NSMS
အမျိုးသား မဟာဗျူဟာ စီမံခန့်ခွဲမှု လေ့လာခြင်း သင်တန်းကျောင်း
24/09/2026
Supply Chain & Operations- ပြောင်းလဲနိုင်သော ကုန်ကျစရိတ်များ (Variable Costs) ကို ဘယ်လို စီမံကြမလဲ?
လုပ်ငန်းတစ်ခုမှာ Fixed Costs အပြင် ထုတ်လုပ်မှုအပေါ် မူတည်ပြီး လိုက်ပါပြောင်းလဲနေတဲ့ Variable Costs (ပြောင်းလဲနိုင်သော ကုန်ကျစရိတ်) တွေကို စနစ်တကျ နားလည်ထားဖို့လည်း အလွန်အရေးကြီးပါတယ်ခင်ဗျာ။
ဒီစရိတ်တွေထဲမှာ ဘာတွေပါဝင်ပြီး SCM သမားတစ်ယောက်အနေနဲ့ ဘယ်လို သဘောပေါက်ထားရမလဲဆိုတာ ကြည့်လိုက်ရအောင်-
Variable Costs ထဲမှာ ဘာတွေ ပါဝင်သလဲ?
✅Raw Materials Costs (ကုန်ကြမ်းစရိတ်)- ပစ္စည်း ပိုထုတ်လေ ကုန်ကြမ်းစရိတ် ပိုကုန်လေ ဖြစ်ပါတယ်။
✅Energy & Fuel Costs- စွမ်းအင်နှင့် စက်သုံးဆီ ကုန်ကျစရိတ်များ။
✅Production Labor Costs (ထုတ်လုပ်မှု လုပ်သားစရိတ်)- အချို့ လုပ်ငန်းတွေမှာ နေ့စားလုပ်သားများ သုံးကြပြီး စက်ရုံဖွင့်သည့်နေ့မှ လုပ်ခ ပေးရသဖြင့် ထုတ်လုပ်မှုအပေါ် မူတည်၍ ပြောင်းလဲလေ့ရှိပါတယ်။
✅Social Fund Payment Costs- ဝန်ထမ်း အကဲဖြတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဆုကြေးပေးခြင်း စသည့် လုပ်ငန်းခွင် ပျော်ရွှင်ရေး စရိတ်များ။
✅Maintenance & Other Costs- ပြုပြင်ထိန်းသိမ်းစရိတ်များနှင့် အခြား ကုန်ကျစရိတ်များ။
စီးပွားရေး အကျပ်အတည်းများ သို့မဟုတ် ကပ်ဘေးကာလများတွင် ထုတ်လုပ်မှု လျော့ကျသွားသည့်အခါ Variable Costs နည်းသွားသဖြင့် လုပ်ငန်းအတွက် စရိတ် သက်သာသွားနိုင်သော်လည်း လုပ်သားများအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့် Supply Chain သမားများအနေနဲ့ လုပ်ငန်းတစ်ခုလုံးရဲ့ Change (ပြောင်းလဲမှု) ကို သဘောပေါက်ပြီး ထုတ်ကုန်အသစ်များ ဖြန့်ဖြူးရန် စဉ်းစားခြင်း စသည့် အပြောင်းအလဲများကို အချိန်မီ တုံ့ပြန်နိုင်ရပါမယ်။
✅Operational Costs (လုပ်ငန်းလည်ပတ်မှုစရိတ်) ၏ ငွေစာရင်း စီမံခန့်ခွဲမှု
✅Labor & Materials- လုပ်သားနှင့် ကုန်ကြမ်း စရိတ်များ
✅Overhead & COGS- အထွေထွေ စရိတ်နှင့် ရောင်းလိုက်ရသော ကုန်ပစ္စည်းများ၏ ကုန်ကျစရိတ်
✅Sales & Net Income- အရှုံး/အမြတ် တွက်ချက်၍ Profit Margin (အမြတ်ရာခိုင်နှုန်း) ကို စနစ်တကျ ဖော်ထုတ်ခြင်း
✨ လုပ်ငန်းတစ်ခု အပြောင်းအလဲဖြစ်တိုင်း ကုန်ကျစရိတ် စီမံခန့်ခွဲပုံကို နားလည်ထားခြင်းက SCM နှင့် Operations နယ်ပယ်မှာ ပိုမို အောင်မြင်စေပါတယ်ခင်ဗျာ။
23/09/2026
လုပ်ငန်းမှာ ပစ္စည်းတွေ အရမ်းရောင်းနေရတယ် ဒါပေမဲ့ လကုန်ရင် ပိုက်ဆံ ဘာလို့ မကျန်တာလဲ?
