Duessla - Service-Learning Organisation

Duessla - Service-Learning Organisation

Share

Serve to learn and learn to serve. This is the university based Service-Learning Organization

Photos from Duessla - Service-Learning Organisation's post 30/09/2026

"ဒီတစ်ပတ် ဘာအကြောင်းတွေ ပြောကြမှာလဲ"

တစ်ယောက်နဲ့ တစ်ယောက် စကားပြောကြတဲ့အချိန်မှာ ပြောချင်တဲ့ အကြောင်းအရာ Topic ကလည်း အ‌ရေးကြီးဆုံးထဲက တစ်ခုဖြစ်ပါတယ်။

DUESSLA ရဲ့ Language Speaking Club တွေမှာဆိုရင် တစ်ပတ်နဲ့ တစ်ပတ် မတူညီတဲ့ အကြောင်းအရာတွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ Topic တွေနဲ့ စကားတွေ ဖောင်ဖွဲ့ရင်း လေ့ကျင့်နေမှန်းတောင် မသိလိုက်ဘဲ လေ့ကျင့်ပြီးသား ဖြစ်သွားတယ်ဆိုတော့ ဒီတစ်ပတ်မှာရော ဘာအကြောင်းအရာတွေ ပြောကြမှာလဲ ဆိုတာ Club တစ်ခုချင်းစီအလိုက် ကြည့်လို့ရပါပြီခင်ဗျာ။

DUESSLA ကနေ English, Thai Language တွေအပြင် ကလေးတို့အတွက် English နဲ့ Burmese Speaking Club တွေကိုပါ စီစဉ်ပေးထားတာမို့ 100% Free နဲ့ Join နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်နော်။

သက်ဆိုင်ရာ Speaking Club တစ်ခုချင်းစီရဲ့ Telegram Group တွေကိုပါ ပူးတွဲဖော်ပြပေးထားတာကြောင့် Group Join ထားရုံနဲ့ Zoom Link ကို အလွယ်တကူရရှိနိုင်မှာဖြစ်ပါတယ်။

Group မ Join ဘဲ ပုံမှန်အတိုင်း Registration Form ဖြည့်ပြီး Join ချင်တဲ့သူတွေအတွက်~

1. မိမိ Join လိုတဲ့ Speaking Club Invitation ပုံရဲ့ အောက်မှာရှိတဲ့ Registration Form ထဲ ၀င်ပေးပါ။

2. Form ဖြည့်ပြီး၊Submit လုပ်ပြီးကြောင်းကို Screenshot ရိုက်ပြီး Page ရဲ့ Messenger မှာ လာပို့ပေးရပါမယ်။ Screenshot ရိုက်ဖို့မမေ့ပါနဲ့နော်။

Google form ဖြည့်ဖို့ အခက်အခဲရှိသူများအနေနဲ့ကတော့

"Help me'' ဆိုတဲ့ စာလေးကို Messenger မှ တစ်ဆင့်လာပို့ပေးရုံနဲ့ Admin Team မှမေးခွန်းလေးတွေ ပြန်ပို့ပေးမှာဖြစ်ပြီး ဖြေဆိုပြီးတာနဲ့ Zoom Link ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာ။

DUESSLA က Facebook မှာတင်မက Telegram Channel မှာလည်း အဆက်မပြတ် Run နေတာမို့ VPN အဆင်မပြေတဲ့သူလေးတွေ Information မလွတ်ရအောင် Telegram Channel လေးကိုလည်း Subscribe လုပ်ထားလို့ရပါတယ်ခင်ဗျာ။
https://t.me/DUESSLA

Photos from Duessla - Service-Learning Organisation's post 29/09/2026

Community အတွက်အချိန်ပေးရင်း အောင်မြင်မှုလမ်းစကို ဖော်ဆောင်နိုင်ခဲ့ကြသူများ ✨

DUESSLA ရဲ့ Volunteer တွေက ခေသူတွေမဟုတ်ဘူးဆိုတာကို သက်သေပြဖို့အချိန်ရောက်လာပါပြီ။ Volunteer လမ်းကြောင်းအပေါ် အတူတူလျှောက်လှမ်းခဲ့ကြရင်း Scholarship ပန်းတိုင်ဆီကို အရောက်လှမ်းနိုင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ Member တွေအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျာ။ 🤩

