Clean Yangon
မျှ ဝေ ခြင်း သည် မေ တ္တာ
Would like to introduce that we're volunteers to do clean rubbish around our Yangon City.Our mission is giving awareness to the public become Clean Myanmar
10/08/2026
စေတနာရှင်တွေရဲ့ မျှဝေမှု၊ ယုံကြည်မှုနဲ့ အားပေးမှုတွေ မရှိခဲ့ရင် ကျွန်တော်တို့ ဒီနေ့အထိဆောင်ရွက်လာနိုင်ခဲ့သမျှဟာ ဒီလောက်ထိ ရှိလာမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့လုပ်နိုင်ခဲ့သမျှတိုင်းရဲ့ နောက်ကွယ်မှာ
စေတနာရှင်တစ်ဦးချင်းစီရဲ့ မေတ္တာနဲ့ ပံ့ပိုးမှုတွေ ရှိနေပါတယ်။
မျှဝေပေးခဲ့တဲ့ စေတနာတိုင်းအတွက် ကျေးဇူးတင်ပါတယ်။ အတူတူ ဆက်လက်မျှဝေကြရအောင် !
#မျှဝေခြင်းသည်မေတ္တာ
10/08/2026
အညာဒေသရဲ့တချို့ရေစတက်နဲ့နေရာတွေမှာ ထမင်းတောင် ချက်စားဖို့ မလွယ်ကူကြပါဘူး။
ဒါကြောင့် အရေးပေါ်ရန်ပုံငွေထဲကနေ ထမင်းထုပ်တွေကို အရင်ဆုံး ဝေမျှပေးတာပါ
အခက်အခဲကြားက လူတွေအတွက်
အရင်ဆုံး ဝမ်းပြည့်ဖို့ လိုပါတယ်။
#အညာရေဘေး
10/08/2026
🚨 အညာရေဘေး — သေဆုံးသူ (၂၀) ဦးရှိလာပြီး အကူအညီများစွာ လိုအပ်နေပါတယ်။
အညာဒေသမှာ ရေဘေးအခြေအနေ ပိုမိုဆိုးရွားလာနေပြီး လက်ရှိအချိန်အထိ သေဆုံးသူ (၂၀) ဦးရှိလာပြီ ဖြစ်ပါတယ်။
ရေဘေးသင့်ပြည်သူတွေအတွက်
🍚 စားနပ်ရိက္ခာ
💧 သောက်သုံးရေ
🛶 သွားလာကယ်ဆယ်ရေးအတွက် လှေများ
💊 ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု
စတဲ့ အကူအညီတွေ အရေးတကြီးလိုအပ်နေပါတယ်။
အခုအချိန်မှာ မျှဝေပေးခြင်း၊ လှူဒါန်းပေးခြင်း၊ လက်တွေ့ပါဝင်ကူညီပေးခြင်းတိုင်းက တန်ဖိုးရှိပါတယ်။
အညာရေဘေးသင့်ပြည်သူတွေအတွက်
တတ်နိုင်သလောက် ပါဝင်ကူညီပေးကြပါစို့။ 🙏
#အညာရေဘေး
#ရေဘေးကူညီရေး
10/08/2026
ငါးကြော်လေးလည်း သိပ်စားကောင်း
အာဟာရဒါနတစ်ဦးစာလျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်ပါဝင်ကူညီနိုင်ပါတယ်။
ဘေးရန်ကင်းကြပါစေ 🙏
ဆာလောင်မှုများပြေပျောက်ကြပါစေ 🙏
Like, Comment, Share နဲ့ ကြည့်ရှုမှုတွေကနေ နေ့စဉ် ဝင်ငွေလေးတွေ ရရှိနေပြီဖြစ်တာကြောင့် R C S လေးတွေနဲ့ ကူညီပေးလို့ရပါတယ်။
#စစ်ဘေးရှောင်
#မျှဝေဖေးကူဒို့အတူ
10/08/2026
အညာရေဘေးအတွက် လှေတစ်စီး လိုအပ်နေပါတယ်။
ရေတက်နေချိန် ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ သွားလာပို့ဆောင်ရေးအတွက် လှေတွေက မရှိမဖြစ် လိုအပ်နေပါတယ်။
အရေးပေါ်ဖြစ်မှ ဝုန်းဒိုင်းလုပ်ပြီး ကူညီရတာမျိုး မဟုတ်ပေမယ့် လိုအပ်ချက်က အရေးကြီးလာပြီဆိုရင်တော့ လုပ်နိုင်တာကို လုပ်ကြရမှာပါပဲ။
ဘေးသင့်ပြည်သူတွေဆီကို ကယ်ဆယ်ရေး၊ စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ပို့ဆောင်နိုင်ဖို့ လှေတစ်စီး ကူညီပေးချင်ပါတယ်။
လှေတစ်စီးအတွက် ခန့်မှန်းကုန်ကျစရိတ်က ကျပ်သိန်း (၇၀) ဝန်းကျင် ဖြစ်ပါတယ်။
