LMZ Toothpaste Myanmar

LMZ Toothpaste Myanmar

Share

မိသားစုကျန်းမာရေးLMZ သွားတိုက်ဆေး Health/Beauty

29/07/2026

🙏 ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ 🙏

ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) မှစ၍ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း ဘေးဘယာဝေးကွာပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း LMZ Myanmar မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်🙏🙏🙏

🎉မိသားစုကျန်းမာရေး LMZ သွားတိုက်ဆေး🎉

Photos from LMZ Toothpaste Myanmar's post 09/06/2026

ပစ္စည်းလေးတွေပြန်ရောက်နေပါပြီခင်ဗျာ။အခုဝင်တဲ့ပစ္စည်းလေးတွေကတော့ Gum Care 120G(1ဘူး-8000)/သွားတိုက်တံ ၄ချောင်းကဒ်(၁ကဒ်-8000)/၁ချောင်းထဲသွားတိုက်တံ(၁ချောင်း-2500)/Super Herbal 55G(၁ဘူး-3500) ပါခင်ဗျာ။
လက်လီ၊လက္ကားမှာယူနိုင်ပါပြီခင်ဗျာ။
စျေးလေးတော့အနည်းငယ်အပြောင်းအလဲရှိပါတယ်ခင်ဗျာ။ဝယ်ယူအားပေးသူတစ်ယောက်ဆီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

01/05/2026

မေလ ၁ ရက်နေ့သည် ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားထုကြီး၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ဖော်ညွှန်းသော အလုပ်သမားနေ့ (မေဒေး) ဖြစ်ပါသည်။ ဤနေ့သည် အလုပ်သမားများ၏ ကြိုးပမ်းအားထုတ်မှုများ၊ စွန့်လွှတ်အနစ်နာခံမှုများနှင့် ရရှိခဲ့သော အောင်မြင်မှုများကို အသိအမှတ်ပြု ဂုဏ်ပြုသောနေ့လည်း ဖြစ်ပါသည်။နိုင်ငံတော် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အလုပ်သမားများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးလှပါသည်။ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုကဏ္ဍ စသည်ဖြင့် ကဏ္ဍအသီးသီးမှ အလုပ်သမားများ၏ ကြိုးပမ်းမှုများကြောင့်သာ ကျွန်ုပ်တို့၏ လူမှုဘဝနှင့် စီးပွားရေးစနစ်များ ရပ်တည်လည်ပတ်နေခြင်း ဖြစ်ပါသည်။ဤအလုပ်သမားနေ့တွင် အလုပ်သမားများအားလုံး ဘေးကင်းလုံခြုံစွာဖြင့် တရားမျှတသော လုပ်ခလစာနှင့် သင့်တင့်လျောက်ပတ်သော လုပ်ငန်းခွင် အခြေအနေများ ရရှိကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ အလုပ်သမားများ၏ စွမ်းအားသည် နိုင်ငံတော်၏ အားမာန်ဖြစ်သည်ကို အမြဲအလေးထား ဂုဏ်ပြုအပ်ပါသည်။ #အလုပ်သမားနေ့

30/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့မြတ်အခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း LMZ Myanmar မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါသည်။မင်္ဂလာအခါတော်နေ့ဖြစ်သည့် ကဆုန်လပြည့်နေ့တွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ရင်း ငြိမ်းချမ်းသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။🙏🙏🙏

#ကဆုန်လပြည့်နေ့

17/04/2026

" ✨နှစ်သစ်ဆုတောင်း✨ "

ငြိမ်းချမ်းသောအရပ်မှာ နေထိုင်ခွင့်ရ၍
ပိုကောင်းတဲ့အနာဂတ်ကိုသာ ပိုင်ဆိုင်ခွင့်ရကြပါစေ🙏
အပူအပင်ကင်းကင်း အိပ်စက်ပြီး
အေးချမ်းစွာ နိုးထနိုင်ကြပါစေ🙏

မြန်မာနိုင်ငံသူ၊မြန်မာနိုင်ငံသားအားလုံး၊
ကမ္ဘာသူ၊ကမ္ဘာသား အားလုံးစိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာ
ဖြင့် ကပ်ကြီး ၃ပါးကင်းဝေး၍ ကောင်းကျိုးလိုအင်ဆန္ဒများ
ပြည့်ဝကြပါစေ🙏🙏🙏

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မဟာသင်္ကြန် နှစ်ဆန်းတစ်ရက်နေ့မှစ၍ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံပြီး စီးပွားလာဘ်လာဘ များ တိုးပွားကြပါစေကြောင်း LMZ Myanmar မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။
ှစ်သစ်ဆုတောင်း
#ဆုတောင်းမေတ္တာ

13/04/2026

“𝐇𝐚𝐩𝐩𝐲 𝐓𝐡𝐢𝐧𝐠𝐲𝐚𝐧 & 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐖𝐢𝐬𝐡𝐞𝐬”🤍

နှစ်သစ်မှာစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်
ပြည့်စုံပြီး စီးပွါးလာဘ်လာဘတိုးတက်ကြပါစေကြောင်း LMZ Myanmar မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်။

02/03/2026

🌾❝တောင်သူလယ်သမားနေ့❞ 🌾

နေပူပူ၊ မိုးရွာရွာ စိုက်ပျိုးရေးကို
အားသွန်ခွန်စိုက်လုပ်ကိုင်ပေးနေကြတဲ့
ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံး 👨‍🌾
ယနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ကျရောက်သော
🌾❝တောင်သူလယ်သမားနေ့❞ 🌾 မှာ
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး စီးပွားလုပ်ငန်းများ
ဒီရေအလားတိုးတက်ပါစေကြောင်း
LMZ Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်ခင်ဗျာ။


#တောင်သူလယ်သမားနေ့

17/02/2026

မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူးအခါသမယမှာ လူကြီးမင်းတို့ရဲ့ မိသားစုဝင်အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🧧✨
​နှစ်သစ်မှာ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားပြီး ဖြူစင်တောက်ပတဲ့ အပြုံးတွေနဲ့အတူ ပျော်ရွှင်စရာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေ။ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက်ဆိုရင်တော့ LMZ သွားတိုက်ဆေးက အမြဲအနားမှာ ရှိနေမှာပါ။
​

31/12/2025

Happy New Year 2026🎆🎇🎉🎊
၂၀၂၆ ခုနှစ်ရဲ့ မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ လူကြီးမင်းတို့ရဲ့ မိသားစုဝင်အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေလို့ LMZ Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
​နှစ်သစ်မှာ အရာရာတိုင်းကို လန်းဆန်းတက်ကြွတဲ့ စိတ်ကူးသစ်တွေနဲ့ စတင်နိုင်ပါစေ။ သင့်ရဲ့ အဖြူစင်ဆုံး အပြုံးတွေက တစ်ကမ္ဘာလုံးကို တောက်ပစေမယ့် နှစ်တစ်နှစ် ဖြစ်ပါစေကြောင်း..
​

Telephone

Address


No(388), Pathein Nyunt 9th Street, Myanmar, Burma (Myanmar)
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00