Power Travel

Power Travel

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Power Travel, Travel Service, Yangon.

နောက်ဆံမတင်း၊ စိတ်ရှင်းတဲ့ ခရီးစဉ်တိုင်းအတွက်
Power Travel ✈️ 🌎
▪️လေယာဉ်လက်မှတ်ဖြတ်ပေးခြင်း
▪️ဟိုတယ် ဘိုကင်ယူပေးခြင်း
▪️ဗီဇာ လျှောက်ထားပေးခြင်း
☎️ 09 5108782, 09 795531443
🛫 ❝ 𝐓𝐫𝐚𝐯𝐞𝐥 𝐚𝐬 𝐲𝐨𝐮 𝐰𝐢𝐬𝐡 - 𝐏𝐨𝐰𝐞𝐫 𝐓𝐫𝐚𝐯𝐞𝐥 ❞ 🌎

20/09/2026

ဘန်ကောက်ရောက်ရင် ဘာလုပ်ကြမလဲ? ✈️

Plan ဆွဲပြီး သွားတာပဲဖြစ်ဖြစ်၊ စိတ်ကူးပေါက်ပြီး ရုတ်တရက် ထထွက်သွားတာပဲဖြစ်ဖြစ်... ဘန်ကောက်ရောက်ရင်တော့ အိမ်ပြန်ချင်စိတ် ပျောက်သွားရတာချည်းပါပဲ။

ခရီးစဉ်လေးကို သက်သက်သာသာ စိတ်ရှုပ်စရာမရှိဘဲ သွားချင်တယ်ဆိုရင်တော့ Power Travel နဲ့သာ သွားလိုက်ပါနော်။ MAI လေကြောင်းခရီးစဉ်တွေက အကြိုက်လိုက်ဖြစ်ပေးဖို့ အမြဲအဆင်သင့်ရှိနေတာ မို့လို့ပါပဲ။

✨ ရန်ကုန်နဲ့ မန္တလေးကနေ ဘန်ကောက် (BKK & DMK) ကို တစ်ပတ်ကို Flight ပေါင်း (၇၇) ကြိမ်တောင် ပြေးဆွဲပေးနေလို့ ကြိုက်တဲ့ရက် ရွေးသွားရုံပဲ! • ရက်ချိန်းချင်လား? ဘန်ကောက် ခရီးစဉ်တွေအတွက် ရက်ချိန်းခ Free! • ထိုင်းနိုင်ငံအတွင်း မြို့ပြောင်းချင်လား? Route Change ခလည်း Free! • ဒါ့အပြင် လက်ဆောင်ပါမယ့် Inflight Snack နဲ့ Free baggage allowanceတွေလည်း ပါပြီးသားနော်။

ကဲ... ကိုယ့်ရဲ့ Bangkok Day လေးကို ဘယ်လိုပုံစံ ဖန်တီးမလဲ? Power Travel နဲ့ အတူတူ လေယာဉ်လက်မှတ် ကြိုတင်ဘွတ်ကင်လုပ်ပြီး ခရီးစလိုက်ရအောင်! 🇹🇭✨

❝ 𝐓𝐫𝐚𝐯𝐞𝐥 𝐚𝐬 𝐲𝐨𝐮 𝐰𝐢𝐬𝐡 - 𝐏𝐨𝐰𝐞𝐫 𝐓𝐫𝐚𝐯𝐞𝐥 ❞

အသေးစိတ်သိရှိလိုပါက
09 5108782, 09 795531443

Viber Channel Link https://invite.viber.com/...

Telegram Channel Link
https://t.me/powertravel

17/09/2026

China ရဲ့ Cyberpunk မြို့တော်ဖြစ်တဲ့ Chongqing မြို့နဲ့ Wulong မြို့တော်ကို 4 ညအိပ် 5 ရက်ခရီးထွက်နိုင်ပါပြီနော် ✈

အားလုံးအပြီးအစီးကိုမှ 3,800,000 MMK ပဲ ကျသင့်မှာမို့ အခွင့်အရေးကို လက်လွှတ်မခံနဲ့နော် ✨

🗓 19 – 23 October 2026

❝ 𝐓𝐫𝐚𝐯𝐞𝐥 𝐚𝐬 𝐲𝐨𝐮 𝐰𝐢𝐬𝐡 - 𝐏𝐨𝐰𝐞𝐫 𝐓𝐫𝐚𝐯𝐞𝐥 ❞

အသေးစိတ်သိရှိလိုပါက
09 5108782, 09 795531443

Viber Channel Link https://invite.viber.com/...

