Myanmar Collaboration Institute - MCI

Myanmar Collaboration Institute - MCI

Share

အရည်အချင်းပြည့်ဝသော ၂၁ရာစုနိုင်ငံသားကောင်းလူငယ်များပြုစုပျိုးထောင်ပေးနိုင်စေရန်။

15/08/2026

Today's Quote!

The higher they climb, the harder they fall.

"အမြင့်ကိုရောက်လေလေ၊ အကျနာလေလေပဲ"

31/07/2026

31st July, 2026

Journey to International Education

"The value of language is doubled when two languages are known."

"ဘာသာစကားနှစ်မျိုးကို တတ်မြောက်ထားသူအတွက် ဘာသာစကား၏ တန်ဖိုးမှာ နှစ်ဆဖြစ်ပါသည်။"

"By facilitating the acquisition and development of Myanmar in children and youth, parents and teachers are providing them with better instruments to achieve intellectual, social and economic success."

"ကလေးငယ်များနှင့် လူငယ်များ၏ မြန်မာဘာသာစကား သင်ယူတတ်မြောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မိဘများနှင့် ဆရာ၊ဆရာမများက အားပေးပံ့ပိုးပေးခြင်းသည် ၎င်းတို့၏ ဉာဏ်ရည်ပိုင်း၊ လူမှုရေးပိုင်းနှင့် စီးပွားရေးပိုင်းဆိုင်ရာ အောင်မြင်မှုများကို ရရှိနိုင်ရန် လိုအပ်သော စွမ်းရည်နှင့် အခြေခံအရင်းအမြစ်များကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်။"

"When learners value their mother tongue, Myanmar, and develop a strong foundation in it through careful reading, study, and mastery, they will be better equipped to learn international languages with greater speed and proficiency."

မိခင်ဘာသာစကားဖြစ်သော မြန်မာစာနဲ့မြန်မာစကားတို့ကို တန်ဖိုးထားပြီး လေးလေးနက်နက် ဖတ်ရှု၊ လေ့လာ၊ သင်ယူတတ်မြောက်ခြင်းဖြင့် နိုင်ငံတကာသုံးဘာသာစကားကို လေ့လာသင်ယူရာ၌လည်း လျင်မြန်ကျွမ်းကျင်စွာဖြင့် သင်သူတတ်‌
မြောက်နိုင်ကြမည်ဖြစ်ပါသည်။

Tr Maw Thein Naing

29/07/2026

၁၃၈၈ခုနှစ်၊ ဝါဆိုလပြည့်နေ့

Photos from Myanmar Collaboration Institute - MCI's post 28/07/2026

Grammar is the foundation of Language learning.

"သဒ္ဒါမတတ်လျင် စာမတတ်"

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန စီမံခန့်ခွဲသင်ကြားပါ‌သော အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသားကျောင်းသူများ နှင့် ကိုယ်ပိုင်ကျောင်းများမှကျောင်းသားကျောင်းသူများအတွက် Grammar based English Subject သည် ကျောင်းသားကျောင်းသူများအတွက် အခက်အခဲများစွာကြုံတွေ့ရင်ဆိုင်နေကြရပြီး ခွန်အား၊ အချိန်နှင့်ငွေကြေးများစွာ ပင်ပန်းဆုံးရှုံးနေကြရပါသည်။

🎯 သင်ရိုးကြောင့်ပါလား? NO!

💎 အဓိကအခက်အခဲမှာ သင်ကြားနည်းစံနစ်၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် ချဉ်းကပ်လေ့လာသင်ယူခြင်းကြောင့်ပင်ဖြစ်ပါသည်။

အလွန်ကျက်မှတ်နေကြသော Vocabulary များကြောင့် ကျောင်းသားကျောင်းသူများ ပင်ပန်းခက်ခဲကြရပြီး နုနယ်သောဦးနှောက်ကို နှေးကွေးစေကြသည်မှာ သင်ယူနည်းစံနစ်မှားယွင်းနေကြသောကြောင့်သာဖြစ်ပါသည်။

#ဘာလုပ်သင့်ပါသလဲ?