တစ်ဦးတည်းအနေနဲ့ အပြည့်အဝကူညီနိုင်ဖို့ မလွယ်ကူနိုင်ပေမယ့် လူအများ စုပေါင်းလိုက်ရင် လှေတစ်စီး ဖြစ်လာနိုင်ပါတယ်။
အညာရေဘေးအတွက် လှေတစ်စီး အတူတူဖန်တီးပေးကြပါစို့။
တတ်နိုင်သလောက် ပါဝင်ပေးကြပါ။
ငွေကြေးနဲ့မဟုတ်ရင်လည်း ဒီပို့စ်လေးကို မျှဝေပေးခြင်းနဲ့ ကူညီပေးနိုင်ပါတယ်။
အခုပဲ မက်ဆေ့ကို Hi လိုက်ပါ။
#အညာရေဘေး
#လှေတစ်စီးကူညီကြမယ်
#ရေဘေးကယ်ဆယ်ရေး
10/08/2026
မနက်ခင်းတိုင်း နိုးထလာတဲ့အခါ
ကိုယ့်အိမ်မှာ အေးချမ်းစွာ နေထိုင်နိုင်ခြင်းဟာ
တချို့အတွက်တော့ မရရှိနိုင်သေးတဲ့ အရာတစ်ခု ဖြစ်နေပါတယ်။
အညာဒေသမှာ ရေဘေးဒဏ်ကြောင့်
စားဝတ်နေရေး၊ ချက်ပြုတ်စားသောက်ရေးကအစ
အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။
ဒီမနက်မှာတော့
သတင်းလေးတစ်ပုဒ် မျှဝေပေးတာကစလို့၊
တတ်နိုင်သလောက် ပါဝင်ကူညီပေးကြပါ။
အညာရေဘေးသင့်ပြည်သူတွေအတွက်
ကျွန်တော်တို့ရဲ့ မေတ္တာကို လက်တွေ့အကူအညီအဖြစ် ပြောင်းလဲကြရအောင်။
#အညာရေဘေး
#မျှဝေခြင်းသည်မေတ္တာ
09/08/2026
reach အရမ်းကျနေပါတယ်။
ဒီပိုစ့်ကို တခုခုစီလောက် ပြောကြမယ်။
Share ကြမယ်နော်
ကူကြမယ်မလားဗျို့
09/08/2026
တစ်နေ့တာကုန်ဆုံးတဲ့ ညတစ်ညမှာ
ကိုယ်တတ်နိုင်သလောက် တစ်စုံတစ်ယောက်အတွက် အကျိုးရှိခဲ့တယ်ဆိုရင် ဒီနေ့ဟာ မဆုံးရှုံးပါဘူး။
RCS မေတ္တာဆိုတာ
စကားလုံးတွေနဲ့ပဲ ပြောနေဖို့မဟုတ်ပါဘူး။
လိုအပ်နေတဲ့နေရာမှာ လက်တွေ့ရောက်ရှိပြီး
တတ်နိုင်သလောက် ကူညီပေးခြင်းပါ။
မေတ္တာတွေ မရပ်ပါစေနဲ့။
ကူညီနိုင်သမျှ ဆက်ကူကြပါစို့။
ေတ္တာ
#မျှဝေခြင်းသည်မေတ္တာ
09/08/2026
ဒီနေ့အတွက်အာဟာရအစီအစဉ်ကိုတော့ ကြက်သားဆီပြန်ဟင်း၊ ပဲကြာဆံဟင်းရည်လေးနဲ့ သရက်ချဉ်သုပ်လေးနဲ့တွဲစပ်စီစဉ်ပေးဖြစ်ပါတယ်။
အာဟာရဒါနတစ်ဦးစာလျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်ပါဝင်ကူညီနိုင်ပါတယ်။
ဘေးရန်ကင်းကြပါစေ 🙏
ဆာလောင်မှုများပြေပျောက်ကြပါစေ 🙏
Like, Comment, Share နဲ့ ကြည့်ရှုမှုတွေကနေ နေ့စဉ် ဝင်ငွေလေးတွေ ရရှိနေပြီဖြစ်တာကြောင့် R C S လေးတွေနဲ့ ကူညီပေးလို့ရပါတယ်။
#စစ်ဘေးရှောင်
#မျှဝေဖေးကူဒို့အတူ
09/08/2026
ရေတက်လာလေလေ ချက်ပြုတ်စားသောက်ဖို့ ပိုပြီး အခက်တွေ့လာလေပါပဲ။
အညာရေဘေးသင့်ပြည်သူတွေအတွက်စေတနာရှင်များရဲ့ မေတ္တာကိုယ်စား ထမင်းထုပ်များ မျှဝေပေးခဲ့ပါတယ်။
ရေဘေးကာလအတွင်း အစားအသောက်အခက်အခဲတွေ များပြားနေသေးတာကြောင့် တစ်နပ်စာ မျှဝေခြင်းကို ဒီမှာပဲ ရပ်မထားဘဲ ဆက်လက်မျှဝေပေးသွားပါ့မယ်။
တစ်ထုပ်သော ထမင်းဟာ လိုအပ်သူတို့အတွက် တစ်နပ်စာထက်ပိုစေပါတယ်။ အခက်အခဲကြားက “မင်းတို့တစ်ယောက်တည်း မဟုတ်ဘူး” ဆိုတဲ့ နွေးထွေးမှုတစ်ခုဖြစ်စေမှာပါ။
စေတနာနဲ့အတူ ဆက်လက်မျှဝေကြပါစို့။
#အညာရေဘေး
Contact the organization
Website
Address
No. 27
Yangon
Alerts
Be the first to know and let us send you an email when Clean Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.