Telegram Channel Link
https://t.me/powertravel

16/09/2026

🇨🇳 တရုတ်ပြည်ရဲ့ Cyberpunk မြို့တော် Chongqing နဲ့ သဘာဝလောကရဲ့ အံ့ဖွယ် Wulong ကို သွားကြမယ်! ✨

ခေတ်မီဆန်းသစ်တဲ့ မြို့ပြအလှတေနဲ့ သဘာဝတရားရဲ့ ရင်သပ်ရှုမောစရာ အလှတရားတွေကို တစ်နေရာတည်းမှာ တပြိုင်နက်တည်း ခံစားချင်သူတွေအတွက် Asian Royal Star Travel & Tour က အထူးစီစဉ်ပေးထားတဲ့ Chongqing – Wulong (5 Days / 4 Nights) ခရီးစဉ်လေး လာပါပြီနော်! ✈️🌆

✨ ခရီးစဉ်အသေးစိတ်
🗓 19 – 23 October 2026
💰 3,700,000 MMK (Only!)
✈️ Yangon – Chongqing – Yangon (Direct Flight)
🏨 4 Diamond Hotel standard
🚐 Comfortable Transportation
👨‍💼 Professional Guide & Tour Leader Service

✈️ Flight Schedule
အသွား: Yangon ✈️ Chongqing (19 Oct 2026) | Flight: PN6530 | 12:15 – 15:45
အပြန်: Chongqing ✈️ Yangon (23 Oct 2026) | Flight: PN6529 | 09:35 – 11:20

✨ ဒီခရီးစဉ်မှာ ဘာတွေပါဝင်မလဲ?
🏙 Chongqing (အနာဂတ် မြို့ပြအလှ)
Hongya Cave: ညဘက်ဆို မီးရောင်စုံနဲ့ လင်းလက်နေတဲ့ ရှေးဟောင်းအဆောက်အအုံပုံစံ မြို့ပြအလှကို ခံစားရင်း ဓာတ်ပုံရိုက်မလား
Jiefangbei: စက်မှုနဲ့ ခေတ်မီဆန်းသစ်မှုတွေ ပေါင်းစပ်ထားတဲ့ စည်ကားသိုက်မြိုက်လှတဲ့ Shopping လမ်းမကြီး
Chongqing Zoo: ချစ်စရာကောင်းလှတဲ့ ပန်ဒါဝက်ဝံလေးတွေကို အနီးကပ်သွားရောက်ကြည့်ရှုမယ် 🐼
Chongqing Hot Pot: မပါမဖြစ် စားသုံးရမယ့် နာမည်ကြီး ရှူးရှူးရှဲရှဲ အပူအစပ် Chongqing Hot Pot အရသာ 🍲

🏔 Wulong (အံ့ဖွယ် သဘာဝတရား)
Three Natural Bridges: ကမ္ဘာကျော် သဘာဝအတိုင်းဖြစ်တည်နေတဲ့ ကျောက်တံတားကြီး ၃ စင်း
Glass Elevator: တောင်တန်းကြီးတွေကြားထဲမှာ စိမ့်ဝင်သွားမယ့် ရင်ခုန်စရာ မှန်ဓာတ်လှေကား အတွေ့အကြုံ 🌿

📸 အမှတ်တရ ဓာတ်ပုံလှလှလေးတွေနဲ့ ခရီးစဉ်တစ်လျှောက် ပျော်ရွှင်စရာ အတွေ့အကြုံသစ်တွေကို ရရှိဖို့ ခုပဲ Asian Royal Star Travel & Tour နဲ့အတူ စာရင်းပေးသွင်းလိုက်ပါနော်! 🫶🏻✈️

❝ 𝐓𝐫𝐚𝐯𝐞𝐥 𝐚𝐬 𝐲𝐨𝐮 𝐰𝐢𝐬𝐡 - 𝐏𝐨𝐰𝐞𝐫 𝐓𝐫𝐚𝐯𝐞𝐥 ❞

အသေးစိတ်သိရှိလိုပါက
09 5108782, 09 795531443

Viber Channel Link https://invite.viber.com/...