" Practice makes perfect! လေ့ကျင့်ခြင်းသည်ကျွမ်းကျင်မှုကိုဖြစ်စေပါတယ်။

🔰 21st Century Learning စံနစ်သစ်သင်ရိုးအတွက် အထောက်အကူဖြစ်စေသော

🔰 ဘာသာရပ်ကျွမ်းကျင်သော ကျောင်းသားကျောင်းသူများဖြစ်လာစေဖို့ MCI မှာ Grammar Class ကိုအမြန်ဆုံးဆက်သွယ်အပ်နှံလိုက်ပါ။

စံပြ(၁)လမ်း၊ ညောင်ပင်ကြီးအနီး၊ မြို့မ(၅)ရပ်ကွက်။
ညောင်လေးပင်မြို့။

09250211850
09767381938

25/07/2026
25/07/2026

Warmly Welcome to MCI! 🌹🌹🌹

Myanmar Collaboration Institute-MCI မှနွေးထွေးစွာကြိုဆိုပါတယ်။

အင်္ဂလိပ်စာစွမ်းရည်ကို ယုံကြည်မှုရှိရှိနဲ့တိုးတက်စေဖို့ အတူလက်တွဲကြိုးစားကြရအောင်။

English Language Teacher Training
(3 months Preparation Course)

အင်္ဂလိပ်ဘာသာစကားဆရာဖြစ်သင်တန်း (အခြေခံပြင်ဆင်ခြင်း(၃)လ သင်တန်း)

အရည်အချင်းပြည့်ဝပြီး ဘာသာရပ်ပိုင်နိုင်ကျွမ်းကျင်သော၊ သင်ကြားရေးကောင်းမွန်သောဆရာများသည် ကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာကျောင်းများ၊ ပုဂ္ဂလိကပိုင်သီးသန့်သင်တန်းများအတွက် အလွန်လိုအပ်နေသည်မှာ အမှန်ဖြစ်ပါသည်။

သင်ကြားရေးသည် ယနေ့သက်တန်းတက်၊ ကျောင်းဆင်း၊ ဘွဲ့ရပြီး စာသင်ခန်းသို့တန်းဝင်နိုင်ပါသော်လည်း အရည်အချင်ပြည့်ဝသည့် ကျောင်းသားကျောင်းသူများချက်ချင်းမွေးထုတ်နိုင်ရန်မှာ လွန်စွာခဲယဉ်းခက်ခဲလှပါသည်။

အချိန်သည် အလွန်တန်ဖိုးကြီးမားပါသည်။ မွေးကင်းစ၊ ကလေးသူငယ်မှသည် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသားဘဝများကိုဖြတ်သန်းကျော်လွှားကြရပြီး အဆင်မြင့်ပညာ ထိုမှ လုပ်ငန်းခွင်သို့ဖြောင့်တန်းရောက်ရှိရန်မှာ မြန်မာနိုင်ငံသား လူငယ်များအတွက် အလွန်ပင်ခက်ခဲပင်ပန်းလွန်းလှပါသည်။

ဤသည်မှာ ကျွမ်းကျင်ဆရာများနှင့်တွေ့ဆုံသင်ယူခွင့်ရခြင်းကအထူးပင်အရေးကြီးလှပါသည်။

English Language Teacher လိုအပ်ချက်မြင့်မားနေသော ခေတ်ကာလတွင် Qualified English Language Teacher တစ်ယောက်အဖြစ် ရေရှည်ရပ်တည်နိုင်ရန်အတွက်စိတ်ပါဝင်စားသော ဘွဲ့ရလူငယ်များအား ဖိတ်ခေါ်အပ်ပါသည်။

သင်တန်းကြေး (၃) သိန်း

သင်တန်းကာလ (၃)လ

သင်တန်းတက်ရောက်ရမည့်မြို့ - ညောင်လေးပင်မြို့။

(ပညာသင်ဆုလျှောက်ထားနိုင်ပါသည်။ )

-MCI

24/07/2026

English Language ကိုစိတ်ပါဝင်စားသော၊ အားနည်းသော၊ ထူးချွန်လိုသော ညောင်လေးပင်ဒေသမှ ကျောင်းသားကျောင်းသူများအတွက်

MCI English Language and Education Center ကို
ညောင်လေးပင်မြို့၊ ပဲခူးတိုင်းဒေသကြီး။

🎯 စံပြ(၁)လမ်း၊ မြို့မ(၅)ရပ်ကွက်၊ ၌

🔰 ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(၁)ရက်(စနေနေ့) မှစတင်ဖွင့်လှစ်သင်ကြားပေးပါတော့မည်။

(ဘာသာစကား)

၂၁ရာစုရဲ့ကမ္ဘာကြီးဟာ အပြောင်းအလဲကြီးတွေ၊ စိန်ခေါ်မှုတွေနဲ့ခုတ်မောင်းနေတဲ့ရထားကြီးတစ်စင်းဖြစ်နေပါပြီ။

#နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်ဖို့ဆိုသည်မှာ နိုင်ငံတကာနားလည်နိုင်မည့် Language (ဘာသာစကား) ကိုစံနစ်ကျနာစွာအသုံးပြုတတ်ဖို့ပဲဖြစ်ပါတယ်။

