SOFU Trading and Engineering
စက်ရုံသုံးစက်ပစ္စည်းမျိုးစုံကို တင်သွင်းရောင်းချ တပ်ဆင်ပေးသော ကုမ္ပဏီဖြစ်ပါတယ်
Hello everyone!
Good day to you.
If you want to know more about our services, please contact us on the phone number below.
+959400400188 (Viber)
+959776677100 (Viber)
+959778333229 (Viber)
Thanks
SOFU Co., Ltd
01/01/2024
"၂၀၂၄" နှစ်သစ်မှာ မိတ်ဆွေများ၏ စီးပွားများ တိုးတက်ပွား၍ ကျန်းမာချမ်းသာ သုခများနှင့် ပြည့်ဝနိုင်ပါစေကြောင်း ကျွန်တော်တို့ "ဆိုဖူ မိသားစု" မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်
02/11/2023
စပါး ၊ ပဲ ၊ ပြောင်း အခြောက်ခံစက်
ယခု အမျိုးအစားများ မှာတော့ ကျွန်တော်တို့ ဆိုဖူ မှ
တင်သွင်း ရောင်းချပေးလျှက်ရှိသော
တစ်ပေါင်းကို ၁၀တန် မှ စပြီး အခြောက်ခံနိုင်တဲ့ စက်များဖြစ်ပါတယ်
၁၅ တန် ၊ တန် ၂၀ ၊ တန် ၅၀ အထက်ထိ အခြောက်ခံ နိုင်တဲ့ စက်များအထိ ရရှိနိုင်ပါတယ်
စပါးခွံ ၊ ကျောက်မီးသွေး ၊ လောင်စာတောင့် ၊ လောင်စာဆီ သုံးမီးဖိုများဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပါမယ်
ကျွန်တော်တို့ ဆိုဖူ မှ ရရှိနိုင်သော အခြောက်ခံစက်များနှင့် ပတ်သက်ပြီး မေးမြန်းစုံစမ်းလိုပါက
- ရန်ကုန်ရုံး
☎️ 09 - 77 66 77 100
☎️ 09 - 778 333 229
📧 [email protected]
တို့ကို ဆက်သွယ်နိုင်ပါတယ်။
01/11/2023
စပါး ၊ ပဲ ၊ ပြောင်း အခြောက်ခံစက်
ကျွန်တော်တို့ ဆိုဖူ(SOFU) မှ တင်သွင်းရောင်းချ တပ်ဆင်ပေးလျှက်ရှိသော
အလွယ်တကူ သယ်ဆောင်သွားနိုင်မယ့် အခြောက်ခံစက်များနှင့် မိတ်ဆက်ပေးပါမယ်
▶️ (စပါး ၊ ပဲ ၊ ပြောင်း ၊ နှမ်း ၊ နေကြာ) အစရှိသည်တို့ကို အခြောက်ခံနိုင်မှာ ဖြစ်ပါတယ်။
▶️ အထွက်နှုန်းအနေဖြင့်
အပူခံဇလားအတွင်းသို့ ၃ တန် ၊ ၅ တန် ၊ ၁၀ တန် ၊ တန် ၂၀ အထိ ထည့်သွင်းပြီး အခြောက်ခံနိုင်ပါမယ်
▶️ အစိုဓါတ်ပါဝင်မှုနှုန်း ပေါ်မူတည်၍ တစ်နေ့လျှင်
1️⃣ ==> ၉ တန် မှ ၁၂ တန်
2️⃣ ==> ၁၅ တန် မှ ၂၀ တန်
3️⃣ ==> ၃၀ တန် မှ ၄၀ တန်
4️⃣ ==> ၆၀ တန် မှ ၈၀ တန် အထိ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်
▶️ ရေဓါတ်ဖယ်ရှားနိုင်မှု အနေဖြင့်
တနာရီကို ၁.၈ ရာခိုင်နှုန်း မှ ၂.၅ ရာခိုင်နှုန်း အတွင်းဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။
📌 လောင်စာအနေဖြင့် စပါးခွံ/ ထင်း/ ကျောက်မီးသွေး / လောင်စာတောင့် / လောင်စာဆီ အစရှိသည်တို့ဖြင့် သုံးနိုင်ပါမယ်
📌 အသုံးပြုထားသည့် နည်းပညာမြင့်မားခြင်းကြောင့် သီးနှံပျက်စီးမှု နည်းပါကာ စက်ပိုင်းဆိုင်ရာ ပြုပြင်ရမှုလည်း သက်သာပါတယ်
📌 (စပါး ၊ ပဲ ၊ ပြောင်း ၊ နှမ်း ၊ နေကြာ) တို့ကို အပေါ်အောက် လှည့်လည်ပြီး အခြောက်ခံခြင်းဖြစ်တာကြောင့် စွမ်းဆောင်နိုင်မှု မြင့်မားခြင်း
စသည့် အားသာချက်များ ရှိပါတယ်.