Telegram Channel Link
https://t.me/powertravel

Photos from Power Travel's post 15/09/2026

MAI လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်ချိန်များ ပြင်ဆင်ပြောင်းလဲမှု အသိပေးချက် ❗️

✈️ Power Travel ရဲ့ ခရီးသွားချစ်သူတို့ရှင်

MAI ရဲ့ လုပ်ငန်းခွင် လိုအပ်ချက်များအရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့မှ (၂၀) ရက်နေ့အထိ ပြေးဆွဲမည့် အောက်ပါလေယာဉ်ခရီးစဉ်အချို့ရဲ့ ထွက်ခွာချိန်များကို ပြင်ဆင်ပြောင်းလဲထားကြောင်း အသိပေးချင်ပါတယ် -

ခရီးစဉ် ပြောင်းလဲမှုရှိသည့် ခရီးသည်တော်များအနေဖြင့် ခရီးစဉ်ဇယားသစ်များကို ကြိုတင်စစ်ဆေးပေးပါရန်နှင့် လေဆိပ်သို့ အမှီလာရောက်နိုင်ရေး အပါအဝင် နောက်ဆက်တွဲ ခရီးစဉ်အဆက်အစပ်များအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ကြိုတင်စီစဉ်ထားရှိပေးပါရန် လေးစားစွာ အသိပေးအပ်ပါတယ်။🛫

❝ 𝐓𝐫𝐚𝐯𝐞𝐥 𝐚𝐬 𝐲𝐨𝐮 𝐰𝐢𝐬𝐡 - 𝐏𝐨𝐰𝐞𝐫 𝐓𝐫𝐚𝐯𝐞𝐥 ❞

အသေးစိတ်သိရှိလိုပါက
09 5108782, 09 795531443

Viber Channel Link https://invite.viber.com/...

Telegram Channel Link
https://t.me/powertravel

13/09/2026

🇹🇭✨ 𝐌𝐀𝐈 𝐱 𝐂𝐞𝐧𝐭𝐫𝐚𝐥: ထိုင်းနိုင်ငံမှာ ပိုပြီး အပျော်ကြီး ပျော်လိုက်ကြရအောင် 🇹🇭💙

ထိုင်းနိုင်ငံကို သွားမယ့် ခရီးသွား ချစ်သူတွေအတွက် သတင်းကောင်းကြီး လာပါပြီနော်!

လူကြိုက်အများဆုံး လေကြောင်းလိုင်း MAI နဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Shopping Paradise Central Department Store တို ပူးပေါင်းပြီး အလန်းစား Exclusive Privilege တွေကို ယူဆောင်လာပေးလိုက်ပါပြီ။

MAI ရဲ့ ခရီးသည်တွေအတွက် သီးသန့်ရရှိမယ့် Central International Customer Welcome Privileges မှာ - 🛍 ဈေးဝယ်ထွက်တာ၊ အစားအသောက် စားသောက်တာနဲ့ Beauty Privilege တွေအပြင် 💵 ထိုင်းဘတ် (၁,၈၀၀) အထိ တန်ဖိုးရှိတဲ့ Cash Coupon ကိုလည်း အထူးလက်ဆောင်အနေနဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။

MAI နဲ့ ခရီးသွားရင် လေယာဉ်ပေါ်က ဆင်းလိုက်ရုံနဲ့ ခရီးစဉ် ကုန်ဆုံးမသွားပါဘူးနော်။ ထိုင်းနိုင်ငံမှာ လည်ပတ်နေသမျှ ကာလပတ်လုံး အထူး ခံစားခွင့်တွေက ထပ်ကြပ်မကွာ ပါလာမှာပါ။