မျိုးဆက်သစ်ရင်သွေး‌ငယ်တွေရဲ့လိုအပ်ချက်တွေဖြစ်တဲ့

🍀 ယဉ်ကျေးမှု (Culture)
🍀 အတွေးအခေါ် (Thinking)
🍀 တီထွင်ဖန်တီးနိုင်မှု (Creativity and Innovation)
🍀 လေးစားမှု (Respect)
🍀 လူ့တန်ဖိုး (Value) တွေဟာ ဘာသာစကားတတ်ကျွမ်းနားလည်မှုကနေ ဆင်းသက်လာတာပဲဖြစ်ပါတယ်။

ဒီလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ Myanmar Collaboration Institute-MCI မှ English Proficiency Course များကို ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၁)ရက်၊ (စနေနေ့)မှစတင်ဖွင့်လှစ်သင်ကြားပေးပါတော့မယ်။

English Proficiency Course ဆိုတာဘာလဲ?

နိုင်ငံတကာသုံးဘာသာစကားဖြစ်တဲ့ "English Language" ကို

♨️ မူလတန်းမှစပြီး လွယ်ကူ၊ ရိုးရှင်း၊ သိနားလည်စေဖို့

♨️ အလယ်တန်းမှာ ဘာသာရပ်တစ်ခုလျော့နည်းလာပြီး အခြေခံကောင်းကို အထက်တန်းအထိသယ်ဆောင်နိုင်ဖို့

♨️ အထက်တန်းမှသည် အဆင့်မြင့်တက္ကသိုလ်တိုင် English Language ကို လွယ်ကူကျွမ်းကျင်စေဖို့

✍️ 4 Skills Plus +
Grammar
Vocabulary
Pronunciation တွေကိုသင်ကြားကြရင်း ပေါ့ပါးပျော်ရွှင်စွာသင်ယူကြရအောင်

ထပ်ဆောင်း ပါဝင်မယ့်ဗဟုသုတတွေကတော့ Additional Knowledge Plus+
သိပ္ပံ (Science)
အနုပညာနှင့်ဖန်တီးခြင်း (Arts and Creation)
ဈေးတွက်သင်္ချာ (Arithmetic calculation) And more!

Cambridge, Oxford, Pearson နဲ့ Edexcel သင်ရိုးညွှန်းတမ်းများအတိုင်း နှစ်ပေါင်း(၃၀)နီးပါးအတွေ့အကြံရှိသော

Language Teacher ဦးမော်သိန်းနိုင်
B.Sc.(Zoology),
Diploma in Teaching English as a Foreign Language,
Dip,in;(TEFL) Chi Chester College, London.
Master of Business Administration(MBA)
Robert Kennedy College, Zurich, Switzerland.

(Enrolled to join Master of Education (M.Ed) Candidate ,Lincoln University Malaysia in September 2026 intake) ကိုယ်တိုင် 4 Skills English Language ကိုထိရောက်စွာ သင်ကြားပေးမည်ဖြစ်ပါသည်။

#ပုံမှန်သင်တန်း

#အထူးသီးသန့်သင်တန်း

#သူငယ်ချင်းများသီးသန့်သင်တန်း

#တက္ကသိုလ်ဝင်တန်း (၁၂)တန်းအောင်မြင်ပြီးသူများအတွက်သီးသန့် သင်တန်း

#ကုမ္ပဏီ၊ ဘဏ်၊ အဖွဲ့အစည်းများအတွက် သင်တန်း

#စကားပြောသီးသန့်သင်တန်း (Conversation Class)

+plus Class

and Letter Writing Class

Preparation Course

Exam (Starters, Movers, Flyer, PET, JET, FCE) Classes

သင်တန်းစုံစမ်းရန်နှင့်အပ်နှံရန်
====================
09 250211850
09767381938

စံပြ(၁)လမ်း၊ ညောင်ပင်ကြီးအနီး၊ မြို့မ(၅)ရပ်ကွက်၊
ညောင်လေးပင်မြို့။

Myanmar Collaboration Institute - MCI အရည်အချင်းပြည့်ဝသော ၂၁ရာစုနိုင်ငံသားကောင်းလူငယ်များပြုစုပျိုးထောင်ပေးနိုင်စေရန်။

29/06/2026

ယနေ့ ကျရောက်သော "ပထမဝါဆိုလပြည့်နေ့" မှစပြီး မြန်မာပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ပါးအေးချမ်းကြပါစေ 💐💐💐

MCI Myanmar

Category

Telephone

Address


Room (601), 7th Floor
Yangon
11081

Alerts

Be the first to know and let us send you an email when Myanmar Collaboration Institute - MCI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.