DUESSLA ဆိုတဲ့ Community တစ်ခုမှာ အချိန်၊ ကြိုးစားအားထုတ်မှုတွေနဲ့အတူ ကြိုးစားရင်း Community နဲ့အတူ တဖြည်းဖြည်းကြီးထွားလာခဲ့ကြပြီးတော့ Public speaking, Teamwork, Time management, Self-confidence စတဲ့ Skill တွေကို အရယူနိုင်ခဲ့ပြီး Scholarship လျှောက်တဲ့အခါမှာ များစွာအထောက်ကူဖြစ်စေခဲ့ပါတယ်။

ကိုယ့်ရဲ့ ပညာရေးလမ်းကြောင်းကို Community နဲ့အတူဖော်ဆောင်နိုင်ခဲ့ကြတဲ့ Member တွေကို နမူနာထားပြီး DUESSLA ရဲ့ တခြား Member တွေနဲ့အတူ Audience တွေကို လည်း Scholarship ပန်းတိုင်ဆီကို အရောက်လှမ်းနိုင်စေမယ့် Motivation တွေရဖို့ ဒီ Post လေးကို တင်ရခြင်းဖြစ်ပါတယ်။ Scholarship ရခဲ့တဲ့သူတွေရဲ့ ပုံတစ်ပုံချင်းစီမှာ Website link တွေထည့်ထားပေးတာကြောင့် Visit လုပ်ပြီး လေ့လာကြည့်နိုင်ပါတယ်နော်။

ဒါ့အပြင် Scholarship လျှောက်ချင်တဲ့ DUESSLAer တို့အတွက် အကျိုးရှိစေမယ့် Guideline တွေ၊ Information တွေကို အဆက်မပြတ်တင်သွားပေးဖို့ရှိတာကြောင့် Page ကို Like & follow လုပ်ထားဖို့ မမေ့နဲ့အုံးနော်။

VPN အခက်ခဲကြောင့် Facebook မသုံးဖြစ်တဲ့သူတွေအတွက် Telegram channel လေးကို Subscribe လုပ်ထားပြီး DUESSLA ရဲ့ တင်ပေးသမျှ Post တွေကို အဆက်မပြတ်စောင့်ကြည့်နိုင်ပါတယ်နော် ✅

https://t.me/DUESSLA

27/09/2026

" I’m gonna TOESA " 🎶🧳

အလုပ်လုပ်ရတာ ပင်ပန်းတဲ့နေ့တွေမှာ အလုပ်ထွက်ချင်ပြီဆိုတဲ့ အတွေးမျိုး လူတိုင်းကြုံဖူးကြမှာပါ။

အဲဒီလိုနေ့တွေမှာ Soyeon ရဲ့ " I’m gonna TOESA " ဆိုတဲ့သီချင်းလေးကိုနားထောင်ရင်း " ဟုတ်တယ် ငါလည်း ဒီလိုပဲ " ဆိုတဲ့ ခံစားချက်မျိုးကို သေချာပေါက်ရစေပါလိမ့်မယ်။

သီချင်းလေးရဲ့ Core message က " အလုပ်တွေလုပ်ရင်း အနာဂတ်အတွက်ပဲ အမြဲပူပန်မနေဘဲ လက်ရှိဘဝမှာ ကိုယ်လုပ်ချင်တဲ့အရာ၊ ကိုယ့်အတွက်ပျော်ရွှင်မှုပေးမယ့်အရာကို လုပ်ကြည့်မယ် " ဆိုတဲ့ ခံစားချက်မျိုးဖြစ်တာကြောင့် အလုပ်ထွက်ဖို့တွေးဖူးတဲ့ DUESSLAer တို့အနေနဲ့ Lyrics Video လေးကို ကြည့်ရင်း အတူတူစီးမြောကြည့်လိုက်ရအောင်လားခင်ဗျာ ✨

Video Editor - Htoo Tint Thazin
Artist- Soyeon
Name - l’m gonna TOESA

Photos from Duessla - Service-Learning Organisation's post 26/09/2026

“တစ်ချိန်က အခိုက်အတန့်လေးတွေက အခုတော့ ပြန်တမ်းတချင်စရာ အမှတ်တရလေးတွေပေါ့”

DUESSLA ရဲ့ Speaking Club တွေကို Join ဖူးတဲ့ Participant တွေပဲဖြစ်ဖြစ်၊ ကိုယ်တိုင် ဦးဆောင်ခဲ့ဖူးတဲ့ Faci တွေပဲဖြစ်ဖြစ် Speaking Club နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေ ကိုယ်စီရှိကြမှာပါ။