လုပ်ငန်းတစ်ခု အနှစ်သာရရှိရှိ လည်ပတ်နေပေမဲ့ စာရင်းဇယား မပိုင်ရင် ကောင်းမွန်တဲ့ အမြတ်အစွန်းကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စီးပွားရေးမှာ မသိမဖြစ်လိုအပ်တာ Accounting စီမံခန့်ခွဲမှုပဲ ဖြစ်ပါတယ်။ လုပ်ငန်းရဲ့ ဝင်ငွေ၊ ထွက်ငွေနဲ့ ဘဏ္ဍာရေး စာရင်းဇယားတွေကို တိတိကျကျ စီမံခန့်ခွဲနိုင်ဖို့အတွက် NSMS ကနေ "Accounting Free Live Webinar" လေး စီစဉ်ပေးထားပါတယ်ခင်ဗျာ။
💡 Webinar မှာ ဘာတွေ လေ့လာရမလဲ?
✅Accounting ရဲ့ အခြေခံ သဘောတရားများနှင့် လုပ်ငန်းခွင်သုံး စာရင်းကိုင်နည်းလမ်းများ
✅ဘဏ္ဍာရေး စာရင်းဇယားများကို စနစ်တကျ ပြုစုစစ်ဆေးနည်းများ
✅စာရင်းကိုင် စီမံခန့်ခွဲမှုတွင် ကြုံတွေ့ရလေ့ရှိသည့် စိန်ခေါ်မှုများနှင့် ထိရောက်သော ဖြေရှင်းနည်းများ
Speaker: တီချယ်သူဇာ
📌 Webinar အသေးစိတ်
နေ့ရက်: 30 September 2026
အချိန်: ည 8:00 PM မှ 10:00 PM ထိ
နေရာ: Zoom Live
သင်တန်းကြေး: အခမဲ့ (Free)
🎁တက်ရောက်လိုပါက ခုပဲ Page Comment မှာ "ACCOUNTING FREE"လို့ စာပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီခင်ဗျာ။
⚠️ အခမဲ့ တက်ရောက်ခွင့်ရမယ့် Webinar ဖြစ်တာမို့ လူဦးရေ မပြည့်မီ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ကြဖို့ တိုက်တွန်းပါရစေ။
22/09/2026
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ပြုမူနေထိုင်ပုံ (Behavior) ဆိုတာ စိတ်ထဲမှာ ထွက်ပေါ်လာတဲ့ အတွေးအမြင်ပေါ် အခြေခံနေတာ ဖြစ်ပါတယ်။
ဒါကြောင့် စိတ်ပညာဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးတဲ့အခါ CBT (Cognitive Behavior Therapy) လို့ခေါ်တဲ့ အတွေးအမြင်နဲ့ အပြုအမူ ပြုပြင်ပေးတဲ့ နည်းလမ်းကို အဓိက အသုံးပြုကြပါတယ်ခင်ဗျာ။
CBT ရဲ့ အဓိက အလုပ်လုပ်ပုံ
အတွေး ပြောင်းမှ အပြုအမူ ပြောင်းမည်- လွဲမှားနေတဲ့ သိမြင်မှုနဲ့ စိတ်အတွေး (Cognitive) ကို ပြုပြင်ပြောင်းလဲပေးလိုက်ရင် သူ့ရဲ့ အပြုအမူ (Behavior) ကလည်း အလိုအလျောက် ပြောင်းလဲလာမှာ ဖြစ်ပါတယ်။
စိတ်ကျန်းမာရေးနှင့် ကိုယ်ရည်ကိုယ်သွေး- ကောင်းမွန်တဲ့ စိတ်အတွေးတွေက ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖန်တီးပေးပြီး စိတ်ကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။
