Deli

Deli

Share

Deli has grown to become the leading office supplies and stationery brand Beauty World Co., Ltd. has executive distributor of Myanmar. Let's work together!

Show Room Address:
No. S-B/5, Aung Zeya Housing Complex, Corner of Ahlone Street and Strand Road, AhloneTownship, Yangon.

16/08/2026

တွဲလိုက်တိုင်းမမြဲဘူးလား?

စာရွက်တွေကို Staple တွဲလိုက်တိုင်း Quality မကောင်းလို့ ခဏခဏပြန်ချုပ်နေရတာမျိုး ကြုံဖူးလား။
ဒါဆို 𝐃𝐞𝐥𝐢 𝐒𝐭𝐚𝐩𝐥𝐞 နဲ့ တစ်ခါတည်းချုပ်ပြီး အပိုင်တွဲချလိုက်တော့…

Deli Staple တွေကို စာရွက်တွေထဲ အလွယ်တကူဖောက်ဝင်သွားအောင် ထိပ်လေးကိုချွန်ထားပေးလို့ အားသုံးစရာမလိုတဲ့အပြင် တော်ရုံသံချေးမတက်အောင် စနစ်တကျထုတ်လုပ်ထားတဲ့အတွက် တစ်ခါချုပ်ရုံနဲ့ အကြာကြီးမြဲမြံသွားပြီပေါ့။

Deli Staple တွေမှာ စာရွက်အထူ/အပါး ကြိုက်သလောက်ကို စိတ်ကြိုက်ချုပ်နိုင်တဲ့ အရွယ်အစားအမျိုးမျိုးရှိတာမို့ လိုအပ်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

"စမတ်ကျစေမည် Deli"

15/08/2026

ပြတင်းပေါက်ကနေ မိုးရေစက်လေးတွေကို ငေးကြည့်ရင်း ပန်းချီဆွဲရတာထက် ပိုပြီး စိတ်အပန်းပြေစရာကောင်းတာ ရှိဦးမလား?

မိုးရာသီရဲ့ ငြိမ်းချမ်းလှပတဲ့ အငွေ့အသက်လေးတွေကို စာရွက်ပေါ်မှာ သိမ်းဆည်းထားချင်ပေမဲ့ ခဲတံမကောင်းရင် အပြင်နဲ့ဘယ်တူပါ့တော့မလဲနော်။

ပန်းချီဆွဲရတာ ဝါသနာပါသူတွေအတွက် Deli ရဲ့ Sketch Pencil လေးတွေ ရှိနေပါပြီ။ Deli Sketch Pencil လေးတွေကို ထိခိုက်ကျိုးပဲ့သွားတာမျိုး မရှိအောင် အိတ်လေးနဲ့ထည့်ထားပေးတဲ့အပြင် ခေါက်သိမ်းထားလို့ရတဲ့အတွက် နေရာလည်းသိပ်မယူတော့ ပန်းချီဆွဲမဲ့သူတွေနဲ့ အကိုက်ဆုံးခဲတံပဲပေါ့။

မိုးရာသီကလှပါတယ်၊ 𝐃𝐞𝐥𝐢 𝐒𝐤𝐞𝐭𝐜𝐡 𝐏𝐞𝐧𝐜𝐢𝐥 နဲ့ သေချာ Sketch ခြစ်ပြီး၊ Shade တွေထည့်လိုက်မယ်ဆိုရင် ပိုလှသွားပါလိမ့်မယ်။

မိုးရာသီ ပန်းချီကားလေးတွေကို လက်တွေ့အသက်သွင်းဖို့ Deli Sketch Pencil လေးတွေကို အခုပဲ ဝယ်ထားလိုက်တော့နော်။

"စမတ်ကျစေမည် Deli"

14/08/2026

မင်တွေကျန်နေရဲ့သားနဲ့ ရေးမလို့မရတော့တာက Expired ဖြစ်သွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဘောပင်ထဲမှာပါတဲ့ ရေဓာတ်နဲ့ အဆီဓာတ်တွေဟာ အချိန်ကြာလာတာနဲ့အမျှ လေနဲ့ထိတွေ့ပြီး ခြောက်သွေ့သွားတာ၊ ခဲသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သုံးတာကြာပြီဖြစ်တဲ့ ဘောပင်တွေဟာ ရေးတဲ့အခါ ကြမ်းတာ၊ မင်မထွက်တော့တာမျိုးတွေ ဖြစ်ရတာပါ။