Session လေးတွေအတွင်း Speaking Skill ကို Level up ရင်း၊ Game တွေဆော့ရင်း၊ Networking တွေ ချဲ့ထွင်ရင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရတဲ့ အချိန်လေးတွေကို ပြန်တမ်းတမိစေဖို့ မတင်တာကြာပြီဖြစ်တဲ့ Memory လေးတွေကို အားလုံးအတွက် မျှဝေပေးလိုက်ရပါတယ်။

Speaking Club နဲ့ပတ်သက်ပြီး မေ့မရတဲ့ အမှတ်တရလေးတွေ၊ အလွဲလေးတွေ ရှိခဲ့ရင်လည်း Comment လေးမှာ ပြောသွားကြပါဦးဗျ။

ဒါနဲ့ Speaking Club နဲ့ပတ်သက်တဲ့ Information တွေ မလွတ်ဖို့ DUESSLA ရဲ့ Social Media Platform အကုန်လုံးကို စောင့်ကြည့်နေပေးဖို့်ကိုလည်း Remind လုပ်လိုက်ရပါတယ်ဗျာ။

page -
https://www.facebook.com/share/1DmPKN61kh/

Telegram Channel -
https://t.me/DUESSLA

TikTok Channel -
https://www.tiktok.com/?_r=1&_t=ZS-99pIySHekOw

25/09/2026

𝐒𝐨𝐦 𝐓𝐮𝐦 ကို ထိုင်းလူမျိုးတစ်ယောက်လို ဘယ်လိုမှာရမလဲ သိပြီလား 🌶️

ထိုင်းသင်္ဘောသီးထောင်းဆိုင်ရောက်တိုင်း Menu ကိုကြည့်ပြီး “ဒါက ဘာလဲ… ဘယ်ဟာမှာရမလဲ…” ဆိုပြီး မျက်စိလည်ဖူးကြတယ်မလား

Som Tum မှာတဲ့အခါ ကိုယ်လိုချင်တဲ့အရသာ၊ အစပ်အတိုင်းအတာနဲ့ အမျိုးအစားတွေကို ဘယ်လိုပြောပြီးမှာရမလဲဆိုတာ သိထားမှ ပိုအဆင်ပြေမှာနော်။

ဒါကြောင့် Video လေးကိုကြည့်ပြီးလေ့လာရင်း DUESSLAer လေးတို့က‌ရော Som Tum Thai လား Pla Ra လား ဆိုတာ Comment မှာ ပြောခဲ့ပါဦးနော်။

နောက်ထပ်လည်း နေ့စဉ်ဘဝမှာ တကယ်အသုံးဝင်မယ့် Language & Culture Content လေးတွေ တင်ပေးသွားမှာမို့ Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော် ✨

Disclaimer
We do not own the rights to the music used in this content. All rights belong to the original artist(s), composer(s), and copyright holder(s). This content is created for non-commercial, educational, or entertainment purposes only.

Photos from Duessla - Service-Learning Organisation's post 24/09/2026

🎉 The Best Winner of Batch -19

DUESSLA ရဲ့ Batch 19 Volunteer ခရီးစဉ်လေးဟာဆိုရင်ဖြင့် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်ခင်ဗျာ။ ဒီသုံးလတာကာလမှာ DUESSLA ဆိုတာဖြစ်လာဖို့ နယ်ပယ်အသီးသီးက မတူညီတဲ့လူတွေ စုပေါင်းပြီး ပျော်ရွှင်စရာတွေ၊ အခက်အခဲတွေအတူဖြတ်ကျော်ပြီး ပါဝင်ကူညီပေးခဲ့ကြတဲ့ DUESSLA မိသားစုဝင်တွေဖြစ်တဲ့ Volunteer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို DUESSLA မှအထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

Batch တစ်ခုပြီးတိုင်းမှာ DUESSLA မိသားစုဝင်လေးတွေ အမှတ်တရဖြစ်စေဖို့ The Best ဆုလေးတွေဖြစ်တဲ့ The Best Team, The Best Team Leader and Co-leader နဲ့ The Best Team Member များကို ရွေးချယ်လိုက်ပါတယ်။ The Best ဆုကို ထိုက်ထိုက်တန်တန်ရရှိသွားတဲ့ Volunteer လေးတွေအားလုံးလည်း Congratulations ပါဗျ။

