Amazing Cooking
Burmese Dishes
11/08/2026
ဒီမနက် ဘုန်းကြီးကျောင်းကိုမျှစ်နဲ့ပဲပြုတ်လေးကြော်ပေးဖို့ ပဲပြုတ် ၃၀၀၀ ဖိုး၀ယ်တယ် ဖွင့်လိုက်တော့ ချဥ်စူးစူးအနံ့ပြင်းပြင်းကြီးရလို့ စားကြည့်လိုက်တာ ပူပူနွေးနွေးဖြစ်နေရမယ့်ပဲပြုတ်က စိုစွတ်စွတ်နဲ့ ချဥ်စုတ်နေတယ် ညနေတစ်ခေါက်ကိုပဲပြုတ်ထပ်လာရောင်းတဲ့အချိန်စောင့်ပီး အကျိုးအကြောင်းပြောပြတာကို သူယူတဲ့ဆီက ရေအစိမ်လွန်ပီးချဥ်သွားတာ အားနာပါတယ်ဗျာလို့ပြောတယ်ဆိုပဲ ကိုယ့်ကိုတစ်ခွန်းမှအားနာကြောင်းမပြောတဲ့အပြင်ကြည့်လည်းမကြည့်ဘူး အထုပ်ကိုပြပီး ဘယ်လိုလုပ်ပေးမလည်းမေးတော့ ခပ်တည်တည်ပဲဘာလုပ်လို့ရမှာလည်း လွှင့်ပလိုက်ပေါ့ဗျာတဲ့ အစားပြန်ပေးလေ ၃၀၀၀ ဖိုးတောင်လို့ပြောတော့ ဘယ်ရမလည်းဗျ နောက်မဖြစ်တော့ပါဘူး တဲ့
တော်တော်အံ့ဩစရာပါဘဲ
ထပ်ပြောလို့စကားများလည်း ရိုင်းစိုင်းပြီးတုံ့ပြန်တာမလိုချင်လို့ နောက်များတော့ တာ့တာပါဘဲ
#၄၁ရပ်ကွက်မြောက်ဒဂုံ
11/08/2026
ရန်ကုန်မှာရခဲတဲ့သဗွတ်ညွန့်နဲ့ဘိစပ်ရွက် မေမေတို့ပို့ပေးလို့အလွမ်းပြေလေးကြော်စားလိုက်ပီ💝🙏🥰
05/08/2026
သင်တန်းတက်ပီး အဆင်ပြေကြလို့ တတ်ချင်တာတွေ တစ်ခုပြီးတစ်ခုထပ်တက်ကြတော့ အများကြီးပီတိဖြစ်ရတယ် အဆင်ပြေအောင်မြင်ကြရင်ကျေနပ်ပါပီ💝
သင်တန်းတက်ပီး ကျမနဲ့အမြဲလိုလို ဆက်သွယ်လာကြသူတွေထဲက တော်တော်အဆင်ပြေကြတာကြားသိရတိုင်း အတိုင်းမသိ ၀မ်းသာရတာရိုးမသွားဘူး🥰
ဒီနေ့
ဘက်စုံမာလာအမျိုးမျိုးပြုလုပ်နည်းသင်တန်းမှာ ညီမလေးက သင်တန်း ၄ ခုလောက်ကိုမပင်မပန်း ကြိုးကြိုးစားစားသင်ယူလို့ကျေးဇူးအများကြီးတင်ပါတယ်🙏
သင်တန်းကြေး ၂၈၀၀၀၀ကျပ်
မြောက်ဒဂုံ ၄၁ရပ်ကွက်
09777845360
#ဟင်းချက်သင်တန်း
#ရောင်းတန်း၀င်အရသာ
#မာလာအမျိုးမျိုးပြုလုပ်နည်းသင်တန်း
03/08/2026