🛠️ မိမိကိုယ်ကို သင်ကြားသည့် စိတ်ကုထုံး (Self-instructional Therapy)
အတွေးအမြင်တွေကို ပြောင်းလဲဖို့ နည်းလမ်းပေါင်းစုံ ရှိတဲ့အနက် အထိရောက်ဆုံး နည်းလမ်းတစ်ခုကတော့ မိမိကိုယ်ကို ထိန်းချုပ်စေ့ဆော်တဲ့ Self-instructional Therapy ဖြစ်ပါတယ်။
ဆိုးတဲ့အတွေးများ ဖယ်ရှားခြင်း- ဆွေးနွေးပေးသူ (Counsellor) က Client အတွက် ကောင်းမွန်တဲ့ စိတ်အတွေးတွေ အားကောင်းလာပြီး အပျက်သဘောဆောင်တဲ့ အတွေးတွေကို ဖယ်ရှားတတ်အောင် သင်ကြားပေးပါတယ်။
လက်တွေ့ လေ့ကျင့်ယူခြင်း- လေ့လာသင်ယူထားတဲ့ ကောင်းမွန်တဲ့ အချက်တွေကို မိမိဘဝအတွက် အကျိုးရှိအောင် မိမိဘာသာ လေ့ကျင့်ယူနိုင်ဖို့ လမ်းညွှန်ပေးတာ ဖြစ်ပါတယ်။
✨ ကျွန်တော်တို့ရဲ့ အပြုအမူနဲ့ ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲဖို့ဆိုတာ မိမိရဲ့ အတွေးအမြင်တွေကို စနစ်တကျ စတင်ပြုပြင်တာကနေ စတင်ပါတယ်ခင်ဗျာ။
21/09/2026
သင်က လုပ်ငန်းတိုးချဲ့ဖို့ကိုပဲ အာရုံစိုက်လိုက်ပါ။
သင့်အတွက် စာရင်းကိုင်ခြင်းဆိုင်ရာ အလုပ်ရှုပ်သမျှကို ကျွန်တော်တို့ရဲ့ NSMS Professional Accounting Team က တာဝန်ယူပေးပါမယ်။
သင့်လုပ်ငန်းရဲ့ ဘဏ္ဍာရေးကို စနစ်တကျနဲ့ စိတ်ချရဖို့ [ National Strategy & Management Studies-NSMSရဲ့ Accounting Service] ရှိပါတယ်
သင့်လုပ်ငန်းမှာ ဒီပြဿနာတွေနဲ့ ရင်ဆိုင်နေရပါသလား?
**အရောင်းအဝယ်တွေ ကောင်းနေပေမယ့် လကုန်ရင် အမြတ်ဘယ်လောက်ကျန်မှန်း မသိဖြစ်နေပါသလား?
**စာရင်းကိုင်ဝန်ထမ်းခန့်ဖို့ လစာစရိတ် ကြီးမြင့်နေလို့ စိတ်ညစ်နေရပါသလား?
ကျွန်တော်တို့ [National Strategy and Management Studies-NSMS] က အကောင်းဆုံး ဖြေရှင်းပေးပါရစေ။
ကျွန်တော်တို့ဆီမှာ ရရှိနိုင်မယ့် ဝန်ဆောင်မှုများ–
📊 နေ့စဉ်/လစဉ် ဝင်ငွေ၊ ထွက်ငွေ စာရင်းများ တိကျစွာ မှတ်တမ်းတင်ပေးခြင်း
📑 လစဉ် အရှုံး/အမြတ် (P&L) နှင့် ဘဏ္ဍာရေးရှင်းတမ်းများ ပြုစုပေးခြင်း
💻 Accounting Excel ဖြင့် စနစ်တကျ စာရင်းရေးသွင်းပေးခြင်းအဘယ်ကြောင့် ကျွန်တော်တို့ Accounting Service ကို ရွေးချယ်သင့်သလဲ?