📅 ၁ စက်တင်ဘာ ၂၀၂၆ မှ ၂၈ ဖေဖော်ဝါရီ ၂၀၂၇ အထိ (စည်းကမ်းချက်များ ရှိပါတယ်)

ကဲ... ဒီလို အခွင့်အရေးမျိုး ရတုန်း ထိုင်းသွားဖို့ ပြင်ဆင်နေပြီဆိုရင် Power Travel မှာ MAI လက်မှတ်လေးတွေကို အမြန်ဆုံး ဝယ်ယူအားပေးနိုင်ပါပြီနော်! ✨✈️

❝ 𝐓𝐫𝐚𝐯𝐞𝐥 𝐚𝐬 𝐲𝐨𝐮 𝐰𝐢𝐬𝐡 - 𝐏𝐨𝐰𝐞𝐫 𝐓𝐫𝐚𝐯𝐞𝐥 ❞

အသေးစိတ်သိရှိလိုပါက
09 5108782, 09 795531443

Viber Channel Link https://invite.viber.com/...

Telegram Channel Link
https://t.me/powertravel

11/09/2026

🚗 ဘန်ကောက်ရောက်ရင် ကားကိစ္စ ပူစရာမလိုဖို Power Travel ရှိတယ်!
လေယာဉ်ပေါ်ကဆင်းတာနဲ့ သွားချင်တဲ့နေရာ အဆင်ပြေပြေသွားနိုင်ဖို Power Travel မှာ ကားအမျိုးမျိုး ဝန်ဆောင်မှု ပေးနေပါတယ်နော်။ 😊

👨‍👩‍👧 မိသားစုလိုက် ခရီးထွက်မလား၊
🎒 တစ်ယောက်တည်း လွတ်လွတ်လပ်လပ် သွားမလား၊
👯‍♀️ သူငယ်ချင်းတွေနဲ့ အဖွဲလိုက် လျှောက်လည်မလား၊
👩‍❤️‍👨 ကိုယ်ချစ်ရသူလေးနဲ့ ရိုမန့်တစ်ဆန်ဆန် သွားမလား...

ဘယ်လိုခရီးစဉ်မျိုးအတွက်မဆို အကိုက်ညီဆုံးဖြစ်မယ့် ကားအမျိုးအစားစုံလင်ကို စိတ်ကြိုက်ရွေးချယ်လိုရပါတယ်နော်။ ✨

ကားရှာရတဲ့ အလုပ်ရှုပ်ခံမယ့်အစား Power Travel နဲ့ စိတ်အေးအေးလေး သွားလိုက်ရအောင်။ 🚘

❝ 𝐓𝐫𝐚𝐯𝐞𝐥 𝐚𝐬 𝐲𝐨𝐮 𝐰𝐢𝐬𝐡 - 𝐏𝐨𝐰𝐞𝐫 𝐓𝐫𝐚𝐯𝐞𝐥 ❞

အသေးစိတ်သိရှိလိုပါက
09 5108782, 09 795531443

Viber Channel Link https://invite.viber.com/...

Telegram Channel Link
https://t.me/powertravel

11/09/2026

Power Travel ရဲ့ ခရီးသွားတို့အတွက် အသိပေးချက် ❗

လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်များကြောင့် MAI လေကြောင်းလိုင်းမှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့/မှ ပြေးဆွဲပျံသန်းနေသည့် နိုင်ငံတကာခရီးစဉ်အားလုံးကို နောက်ထပ်အကြောင်းမကြားမီအထိ ယာယီရပ်နားထားမည် ဖြစ်ပါသည်။

ယခုကာလအတွင်း MAI နှင့် မင်္ဂလာ (Mingalar) လေကြောင်းလိုင်းတို့မှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့/မှ ပျံသန်းရန် စီစဉ်ထားသော ပြည်တွင်းခရီးစဉ်အားလုံးကို အနီးစခန်းလေဆိပ် (ပြင်ဦးလွင်) သို့/မှ ပြောင်းလဲပြေးဆွဲပေးသွားမည် ဖြစ်ပါသည်။