ဧပြီလက ရှမ်းစာသင်တန်းလာတက်ပီး စရောင်းတာ လက်ရာအရမ်းကြိုက်ကြပီး ရောင်းကောင်းလို့ ကျေးဇူးတင်လိုက်တာဆရာမရေ စရောင်းကတည်းက အရမ်းကြိုက်ကြပီးအရမ်းလည်းရောင်းရလို့ အားရှိသွားတယ် ကျေးဇူးတင်ပါတယ်တဲ့ ကွေ့တီယိုလာလာမေးကြလို့ ရောင်းပေးချင်လို့ဆရာမဆီထပ်လာတက်တာပါတဲ့ ကျမကဒီလိုပြောသံကြားရရင် ထပ်တူပျော်ရပါတယ် လိုအပ်တာသိချင်တာမှန်သမျှလည်း အမြဲကြိုဆိုပါတယ်ရှင့်😍🥰
တစ်ရက်သင်တန်း
၂၅၀၀၀၀ကျပ်
မြောက်ဒဂုံ ၄၁ရပ်ကွက်
09777845360
#ရောင်းတန်း၀င်အရသာ
#ဟင်းချက်သင်တန်း
#ကွေ့တီယိုပြုလုပ်နည်း
01/08/2026
** #ခေါက်ဆွဲဆီချက်
#အသားလုံးခေါက်ဆွဲ
#ခေါက်ဆွဲပြုတ်
ေါက်ဆွဲ
#နံရိုးပေါင်းခေါက်ဆွဲပြုလုပ်နည်း
ျုံခေါက်ဆွဲကိုယ်တိုင်ပြုလုပ်နည်း
သင်တန်းကြေး ၂၈၀၀၀၀ကျပ်
တစ်ရက်သင်တန်း
မြောက်ဒဂုံ ၄၁ရပ်ကွက်
09777845360
#ရောင်းတန်း၀င်အရသာ
#ဟင်းချက်သင်တန်း
25/07/2026
လူကြိုက်များရောင်းအားကောင်းတဲ့
မန္တလေးအစားအစာသင်တန်း
ဆိုင်မှာ၀ယ်စားရတာစိတ်တိုင်းမကျလို့ပဲဖြစ်ဖြစ် နိုင်ငံရပ်ခြားရောက်နေလို့ အလွမ်းပြေကိုယ်တိုင်လုပ်စားချင်တာပဲဖြစ်ဖြစ် လက်ရာကောင်းလေးကိုဆိုင်ဖွင့်ပီး ရောင်းပေးချင်တာဖြစ်ဖြစ် တကယ့် ထူးခြားတဲ့အရသာနဲ့ ဒေသစာ အမိုက်စားလေးတွေ ကိုယ်တိုင်ဖန်တီးကြမယ်
#မန္တလေးအထမ်းမြီးရှည်
#ခိုတောင်မုန့်တီ
#မန္တလေးမုန့်တီ
#တို့ဟူးသုပ်
သင်တန်းကြေး ၂၅၀၀၀၀ကျပ်
၄၁ရပ်ကွက် မြောက်ဒဂုံ
09777845360
#ဟင်းချက်သင်တန်း
#ရောင်းတန်း၀င်အရသာ
23/07/2026
"ကွေ့တီယို အနှစ်အရသာအတိုင်း အိမ်မှာတင် အလွယ်တကူ ပြုလုပ်နည်း
ဒီနေ့ ကွေ့တီယိုပြုလုပ်နည်း သင်တန်းလေးမှာ—
🍲 ဟင်းရည် အရသာစိမ့်ဝင်အောင် ချက်ပြုတ်နည်း
🥗 ပါဝင်ပစ္စည်းများ သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ပုံ အချဥ်ရည်စပ်နည်း
အသေးစိတ်ကို လက်တွေ့ကျကျ သင်ကြားပေးခဲ့ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ရတဲ့ ပျော်ရွှင်မှုနဲ့အတူ အရသာရှိတဲ့ ကွေ့တီယိုတစ်ခွက်ကို အိမ်မှာပဲ ဖန်တီးနိုင်သွားပါပြီရှင်။ ❤️
