WE Distribution

WE Distribution

Share

စာအုပ်နှင့်သင့်ကြား ဝေးကွာမှု မရှိစေရ

We Distribution သည် အွန်လိုင်းအခြေစိုက် စာအုပ်အရောင်းဆိုင်ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးသို့ အိမ်တိုင်ရာရောက် စနစ်ဖြင့် ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။ အခုပဲ စိတ်ကြိုက်စာအုပ်များ ရွေးချယ်မှာယူလိုက်ပါ...

Photos from WE Distribution's post 07/09/2026

စာအုပ်တစ်အုပ်ရဲ့
ဇာတ်သိမ်းခန်းကို
ပြောင်းခွင့်ရှိခဲ့မယ်ဆိုရင်
ဘယ်စာအုပ်ရဲ့
ဇာတ်သိမ်းခန်းကို
ပြောင်းချင်ပါသလဲ

Photos from WE Distribution's post 05/09/2026

🥰စာအုပ်ချည်းသာလော
✅အမှတ်တရ Keychian လက်ဆောင်လေးလည်း
ပါပါတယ်

အလွမ်း အပူစားနဲ့ ငမ်းလူသားစာအုပ်ဟာ
မောင်မောင်ဇာရဲ့
လက်ရွေးစင် အတိုများကို
စုစည်းထားတဲ့ စာအုပ်ကြီး
ဖြစ်ပါတယ်။

အမှတ်တရ သိမ်းဆည်းမယ့်
Collector များအကြိုက်
စက္ကူဖြူချောပေါ်မှာ
အကောင်းဆုံး ပုံနှိပ်အရည်အသွေးနဲ့
ထုတ်လုပ်ထားပါတယ်။

စာအုပ်ကြိုတင်မှာယူသူတိုင်းအတွက်
Blind Keychain လက်ဆောင်ပါဝင်မှာပါ။

Blind Keychain လက်ဆောင်လေးကတော့
Yoke Pya စာအုပ်တိုက်ရဲ့ အမာခံများကို
အထူးမိတ်ဆက်ပေးဖို့ လိုမယ် မထင်ပါဘူးနော်…

ပုံပါ ဆရာပိုးဇာရဲ့
ဇာတ်ကောင်များကို
Keychain လေး လုပ်ထားပါတယ်။
ဘယ်ဇာတ်ကောင်လဲဆိုတာတော့
အပြင်က တွေ့ရမှာ မဟုတ်သလို
ရွေးချယ်ခွင့်လည်း မရှိပါဘူး။
ဘယ်ဇာတ်ကောင်လေး
ရမလဲဆိုတာ
ရင်ခုန်စွာ စောင့်မျှော်ရပါလိမ့်မယ်။

မှတ်ချက် ။ ။ Blind Keychain လေးတွေက
ဝယ်လို့ မရပါဘူး။ စာအုပ်ကြိုတင်မှာယူသူများအတွက်
လက်ဆောင်ဖြစ်ပါတယ်။

✅ပိုးဇာ
✅အလွမ်းအပူစားနဲ့ ငမ်းလူသား
✅စက္ကူအမျိုအစား - ဖြူချော
✅စာမျက်နှာ - ၂၀၆ မျက်နှာ (စာအုပ်ဆိုဒ်ကြီး)
✅တန်ဖိုး - ၁၈၀၀၀ ကျပ်
❗️Preorder နောက်ဆုံးနေ့ - ၁၅ ၊ စက်တင်ဘာ ၊ ၂၀၂၆

ကြိုတင်မှာယူလိုပါက
အောက်ပါနည်းများထဲက
အဆင်ပြေသလို ရွေးချယ်မှာယူနိုင်ပါတယ်။

👍 ဖုန်းနဲ့ဆက်သွယ်မှာယူလိုပါက
☎️ 09250091913
☎️ 09254192489
☎️ 09972293371 တို့ကို နေ့စဉ်
မနက်ကိုးနာရီမှညနေ ငါးနာရီအတွင်း
(တနင်္ဂနွေမပါ) မှာယူနိုင်ပါတယ်။

👍 မက်ဆင်ဂျာကနေ မှာယူလိုပါက
အမည်၊ လိပ်စာ၊ ဖုန်းနံပတ်များပေးပို့မှာယူနိုင်ပါတယ်။

👍Viber ဆိုပါက
09250091913 ၊ 09960969991 တို့ကို
ဆက်သွယ်မှာယူနိုင်ပါတယ်။

🤖 မက်ဆင်ဂျာ Bot + App များကနေလည်း
မှာယူနိုင်ပါတယ်။

03/09/2026

လှရဲ့လား

https://www.facebook.com/share/p/1HDAzN4RQa/?mibextid=wwXIfr

လှရဲ့လား 😍

ပိုးဇာ - အမြွာညီအစ်မ လေးမွန် ထွေးမွန်
တို့ရဲ့ စာအုပ်သစ်ကြီးကို
မကြာခင်မှာယူနိုင်ပါတော့မယ်။

