Parami Hospital

Parami Hospital

Share

Parami General Hospital Yangon, also known before as the first private Hospital exclusively for Women and Children in Yangon, Myanmar since 2010.

To be a center of medical excellence, the management of Royal Parami Life Sciences Co., Ltd has laid down plans, that embody a strong commitment to continuously improved quality service and patient safety. In mid 2011, Parami Hospital extends medical care services for adult patients and it becomes "Parami General Hospital, Yangon". Parami General Hospital, Yangon brings a group of dedicated specialists together to provide a multidisciplinary approach to patient care, in collaboration with advanced medical science and technology.

05/10/2026

📢 Special Promotion For Cardiac MRI

💜 မြန်မာနိုင်ငံတွင် ပထမဆုံး Cardiac MRI ဝန်ဆောင်မှုကို Parami General Hospital တွင် ရရှိနိုင်ပါပြီ။

နှလုံးရောဂါများကို ပိုမိုတိကျစွာ ရောဂါရှာဖွေဖော်ထုတ်နိုင်ရန် Cardiac MRI ဝန်ဆောင်မှုအား Parami General Hospital မှ ဆောင်ရွက်ပေးလျက်ရှိပါသည်။

🫀 Cardiac MRI ဆိုတာဘာလဲ?
Cardiac MRI သည် Magnetic Field နှင့် Radiofrequency Waves များကို အသုံးပြု၍ နှလုံး၏ ဖွဲ့စည်းပုံ (Structure)၊ လုပ်ဆောင်ချက် (Function) နှင့် နှလုံးကြွက်သားများ၏ အခြေအနေကို အသေးစိတ် စစ်ဆေးပေးနိုင်သော Gold Standard Cardiac Imaging Technique တစ်ခုဖြစ်ပါသည်။

✨ Cardiac MRI ဖြင့် စစ်ဆေးနိုင်သော နှလုံးကျန်းမာရေးစစ်ဆေးမှုများ-
✔️ Heart Failure (နှလုံးအားနည်းရောဂါ)
✔️ Cardiomyopathy (နှလုံးကြွက်သားရောဂါ)
✔️ Arrhythmia & Sudden Cardiac Death Risk Assessment
✔️ Cardiac Masses & Tumours
✔️ Sports Cardiology Assessment
✔️ Cardio-Oncology Monitoring
✔️ Systemic Diseases with Cardiac Involvement

✅ Special Promotion – 10% Discount
📅 04 October 2026 – 03 November 2026

တိကျမှန်ကန်သော Diagnostic Results များကို အချိန်မီ ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

🔹 First in Myanmar Cardiac MRI Service
🔹 UK-based Cardiologists Reporting
🔹 Philips MRI Ingenia Prodiva CX 1.5 Tesla
🔹 Advanced Cardiac Imaging Technology
🔹 Accurate Diagnosis & Treatment Planning
🔹 International Standard Healthcare Services
🔹 AACI Accredited Hospital

🫀 A New Era in Cardiac Imaging
“See the Heart’s True Motion”

📞 Hotline : 09 774 5555 66

Parami General Hospital
First in Myanmar to offer Cardiac MRI Services















HR FB Link; https://www.facebook.com/share/1F1hgSomLt/?mibextid=wwXIfr
Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

03/10/2026

🏥 ရန်ကုန်မြို၊ မရမ်းကုန်းမြိုနယ်ရှိ ပါရမီအထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် ✨လစ်လပ်✨ ရာထူးနေရာများအတွက် အမြန်ခေါ်ယူလိုပါသည်။

🎁 အကျိုးခံစားခွင့်များ 🎁
KPI Incentive (လစဉ်အခြေခံလစာ၏ ၂၀% အထိ)
နှစ်စဉ် Bonus
Medical & Allowance Benefits
Ferry Allowance (Nearest Pick-up Point)
Accommodation Allowance (Affordable Price)
Other Employee Benefits According to Company's Policy
Career Development Opportunities

✅ Email - [email protected] သိုလည်းကောင်း၊
Viber No. 09-949220466 သိုလည်းကောင်း CV Form များပို၍ လျှောက်ထားနိုင်ပါသည်။

✅ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။

ရုံးလိပ်စာ -
No. 19(A), ဦးဘဟန်လမ်းသွယ်၊ (၁၀) ရပ်ကွက်၊ မရမ်းကုန်းမြိုနယ်၊ ရန်ကုန်မြို။

💜 လူနာများအတွက် ပိုမိုကောင်းမွန်သော Healthcare ဝန်ဆောင်မှုများ ပေးနိုင်ရန် ပါရမီအထွေထွေရောဂါကုဆေးရုံက သင့်ကို ရှာဖွေနေပါတယ်.... 💜






HR FB Link; https://www.facebook.com/share/1F1hgSomLt/?mibextid=wwXIfr
Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