တိကျသေချာခြင်း : စာရင်းအမှားအယွင်းမရှိစေဘဲ စနစ်တကျ ဆောင်ရွက်ပေးခြင်း။
လျှို့ဝှက်ချက်ထိန်းသိမ်းခြင်း : လုပ်ငန်းရဲ့ ဘဏ္ဍာရေးအချက်အလက်များကို ရာနှုန်းပြည့် လျှို့ဝှက်ပေးခြင်း။
အချိန်မှန်ခြင်း : လစဉ် သတ်မှတ်ရက်အတိုင်း ရှင်းတမ်းများကို အချိန်မှီ အပ်နှံပေးခြင်း။
✨ ထူးခြားချက် : ဝန်ထမ်းတစ်ယောက် အမြဲခန့်ထားစရာမလိုဘဲ ကုန်ကျစရိတ် သက်သက်သာသာနဲ့ အတွေ့အကြုံရင့် စာရင်းကိုင်ပညာရှင်တွေရဲ့ ဝန်ဆောင်မှုကို စိတ်ချလက်ချ ရရှိမှာဖြစ်ပါတယ်။
လုပ်ငန်းအသေးစိတ်ကို ဆွေးနွေးလိုပါက အခုပဲ Messenger ကနေ ဆက်သွယ်လိုက်ပါ သို့မဟုတ် ဖုန်းခေါ်ဆိုလိုက်ပါခင်ဗျာ။
📞 Hotline: [095163408]
📞 ဖုန်း: [095163408]
အသေးစိတ် ဝန်ဆောင်ခနှုန်းထားများနှင့် သိလိုသည်များကို Message (သို့) ဖုန်းဖြင့် အခမဲ့ ဆွေးနွေးမေးမြန်းနိုင်ပါသည်။
20/09/2026
လုပ်ငန်းခွင်တစ်ခုမှာ Admin ဌာနရဲ့ လုပ်ငန်းဆောင်တာများကို လေ့လာကြည့်ရင် မိမိဌာနတစ်ခုတည်း သီးခြားဆောင်ရွက်ရတာမျိုးထက် HR, Finance and Accounts, Sales and Marketing စတဲ့ အခြားသက်ဆိုင်ရာ Department တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရတာ ပိုမိုများပြားတာကို တွေ့ရပါမယ်။
ဌာနတိုင်းဟာ Organization အတွက် အရေးပါပါတယ်။
တစ်ခါတလေ လုပ်ငန်းခွင်မှာ "ငါတို့ ဌာနကမှ အဓိကကျတာ၊ ငါတို့ဌာနကမှ ပိုအရေးပါတာ" ဆိုတဲ့ စိန်ခေါ်မှုမျိုးတွေ ဖြစ်လေ့ရှိကြပါတယ်။
တကယ်တမ်းတော့ Organization တစ်ခုလုံးမှာရှိတဲ့ Departments များနှင့် ဝန်ထမ်းများအားလုံးဟာ မိမိတို့ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို မိမိတို့နယ်ပယ်အလိုက် အောင်မြင်အောင် အကောင်အထည်ဖော်ရင်း Organization ရဲ့ အကျိုးကို ရှေးရှုဆောင်ရွက်နေကြတာဖြစ်ပါတယ်။
✨ ဒါကြောင့် လုပ်ငန်းတစ်ခု ရေရှည်အောင်မြင်ဖို့ဆိုရင် ဌာနတစ်ခုနဲ့တစ်ခု အပြန်အလှန် လေးစားပြီး ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့ (Cross-functional Collaboration) အလွန်အရေးကြီးပါတယ်ရှင်။
19/09/2026
လုပ်ငန်းတစ်ခု စတင်တော့မယ်၊ သို့မဟုတ် လည်ပတ်နေပြီဆိုရင် ကုန်ကျစရိတ်တွေကို စနစ်တကျ မခွဲခြားနိုင်ရင် လုပ်ငန်းရေရှည်မှာ ရှုံးနိမ့်သွားနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ လုပ်ငန်းခွင်မှာ မဖြစ်မနေ သိထားရမယ့် အမျိုးအစားတွေကို ပေါ့ပေါ့ပါးပါးလေး လေ့လာကြည့်ရအောင်ခင်ဗျာ -
