆိုင်ရာ စဉ်းစားတွေးခေါ်နိုင်မှု တွေကို တိုးတက်စေပါတယ်ရှင်။ 💕✨
13/09/2026
🌟 YLC Weekend Phonics Class – Level 3
Certificate Awarding & PTC 🎓📚
Congratulations to our wonderful Level 3 learners on successfully completing their Phonics course! 🎉👏 We are so proud of their effort, progress, and achievements in developing their phonics and reading skills. 📖✨
A heartfelt thank you to all the parents for your continuous support, encouragement, and cooperation throughout the course. 💙
YLC Weekend Phonics Class – Level 3 မှ သင်တန်းအောင်မြင်စွာပြီးဆုံးပြီး Certificate ရရှိခဲ့ကြသော သားသားမီးမီးလေးများ၏ ကြိုးစားမှု၊ တိုးတက်မှုနှင့် အောင်မြင်မှုများအတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ 📚🎓✨
PTC သို့ အချိန်ပေးတက်ရောက်ပေးကြသော မိဘတစ်ဦးချင်းစီနှင့် သားသားမီးမီးလေးများ၏ သင်ယူမှုခရီးစဉ်အတွက် YLC Weekend Phonics Class ကို ယုံကြည်စွာ အပ်နှံပေးခဲ့ကြသော မိဘများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ 💙🌱📚
Congratulations, our little readers! 🎉👏
Keep learning, keep shining! ⭐💙
10/09/2026
Classroom: Tiny Tulips 🌷
Subject: မြန်မာစာ
Activity: ဒ - ဒူးရင်းသီးအား ရောင်စုံစက္ကူများကပ်ခြင်းနှင့်ဆေးရောင်ခြယ် ပုံဖော်ခြင်း ✨(9.9.26)
တီချယ်တို့ရဲ့ ချစ်စရာ Tiny Tulips အတန်းမှ သားသားမီးမီးလေးများသည် မြန်မာအက္ခရာ “ဒ” ကို မှတ်မိစေရန်နှင့် လက်ချောင်းကြွက်သားများ သန်မာဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ “ဒ - ဒူးရင်းသီး” ပုံကို ရောင်စုံစက္ကူလေးများ ကပ်၍ ပုံဖော်ခဲ့ပြီးဆေးရောင်လေးလည်းခြယ်ခဲ့ကြပါတယ်ရှင့်။ 💛🥰
ဒီ Activity လေးကနေတစ်ဆင့် သားသားမီးမီးလေးများဟာ “ဒ” အက္ခရာကို ပျော်ရွှင်စွာ လေ့လာမှတ်သားရင်း လက်နှင့်မျက်လုံး ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းနှင့် အရောင်လေးများကိုမှတ်မိနိုင်စွမ်းတို့ကိုလည်း တိုးတက်စေခဲ့ပါတယ်ရှင့်။ 🌈✨
#မြန်မာစာ
07/09/2026
📣(Batch - 4) အတွက် Level 1 to 4 အတန်းလေးများအပ်လို့ရနေပါပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးအပ်ပါတယ်ရှင့်။🥰
🔤✨ Weekend Phonics Classes – Blend & Match Activity ✨🔤
Today, our little learners had fun with a “Blend and Match the Pictures” activity! 🧩📚 Through this hands-on phonics game, children practised blending individual letter sounds together to read simple words and then matched each word with the correct picture. 🥰🏞
ဒီနေ့မှာတော့ YLC Weekend Phonics အတန်းမှ သားသားမီးမီးလေးတွေ "Blend and Match the Pictures" Activity လေးကို ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်ခဲ့ကြပါတယ်ရှင်။ 🧩🖼️
Letter Sounds တွေကို ပေါင်းစပ်ဖတ်ပြီး သက်ဆိုင်ရာ ပုံလေးတွေနဲ့ တွဲဖက်ပေးရင်း
✨ Blending Skill (အသံပေါင်းစပ် ဖတ်ရှုနိုင်စွမ်း)
✨ Word Recognition (စာလုံးများကို မှတ်မိသိရှိနိုင်စွမ်း)
✨ Vocabulary (ဝေါဟာရ ကြွယ်ဝမှု)
စသည့် စွမ်းရည်များကို ပိုမို တိုးတက်လာစေရန် လေ့ကျင့် လုပ်ဆောင်ခဲ့ကြပါတယ်ရှင်။ 💕🌈
Category
Contact the school
Telephone
Website
Address
Than Thu Mar Road
Yangon