👨🌾လွယ်ကူစွာသယ်ဆောင်သွားနိုင်ပြီး လျှင်မြန်စွာ နေရာရွေ့ပြောင်း အသုံးပြုနိုင်တာကြောင့် နေရာရွေ့ပြောင်းပြီး အသုံးပြုလိုတဲ့ မိတ်ဆွေများအတွက် သေချာပေါက် အဆင်ပြေစေမှာ ဖြစ်ပါတယ် 😊
ဆက်သွယ်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များကတော့ -
*********************************************
- ရန်ကုန်ရုံး
☎️ 09 - 77 66 77 100
☎️ 09 - 778 333 229
📧 [email protected]
တို့ကို ဆက်သွယ်နိုင်ပါတယ်။
23/10/2023
ကျွန်ုပ်တို့ ဆိုဖူ ကုမ္ပဏီမှ ဝန်ဆောင်မှုပေး ရောင်းချနေသော စက်ရုံနယ်ပယ်များ
**************************************************************
ကျွန်တော်တို့ SOFU(ဆိုဖူ) မှာ စက်ရုံသုံး ပစ္စည်းမျိုးစုံကို ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်။
**************************************************************
ဆက်သွယ်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များကတော့ -
*********************************************
- ရန်ကုန်ရုံး
☎️ 09 - 77 66 77 100
☎️ 09 - 778 333 229
📧 [email protected]
တို့ကို ဆက်သွယ်နိုင်ပါတယ်။
23/10/2023
Engineering ကဏ္ဍအတွက် ကျွန်ုပ်တို့၏ မျှော်မှန်းချက် နှင့် ဆောင်ရွက်ချက်
20/10/2023
Boiler & Chemical (ဘွိုင်လာ နှင့် ဓါတုပစ္စည်း)
===========================
ဘွိုင်လာ ကို အသုံးပြုကြပြီဆိုတာနဲ့ အဆိုပါ ဘွိုင်လာအတွက်
- လုပ်ငန်းဆောင်တာတွေ ပုံမှန်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ရယ်
- နှစ်ကာလ ရှည်ကြာစွာ အသုံးပြုနိုင်ဖို့ရယ် ဆိုရင်တော့
ဘွိုင်လာသုံးဓါတုဆေးများကို (မဖြစ်မနေ) မဖြစ်မနေသုံးစွဲ ကြရမှာပဲ ဖြစ်ပါတယ်။
ဘွိုင်လာသုံး ဓါတုဆေးတွေကို ဘွိုင်လာအတွင်း ထည့်သွင်းမည့် ရေများကို ပြုပြင်ခြင်းနဲ့ ဘွိုင်လာကို သန့်ရှင်းစင်ကြယ်ရေးအတွက် အသုံးပြုကြပါတယ်။
ဒီလို ဓါတုဆေးတွေကို အသုံးပြုခြင်းဖြင့် -
➡️ ဘွိုင်လာကို ဆိုးကျိုးဖြစ်စေမည့် ဒြပ်နှင့် အညစ်အကြေးများကို ဖယ်ရှားနိုင်ပါတယ်။
➡️ဘွိုင်လာ၏ အတွင်းပိုင်း ဓါတုဖြစ်စဉ်များကို တိုးတက်စေပါတယ်။
➡️ အကြောင်းအမျိုးမျိုးကြောင့် ပွန်းစားခြင်းတွေကိုလည်း ထိန်းချုပ်နိုင်ပါတယ်။
➡️ ဘွိုင်လာ၏လုပ်ငန်းဆောင်တာများလည်း ပုံမှန်ဖြစ်စေနိုင်တာကြောင့် ဘွိုင်လာပြဿနာကြောင့် မိမိလုပ်ငန်း ရပ်တန့်မှုကို ရှောင်ရှားနိုင်ပါတယ်။