၁။ Start-up Costs vs Ordering Costs (ကွဲပြားပုံ)
-Start-up Costs (စတင်တည်ထောင်စရိတ်):လုပ်ငန်းတစ်ခုလုံး အသစ်စတင်ဖို့အတွက် ကုန်ကျမယ့် စရိတ်စုစုပေါင်း ဖြစ်ပါတယ်။
-Ordering Costs (အော်ဒါမှာယူမှုစရိတ်): ဒါကတော့ Logistics နဲ့ Supply Chain အစိတ်အပိုင်းတစ်ခုအတွင်းမှာ ကုန်ပစ္စည်း မှာယူမှုအတွက် ကုန်ကျတဲ့ စရိတ်ပဲ ဖြစ်ပါတယ်။
၂။ Fixed Operating Costs (ပုံသေ လည်ပတ်မှုစရိတ်များ)
လုပ်ငန်း ရောင်းရသည်ဖြစ်စေ၊ မရောင်းရသည်ဖြစ်စေ မဖြစ်မနေ ပေးနေရမယ့် စရိတ်တွေဖြစ်ပြီး အောက်ပါအတိုင်း ပါဝင်ပါတယ် -
-Utilities: အထွေထွေ အသုံးပြုဆောင်စရိတ်များ
-Advertising & Insurance: ကြော်ငြာခနှင့် မဖြစ်မနေ ထားရှိရမယ့် အာမခံစရိတ်
-Depreciation & Interest: တန်ဖိုးလျော့ခနှင့် တက်လာနိုင်ချေရှိသော အတိုးနှုန်းများ
-Rent: အဆောက်အအုံနှင့် ဂိုဒေါင် ငှားရမ်းခများ
၃။ လုပ်ငန်းရှင်များ အထူးသတိထားရမယ့် အချက်များ
-Interest Rate (အတိုးနှုန်း): တစ်နှစ်ထက်တစ်နှစ် အတိုးနှုန်းတွေ တက်လာပြီး လုပ်ငန်းလည်ပတ်မှု မဆင်ပြေပါက ရင်းနှီးငွေ (Capital) ပါ ကျုံ့သွားနိုင်ပါတယ်။
-Rent (အဆောက်အအုံ/ဂိုဒေါင် ငှားရမ်းခ): ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ ငှားရမ်းခ စရိတ်က အရမ်းကြီးပါတယ်။
ဥပမာ - ကပ်ဘေး သို့မဟုတ် စီးပွားရေး အခြေအနေကြောင့် အရောင်းအဝယ် အေးသွားတဲ့အခါ မလိုအပ်တော့တဲ့ ဂိုဒေါင်တွေကို ဆက်လက် ငှားရမ်းထားမိရင် အလဟဿ စရိတ်တွေ တက်ပြီး လုပ်ငန်း ပျက်စီးသည်အထိ ဖြစ်သွားနိုင်ပါတယ်ခင်ဗျာ။
✨ မလိုအပ်ဘဲ ကုန်ကျနေတဲ့ စရိတ်တွေကို စနစ်တကျ စိစစ်ပြီး ထိန်းချုပ်နိုင်မှသာ အကျပ်အတည်းတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။
18/09/2026
ကျွန်တော်တို့ရဲ့ စိတ်အလုပ်လုပ်ပုံနဲ့ ပတ်သက်ပြီး စိတ်ပညာဖခင်ကြီး Sigmund Freud က စိတ်ပိုင်းဆိုင်ရာ အစိတ်အပိုင်း (၃) ခုနဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။
၁။ မသိစိတ် / Id (Pleasure Principle)
-မွေးကတည်းက ပါလာတဲ့စိတ်: ကျိုးကြောင်းဆက်စပ် မစဉ်းစားဘဲ ကလေးလေးတစ်ယောက်လိုပဲ ပြုမူတတ်ပါတယ်။