Low-Viscosity နည်းပညာသုံးထားတဲ့ Deli Xtream ဘောပင်ကတော့ ရေးရတာချောမွေ့နေမှာဖြစ်တဲ့အပြင် oil-based ဖြစ်တဲ့အတွက် တော်ရုံနဲ့ expire မဖြစ်ဘဲ အ‌ချိန်အကြာကြီးအသုံးခံနေတဲ့ ဘောပင်တစ်ချောင်းလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မင်ကုန်တဲ့အထိ ဘောပင်ကောင်းကောင်းတစ်ချောင်းကိုပဲ ရေးမယ်လို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့ Deli Xtream ကိုပဲ ရွေးချယ်လိုက်တော့ပေါ့။

"စမတ်ကျစေမည် Deli"

13/08/2026

ကမ္ဘာပေါ်မှာ လူနည်းစုဖြစ်တဲ့ ဘယ်သန်တွေအတွက်တော့ ပုံမှန် ပေတံ၊ ကတ်ကြေး၊ ဘောပင်တွေက အနည်းနဲ့အများ အဆင်မပြေတာတွေ ရှိတတ်ကြပါတယ်။ ဥပမာ - စာရေးရင် ဘယ်ကနေ ညာရေးရလို့ လက်မှာ မင်တွေ၊ ခဲတွေစွန်းတာမျိုး၊ ခုံရဲ့ ဘယ်ဘက်ထောင့်မှာပဲ အမြဲထိုင်ရတာမျိုးတွေပေါ့။

ဒီနေ့ကတော့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐞𝐟𝐭 𝐇𝐚𝐧𝐝𝐞𝐫𝐬 𝐃𝐚𝐲 ပါ။ ဘယ်သန်တွေက သာမန်သူတွေနဲ့ မတူဘဲ ထူးခြားတဲ့သူတွေဖြစ်လို့ ကလေးတွေထဲမှာ ဘယ်သန်ပါလာရင် ညာလက်ကိုပြောင်းသုံးဖို့ ဖိအားပေးမဲ့အစား သဘာဝအတိုင်းပဲ ပျိုးထောင်ပေးပြီး သူတို့လေးတွေရဲ့ အစွမ်းအစတွေကို အကောင်းစုံ ပုံသွင်းပေးလိုက်ကြဖို့ Deli က တိုက်တွန်းလိုက်ရပါတယ်နော်။

"စမတ်ကျစေမည် Deli"

11/08/2026

စာရွက်ပေါင်း ၁၅၀ ဆိုတာ ဘယ်လောက်ထူနိုင်လဲ?

Deli Heavy Duty Punch အတွက်တော့ ဒါက ပါးပါးလေးပါပဲနော်။

သာမန် Paper Punch တွေနဲ့ စာရွက်စာတမ်းအထူကြီးတွေကို ခွဲခွဲပြီး အပေါက်ဖောက်နေရရင် အချိန်အကြာကြီး ကုန်သလို စာရွက်တစ်ရွက်နဲ့တစ်ရွက် မညီမညာဖြစ်သွားမှာလည်း စိုးရသေးတယ်မလား?

ဒီအတွက် Deli Heavy Duty Punch သာ သုံးမယ်ဆိုရင်တော့ စာရွက်အထပ်လိုက်ကြီးကို အားစိုက်စရာမလိုဘဲ တစ်ချက်တည်းနဲ့ အားလုံး အပြီးအစီး သပ်သပ်ရပ်ရပ် ဖောက်ပြီးသား ဖြစ်သွားတော့မှာပါ။ ရုံးဝန်ထမ်းတွေနဲ့ စာရွက်စာတမ်း အများကြီး ဖိုင်တွဲရသူတွေအတွက် အချိန်ကုန်သက်သာပြီး အလုပ်တွင်ကျယ်စေမဲ့ မရှိမဖြစ် လက်စွဲတော်လေးပေါ့။

ရုံးလုပ်ငန်းတွေကို ပိုမိုမြန်ဆန် စမတ်ကျသွားစေဖို့ 𝐃𝐞𝐥𝐢 𝐇𝐞𝐚𝐯𝐲 𝐃𝐮𝐭𝐲 𝐏𝐮𝐧𝐜𝐡 ကိုပဲ အခုပဲ ရွေးချယ်လိုက်ပါ။

"စမတ်ကျစေမည် Deli"

09/08/2026

အရေးကြီးစာရွက်တွေ မိုးစိုမှာစိုးတာလား ဒါမှမဟုတ် ထိုးထည့်မိလို့ တွန့်ခေါက်သွားမှာစိုးလား?
ဘယ်လိုပြဿနာပဲကြုံကြုံ ဒီကိစ္စတွေကို အကောင်းဆုံး ဖြေရှင်းပေးဖို့ Deli ဖိုင်တွဲတွေ ရှိနေပါပြီနော်။

