7th Computing

7th Computing

Share

Our 7th Computing group is always willing to provide you with high-quality & world-class development Your satisfaction on our services is our ultimate mission.

We deliver high quality web/software development, training and consultancy services across a wide range of technologies. We form the partnership with world-wide companies to provide ultimate values for customers.

13/08/2026

Excel စာရွက်တွေနဲ့ ရှုပ်ထွေးနေဆဲလား? Odoo ERP သို့ ပြောင်းလိုက်တဲ့အခါ လုပ်ငန်းမှာ ဘာတွေ သိသာစွာ ပြောင်းလဲသွားမလဲ?
လုပ်ငန်းတော်တော်များများမှာ Manual Data တွေ၊ Excel Sheet အများကြီးနဲ့ စာရင်းလုပ်ရတာ၊ Data တွေ မကိုက်တာတွေ ရှိတတ်ပါတယ်။
ဒါတွေကို Odoo ERP System နဲ့ အစားထိုးလိုက်တဲ့အခါ လုပ်ငန်းမှာ ရရှိလာမည့် အဓိက အကျိုးကျေးဇူးများကိုပြောပြလိုက်ပါတယ်။

၁။ Data အမှားအယွင်းများ ကင်းဝေးသွားခြင်း
Excel Sheets မျိုးစုံနဲ့ စာရင်းသွင်းစဉ် လူမှား/ကွက်မှား ရိုက်မိတာ၊ Data တွေ မကိုက်လို့ စာရင်း ပြန်စစ်ရတာနဲ့တင် အချိန်ကုန်မနေတော့ပါဘူး။Odoo က Centralized Database ဖြစ်တာကြောင့် အချက်အလက်အားလုံး အလိုအလျောက် ချိတ်ဆက်သွားပြီး Human Error များကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချပေးပါတယ်။
၂။ ရင်းနှီးပြီးသား Data များကို စက္ကန့်ပိုင်းအတွင်း ရှာဖွေနိုင်ခြင်း
စာရွက်စာတမ်း ဖိုင်တွဲတွေကြား စာရင်းလိုက်ရှာရတာ၊ Inventory စာရင်း သိချင်ရင် ဂိုဒေါင်ဆီ စာရင်းတောင်းကြည့်ရတာ ကြန့်ကြာတာတွေအတွက် stock စာရင်း၊ Sales Data နဲ့ Accounting Reports များကို Real-time စက္ကန့်ပိုင်းအတွင်း ဖုန်း သို့မဟုတ် Laptop ကနေ မည်သည့်နေရာမှမဆို ချက်ချင်း ကြည့်ရှုနိုင်မှာပါ။
၃။ ဌာနတစ်ခုနှင့်တစ်ခု ချောမွေ့စွာ ချိတ်ဆက်မိသွားခြင်း
Sales Team ရဲ့ အော်ဒါ၊ Warehouse ရဲ့ Stock နဲ့ Accounting ရဲ့ စာရင်း မကိုက်တာမျိုးတွေကို Odoo မှာ Sales က Order ရိုက်လိုက်တာနဲ့ Warehouse မှာ Stock အလိုအလျောက် လျှော့သွားမည်ဖြစ်ပြီး Accounting ထံ Invoicing တန်းရောက်သွားတာကြောင့် Workflow တစ်ခုလုံး ပိုမို မြန်ဆန်အောင်လုပ်ဆောင်နိုင်မှာပါ။
၄။ တိကျသော Data ပေါ်အခြေခံ၍ ဆုံးဖြတ်ချက်များ မြန်ဆန်စွာ ချနိုင်ခြင်း
လစဉ်/နှစ်စဉ် အစီရင်ခံစာများ ထွက်လာရန် ရက်သတ္တပတ်ပေါင်းများစွာ စောင့်ဆိုင်းရတာတွေကို Odoo ရဲ့ Automated Analytical Reports များကြောင့် လုပ်ငန်းရှင်အနေဖြင့် မြတ်သလား/ရှုံးသလား၊ ဘယ် Product အရောင်းရဆုံးလဲဆိုတာကို တိကျစွာ သုံးသပ်ပြီး သက်ဆိုင်ရာ Strategy ကို အချိန်မီ ချမှတ်နိုင်မှာပါ။

ခေတ်မီဆန်းသစ်တဲ့ နည်းပညာတွေက သင့်လုပ်ငန်းရဲ့ လုပ်ဆောင်ရည်ကို ပိုမိုမြန်ဆန်၊ တိကျပြီး စနစ်ကျစေမှာပါ။

Odoo ERP Solution နှင့် Data Migration အကြောင်း အသေးစိတ် သိရှိလိုတာမျိုး ဒါမှမဟုတ် သင့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် လုပ်ဆောင်မှုများ ကို စနစ်တကျ တိုင်ပင်ဆွေးနွေးလိုပါက 7th computing ကိုအခုပဲ ဆက်သွယ်လိုက်ပါ။
7thComputingCo.,Ltd
No.1217, 5th Floor, Pinlon Road, 35th Ward, North Dagon Township, Yangon, Myanmar

www.7thcompting.com

29/07/2026

ယနေ့ မြန်မာသက္ကရာဇ် (၁၃၈၈)ခုနှစ်၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်း နဲ့ပြည့်စုံကြပါစေ၊ရောဂါဘယကင်းရှင်းပြီး ကောင်းမှုကုသိုလ်များ ကျင့်ကြံပွားများ အားထုတ်နိုင်ကြပါစေကြောင်း 7th Computing မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ....
#ဝါဆိုလပြည့်နေ့