➡️ ဘွိုင်လာ အစိတ်အပိုင်းတွေရဲ့ သက်တမ်းကို ပိုမို ရှည်ကြာစွာ သုံးစွဲစေနိုင်ပါတယ်။
ဘွိုင်လာအတွင်း ထည့်သွင်းမည့် ရေများကို ပြုပြင်တယ် ဆိုတာကလည်း
ရေမှာပါဝင်တဲ့ ဓါတ်များဟာ ဘွိုင်လာအတွင်းမှာ အနည်ထိုင်ဂျိုးကပ်ခြင်းတွေ ပြီးတော့ ပါဝင်တဲ့အက်ဆစ်ဓါတ်တွေကြောင့် ပွန်းစားခြင်းတွေ ဖြစ်စေတာကြောင့် ဘွိုင်လာအတွင်း မဝင်ရောက်မှီရယ် ဘွိုင်လာအတွင်းအသုံးပြုနေချိန်တွေမှာ ဓါတုဆေးပစ္စည်းတွေကို ထည့်သွင်း အသုံးပြုတာဖြစ်ပါတယ်။
ဘွိုင်လာများကို ပြုပြင်ထိန်းသိမ်းချိန်မှာလည်း ဓါတုပစ္စည်းတွေကို အသုံးပြုခြင်းဖြင့် လုပ်ဆောင်မှုကို လျှင်မြန်စေပါတယ်။
**************************************************************
မိမိတို့ SOFU(ဆိုဖူ) မှာ စက်ရုံသုံး Chemical မျိုးစုံကို ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်။
**************************************************************
ဆက်သွယ်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များကတော့ -
*********************************************
- ရန်ကုန်ရုံး
☎️ 09 - 77 66 77 100
☎️ 09 - 778 333 229
📧 [email protected]
တို့ကို ဆက်သွယ်နိုင်ပါတယ်။
20/10/2023
ဘွိုင်လာသုံးလောင်စာများ
================
စက်မှုလုပ်ငန်းသုံး ဘွိုင်လာ များ လိုအပ်ပါက မိမိတို့ SOFU မှာ စုံစမ်းနိုင်ပါတယ်။
အမျိုးအစားများအနေဖြင့် -
အသုံးပြုကြသည့် လောင်စာများပေါ်မူတည်ပြီး
- ကျောက်မီးသွေး အသုံးပြု ဘွိုင်လာများ
- ဆီ အသုံးပြု ဘွိုင်လာများ
- သဘာဝဓါတ်ငွေ့သုံး ဘွိုင်လာများ
- လျှပ်စစ်သုံး ဘွိုင်လာများ
- ဇီဝလောင်စာသုံး ဘွိုင်လာများ ဆိုပြီး အမျိုးမျိုး ရှိကြပါတယ်။
သာမန် အားဖြင့်တော့ ဘွိုင်လာ ထုတ်လုပ်သည့် စက်ရုံများမှ ဘွိုင်လာများအတွက်
လောင်စာ သုံးစွဲနှုန်း ၊ အသုံးပြုလိုက်သော လောင်စာကြောင့် ထွက်ရှိမယ့် အပူစွမ်းအင် တွေကို ဖော်ပြပြီးသားဖြစ်ပါတယ်။
ဒါကြောင့် မိမိအသုံးပြုလိုတဲ့ ထွက်နှုန်းဖြင့် မိမိစိတ်ကြိုက် ဘွိုင်လာများကို မှာယူရရှိနိုင်ပါတယ်။
ဘွိုင်လာသုံး လောင်စာတွေကို လေ့လာကြည့်ရလျှင်
ကျောက်မီးသွေးသုံး ဘွိုင်လာ
=================
ကျောက်မီးသွေးမှာ ကာဘွန် ပမာဏ များစွာပါလို့ ကာဘွန်ဒိုင်အောက်ဆိုဒ် ထွက်နှုန်းများပြီး သဘာဝပတ်ဝန်းကျင်ပေါ်သက်ရောက် နိုင်ပါတယ်။ပြီးတော့ လုပ်ငန်းခွင်မှာ သန့်ရှင်းမှု နည်းစေပါတယ်။