နောက်လာမဲ့ Batch တွေမှာလည်း မိမိကျွမ်းကျင်တဲ့ ပညာရပ်တွေနဲ့ အများအကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်လို့ရအောင် DUESSLA ကိုအရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။ DUESSLA ကနေပြုလုပ်ပေးနေတဲ့ Activity တွေအပြင် Update တွေတိုင်းမလွတ်ရအောင် DUESSLA ရဲ့ Social Media Platform တွေကိုလည်း အခုပဲ Follow လုပ်ထားလိုက်ပါတော့ခင်ဗျာ။

DUESSLA page -
https://www.facebook.com/share/1DmPKN61kh/

DUESSLA Telegram Channel -
https://t.me/DUESSLA

DUESSLA TikTok Channel -
https://www.tiktok.com/?_r=1&_t=ZS-99pIySHekOw

Photos from Duessla - Service-Learning Organisation's post 23/09/2026

“နှစ်ကုန်ခါနီး အချိန်လေးမှာ ကိုယ့်ရဲ့ Skill တွေကို တစ်ဆင့်မြှင့်တင်လိုက်ကြရအောင်”

အခုချိန်မှာဆိုရင် 2027 ရောက်ဖို့ အချိန် (4) လလောက်ပဲ လိုပါတော့တယ်။ ဒါပေမယ့် အခုအချိန်ထိ ကိုယ့်ရဲ့ အားလပ်ချိန်တွေကို အကျိုးရှိရှိ ဘယ်လို အသုံးချရမလဲဆိုပြီး တွေဝေနေတုန်းပဲလား။

ကဲ ဒါဆိုရင်တော့ ဘာမှ မစဉ်းစားမနေနဲ့တော့နော်။ တစ်ပတ်ကို အချိန် (1) နာရီပဲ ပေးပြီးတော့ မိမိရဲ့ Speaking Skill တွေအပြင် Networking နဲ့ Communication Skill တွေပါ Improve ဖြစ်လာစေမယ့်အခွင့်အရေးကို လက်မလွှတ်စေဖို့ DUESSLA ရဲ့ Speaking Club တွေကို လာ Join ဖို့ပဲ ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျ။

DUESSLA ကနေ English, Thai Language တွေအပြင် ကလေးတို့အတွက် English နဲ့ Burmese Speaking Club တွေကိုပါ စီစဉ်ပေးထားတာမို့ 100% Free နဲ့ Join နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်နော်။

သက်ဆိုင်ရာ Speaking Club တစ်ခုချင်းစီရဲ့ Telegram Group တွေကိုပါ ပူးတွဲဖော်ပြပေးထားတာကြောင့် Group Join ထားရုံနဲ့ Zoom Link ကို အလွယ်တကူရရှိနိုင်မှာဖြစ်ပါတယ်။

Group မ Join ဘဲ ပုံမှန်အတိုင်း Registration Form ဖြည့်ပြီး Join ချင်တဲ့သူတွေအတွက်~

📌 1. မိမိ Join လိုတဲ့ Speaking Club Invitation ပုံရဲ့ အောက်မှာရှိတဲ့ Registration Form ထဲ ၀င်ပေးပါ။

📌 2. Form ဖြည့်ပြီး၊Submit လုပ်ပြီးကြောင်းကို Screenshot ရိုက်ပြီး Page ရဲ့ Messenger မှာ လာပို့ပေးရပါမယ်။ Screenshot ရိုက်ဖို့မမေ့ပါနဲ့နော်။

Google form ဖြည့်ဖို့ အခက်အခဲရှိသူများအနေနဲ့ကတော့

- "Help me'' ဆိုတဲ့ စာလေးကို Messenger မှ တစ်ဆင့်လာပို့ပေးရုံနဲ့ Admin Team မှမေးခွန်းလေးတွေ ပြန်ပို့ပေးမှာဖြစ်ပြီး ဖြေဆိုပြီးတာနဲ့ Zoom Link ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာ။

DUESSLA က Facebook မှာတင်မက Telegram Channel မှာလည်း အဆက်မပြတ် Run နေတာမို့ VPN အဆင်မပြေတဲ့သူလေးတွေ Information မလွတ်ရအောင် Telegram Channel လေးကိုလည်း Subscribe လုပ်ထားလို့ရပါတယ်ခင်ဗျာ။

https://t.me/DUESSLA

22/09/2026

“အကောင်သေးပေမယ့် အဆိပ်ပြင်းတဲ့ DUESSLA”