19/07/2026

‘’ အာဇာနည်နေ့ ဒိုမမေ့ ’’

၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျ
ရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အား 7th Computing မှ ရိုသေလေးစားစွာဖြင့် ဦးညွတ်ဂါရဝပြုအပ်ပါသည်။

#အာဇာနည်နေ့

Photos from 7th Computing's post 15/07/2026

❝ 𝐎𝐝𝐨𝐨𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬𝐒𝐡𝐨𝐰𝐘𝐚𝐧𝐠𝐨𝐧❞

9.7.2026 ရက်က ကျင်းပပြီးစီးခဲ့တဲ့ 'Odoo Business Show Yangon 2026' ပွဲမှာ 7th Computing မှ Sponsored Partner အဖြစ် ဂုဏ်ယူစွာ ပါဝင်ဆင်နွှဲခဲ့တဲ့ အမှတ်တရပုံရိပ်များကို မျှဝေလိုက်ပါတယ်။

07/07/2026

လုပ်ငန်းကိုဒီဂျစ်တယ်စနစ်ပြောင်းဖို့ Odoo ကို ရွေးချယ်ပြီးပြီ။ ဒါပေမယ့်...
"Odoo ကိုကိုယ့် Server နဲ့ကိုယ် တင်သုံးရမလား? Odoo.sh ပေါ်မှာ တင်သုံးရမလား?"

Odoo.sh ဆိုတာ "Odoo ကနေ တရားဝင် ဝန်ဆောင်မှုပေးတဲ့ (Cloud Hosting)" လို့မှတ်ယူနိုင်ပါတယ်။
Server စက်ကြီးတွေ ကိုယ်တိုင်ဝယ်စရာမလိုဘဲ Odoo Software တစ်ခုလုံးကို Odoo.sh ပေါ်မှာပဲ စိတ်ချလက်ချ တင်ပြီး အသုံးပြုနိုင်တာပါ။
💰 ကိုယ်ပိုင် Server သုံးတာထက် Odoo.sh က ဘာကြောင့် ပိုသက်သာလဲ?
Odoo.sh ကို ရွေးချယ်ခြင်းက သင့်လုပ်ငန်းအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရစေလဲဆိုရင်...
✅ မီးမပြတ်ဖို့နဲ့ Backup အတွက် စိတ်မပူရဘူး Odoo.sh ပေါ်မှာ တင်သုံးရင် Odoo ကနေ ၂၄ နာရီ မီးမပြတ်စေဖို့နဲ့ သင့်ဒေတာတွေကို သူ့အလိုလို Backup (သိမ်းဆည်း) ပေးထားဖို့ တာဝန်ယူပါတယ်။ Server ပြတ်တောက်မှုတွေကြောင့် လုပ်ငန်းမပြတ်တောက်စေပါဘူး။
✅ နည်းပညာပိုင်းဆိုင်ရာ ခေါင်းခဲစရာမလိုဘူး Server တွေရဲ့ Update တွေ၊ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေကို Odoo.sh က သူ့အလိုလို ကိုင်တွယ်ပေးပါတယ်။ သင်က "လုပ်ငန်းလည်ပတ်ဖို့" ကိုပဲ အာရုံစိုက်နိုင်ပါတယ်။
✅လုံခြုံရေး ပိုစိတ်ချရတယ် ကိုယ့် Server နဲ့ကိုယ်သုံးရင် လုံခြုံရေးပိုင်းအားနည်းနိုင်ပါတယ်။ Odoo.sh ကတော့ ကမ္ဘာ့အဆင့်မီ လုံခြုံရေးစနစ်တွေနဲ့ သင့်လုပ်ငန်းဒေတာတွေကို ကာကွယ်ပေးထားပါတယ်။
✅လုပ်ငန်းကြီးထွားလာရင် အလွယ်တကူ တိုးချဲ့နိုင်တယ် ဆိုင်ခွဲတွေ၊ ဝန်ထမ်းတွေ တိုးလာရင်လည်း ဘာ Server မှ အသစ်ဝယ်စရာမလိုဘဲ Odoo.sh ပေါ်မှာပဲ တိုးချဲ့အသုံးပြုနိုင်ပါတယ်။
Odoo.sh ကတော့ သင့်လုပ်ငန်းအတွက် Odoo စနစ်ကို "အရိုးရှင်းဆုံး၊ အသက်သာဆုံးနဲ့ အစိတ်ချရဆုံး" အသုံးပြုနိုင်မယ့် Cloud Hosting စနစ်တစ်ခု ဖြစ်ပါတယ်။