📁𝐃𝐞𝐥𝐢 𝐅𝐢𝐥𝐞 𝐁𝐚𝐠
စာရွက်တွေကို အသပ်ရပ်ဆုံးနဲ့ မိုးရေမစိုအောင် ကာကွယ်ပေးထားနိုင်တဲ့အပြင် အခြားဘောပင်၊ ခဲဖျက်စတာတွေလည်း ထည့်လို့ရသေးတဲ့အတွက် စာမေးပွဲသွားဖြေမယ်ဆိုရင်လည်းကွက်တိပဲ။

📁𝐎𝐟𝐟𝐢𝐜𝐞 𝐃𝐢𝐬𝐩𝐥𝐚𝐲 𝐁𝐨𝐨𝐤
သာမန် File Bag တစ်ခုထက်ပိုသွားတဲ့အချက်ကတော့ စာရွက်တွေကို တွန့်ခေါက်မသွားအောင် ကာကွယ်ပေးထားနိုင်တဲ့အပြင် အတွင်းမှာလည်း စာရွက်လေးတွေထည့်သိမ်းထားဖို့ ပလတ်စတစ်အိတ်လေးတွေပါတဲ့အတွက် တစ်ခုခုကိုကြည့်ချင်တဲ့အခါမှာလည်း စာအုပ်လေးလို အချိန်မရွေးလှန်ကြည့်လိုက်ရုံပဲဆိုတော့ အဆင်ပြေချက်ပဲဲနော်။

ကဲ… ပေါ့ပေါ့ပါးပါးနဲ့ Deli File Bag ကိုပဲရွေးမလား? စာအုပ်တစ်အုပ်လိုမျိုး ဖိုင်တွဲထားလို့ရတဲ့ Display Book ကို ရွေးမလား? မိုးရာသီမှာ စာရွက်တွေအထိအခိုက်မဖြစ်စေဖို့ ပြေးဝယ်ထားလိုက်တော့နော်။

"စမတ်ကျစေမည် Deli"

08/08/2026

လက်ရေးလှဖို့ ဘာကအဓိကကျလဲ?

မိဘတော်တော်များများက ကလေးလက်ရေးလှအောင် လေးကြောင်းမျဉ်းနဲ့ လေ့ကျင့်ပေးတတ်ကြပေမဲ့ ခဲတံကိုကျ မေ့ထားတတ်ကြပါတယ်။ ခဲတံရဲ့ ကိုယ်ထည်က ကိုင်တွယ်ရအဆင်ပြေတာ၊ ခဲသားက မှိန်နေလို့ အားစိုက်ရေးရတာတွေကလည်း လက်ရေးလေးတွေ မဝိုင်းစေတော့တဲ့ အချက်တွေထဲက တစ်ခုပါပဲ။

ဒါ့ကြောင့် ကလေးတွေရဲ့ လက်ရေးလေးတွေ ဝိုင်းစက်နေဖို့ Deli ခဲတံကို သေချာပေါက်ဝယ်ထားပေးသင့်တယ်နော်။ စာစရေးရတဲ့ အရွယ်၊ ကလေးငယ်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ Deli ခဲတံက

✏️Linden Wood ကို သုံးထားတဲ့အတွက် ကိုင်တွယ်ရပေါ့ပါးပြီး စာရေးတဲ့အခါ နာကျင်မှုမရှိဘဲ အချိန်ကြာကြာစာရေးနိုင်တယ်
✏️ကိုင်တွယ်ရ သက်သောင့်သက်သာဖြစ်စေတဲ့အတွက် လက်အနေအထား၊ ကိုင်တွယ်မှုပုံစံကို သေချာသင်ပြပေးလို့ရတယ်
✏️စာစရေးတဲ့ ကလေးငယ်တွေအတွက်ရည်ရွယ်ပြီး ခဲဖျက်ဖြုတ်ထားတဲ့အတွက် ခဲတံကိုကိုက်ရင်လည်း ခဲဖျက်အပိုင်းအစတွေ ပါးစပ်ထဲရောက်မှာ လုံးဝ စိတ်ပူစရာမရှိဘူး
✏️အဆိပ်အတောက်အန္တရာယ်ကင်းအောင် ထုတ်ထားတဲ့အတွက် ကလေးတွေနဲ့ လုံးဝအကိုက်ညီဆုံးပဲပေါ့။

အခုပဲ ကလေးတွေကို Deli ခဲတံဝယ်ပေးပြီး လက်ရေးလေးတွေ ပြင်ခိုင်းလိုက်ကြစို့လား…

"စမတ်ကျစေမည် Deli"
#ခဲတံ

07/08/2026

ဆိုင်ကောင်တာတွေမှာ ဈေးတွက်တဲ့အခါ မြန်ဆန်မှန်ကန်ဖို့ လိုသလို ရောင်းသူရော ဝယ်သူပါ တွက်ချက်မှုကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ဖို့ကလည်း အရေးကြီးပါတယ်နော်။