ခုနောက်ပိုင်း နိုင်ငံတကာမှာ သဘာဝပါတ်ဝန်းကျင်ကို ထိန်းသိမ်းရေး မူဝါဒတွေကြောင့် ကျောက်မီးသွေးသုံး ဘွိုင်လာတွေအတွက် Electrostatic Precipitators တွေကိုပါ တပ်ဆင်ရပါတယ်။
ပြောမယ်ဆိုရင် ကုန်ကျမှုပိုများနိုင်တာဖြစ်ပါတယ်။ဆီနှင့် ဓါတ်ငွေ့သုံး ဘွိုင်လာများနှင့် နှိုင်းယှဉ်ပါက အမှုန်တွေ ပြာတွေ ထွက်တာ ပိုများပါတယ်။
လျှပ်စစ်သုံး ဘွိုင်လာများ
==============
လျှပ်စစ်သုံး ဘွိုင်လာများ ကတော့ စျေးနှုန်းသက်သာပြီး အရွယ်သေးသေးနဲ့ ကျစ်ကျစ်လစ်လစ် ရှိတာရယ် အသံ ဆူညံခြင်း မရှိတာတွေကြောင့် သုံးကြတာရှိပါတယ်။
သို့ပေမယ့် လျှပ်စစ်သုံးစွဲမှု ပမာဏ များတာတွေကြောင့် Steam ပမာဏ မြောက်များစွာလိုအပ်တဲ့ စက်ရုံတွေ အတွက် အဆင်မပြေနိုင်တာကြောင့် ကျောက်မီးသွေးသုံး ဘွိုင်လာတွေကို ပိုသုံးကြပါတယ်။
ဆီ နှင့် သဘာဝဓါတ်ငွေ့သုံး ဘွိုင်လာများ
=============================
ဒီဇယ် ဓါတ်ဆီ ကဲ့သို့ ရေနံထွက် ပစ္စည်းသုံး ဘွိုင်လာများကတော့ ကျောက်မီးသွေးလောင်စာသုံး ဘွိုင်လာတွေနဲ့ ယှဉ်ရင် ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနည်းတာရယ် လုပ်ငန်းခွင်မှာ သန့်သန့်ရှင်းရှင်း ရှိတာကြောင့် အသုံးများကြပါတယ်။
သဘာဝဓါတ်ငွေ့သုံး ဘွိုင်လာများ မှာတော့ ကာဘွန်ဒိုင်အောက်ဆိုဒ် ထွက်မှုဟာ အခြားလောင်စာသုံးစွဲတာထက်စာရင် 30% မှ 45% ကျော်အထိ နည်းတာကြောင့် အသုံးပြုတာ များပါတယ်။
ဇီဝလောင်စာသုံး ဘွိုင်လာများ
===================
ဇီဝလောင်စာသုံး ဘွိုင်လာများ အနေဖြင့် စွန့်ပစ်စ္စည်းများ ဖြစ်တဲ့ သစ်မှုန့်များ ကောက်ရိုးများ စပါးခွံများ နှင့် အခြားကုန်ကြမ်းများကို ပြုပြင် အသုံးပြုခြင်းဖြင့် သုံးစွဲကြပါတယ်။အသုံးလည်းများပါတယ်။တည်ဆောက်ထားတဲ့ ဒီဇိုင်းအနေနဲ့ က ဒီဇိုင်းမျိုးစုံ ရှိနိုင်ပါတယ်။အများအားဖြင့် ကျောက်မီးသွေးသုံး ဘွိုင်လာပုံစံမျိုးတွေ့ရများပါတယ်။
*********************************************
နောက်ပိုင်း ဘွိုင်လာအများစုကတော့ multi fuel စနစ်ကြောင့် လောင်စာများကို ပြောင်းလဲ သုံးစွဲနိုင်အောင် ဒီဇိုင်းပြုလုပ် ထားတာတွေရှိပါတယ်။ထို ဘွိုင်လာများဟာ ဒီဇယ် ဓါတ်ဆီ သဘာဝဓါတ်ငွေ့ များကို အဆင်ပြေသလို ပြောင်းလဲ သုံးစွဲနိုင်ပါတယ်။
မီးထိုးစနစ် သို့မဟုတ် မီးလောင်ခန်း တည်ဆောက်ထားတဲ့ ဒီဇိုင်းပေါ်မူတည်ပြီး ကုန်ကျစရိတ် ဘွိုင်လာစျေးနှုန်း အစရှိတာတွေ ကွာခြားမှာဖြစ်ပါတယ်။