ခရီးစဉ်အပြောင်းအလဲကြောင့် ထိခိုက်မှုရှိခဲ့သည့် ခရီးသည်များအနေဖြင့် အောက်ပါအတိုင်း ရွေးချယ်နိုင်ပါသည်-

လေယာဉ်လက်မှတ်ခ အပြီးအပိုင် ပြန်လည်ထုတ်ယူခြင်း (Full refund)

လေယာဉ်နေရာလွတ်ရှိမှုပေါ်မူတည်၍ ခရီးစဉ်လမ်းကြောင်းအား အခမဲ့ (၁) ကြိမ် ပြောင်းလဲခြင်း

တို့အတွက် Power Travel နှင့် အတူ ခရီးသွားမည့် ခရီးသည်တို့အတွက် ‌ေဆာင်ရွက်ပေးသွားမှာဖြစ်ပါသည်။

ယခုလို အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် အထူးပင် တောင်းပန်အပ်ပါသည်၊၊ ဖြည့်ဆည်းနားလည်ပေးမှုအတွက်လည်း ကျေးဇူးအထူးတင်ရှိပါသည်။

နောက်ဆက်တွဲအချက်အလက်သတင်းများကိုလည်း ပြန်လည်အသိပေးအပ်သွားပါမည်။ 🙏🏻

❝ 𝐓𝐫𝐚𝐯𝐞𝐥 𝐚𝐬 𝐲𝐨𝐮 𝐰𝐢𝐬𝐡 - 𝐏𝐨𝐰𝐞𝐫 𝐓𝐫𝐚𝐯𝐞𝐥 ❞

အသေးစိတ်သိရှိလိုပါက
09 5108782, 09 795531443

Viber Channel Link https://invite.viber.com/...

Telegram Channel Link
https://t.me/powertravel

09/09/2026

မြန်မာပြည်တွင်း သက်တောင့်သက်သာနဲ့ စိတ်ကြိုက်ခရီးသွားနိုင်ဖို့ Power Travel ✈️

💪🏻 Power Travel မှာဆိုရင်

✅ Myanmar Airways International (MAI)
✅ Myanmar National Airlines (MNA)
✅ Mann Yadanarpon Airlines
✅ Air Thanlwin

တို့ရဲ့ လေကြောင်းခရီးစဉ်များစွာကို မြန်လည်းမြန်၊ တိလည်းကျပြီး တစ်နေရာတည်း အသင့်ဆုံးနှုန်းထားနှင့် ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။ 🌟

ခရီးသွားမိတ်‌‌ေဆွတို့ရဲ့ လေကြောင်းခရီးစဉ်အတွက် ဆုံး အဆင်ပြေချောမွေ့စေဖို Power Travel ကို ယုံကြည်ထားနိုင်ပါပြီ။

✈️ လေယာဉ်လက်မှတ် (Air Tickets) - စိတ်ချရပြီး သက်သာသော ဈေးနှုန်းများဖြင့် အဆင်ပြေဆုံး လေကြောင်းလိုင်းများကို ကြိုတင် Booking တင်ပေးခြင်း။

🏨 ဟိုတယ်နှင့် တည်းခိုခန်း (Hotel Booking) - သန့်ရှင်းသပ်ရပ်ပြီး ခရီးစဉ်နှင့် အနီးစပ်ဆုံး စိတ်ကြိုက်ဟိုတယ်များကို ရှာဖွေချိတ်ဆက်ပေးခြင်း။

🛂 ဗီဇာဝန်ဆောင်မှု (Visa Service) - စာရွက်စာတမ်း ရှုပ်ထွေးမှုများမရှိဘဲ စိတ်အေးချမ်းသာစွာ ဗီဇာရရှိနိုင်ရန် ကျွမ်းကျင်စွာ ဆောင်ရွက်ပေးခြင်း။

❝ 𝐓𝐫𝐚𝐯𝐞𝐥 𝐚𝐬 𝐲𝐨𝐮 𝐰𝐢𝐬𝐡 - 𝐏𝐨𝐰𝐞𝐫 𝐓𝐫𝐚𝐯𝐞𝐥 ❞

အသေးစိတ်သိရှိလိုပါက
09 5108782, 09 795531443

Viber Channel Link https://invite.viber.com/...