ကြိုတင်မှာယူသူတိုင်းအတွက်
Blind Keychain လေးတွေ
စီစဉ်ထားပါကြောင်း
သတင်းကောင်းပါးပါရစေ

Photos from WE Distribution's post 01/09/2026

✅အတုယူဖို့ကောင်းတဲ့ ရိုးသားပွင့်လင်းအမှာစာ

နွံထဲကကြာဟာ
ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်ထားတဲ့
ဇာတ်ညွှန်းကို အခြေခံပြီး ဝတ္ထုအဖြစ်
ရေးသားခဲ့တဲ့ စာအုပ်တစ်အုပ်ပါ။

ဇာတ်ညွှန်းရေးသားသူက
(ဆရာ) သိန်းဖေမြင့်ဖြစ်ပြီး
ဝတ္ထရေးသူက
(ဆရာ) မြသန်းတင့်ပါ။
ဘာကြောင့် ဇာတ်ညွှန်းရေးရသလဲဆိုတာ
အိမ်ဆောက်ဖို့ ငွေလိုလို့ရေးရတာပါတဲ့။

သိန်းဖေမြင့်ဟာ ငွေလိုတဲ့အတွက်
ရုပ်ရှင်ဇာတ်ညွှန်းတွေကို
အမည်မဖော်ဘဲ ရေးသားခဲ့ရပါတယ်။
နွံထဲကကြာကလည်း အဲ့ဒီလို ဇာတ်ညွှန်းတွေထဲ
တစ်ခုပါပဲ။
ဒါ့အပြင် အခုဇာတ်လမ်းဟာ
တော်လ်စ်တွိုင်းရဲ့ စာအုပ်တစ်အုပ်ကို
အခြေခံပြီး သင့်တော်သလို
ပြုပြင်ရေးသားပါတယ်လို့လည်း
ဝန်ခံထားပါတယ်။

ဒါပေမယ့် ဇာတ်လမ်း ဇာတ်အိမ်က ကြီးမားလွန်းတာကြောင့် ရုပ်ရှင်ရိုက်တဲ့သူတွေ
လက်ရှောင်ခဲ့တယ်။
အဲ့ဒီကာလမှာပဲ ဗိုလ်တထောင်မဂ္ဂဇင်းက
စာမူတောင်းသတဲ့။ တိုက်တိုက်ဆိုင်ဆိုင်
( ဆရာ) မြသန်းတင့်နဲ့ဆုံတဲ့အခါ
(ဆရာ) သိန်းဖေမြင့်က သူ့ဇာတ်လမ်းကို
အခြေခံပြီး ဝတ္ထုပြန်ရေးဖို့ တိုက်တွန်းတယ်။
နောက်ဆုံးမှာ အခန်းဆက် ဝတ္ထုအဖြစ်
ဖော်ပြခဲ့တယ်။

လုံးချင်းအဖြစ် ထုတ်မယ်လို့ပြင်ဆင်တဲ့အခါ
သိန်းဖေမြင့်က အစအဆုံးပြန်ဖတ်တယ်။
ဖတ်ပြီးတဲ့အခါ ကျေနပ်သွားပုံကို
အမှာစာထဲမှာ အခုလို ဖော်ပြထားတယ်။

“စာရေးဆရာ နှစ်ယောက်ပေါင်းပြီး
ဤပုံ ဤနည်းရေးရာတွင်
ဤမျှ ကျေနပ်မှု ရသည်မှာ
အံ့ဩဖွယ်ပင်ကောင်းသေး၏။
ကိုယ့်လုပ်ဖော်ကိုင်ဖက် မြသန်းတင့်အားလည်း
တမြိုန့်မြိန့်ချီးကျူးနေရ၏။ “

ခြောက်ကြိမ်မြောက်
နွံထဲကကြာကို
မူရင်းစျေး ၂၀၀၀၀ ကျပ်အစား
၂၀% လျှော့စျေး
၁၆၀၀၀ ကျပ်နှင့်မှာယူနိုင်ပါပြီ။

31/08/2026

✅တန်တယ် ဒါပေမဲ့
လျှော့စျေးက
ဒီနေ့ - မနက်ဖြန် - သန်ဘက်ခါ
သုံးရက်တည်းပါ
(Only 31 - 1 - 2)

✅လျှော့မယ့်စာအုပ်က
အသစ်ပြန်မထွက်သေးဘူးလားလို့
မျှော်နေကြတဲ့ စာအုပ်ကြီးဖြစ်တဲ့
“နွံထဲကကြာ”
(သိန်းဖေမြင့်၊ မြသန်းတင့်)