Language Learner လေးတွေအတွက် DUESSLA က Speaking Skill တိုးတက်ဖို့ အခကြေးငွေ ပေးစရာမလိုဘဲ အပြည့်အဝ လေ့ကျင့်လို့ရတဲ့ ကောင်းမွန်တဲ့ Community တစ်ခုဆိုပြီး သိထားကြပေမယ့် တကယ့် DUESSLA ရဲ့ Activity တွေက အဲ့လောက်ပဲလား။ DUESSLA ရဲ့ အကြောင်းကို အတွင်းကျကျ ဘယ်လောက်ထိ သိထားပြီးပြီလဲ။

ဒါကြောင့် ဒီနေ့တော့ DUESSLA အကြောင်း ဖောက်သည်ချကြရအောင်။

DUESSLA ဆိုတာ “Serve to Learn and Learn to Serve” ဆောင်ပုဒ်လေးအတိုင်း ကိုယ်တက်မြောက်ထားတဲ့ ပညာရပ်‌တွေကို ပြန်လည်ဝေမျှရင်းနဲ့ သင်ယူမယ်၊ သင်ယူနေရင်းနဲ့ ပြန်လည်ဝေမျှပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပါ။

Online ပေါ်ကနေ Language Speaking Club တွေ 100% Free နဲ့ နေ့စဉ် Run ပေးနေပြီး အခါအခွင့်သင့်သလို လူမှုအကျိုးပြုတဲ့ Outdoor Project တွေကိုလည်း ပြုလုပ်ပေးနေပါတယ်ခင်ဗျာ။

ဒီကြားထဲမှာ Workshop သော်လည်းကောင်း၊ Debate သော်လည်းကောင်း ပွဲလေးတွေလည်း စီစဉ်ပေးပါတယ်။

DUESSLA ကနေ Scholarship နဲ့ ပတ်သတ်တဲ့ Information လေးတွေ၊ စာဖတ်ဝါသနာပါတဲ့ သူတွေအတွက် Book Recommendation လေးတွေအပြင် တခြားဗဟုသုတတွေကိုလည်း နေ့စဉ်၊ လစဉ် မျှဝေပေးနေပါတယ်။

DUESSLA ရဲ့ အဓိက Main ကတော့ ကြိုးစားပြီး ထက်မြတ်ကြတဲ့ နယ်ပယ်အသီးသီး Volunteer လေးတွေပါ။ အခုလို Organization သေးသေးလေးကနေ တက်စွမ်းသလောက် အကျိုးပြုလာခဲ့တာ အခုဆို (၉) နှစ်သားအရွယ်ရောက်လာခဲ့တဲ့ DUESSLA ကတော့ အကောင်သေးပေမယ့် အဆိပ်ပြင်းတယ်လို့ ပြောရမှာပေါ့ ခင်ဗျာ။

DUESSLA နဲ့ ပတ်သတ်ပြီး တစ်ခြားသိချင်တာလေးတွေ ရှိရင်လည်း Comment ကနေပဲဖြစ်ဖြစ်၊ Chatbox ကနေပဲဖြစ်ဖြစ် အားမနာတမ်း မေးလို့ ရပါတယ်ခင်ဗျာ။

21/09/2026

GKS Winner တွေကိုယ်တိုင် အိတ်သွန်ဖာမှောက် ပြောပြမယ့် Guidelines ထဲမပါတဲ့ Winning Secrets Workshop 🎓

GKS Scholarship ကို စိတ်ဝင်စားတယ်။ လျှောက်ဖို့အတွက်ကိုလည်း Guidelines ဖတ်ထားပြီးသား ဖြစ်ပေမယ့် ကိုယ့်မှာ ဒွိဟဖြစ်နေဆဲ မေးခွန်းတွေ၊ နားမလည်သေးတဲ့ အကြောင်းအရာတွေ ရှိနေပြီလား။

ဒီလို မရေမရာဖြစ်နေတာတွေကို အပြတ်ရှင်းသွားအောင် GKS Winner တွေကိုယ်တိုင် Guidelines ထဲမှာ မပါတဲ့ အကြောင်းအရာတွေကို အိတ်သွန်ဖာမှောက် မျှဝေပေးသွားမယ့် Winning Secrets Workshop တစ်ခုကို DUESSLA က ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီ Workshop မှာ အဓိကထားပြီး မျှဝေပေးသွားမယ့် အကြောင်းအရာတွေကတော့