Telegram Channel Link
https://t.me/powertravel

Photos from Power Travel's post 08/09/2026

🇹🇭 ဘန်ကောက်မှာ Street Food ပတ်စားမယ် 🤤

ဘယ်ရောက်ရောက် အစားလေးတော့ ပြီးပြည့်စုံမှဆိုတဲ့ ခရီးသွားချစ်သူတို့အတွက် ဘန်ကောက်က စားကောင်းလို့ ပေးရတာတန်စေမယ့် Street Food တွေဆီ ခေါ်သွားပေးမယ်နော် 😎

1. Uan Bamee Giew

Saphan Kwai မှာ ရှိပြီး ရှိသမျှ ဘယ်သူ့ကိုမေးမေး ဘယ်ဆိုင်လဲ တန်းသိလောက်တဲ့ထိ စားလို့ကောင်းတဲ့ဆိုင်ပါ။ ဒီကိုရောက်ရင်တော့ လက်လုပ်ကြက်ဥခေါက်ဆွဲနဲ့ ဖက်ထုပ်တို့ စားကိုစားရမယ်နော်။

2. Kuay Jab Uan Pochana

Yaowarat, ဘန်ကောက်ရဲ့ Chinatown မှာ ရှိပါတယ်။ kuay jab nam sai ဆိုတဲ့ ဝက်ပြုတ်ရည်ထဲချက်တဲ့ဆန်ခေါက်ဆွဲပြုတ်နဲ့ အရမ်းနာမည်ကြီးတဲ့ဆိုင်ပါ။

3. Tom Yum Goong Banglamphu

Khao San လမ်းမနဲ့ မနီးမဝေးဖြစ်တဲ့ Banglamphu က နာမည်ကြီး လမ်းဘေးဆိုင်လေးပါ။ ချဉ်ချဉ်စပ်စပ် တုန်ယမ်းဟင်းကောင်းကောင်းလေးစားချင်တဲ့သူတွေ သေချာပေါက်သွားသင့်ပါတယ်။

4. Doy Kuay Teow Reua

ထိုင်းရောက်ရင် ကွေ့သယိုကောင်းကောင်းစားဖူးပြီလို့ ပြောနိုင်ဖို့ ဒီဆိုင်မှာ ထိုင်စားဖူးမှဖြစ်မယ်။ အခြားစားကောင်းတဲ့ဆာတေးတို့ပါ ရှိလို့ လက်မလွှတ်သင့်တဲ့ဆိုင်ပါ။

5. Larb Bpet Yasothon

အရှေ့မြောက်ထိုင်းအစားအစာတွေဖြစ်တဲ့ Isan အစားစာကောင်းကောင်းတွေကို တစ်နေရာတည်းရရှိနိုင်မှာပါ။ Silom ထဲမှာ ညနေပိုင်း ၅-၆ လောက်မှ စဖွင့်ပြီး စွန်တန် က သေချာပေါက် စားကြည့်သင့်ပါတယ်။

6. Ah Ou Bangrak

လမ်းဘေးဆိုင်ပဲဆိုပေမယ့် ဆိုင်ကြီးမှာ ထိုင်စားရသလိုကို စားလို့ကောင်းတဲ့ ဆိုင်ပါ။ ထိုင်းရောက်ပြီး တရုတ်စာပဲ စားချင်နေရင် ဒီဆိုင်သွားမှကိုဖြစ်မယ်။ ဟောင်ကောင်စတိုင်ခေါက်ဆွဲကြော်ကိုတော့ ကျော်မသွားသင့်ဘူးနော်။

7. Nai Mong Hoy Tod

ကမာကောင်းကောင်းလေးကိုမှ အရသာရှိရှိနဲ့ Omelet အကြိုက်စားချင်ရင် Yaowarat Chinatown မှာရှိတဲ့ ဒီဆိုင်ကို သွားပါ။ ကမာမှ ကမာလို့ဖြစ်နေတဲ့ သူရှိရင် အချိန်ဆွဲမနေနဲ့တော့။