*********************************************
ဘွိုင်လာတွေနဲ့ပတ်သက်ပြီး ဈေးနှုန်းရယူလိုရင်
- ရန်ကုန်ရုံး
☎️ 09 - 77 66 77 100
☎️ 09 - 778 333 229
📧 [email protected]
တို့ကို ဆက်သွယ်နိုင်ပါတယ်။
20/10/2023
Fire Tube vs Water Tube Boiler
( ဘွိုင်လာ ဗဟုသုတ )
ဘွိုင်လာ များကို အဓိက အမျိုးအစား ၂ မျိုး ခွဲခြား သတ်မှတ်ကြပါတယ်။
1️⃣ Fire Tube Boiler နဲ့
2️⃣ Water Tube Boiler ဆိုပြီး ဖြစ်ပါတယ်။
ဘွိုင်လာတွေရဲ့ အခြေခံလုပ်ဆောင်ပုံကလည်း ရေကို အပူပေးခြင်းဖြင့် ရေနွေးငွေ့ တွေ ထွက်လာစေခြင်းဖြစ်တာကြောင့်
အပူပေး စနစ် ဒီဇိုင်းပေါ်မူတည်ပြီး ၂ မျိုးကွာခြားတာ ဖြစ်ပါတယ်။
Fire Tube Boiler အမျိုးအစားများက အပူကို ပိုက်လိုင်းတွေထဲ ဖြတ်သွားစေပြီး ထိုပိုက်တွေကိုတော့ ရေထဲမှာ မြုတ်ထားခြင်းဖြင့် ရေကိုအငွေ့ပျံ စေသည့် စနစ် ဖြစ်ပါတယ်။
Water Tube Boiler များမှာတော့ ရေကို ပိုက်လိုင်းတွေထဲ ဖြတ်စီးစေပြီး ထိုရေပိုက်လိုင်းတွေကို မီးထိုး အပူပေးတဲ့ စနစ် ဖြစ်ပါတယ်။
***************************
ပုံတွေမှာကြည့်နိုင်ပါတယ်။
***************************
ဒီ ၂ မျိုးမှာ ကွာခြားတာလေးတွေက
1️⃣ Fire Tube Boiler များဟာ
====================
➡️- တည်ဆောက်ထားမှု ဒီဇိုင်း ကျစ်ကျစ်လစ်လစ် ရှိပါတယ်
➡️- အပူသွားဖို့ ပိုက်လိုင်းများဟာ အဖြောင့်အတိုင်းရှိပါတယ်
➡️- ပြုပြင်ရ ၊ လုပ်ဆောင် ထိန်းသိမ်း ရလွယ်ကူတယ်
➡️- ရိုးရှင်းတဲ့ အလုပ်လုပ်ပုံ အမျိုးအစားဖြစ်ပြီး
➡️- steam pressure ကိုတော့ အနည်းငယ်သာ ထုတ်နိုင်စွမ်းရှိပါတယ်
➡️- အတက်အကျ များတဲ့ လုပ်ငန်းတွေအတွက် မသင့်တော်ပါဘူး
➡️- လုပ်ဆောင်နိုင်တဲ့ စွမ်းရည်က 75%. အထက်မှာပဲ ရှိပါတယ်
➡️- အရင်းအနှီးလည်း နည်းပါတယ်
2️⃣ Water Tube Boiler များဟာ
=====================
➡️- pressure အမြင့် အပူချိန် အမြင့်ကို ထုတ်ပေးနိုင်စွမ်းရှိပါတယ်
➡️- Fire Tube အမျိုးအစားထက် ပို စိတ်ချရပါတယ်။သိပ်အန္တရာယ် မရှိဘူးပေါ့
➡️- ထိန်းသိမ်းစောင့်ရှောက်ရမှု နည်း ပေမယ့် ကျွမ်းကျင်တဲ့ သူစောင့်ကြည့်ဖို့လိုပါတယ်
➡️- လုပ်ဆောင်နိုင်တဲ့ စွမ်းရည် 90%. အထက်မှာ ရှိပြီး
➡️- လိုအပ်တဲ့ ထွက်နှုန်း အတိုးအလျော့ အလျင်မြန်ပြုလုပ်နိုင်ပါတယ်
➡️- ဒီအမျိုးအစားကပဲ Superheated Steam လို့ ခေါ်တဲ့ အလွန်ပူတဲ့ ရေနွေးငွေ့ကို ထုတ်ပေးနိုင်ပါတယ်
➡️- ဒီဇိုင်းပိုင်းကတော့ ရှုပ်ထွေးပါတယ်