"ဒီနေ့ လုပ်ဖြစ်ခဲ့တဲ့ ကွေ့တီယိုလေး 🍜😋"
ပါဝင်ပစ္စည်းတွေကို စနစ်တကျ သန့်သန့်ရှင်းရှင်းလေးနဲ့ အချိုးအစားမှန်မှန် သင်ပေးခဲ့တာမို့ အရသာကတော့ ရှယ်ပါပဲ။
သင်တန်းကြေး ၂၅၀၀၀၀ကျပ်
မြောက်ဒဂုံ၄၁ရပ်ကွက်
09777845360
👇✨
#ကွေ့တီယို
#ရောင်းတန်း၀င်အရသာ
#ဟင်းချက်သင်တန်း
15/07/2026
ရောင်းတန်းဝင် အဆင့်မြင့် ဆိုင်အရသာ ကြေးအိုး/ကြေးဆီချက် ကို ကိုယ်တိုင်ဖန်တီးမယ်
အရိုးပြုတ်နည်း
ကလီစာဆေးနည်း/ပြုတ်နည်း
အသားနှပ်နည်း/လုံးနည်း
အချဥ်စပ်နည်း
ကြေးအိုးပြုတ်နည်း
ဆီချက်အနှစ်လုပ်နည်း
ဆီချက်ပြုလုပ်နည်း
တစ်ရက်အတတ်သင်တန်း
သင်တန်းကြေး ၂၈၀၀၀၀ကျပ်
09777845360
မြောက်ဒဂုံ ၄၁ရပ်ကွက်
#ဟင်းချက်သင်တန်း
#ကြေးအိုး_ကြေးအိုးဆီချက်
#ရောင်းတန်း၀င်အရသာ
12/07/2026
ဆိုင်ဖွင့်ဖို့ လေ့ကျင့်နေရင်း
ဒီနေ့တော့ ခေါက်ဆွဲကြော်စားဖြစ်တယ်ဆရာမရေ စားပါဦးတဲ့
ဆိုင်ဖွင့်ဖို့ရင်ခုန်နေပီတဲ့
အောင်မြင်ပါစေညီမလေးရေ 🥰
#ဟင်းချက်သင်တန်း
05/07/2026
အိုးမကွာအိမ်မကွာ စီးပွားရှာချင်တဲ့အိမ်ရှင်မများအတွက် အိမ်တွင်းမှု့လုပ်ငန်းလေးဆိုပြီး လျှော့တွက်လို့မရဘူးနော် (သိထားဖို့က)သင်တန်းတက်ပြီး စရောင်းပါပြီဆိုကတည်းက ရောင်းလိုက်ရတာဆရာမရေ နားရတယ်ကိုမရှိဘူးတဲ့ ဖုန်းဆက်လာတဲ့အသံလေးကမနားရဘူးသာပြောတာတက်ကြွနေတာဘဲ
ဒီလိုလေးကြားရတော့လည်း အပျော်တွေကူးစက်ရပါတယ်
ဒီထက်မကရောင်းအားတွေတိုးလို့တနိုင်တပိုင်လုပ်ငန်းလေးကနေ လုပ်ငန်းရှင်အကြီးကြီးဖြစ်ပါစေ လို့ ဆုတောင်းပေးပါတယ်ရှင်💛🧡
ရောင်းတန်း၀င်ဘာလချောင်ကြော် (အကြော်အလှော်) ပြုလုပ်နည်းလက်တွေ့သင်တန်း
အသေးစိတ်မေးမြန်းနိုင်ပါတယ်
09777845360
မြောက်ဒဂုံ ၄၁ ရပ်ကွက်
#ဟင်းချက်သင်တန်း
#ဘာလချောင်ကြော်
Category
Contact the business
Telephone
Website
Address
Yangon
11181