-လိုချင်တာ ချက်ချင်းရမှ: ဖြစ်နိုင်၊ မဖြစ်နိုင် မစဉ်းစားဘဲ ပျော်ရွှင်မှုနဲ့ လိုအင်ဆန္ဒတွေကို ချက်ချင်း ဖြည့်ဆည်းချင်တဲ့ စိတ်ပါ။
-သိုလှောင်ရုံကြီး: ငယ်စဉ်က မပြည့်ဝခဲ့တဲ့ ဆန္ဒတွေ၊ စိတ်ဒဏ်ရာတွေကို သိမ်းဆည်းထားတဲ့ စိတ်ပိုင်းဆိုင်ရာ နေရာကြီးလည်း ဖြစ်ပါတယ်။
၂။ သိစိတ် / Ego (Reality Principle)
-လက်တွေ့ကျတဲ့စိတ်: ကလေးကြီးဘဝမှာ စတင်ဖွံ့ဖြိုးလာပြီး လက်တွေ့ကမ္ဘာနဲ့ ညှိနှိုင်းပေးတာပါ။
-ပြဿနာဖြေရှင်းသူ: မသိစိတ် (Id) ရဲ့ လိုအင်တွေကို လက်တွေ့ပတ်ဝန်းကျင်နဲ့ ကိုက်ညီအောင် ထိန်းချုပ် စီစဉ်ပေးပါတယ်။ စည်းစနစ်တကျ တွေးခေါ်နိုင်အောင် လုပ်ဆောင်ပေးတဲ့ စိတ်ဖြစ်ပါတယ်။
၃။ မြင့်မြတ်လိုစိတ် / Superego (Perfection)
-ကျင့်ဝတ်နဲ့ စည်းကမ်း: မိဘတွေရဲ့ ဆုံးမမှု၊ လူမှုအဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေး သင်ကြားချက်တွေကနေ တဆင့် ဖွံ့ဖြိုးလာတာပါ။
-အပြစ်ကင်းစင်ချင်သူ: အရာရာကို ပြည့်ဝစုံလင်ချင်ပြီး (Perfectionist) အမှားမပါအောင် ကြိုးစားပါတယ်။ ဒါပေမဲ့ လူတိုင်း အမြဲတမ်း အပြစ်ကင်းဖို့ မဖြစ်နိုင်တဲ့အတွက် သူ့မှာလည်း မသိစိတ်လိုပဲ လက်တွေ့မကျတဲ့ အပိုင်းတွေ ပါဝင်နေပါတယ်။
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ ဆုံးဖြတ်ချက်တွေဆိုတာ ဒီ (၃) ခုကြားမှာ ညှိနှိုင်း ဆောင်ရွက်နေရတာပဲ ဖြစ်ပါတယ်ခင်ဗျာ။
09/09/2026
လုပ်ငန်းခွင်မှာ အလုပ်သမားရေးရာ ပြဿနာတွေကို ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ဖြေရှင်းဖို့ ခက်ခဲနေပါသလား?
အလုပ်သမားဥပဒေ (Labor Law) ကို သေချာ မသိထားဘူးဆိုရင် လုပ်ငန်းရှင်တွေရော မန်နေဂျာတွေပါ ဆုံးဖြတ်ချက်မှားပြီး နစ်နာမှုတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းကို စနစ်တကျနဲ့ ရေရှည်ခိုင်မာအောင် လည်ပတ်နိုင်ဖို့ အလုပ်သမားဥပဒေဆိုင်ရာ Practical နည်းလမ်းတွေကို တိတိကျကျ နားလည်ထားဖို့ အလွန်အရေးကြီးပါတယ်။
ဒါကြောင့် NSMS ကနေ လုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့် HR Professional များအတွက် Labor Law Mastery: Practical Guide for Managers & Business Owners Free Live Webinar လေး စီစဉ်ပေးထားပါတယ်။
💡Webinar မှာ ဘာတွေ လေ့လာရမလဲ?