➡️- ရေက ပိုက်ထဲက ဖြတ်တာဖြစ်လို့ ဖြတ်သန်းမယ့် ရေကို ပြုပြင်ထားရပါတယ်။ မဟုတ်ရင် ရေဂျိုးတည်တာတွေ ဖြစ်နိုင်ပါတယ်။
➡️- ကုန်ကျစားရိတ်ကလည်း FireTube ထက် များပါတယ်။
🎥 ကြော်ငြာ
**************
မိတ်ဟောင်း မိတ်သစ်များ အနေဖြင့်
Boiler အသစ် ဝယ်ယူဖို့ စိတ်ကူးနေတယ် ဆိုရင်တော့
ကျွန်တော်တို့ SOFU Company ကို ဆက်သွယ် နိုင်ပြီ ဖြစ်ပါကြောင်း.....
------------------------------------------------------------------
ဆက်သွယ်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များကတော့ -
- ရန်ကုန်ရုံး
🏡 အမှတ်(826) ၊ အနော်မာလမ်း ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့
☎️ 09 - 77 66 77 100
☎️ 09 - 778 333 229
📧 [email protected]
တို့ကို ဆက်သွယ်နိုင်ပါတယ်။
20/10/2023
Boiler ( ဘွိုင်လာ )
______________
ဘွိုင်လာ လို့ ပြောလိုက်တာနဲ့ အများစုကတော့ ရင်းနှီးပြီးသားပါ
ရေနွေးငွေ့ ထုတ်ပေးတဲ့ စက် လို့ သိကြပါတယ်
ဒီလို ဘွိုင်လာတွေကို အကျိုးရှိရှိ ထိထိရောက် အသုံးချနိုင်ခဲ့ခြင်းကြောင့် စက်မှုအခန်း ကဏ္ဍ တိုးတက်လာခဲ့တာဆိုရင်လည်း မမှားနိုင်ပါဘူး
စက်မှု လုပ်ငန်းတွေမှာတော့ ဘွိုင်လာအသေးစား ကနေ အလယ်အလတ်စားလောက်အထိ အများဆုံး အသုံးပြုကြပြီး ဘွိုင်လာ အကြီးစားတွေကိုတော့ ရေနွေးငွေ့သုံးတာဘိုင် တွေနဲ့ စက်မှုလုပ်ငန်း အကြီးစားတွေ မှာ သုံးတာ တွေ့ရပါတယ်။
-----------------------------------------------------------------------------
မိမိတို့ ဆိုဖူ ကုမ္ပဏီမှလည်း ဘွိုင်လာ နှင့်ပက်သက်ပြီး ၁တန် အမျိုးအစားမှ တန် ၁၀၀ ထွက်နိုင်သည့် Boiler များအထိ လုပ်ဆောင်ပေးနိုင်တာကြောင့် ဘွိုင်လာ လိုအပ်နေသည့် Customer များ အနေဖြင့် ဆက်သွယ်နိုင်ပြီ ဖြစ်ပါတယ်။
______________________________________________
ဆက်သွယ်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များကတော့ -
🏡 ရန်ကုန်ရုံး
☎️ 09 - 77 66 77 100
☎️ 09 - 778 333 229
📧 [email protected]
တို့ကို ဆက်သွယ်နိုင်ပါတယ်။
Website
Address
No. 8, ShuKainn Thar Street, North Okkalapa
Yangon
11091
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 12:00 |
Alerts
Be the first to know and let us send you an email when SOFU Trading and Engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.