Fun Fun Kid MM

Fun Fun Kid MM

Share

Have Fun Babies!! near City mart North okkala

09/06/2026

Goodbye | သင်ရိုးသစ် Kg ကဗျာ
Goodbye Goodbye Everybody
Goodbye Goodbye See you again
Goodbye John, Goodbye Sue
Goodbye, Goodbye, bye, bye,bye
#ကလေးကဗျာများ #သားသားမီးမီးတို့အတွက် #ကလေးသီးချင်း

08/06/2026

ကျေးဇူးကြီးသူများ | Grade 2 Ethics ကဗျာ

ကိုးလလွယ်ကာ ဆယ်လကြာ
မိဘများက မွေးခဲ့တာ၊
မွေးကျေးဇူး အမှန်ရှိ
ကျေးဇူးတင်ပါ၏
စားဖို့ နေဖို့ ဝတ်ဖို့ရာ
မိဘများက ကြိုးစားရှာ၊
ကျွေးကျေးဇူးအမှန်ရှိ
ကျေးဇူးတင်ပါ၏
ငယ်စဉ်ဘဝ ထိန်းကျောင်းကာ
ဆရာများက သင်ပေးတာ
တတ်သိလိမ်မာ ပညာရေး
ဆရာပေးတဲ့အတွေး၊
ပညာမွေ အမှန်သိ
ကျေးဇူးတင်ပါ၏

#မြန်မာစာကဗျာ #သားသားမီးမီးတို့အတွက် #ကလေးကဗျာများ

05/06/2026

ပန်းလေးဆယ်ပွင့် | kg ကဗျာ
ပန်း တစ်ပွင့်
ပန်း နှစ် ပွင့်
ပန်းသုံးပွင့်ပါ
ပန်းလေးပွင့်
ပန်းငါးပွင့်
ပန်းခြောက်ပွင့်ပါ
ပန်းခုနှစ်ပွင့်
ပန်းရှစ်ပွင့်
ပန်းကိုးပွင့်ပါ
ပန်းကလေး ဆယ်ပွင့်ပါ
#မြန်မာစာကဗျာ #ကလေးကဗျာများ #သားသားမီးမီးတို့အတွက်

04/06/2026

Grade-1 မြန်မာစာ ကဗျာ
ဆန်းသစ်စ လလေးဟာ အဲဒါ "ာ" ပါ
ပြောင်းပြန်လှည့်ကာ ဝတ်ဆံထိုး
အဲဒါ " ‌ေ"
ရေအိုးကလေး ရွက်လာရင် အဲဒါ" ိ "
လုံးကြီးတင်မှာ မျက်ဆံခက် "ီ "
#သားသားမီးမီးတို့အတွက် -1 #ကလေးကဗျာများ #မြန်မာစာကဗျာ

31/05/2026

သူ့လိုစိတ်ထား | Kg မြန်မာစာ ကဗျာ

သူလေ သူလေ ဝတယ် သူဝယ်
အစားကောင်းကောင်း စားနိုင်တယ်

သူလေ သူလေ လှတယ် သူလှတယ်
စိတ်ထားကောင်းကောင်းထားလို့ကွယ်

ကိုယ်လေ ကိုယ်လေ ဝတယ် ကိုယ်ဝတယ်
သူ့လို အစားစားနိုင်တယ်

ကိုယ်လေ ကိုယ်လေ လှတယ် ကိုယ်လှတယ်
သူ့လို စိတ်ထားကောင်းကောင်း ထားလို့ကွယ်

#သားသားမီးမီးတို့အတွက် #ကလေးကဗျာများ #ကလေးသီးချင်း

30/05/2026

လူရှည်ကြီးလိုလျှောက် | Kg မြန်မာ ကဗျာ
(လူရှည်ကြီးလို လျှောက်....)2
(လူရှည်ကြီးလို)2 လျှောက်....
(လူပုလေးလို လျှောက်)2
(လူပုလေးလို)2 လျှောက်
#ကလေးကဗျာများ #သားသားမီးမီးတို့အတွက်

29/05/2026

ကလင်ကလောင် | Kg မြန်မာကဗျာ
ကလင်ကလောင် ကလင်ကလောင်
စက်ဘီးစီးရအောင်
မပျင်းအောင် မပိင်းအောင် အဖော်လိုက်ကြရအောင်
ရှေ့မှာနင်းရင်တယောက်တည်း ပျင်းဖို့ကောင်းလှတယ်
ခါးကိုဖက်ကာ အတူတူတွဲ ရထားကြီးလိုပဲ...
ကလင်ကလောင် ကလင်ကလောင်
ရထားစီးရအောင်
#သားသားမီးမီးတို့အတွက် #ကလေးကဗျာများ

28/05/2026

အငြိမ့်သမလေး | Kg ကဗျာ
အငြိမ့်သမလေး ဒေါင်းအိုးဝေ
အက ကောင်းပါပေ...
လူပျက်တွေက ကိုရွှေမျောက်
အမြီးငေါက်တောက်တောက်...
နောက်လိုက်ပြောင်လိုက်ပျော်စရာ
ဆင်ကြီး ပွဲကြည့်လာ
နွေရာသီမို့ အိုက်စပ်စပ်
ဆင်ကြီး ယပ်တောက်ခပ်
မက်တပ်ရပ်တဲ့ကိုရွှေယုန်
နောက်က ဆွေ့ဆွေ့ခုန်
မကြုံဖူးတဲ့ ဒီလိုပွဲ ရွှေကျားတဟဲဟဲ
#ကလေးသီးချင်း #ကလေးကဗျာများ #သားသားမီးမီးတို့အတွက်

27/05/2026

ကြာဖြူ ကြာနီ | kg ကဗျာ
ကြာဖြူ ကြာနီ ကြာညို နှောလို့
တို့လယ်တောမှာပွင့်ကြတယ်
ကောက်စိုက်အပြန် ရေကန်ကြီး
ကြာတစ်စည်းလောက်ချိုးခဲ့ကွယ်
ကြာပွင့် ကြာငုံ ထုံထုံသင်းသင်းကို
မလေးဘယ်သို့ သုံးပါ့မယ်
ကြာရိုးကြာနွယ် ဘယ်ညာဆစ်လို့
ရွှေကြာဆစ်ကြိုး ဆွဲပါ့မယ်
ဆွဲပါ့မယ်....
#သားသားမီးမီးတို့အတွက် #ကလေးကဗျာ

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11031