• လုပ်ငန်းရှင်များနှင့် မန်နေဂျာများ မဖြစ်မနေ သိထားရမည့် အလုပ်သမားဥပဒေ အခြေခံများ
• လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရလေ့ရှိသော အလုပ်သမားရေးရာ ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းနည်းများ
• အလုပ်ခန့်ထားမှု စာချုပ်များ၊ စည်းကမ်းချက်များနှင့် ပြသဒ္ဓါများ ကာကွယ်နည်းများ
Speaker: Sayar Zayar Minn Oo
Webinar အသေးစိတ်
📅 နေ့ရက်: 16 September 2026 (Wednesday)
⏰ အချိန်: ည 8:00 PM မှ 10:00 PM ထိ
📍 နေရာ: Zoom Live (Face to Face Interactive)
🎟 သင်တန်းကြေး: အခမဲ့ (Free)
👉 တက်ရောက်လိုပါက:
ခုပဲ ဒီ Post ရဲ့ Comment မှာ "LAW FREE" လို့ စာပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။ အခမဲ့ တက်ရောက်ခွင့်ရမယ့် Webinar ဖြစ်တာမို့ လူဦးရေ မပြည့်မီ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ကြဖို့ တိုက်တွန်းပါရစေခင်ဗျာ။
02/09/2026
ဒီနေ့ခေတ် စီးပွားရေးနဲ့ မန်နေဂျာလောကမှာ AI ကို စနစ်တကျ အသုံးမချနိုင်ရင် နောက်ကျကျန်ခဲ့တော့မှာပါ
လုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲတွေကို AI နည်းပညာနဲ့ ဘယ်လို ပိုမိုမြန်ဆန်၊ ထိရောက်အောင် ဖြေရှင်းမလဲဆိုတာ သိချင်ပါသလား?
ဒါဆိုရင်တော့ NSMS ကနေ စီးပွားရေးလုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့် AI ကို လုပ်ငန်းခွင်မှာ အသုံးချချင်သူများအတွက် စီစဉ်ပေးထားတဲ့ AI for Business Management Free Live Webinar လေးကို မဖြစ်မနေ တက်ရောက်သင့်ပါတယ်။
💡Webinar မှာ ဘာတွေ လေ့လာရမလဲ?
• Business Management ပိုင်းမှာ AI ကို ထိရောက်စွာ အသုံးချနည်းများ
• AI Tools များကို အသုံးပြု၍ လုပ်ငန်းခွင် လုပ်ငန်းစဉ်များ (Workflows) မြန်ဆန်စေရန် စီမံပုံ
• Data & Project Management ပိုင်းတွင် AI Prompt Engineering ကို အသုံးချနည်းများ
Speaker: Sayar Soe Moe (AI Prompt Engineer & Project Manager - AI Chat Bot & AI Marketing Agency SBDAM.CO.TH)
Webinar အသေးစိတ်
📅 နေ့ရက်: 9 September 2026 (Wednesday)
⏰ အချိန်: ည 8:00 PM မှ 10:00 PM
📍 နေရာ: Zoom Live (Face to Face Interactive)
🎟 သင်တန်းကြေး: အခမဲ့ (Free)
တက်ရောက်လိုပါက:
ခုပဲ ဒီ Post ရဲ့ Comment မှာ "AI FREE" လို့ စာပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။ အခမဲ့ တက်ရောက်ခွင့်ရမယ့် Webinar ဖြစ်တာမို့ လူဦးရေ မပြည့်မီ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ကြဖို့ တိုက်တွန်းပါရစေ။
Category
Telephone
Website
Address
BAYDAR SU STRET 1
Yangon
11041