🔹 ကိုယ့် Academic Background နဲ့ ကိုက်ညီမယ့် University ကို ဘယ်လိုရွေးချယ်ကြမလဲ။

🔹 မြန်မာနိုင်ငံရဲ့ GPA တွေကို GKS စံနှုန်းအတိုင်း ဘယ်လို Analysis ပြန်လုပ်ရမလဲ။

🔹 Guidelines ထဲမှာ မပါဝင်တဲ့ GKS Application Tip တွေကရော ဘာတွေလဲ။

🔹 များစွာသော Candidate တွေကြားထဲမှာ ကိုယ့် Profile ကို ပေါ်လွင်စေမယ့် Essay ကို ဘယ်လိုရေးမလဲ။

စတဲ့ မေးခွန်းတွေကို သိရှိနိုင်မယ့်အပြင် GKS Application နဲ့ ပတ်သက်ပြီး ကိုယ်တိုင်သိချင်တဲ့ မေးခွန်းတွေကိုလည်း Panel Discussion အပြီးမှာ GKS Winner တွေကို တိုက်ရိုက်မေးမြန်းနိုင်မှာဖြစ်လို့ ကိုယ့်ရဲ့ မရေမရာဖြစ်နေတဲ့ မေးခွန်းတွေကိုပါ တစ်ခါတည်း အဖြေရှာနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီ Panel Discussion မှာတော့ ကိုယ်တိုင် GKS Scholarship ကို လျှောက်ထားအောင်မြင်ခဲ့တဲ့

🎓 Ms.Moh Moh Zaw Naing

○ 2025–2026 GKS-U Embassy (General) Track Scholar
○ Jeonbuk National University

🎓 Ms.Thandar Oo

○ 2026 Global Korea Scholarship (GKS) Scholar
○Pukyong National University

တို့က သူတို့ကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ GKS Application Experience တွေ၊ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ Application တစ်လျှောက် သိထားသင့်တဲ့ အချက်တွေနဲ့ ကိုယ်တိုင်အသုံးချခဲ့တဲ့ Tip တွေကို မျှဝေဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ဘယ်သူတွေ Join သင့်လဲ။

🔸GKS Scholarship ကို ဒီနှစ် လျှောက်ဖို့ စဉ်းစားနေသူတွေ

🔸 GKS အတွက် ကြိုတင်ပြင်ဆင်နေတဲ့ ကျောင်းသားကျောင်းသူတွေ

🔸“GKS ကို လျှောက်ချင်တယ်၊ ဒါပေမယ့် ဘယ်ကနေစရမလဲ မသိသေးဘူး” ဆိုတဲ့သူတွေ

🔸 GKS Application ကို အတွေ့အကြုံရှိသူတွေဆီကနေ တိုက်ရိုက်သိချင်သူတွေ

GKS Application အတွက် မရေမရာဖြစ်နေသမျှကို ဒီ Workshop မှာ တစ်ခါတည်း အဖြေရှာလိုက်ရအောင်။

[Workshop Details]

📅 Date - 25.9.2026 (Friday)
⏰ Time - 7:00 PM - 8:30 PM (MMT)
💻 Platform - Zoom

📎 Register Now - [ https://docs.google.com/forms/d/e/1FAIpQLSd_tsftvNcnaR4JZkhuzuPHQaTQSCj-kjNpPOgu2mXrezHWxw/viewform?usp=publish-editor]

Form ဖြည့်ထားပြီးကြောင်း Screenshot လေးနဲ့ Page Messenger မှာ Zoom Link လေး လာရောက်ထုတ်ယူနိုင်ပါတယ်ဗျာ။

GKS Winner တွေဆီကနေ တိုက်ရိုက်နားထောင်ပြီး ကိုယ်သိချင်တာတွေကို တိုက်ရိုက်မေးမြန်းနိုင်မယ့် ဒီအခွင့်အရေးကို လက်မလွတ်လိုက်ပါနဲ့နော်။

ဒီ Workshop အတွက် Zoom Pro Account ကို Heaven Plus မှ Sponsor အဖြစ် ပံ့ပိုးကူညီပေးထားပါတယ်။

Special Thanks to Heaven Plus 🤝

Category

Address


Yangon

Opening Hours

Monday 08:00 - 00:00
Tuesday 08:00 - 00:00
Wednesday 08:00 - 00:00
Thursday 08:00 - 00:00
Friday 08:00 - 00:00
Saturday 07:00 - 23:00
Sunday 07:00 - 23:00