✅နွံထဲကကြာစာအုပ်ကြီးက
ဘာသာပြန်လည်း မဟုတ်သလို
ပင်ကိုယ်ရေးလည်း မဟုတ်ပါ။

နောက်ပြီး တစ်ဦးတစ်ယောက်တည်း
ဖန်တီးတာမျိုးလည်း မဟုတ်ပါဘူး။

မြန်မာစာပေလောကရဲ့
တကယ့် Legend ကြီးနှစ်ပါးဖြစ်တဲ့
ဆရာကြီး သိန်းဖေမြင့်က ဇာတ်ညွှန်းရေးခဲ့ပြီး
ဆရာကြီး မြသန်းတင့်က စာအုပ်အသွင်
ပြန်လည် ရေးဖွဲ့ပါတယ်။
မူရင်း လီယိုတော်စတွိုင်းရဲ့ Resurrection
ဝတ္ထုကြီးကို မှီးပြီး မြန်မာမှု ပြုခဲ့တာပါ။
(မူရင်း ပကြိမ်စာအုပ်ကြီးပုံ မန့်မှာရှိပါတယ်)

ဆရာမြရဲ့ လက်ရာဖြစ်တာကြောင့်
အရေးအသားက သွက်ပါတယ်။

ဖတ်ရတာ တလှပ်လှပ်နဲ့ ရုပ်ရှင်ကားကြီး
တစ်ကားကြည့်နေရတဲ့ အလား ဖတ်ရှု
ရမယ့် စာအုပ်ကြီးပါ။

မြန်မာမူကတော့
အခုအကြိမ်နဲ့ဆိုရင် ၆ ကြိမ်မြောက်မူ ဖြစ်ပါတယ်။

၆ ကြိမ်မြောက်မူ
ထွက်ရှိခြင်း အမှတ်တရအဖြစ်
၂၀% လျှော့စျေးနဲ့
မှာယူနိုင်ပါပြီ။

မူရင်းစျေး ၂၀၀၀၀ ကျပ်ဖြစ်ပြီး
၂၀% လျှော့စျေး ၁၆၀၀၀ ကျပ်တည်းနဲ့ မှာယူ
လိုက်ပါ။

၂၀% လျှော့စျေးက
(၃၁ - ၁ - ၂) သုံးရက်တည်းသာ ဖြစ်တာကြောင့်
အခုပဲ အမည်၊ ဖုန်း၊ လိပ်စာများကို
မက်ဆေ့ပေးပို့ မှာယူလိုက်ပါ။

👍 ဖုန်းနဲ့ ဆက်သွယ်မှာယူလိုပါက
☎️ 09250091913
☎️ 09254192489
☎️ 09972293371 တို့ကို နေ့စဉ်
မနက်ကိုးနာရီမှ ညနေငါးနာရီအတွင်း
(တနင်္ဂနွေမပါ) မှာယူနိုင်ပါတယ်။

👍 မက်ဆင်ဂျာကနေ မှာယူလိုပါက
အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်များ ပေးပို့မှာယူနိုင်ပါတယ်။

👍 Viber ဆိုပါက
09250091913 ၊ 09960969991 တို့ကို
ဆက်သွယ်မှာယူနိုင်ပါတယ်။

Photos from WE Distribution's post 31/08/2026

လစာထုတ်တာနဲ့
ဝယ်ဖို့ စိတ်ကူးထားတဲ့
စာအုပ်ရှိလား
🥰❤️🥰

28/08/2026

သိမ်းထားလား
သုံးထားလား

https://www.facebook.com/share/p/1HsBYbcwNi/?mibextid=wwXIfr

ဆရာတွတ် မိသားစု
Keychain လေးတွေကို
ဘယ်လို အသုံးပြုကြသလဲဗျို့…

⭐️သော့တွေမှာ ချိတ်ထားလား
⭐️အိတ်တွေမှာ ချိတ်ထားလား
ဒါမှမဟုတ်
⭐️ဒီအတိုင်းလေးပဲ သိမ်းထားသလား

27/08/2026

စာအုပ်တွေ ဝယ်ပြီး
အဆုံးထိ မဖတ်ဖြစ်သေးတာ
ဘယ်နှစ်အုပ်ရှိသွားပြီလဲ

တစ်အုပ်ကနေ သုံးအုပ်ဆို ❤️
သုံးအုပ်က ငါးအုပ်ဆို ❤️❤️
ငါးအုပ်ကနေ ဆယ်အုပ်ဆို ❤️❤️❤️
တစ်အုပ်မှမရှိဘဲ ဝယ်သမျှစာအုပ်တွေအကုန်လုံး
ဖတ်ဖြစ်ခဲ့ရင် ❤️❤️❤️❤️❤️

25/08/2026

စွန့်စားခန်းတွေ မျိုးချစ်စိတ်တွေအပြင် အချစ် အလွမ်းတွေပါ ရောယှက်ဖန်တီးထားတဲ့ တကယ့် Masterpiece လက်ရာစစ်စစ် #တွတ်ပီ #ကာတွန်းစာအုပ်

25/08/2026

အိတ်လေးနဲ့ စာအုပ်ကြီး
ရောက်လာပြီလား❤️

Telephone

Address


Yangon Book Plaza, Tan Zay, Lanmataw Tsp
Yangon
11201

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00

Alerts

Be the first to know and let us send you an email when WE Distribution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.