Kevin Car Rental
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kevin Car Rental, Car rental, BLDG No. 253#16, East Yankin, Yankin Township, Yangon.
02/11/2020
ဗိုလ်အောင်ဒင် ကိုဖမ်းမိကြောင်းကြွားဖို့
မမြဝင်းအိမ်ခေါ်သွား
ထားခဲ့တဲ့ ကိုကိုချစ်အမှားလား
ဓားပြဗိုလ်ကိုမှ
စန္ဒယားပြင်ခိုင်းမိတဲ့ မမြဝင်းအမှားလား
လက်ထိပ်ဖြုတ်ပေးပြီး
ဓားပြဗိုလ်ရဲ့ စန္ဒယားလက်သံမှာ
မျောပါခဲ့တဲ့
ပုလိပ်သားလေးအမှားလား
ဗိုလ်အောင်ဒင်ကား ပြန်ပြတိုင်း
ဒီဇာတ်ဝင်ခန်းမှာ
ပုလိပ်သားလေးက ပါးချိတ်ယားနေပြီ။.................
"ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးနေပြန်ပြီ "
----------–----------------–-------–--------
(တခါက ရေးတင်ဖူးတဲ့ 'နှစ်ချို့ကဗျာ')
ဒီမြေ တကြော
ပေါလိုက်ပါတဲ့ နတ်ရုပ်တွေ
နတ်ရုပ်မြင်သမျှ
ချီလိုက်ရတဲ့ လက်အုပ်တွေ
အဲသလို တုတ်မိုး ဓါးမိုး ရှိကြီးခိုးက
ကဗျာ ရေးပေးပါတဲ့ ၊
ကဗျာ ရွတ်ပြပါတဲ့
“ ဟင်း.... ဟင်း...... ”
ဗိုလ်အောင်ဒင် ရယ်သလိုသာ ရယ်လိုက်ချင်
ကျီးလန့်စာစား နာရီတကြည့်ကြည့်
မီးနီ အမြဲတမ်း မိနေသူဆီက
ဘယ်လို ကဗျာ ရမှာလဲ....
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေဆိုတာ
ဂေါက်ရိုက်သွားမယ့် အန်ကယ်ကြီးအတွက်
မီးပွိုင့် အမြဲတမ်း စိမ်းပါစေ၊
ကောက်စိုက်သွားမယ့် လယ်သူမလေးအတွက်
ခတ္တာပန်းလေး ပန်ပါရစေ.. ဆိုတာမျိုးလား....
တူနီးရှားမှာ
သစ်သီးသည်လေး သူ့ကိုယ်သူ
မီးရှို့စတေးလိုက်ပြီးတဲ့နောက်
တူနီရှားမှာ
အီဂျစ်မှာ
လစ်ဗျားမှာ
အာရပ်နွေဦးမှာ
“ ဟင် ”
ဒီမှာကျတော့ ဒီဂလိုဘယ်ကြီးက
လိုက်ပြီးတော့ ဇေးမရှင်းဘူးပေါ့လေ...
ဟောဒီမြေမှာ
နတ်ရုပ်မြင်သမျှ
ကြာငုံအသွင် ချီခဲ့ရတဲ့ လက်အုပ်ကြီးက
ဘယ်လိုကဗျာမျိုး ရေးလို့ ရမှာလဲ...
မရိုးသားဘဲ ဘယ်တုန်းက ကဗျာ ရဖူးလို့လဲ...
အခု ကြည့်...
တို့စိတ်ထဲတော့
ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးနေပြီ
ဗိုလ်အောင်ဒင်ကို စန္ဒယားပြင်ဖို့
လက်ထိပ်ဖြုတ်ပေးလိုက်တဲ့အခါ
ဂန္တမာတောင် သံဆန်းကို စမ်းရင်း စမ်းရင်း
မျောပါသွားတဲ့ ပုလိပ်သားလေးရဲ့ပါးချိပ်ကြားကို
အားကုန် ကြုံးထိုးလိုက်တာ
ပြီးတော့ မမြ၀င်းကို သုတ်ပြေးတာ
အဲဒီဓာတ်ရှင်ပြန်ပြတိုင်း
ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးတော့မယ်ဆိုရင်
ပုလိပ်သားလေးက ပါးချိပ်ယားနေတယ်
အခုလည်း
ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးနေပြန်ပြီ
စန္ဒယားတီးနေပြီ ။..... ။
#မင်းကိုနိုင်
သူကြီးသားမက်သူငယ်ချင်း( ကဗျာပေါင်းချုပ်စာအုပ်)မှ
10/11/2018
ရဲတပ်ဖွဲ့က ခရီးသွားလုပ်ငန်းရှင်တဦးကို မှားဖမ်းပြီး နှိပ်စက် ခရီးသွားလုပ်ငန်းတခု၏ ဒါရိုက်တာ ကိုအောင်စိုးထိုက်ကို အလုံမြို့နယ် ရဲတပ်ဖွဲ့က တရားခံနှင့်မှားပြီး ဖမ်းဆီးက...
Category
Telephone
Website
Address
Yangon