8. Khao Gaeng Jake Puey

Yaowarat Chinatown ထဲမှာ Charoen Krung လမ်းပေါ်က ထမင်းဟင်းကောင်းကောင်းရတဲ့ ဆိုင်လေးပါ။ အုန်းနို့နဲ့ချက်ထားတဲ့ ဝက်သားဟင်း - kaeng kari moo က အရောင်းရဆုံးပါပဲ။ တစ်နေ့နဲ့တစ်နေ့ချက်တာမတူပေမယ့် ပုံမှန်တော့ ဒီဟင်းကို စားလို့ရနိုင်ပါတယ်။

9. Khao Gaeng Ruttana

Nang Loeng ဈေး ထဲက နောက်ထပ် ထမင်းဟင်းကောင်းကောင်းလေးလည်းရှိပါတယ်။ မနက် ၁၁နာရီလောက်မှာ စဖွင့်တာမို့ နေ့လည်စာအမီစားချင်ရင် ကွက်တိပဲ။ ဘယ်ဟင်းဖြစ်ဖြစ် လက်ရာက အတော်ကောင်းတဲ့ထဲပါတာကြောင့် စားကြည့်သင့်ပါတယ်။

10. Somsak Boo Op

ဘန်ကောက်ရဲ့ အကောင်းဆုံး Street food တွေထဲက တစ်ဆိုင်လို့ပြောရမှာပါ။ ကြာဇံနဲ့ ပုဇွန် ပေါင်းစပ်ထားတဲ့ goong ob woon sen က နာမည်အကြီးဆုံး အစားစာထဲပါပါတယ်။

11. Khao Kluk Kapi Niyngow

khao kluk kapi လို့ခေါ်တဲ့ ပုဇွန်ထမင်းကြော်ကိုမှ Topping အမျိုးမျိုးနဲ့ စားလို့အရမ်းကောင်းတာကို ရနိုင်မယ့် ဆိုင်ပါ။

12. Hia Wan Khao Tom Pla

နောက်ဆုံးအနေနဲ့ စားပြီးရင်း စားချင်မယ့် Teochew စတိုင် ဆန်ပြုတ်ကိုမှ ပင်လယ်စာနဲ့ ရနိုင်မယ့် ဆိုင်လေးပါ။ အစပ်လည်းမစားနိုင်ဘူး၊ ထိုင်းစာကောင်းကောင်းလေးလည်းကြိုက်ရင်တော့ ဒီဆိုင်ကို သွားပါ။ လတ်ဆတ်တဲ့ပင်လယ်စာဖြစ်လို့ လမ်းဘေးဆိုင်လေးဆိုပေမယ့်လည်း နည်းနည်းတော့ဈေးကြီးတယ်လို့ထင်ရပါတယ်။ တန်ပါတယ်နော်။

ဒီလောက်ဆို ဘယ်ဆိုင်တွေလည်သင့်လဲ သိသွားကြပြီထင်ပါတယ်။ ဘန်ကောက်ရောက်လို့ ဘယ်သွားရမလဲမသိ၊ ဘယ်လိုလုပ်ရမလဲမသိနဲ့ သွားလိုရာ ချောချောမွေ့မွေ့ရောက်နိုင်ဖို့ ကားလေးတစ်စီးတော့လိုမယ်နော်။

လေယာဉ်ပေါ်ကဆင်းတာနဲ့ သွားချင်တဲ့နေရာ အဆင်ပြေပြေသွားနိုင်ဖို Power Travel မှာ ကားအမျိုးမျိုး ဝန်ဆောင်မှု ပေးနေပါတယ်နော်။ 😊

👨‍👩‍👧 မိသားစုလိုက် ခရီးထွက်မလား၊
🎒 တစ်ယောက်တည်း လွတ်လွတ်လပ်လပ် သွားမလား၊
👯‍♀️ သူငယ်ချင်းတွေနဲ့ အဖွဲလိုက် လျှောက်လည်မလား၊
👩‍❤️‍👨 ကိုယ်ချစ်ရသူလေးနဲ့ ရိုမန့်တစ်ဆန်ဆန် သွားမလား...