ဒါမှ ဈေးရောင်းရတာ ပိုမိုမြန်ဆန်ပြီး ဝယ်သူဘက်ကပါ စိတ်ချယုံကြည်မှုရရှိစေမှာပါ။
Deli ရဲ့ နှစ်ဖက်မြင် Calculator နဲ့ဆို တွက်ချက်တာတွေကို ရောင်းသူတင်မက ဝယ်သူဘက်ကပါ မြင်နေရတာဆိုတော့ အမှားအယွင်းတွေဖြစ်လည်း ချက်ချင်းသိနိုင်တာပေါ့။ Deli Calculator က ခလုတ်နှိပ်ရတာလည်း ပေါ့ပါးသလို ကြာရှည်အသုံးခံတာကြောင့် ဆိုင်တိုင်းမှာ ရှိထားသင့်တဲ့ Calculator ပဲပေါ့။

ဆိုင်ရဲ့ရောင်းဝယ်မှုတွေကို ပိုမိုလွယ်ကူသွားပြီး ယုံကြည်စိတ်ချရအောင် 𝐃𝐞𝐥𝐢 𝐃𝐮𝐚𝐥-𝐃𝐢𝐬𝐩𝐥𝐚𝐲 𝐂𝐚𝐥𝐜𝐮𝐥𝐚𝐭𝐨𝐫 ကို အခုပဲ ရွေးချယ်လိုက်ပါ။

"စမတ်ကျစေမည် Deli"

28/07/2026

ရုံးသုံးပဲဖြစ်ဖြစ်၊ ကျောင်းသုံးပဲဖြစ်ဖြစ် စာရေးကိရိယာဆို Deli ကိုပဲရွေး

Deli ကို ဘာကြောင့် စိတ်ချလက်ချ ရွေးချယ်သင့်တာလဲ ❓

📝 ကျောင်းသား၊ ကျောင်းသူတွေကနေစလို့ ရုံးလုပ်ငန်းခွင်တွေထိ စာရေးကိရိယာအစုံကို တစ်နေရာတည်းမှာ စုံစုံလင်လင် ရရှိနိုင်ခြင်း။

📝 Quality ကောင်းလို့ ရေရှည်မှာ အဆင်ပြေပြေနဲ့အသုံးပြုနိုင်ခြင်း။

📝 နီးစပ်ရာဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်ခြင်း။

ဒီလိုအချက်တွေကြောင့်ပဲ စာရေးကိရိယာဆို Deli ကို ရွေးချယ်ပါလို့ ပြောတာပေါ့ 🤩🤩

26/07/2026

ဘောပင်ဝယ်တဲ့အခါ စာရေးလို့ကောင်း၊ မကောင်းထက် ဒီဇိုင်းလှတာလေးတွေကိုပဲ အရင်ဆုံး ရွေးမိတတ်ကြတယ်မလား?

တကယ်တော့ ကိုယ်နဲ့ အကိုက်ညီဆုံးဖြစ်ပြီး ရေးရတာ အလှဆုံး၊ အချောမွေ့ဆုံး ဘောပင်တစ်ချောင်း ဖြစ်ဖို့ဆိုရင် သုံးမကြည့်ရသေးခင်မှာတင် ဒီအချက် (၃) ချက်ကို ကြည့်ပြီး ရွေးချယ်လို့ရပါတယ်။

✅ဘောပင်ကိုယ်ထည် - ကိုင်ရတာ ကျစ်ကျစ်လျစ်လျစ်ရှိပြီး လက်မညောင်းစေဖို့။
✅မင်အမျိုးအစား - Gel Ink လား၊ Ballpoint Ink လား... ကိုယ်ရေးမယ့် စာရွက်ပေါ်မူတည်ပြီး ရွေးဖို့။
✅မင်ချောင်းထိပ် - စာလုံးအထူအပါး စိတ်ကြိုက်ရဖို့အတွက် Bullet Tip လား၊ Needle Tip လား ခွဲခြားဖို့။

ဒါဆိုရင် ဒီအချက်တွေက ဘယ်လိုကွာခြားပြီး ကိုယ်နဲ့ ဘယ်အမျိုးအစားက ပိုကိုက်ညီမလဲ?

ရွေးချယ်နည်းတွေကို ဆက်လက်မျှဝေပေးသွားမှာမို့လို့ Deli Page ကို Like & Follow လုပ်ထားပြီး စောင့်ကြည့်ပေးဦးနော်!

"စမတ်ကျစေမည် Deli"

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. B-8, Mya Yadanar Road, Mya Sein Yaung Industrial Zone, Hlaing Thar Yar Township
Yangon
11121

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00