Odoo.sh အကြောင်း အသေးစိတ် သိရှိလိုတာမျိုး ဒါမှမဟုတ် သင့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် လုပ်ဆောင်မှုများ ဆွေးနွေးလိုပါက 7th computing ကိုအခုပဲ ဆက်သွယ်လိုက်ပါ။

7thComputingCo.,Ltd
No.1217, 5th Floor, Pinlon Road, 35th Ward, North Dagon Township, Yangon, Myanmar
www.7thcompting.com

24/06/2026

7th Computing သည် ယခုလာမည့် Odoo Business Show Yangon 2026 တွင် Sponsor Partner တစ်ဦးအနေဖြင့် ပါဝင်ခွင့်ရရှိထားသဖြင့် အထူးဝမ်းမြောက်စွာ ကြေညာအပ်ပါသည် 🎉

ဤပွဲသည် မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များအတွက် Digital Transformation နှင့် Odoo ERP Solution များကို လက်တွေ့လေ့လာနိုင်မည့် ပွဲတစ်ခုဖြစ်ပါသည်။

📍 Event Details
🏨 Location: Novotel Yangon Max – Pathein Ballroom
🕜 Time: 1:30 PM – 5:00 PM

ပွဲတွင် လေ့လာနိုင်မည့်အကြောင်းအရာများ

- Odoo ERP နောက်ဆုံးနည်းပညာများကို သိရှိနိုင်ခြင်း
- မြန်မာနိုင်ငံရှိ လုပ်ငန်းအသုံးပြုမှုအတွေ့အကြုံများကို လေ့လာနိုင်ခြင်း
- လုပ်ငန်းနယ်ပယ်ကျွမ်းကျင်သူများနှင့် Networking ပြုလုပ်နိုင်ခြင်း
- Digital Transformation ဖြင့် လုပ်ငန်းတိုးတက်မှုအခွင့်အလမ်းများ ရရှိနိုင်ခြင်း

သင့်လုပ်ငန်းအတွက် အနာဂတ်နည်းပညာကို လေ့လာနိုင်မည့် အခွင့်အရေးဖြစ်တာကြောင့် မလွတ်တမ်း တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါသည်။

🎟️ Register လုပ်ရန် လင့်ခ်
https://www.odoo.com/r/ovgC

Photos from 7th Computing's post 09/06/2026

အကောင်းဆုံးတွေပဲပေးချင်လို့၊ အမြဲတမ်း ကြိုးစားရင်း ကျွန်တော်တို့ 7th Computing ဟာ Official Odoo Gold Partner အဖြစ် ရောက်ရှိနေပါပြီ။

Gold အဆင့်ဆိုတာကျွန်တော်တို့အတွက် အဆင့်တစ်ခုတင် မဟုတ်ပါဘူး။ သင့်လုပ်ငန်းရဲ့ Digital Transformation ခရီးစဉ်ကိုပိုမိုကောင်းမွန်တဲ့ Quality၊ ခိုင်မာတဲ့ Expert Knowledge တွေနဲ့ အကောင်းဆုံး ပံ့ပိုးပေးနိုင်တော့မယ်ဆိုတဲ့ "အာမခံချက်" တစ်ခုလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ 7th Computing ကိုရွေးချယ်ပြီး လုပ်ငန်းတွေကို ယုံကြည်စိတ်ချစွာ အပ်နှံခဲ့ကြတဲ့ Customer တစ်ဦးချင်းစီနဲ့ ဒီအောင်မြင်မှုရအောင် ကြိုးစားပေးခဲ့ကြတဲ့ 7th Computing Team တစ်ခုလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ရှေ့ဆက်ပြီးတော့လည်းဒီထက်မကတဲ့ Advanced Solutions တွေနဲ့အတူ သင့်လုပ်ငန်းရဲ့ Operations တွေကို ပိုမိုကောင်းမွန်အောင် ကူညီပေးဖို့ အမြဲရှိနေပါတယ်။
www.7thcomputing.com

28/05/2026

ယနေ့ကျရောက်တဲ့ အီဒုလ်အဿွဟာ(ကုရ်ဘာနီအိးဒ် )နေ့တွင် အစ္စလာမ်ဘာသာဝင်များအားလုံး ကျန်းမာပျော်ရွှင်ကြပါစေကြောင့် 7th Computing မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

www.7thcomputing.com

#ကုရ်ဘာနီအိးဒ်

01/05/2026

ယနေ့ကျရောက်တဲ့ မေဒေး (ကမ္ဘာ့အလုပ်သမားနေ့) မှာ လုပ်ငန်းခွင်အသီးသီးရှိ ကာယ၊ ဉာဏအလုပ်သမားအားလုံးကို 7th Computing က လေးစားစွာဖြင့် ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။

www.7thcomputing.com
#အလုပ်သမားနေ့

30/04/2026

🙏ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏

မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် ကဆုန်လပြည့်နေ့၊၂၀၂၆ ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ကျရောက်သော ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် အခါသမယတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း 7th Computing မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

www.7thcomputing.com
#ကဆုန်လပြည့်နေ့

Telephone

Address


No. (1217), 5th Floor, 35th Ward, Pinlon Road, North Dagon Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00