ဘယ်လိုခရီးစဉ်မျိုးအတွက်မဆို အကိုက်ညီဆုံးဖြစ်မယ့် ကားအမျိုးအစားစုံလင်ကို စိတ်ကြိုက်ရွေးချယ်လိုရပါတယ်နော်။ ✨

ကားရှာရတဲ့ အလုပ်ရှုပ်ခံမယ့်အစား Power Travel နဲ့ စိတ်အေးအေးလေး သွားလိုက်ရအောင်။ 🚘

❝ 𝐓𝐫𝐚𝐯𝐞𝐥 𝐚𝐬 𝐲𝐨𝐮 𝐰𝐢𝐬𝐡 - 𝐏𝐨𝐰𝐞𝐫 𝐓𝐫𝐚𝐯𝐞𝐥 ❞

အသေးစိတ်သိရှိလိုပါက
09 5108782, 09 795531443

Viber Channel Link https://invite.viber.com/...

Telegram Channel Link
https://t.me/powertravel

07/09/2026

"K-Drama တွေထဲကအတိုင်း ချယ်ရီပန်းတွေကြားထဲမှာ Hanbok ဝတ်ပြီး ဓာတ်ပုံရိုက်ချင်တယ်"
"ဟန်မြစ်ကမ်းဘေးမှာ ရေမုန့်နဲ့ Soju သောက်ရင်း ကိုရီးယားစတိုင် chill ချင်တယ်"
"မြောင်ဒုံးနဲ့ ဟုန်းဒေးမှာ ခေါင်းအစ ခြေအဆုံး Shopping ထွက်ပြီး ကိုရီးယားလမ်းဘေးစာတွေ တဝကြီး စားချင်တယ်"

ဒီလိုအိမ်မက်လေးတွေ ရှိနေရင်တော့ ဆိုးလ် မြို့ကို ခရီးစဉ်ဆွဲဖို့ အချိန်တန်ပြီနော်! 😎

ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်ဆိုတာ ရှေးဟောင်းယဉ်ကျေးမှုနဲ့ ခေတ်မီဆန်းသစ်မှုတွေ ပေါင်းစပ်ထားတဲ့နေရာမို့ ဘယ်အချိန်သွားသွား ရိုးမသွားရအောင် ဆွဲဆောင်မှုအပြည့်ရှိတဲ့ မြို့ပါ။ ဂျောင်ဘို့ဂုန်း နန်းတော်ထဲမှာ Hanbok လေးဝတ်ပြီး မင်းသမီး၊ မင်းသား လုပ်မလား၊ N Seoul Tower ပေါ်တက်ပြီး သော့ခတ်ရင်း ဆုတောင်းမလား၊ ဘာပဲလုပ်လုပ် ရိုက်သမျှဓာတ်ပုံတိုင်းက IG Story မှာ မရိုက်လို့မရအောင် လှနေမှာ အသေအချာပါပဲ။

ခရီးသွာ့းချင်ပေမယ့် ဗီဇာကိစ္စတွေ၊ လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ဘိုကင်အလုပ်ရှုပ်တာတွေကြောင့် တွန့်ဆုတ်နေရင်

ဒါတွေအားလုံးအတွက် Power Travel ရှိပါတယ်နော်! ✈️
ခရီးစဉ် ရေးဆွဲတာကအစ၊ ဗီဇာလျှောက်ထားပေးတာ၊ ဟိုတယ်နွေးနွေးထွေးထွေးမှာ တည်းခိုခွင့်ရဖို့နဲ့ ခရီးစဉ်တစ်ခုလုံး အဆင်ပြေပြေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြစ်စေဖို့ Power Travel က အစအဆုံး အကောင်းဆုံး တာဝန်ယူပေးသွားမှာပါ။

❝ 𝐓𝐫𝐚𝐯𝐞𝐥 𝐚𝐬 𝐲𝐨𝐮 𝐰𝐢𝐬𝐡 - 𝐏𝐨𝐰𝐞𝐫 𝐓𝐫𝐚𝐯𝐞𝐥 ❞

အသေးစိတ်သိရှိလိုပါက
09 5108782, 09 795531443

Viber Channel Link https://invite.viber.com/...

Telegram Channel Link
https://t.me/powertravel

Category

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Power Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.