YBS

YBS

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YBS, Pet service, Yango, Yangon.

19/07/2022

YBS ယာဉ်မောင်းအကြောင်းတစေ့တစောင်း

စာတွေမရေးဖြစ်တာ အရမ်းကြာသွားပြီနော် မတွေ့ဖြစ်ကြတာလည်းတော်တော်ကြာပြီ ဒီတခါတော့ YBS ကားသမားဘဝရဲ့တနေ့တာ၏ ကြုံတွေ့ခံစားရသမျှ ဗဟုသုတအဖြစ်ရေးသားလိုက်ရပါတယ်…. ယာဉ်လိုင်းအပေါ်မူတည်၍ ကွဲပြား၊မတူညီနိုင်တာများလည်းရှိနိုင်ပါသည်။

YBS မောင်းမယ်ဆိုရင် လိုင်စင်အနီရယ် YRTC မှထုတ်ပေးတဲ့ယာဉ်လိုက်ခွင့် အဲဒီနှစ်ခုရယ်…. အဓိကလိုအပ်ပါတယ် အဲဒါထက်အရေးကြီးတာကတော့ Owner ကောင်းကောင်း၊ ကားကောင်းကောင်းရဖို့လိုပါတယ် လူထုမိတ်ဆွေ၊ Omani Focus တို့လို့ ကုမ္ပဏီတွေဆိုရင် CV ဖောင်တင် Driving Test ဖြေရင်း လခစားနှင့်ဝင်ရောင်မောင်းနှင်နိုင်ပါသည်။

ဒီလိုမှမဟုတ်ရင် မိမိဘာသာကားရှာရပါမယ်… အပေါင်းအသင်းကောင်းဟာအလွန်အရေးကြီးပါတယ်.. မိမိကိုထောက်ခံပြီး Owner ကိုပြောမယ့်အပေါင်းအသင်းရှိရပါမယ်… ကားရပြီဆိုပါက စတင်မောင်းနှင်နိုင်ပါပြီ။👌🏼👌🏼

Owner ကြေး 1ရက် 60000/70000 Gas ဖိုး ဘော်ဒါကေးဘာညာနဲ့ 30000 ဝေဘယ်(လိုင်းထွက်ခွင့်) 7000 အားလုံးစုစုပေါင်း 1သိန်းဆိုပါတော့…. အဲဒီငွေအထက်ရှာနိုင်မှသာ ကိုယ်အတွက်ဝင်ငွေဖြစ်လာမှာပါ😵‍💫😵‍💫 ဝင်ငွေအသေးစိတ်ကိုမရေးတော့ပါ။

မဖြစ်မနေ 1သိန်းရှာမှအရင်းဆိုတဲ့ဖိအားက စဉ်းစားကြည့်ရင် သိပ်လွယ်ကူတဲ့ဘဝတော့မဟုတ်ဘူးပေါ့ မိသားစုစားဝတ်နေရေးအတွက်တော့ ဒီလိုပဲရုန်းကန်ကြရတာပါပဲ.. တယောက် 300 ၊ တခါတလေ မှတ်တိုင်မှာ လူ5 ယောက်လောက်ရဖို့ လုမောင်း၊သောကတွေနဲ့မအေးမချမ်း နှုတ်တွေကြမ်းတမ်းလာတယ်ပေါ့ ယဉ်ကျေးမှုတွေလည်းပျောက်ဆုံး😣😣

လပြည့်နေ့ကို 2သိန်းအထိတက်သလို ပိတ်ရက်တွေလည်း အခြေအနေကောင်းလေ့ရှိတယ် ကားပျက်ရက်တွေဆို တပြားမှမရ ဒါကိုသည်းခံနိုင်ရပါမယ် Gas ရဖို့တခါတလေညအိပ်စောင့်ရမယ် နေပူထဲတန်းစီးနိုင်ပြီး ဖြစ်သလိုစားသောက်နိုင်ရပါမယ် ကားမှာသာအိပ်နိုင်ရပါမယ်…

သောက်တာစားတာ၊ဖာချတာကတော့ မိမိလွတ်လပ်ခွင့်ပါ ကိုယ့်လုပ်ရပ်၊ ကိုယ့်ခံယူချက်က ကိုယ့်ဘဝကိုပုံဖော်ပေးပါလိမ့်မယ်…

စာရှည်ရင် ဖတ်ရင်းအီသွားလိမ့်မယ် သိချင်တာရှိရင် မန့်လို့ရပါတယ် ဖြေလို့ရပြီးဖြေနိုင်တဲ့မေးခွန်းဆိုဖြေပါ့မယ်

မေတ္တာအားဖြင့်
ကျွန်တော်

16/08/2021

သိပ်မကြာခင်မှာ
YBS ၂၀၀ ပြန်ပြေးဆွဲဖို့
အရေးယူနေပါပြီ
ခရီးသွားပြည်သူများမှလဲ ကူညီပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ
ယာဉ်နံပတ် လိုင်း နံပတ် ကားနံပတ် အချိန် နေရာ

အပြည့်စုံကို ကူညီပေးဖို့ တောင်းဆိုပါတယ်

Category

Telephone

Website

Address


Yango
Yangon
ZAZAWAUNG

Alerts

Be the first to know and let us send you an email when YBS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.