02/10/2026

ပါရမီအထွေရောဂါကုဆေးရုံကြီးဟာ ယုံကြည်စွာ လာရောက်ကုသကြတဲ့ မိတ်ဆွေတိုင်းကို စေတနာ၊ပညာ၊မေတ္တာအပြည့်နဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးခဲ့တာဟာ လာမဲ့ အောက်တိုဘာလ (၁၉) ရက်‌ နေ့မှာ ( ၁၆) နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။

စတင်တည်ထောင်စဉ်ထဲက ကလေးဆေးရုံအဖြစ် လူသိများခဲ့ပြီး ယနေ့အချိန်မှာတော့ လူကြီးလူငယ်အရွယ်မရွေးအတွက် ခေတ်မှီနောက်ဆုံးပေါ်စက်များ၊ကျွမ်းကျင်ဆရာဝန်များစွာနဲ့ ဝန်ဆောင်မှုများစွာ ပေးလာနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

လာရောက်ကုသသူတိုင်းအပေါ်မှာထားတဲ့ စစ်မှန်တဲ့စေတနာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးများကြောင့်လည်း မြန်မာနိုင်ငံရဲ့ပထမဆုံး AACI လက်မှတ်ရ အထွေထွေရောဂါကုဆေးရုံကြီးအဖြစ်လည်း ဂုဏ်ယူစွာရပ်တည်‌‌လျက်ရှိပါတယ်။💜

ပါရမီဆေးရုံဟာ ယုံကြည်စွာလာရောက်ကုသပေးကြတဲ့ မိတ်ဆွေတွေရဲ့ ကျေးဇူးကြောင့်သာ ပထမခြေလှမ်းကနေ ယနေ့အချိန်ထိ ၁၆ နှစ်ကြာခရီးလမ်းမှာ ခိုင်မာစွာရပ်တည်လျှောက်လှမ်း‌‌ နိုင်ခဲ့သည့်အတွက် မိတ်ဆွေတစ်ဦးချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

ဒါကြောင့် လေးစားချစ်ခင်ရပါသော မိတ်ဆွေတိုကို ကျေးဇူးတုန့်ပြန်သောအားဖြင့် "ဖုန်းဘေကျပ် (၁၅၀၀၀) (၁၀) ယောက်" လက်ဆောင်ပေးဖိုစီစဉ်ထားပါတယ်ရှင်။

📌Giveaway အစီအစဉ်လေးမှာ ပါဝင်ဖိုကတော့ ပါရမီဆေးရုံအတွက် ဆုတောင်းစကားလေးကို မိတ်ဆွေသုံးဦးကို mention ပြီး ဒီ hastag လေးထည့်ကာ ကောမန့်မန့်ပေးရပါမယ်။

စည်းကမ်းချက်နဲ့ကိုက်ညီသူတွေဆုတထဲကနေ (၁၀) ယောက်တိတိရွေးချယ်ပြီး အောက်တိုဘာလ (၂၀) ရက်နေ့မှာ ကံထူးသူများကို ကြေညာပေးသွားပါ့မယ်။

Giveaway အစီအစဉ်လေးကို အောက်တိုဘာလ (၁၉) ရက်နေ့ညထိ ပါဝင်နိုင်တာမို ၁၆ နှစ်ကြာချစ်ခင်လာခဲ့တဲ့ မေတ္တာအပြည့်နဲ့ ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။💜🩺







HR FB Link; https://www.facebook.com/share/1F1hgSomLt/?mibextid=wwXIfr
Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

01/10/2026

❝ World Older Persons Day ❞

❝ အမေ့အတွက် အင်္ကျီအသစ် ဝယ်လာတယ် ❞
❝ အဖေ ကြိုက်မယ်ထင်လို့ ဝယ်လာတာ ❞

သားသမီးတွေက ချစ်လို့ ဝယ်ပေးတဲ့ပစ္စည်းတွေကို မိဘတွေက တစ်ခါတလေ မသုံးဘဲ သိမ်းထားတတ်ကြပါတယ်။ ဒါက မလိုအပ်လို့ မဟုတ်ပါဘူး။ သားသမီးတွေ ပေးထားတာမို့ နှမြောပြီး တန်ဖိုးထားလို့ပါ။

ဒါပေမဲ့ မိဘ၊ ဘိုးဘွားတွေအတွက်
တန်ဖိုးအရှိဆုံး လက်ဆောင်ကတော့ သူတို့ရဲ့ကျန်းမာရေးကောင်းမွန်ပြီး ကျွန်တော်တို့အနားမှာ အချိန်ကြာကြာရှိနေဖို့ ဂရုစိုက်ပေးခြင်းပါ။

အသက်ကြီးလာတဲ့အခါ ကျန်းမာရေးပြဿနာအချို့က သိသာတဲ့လက္ခဏာမပြဘဲ ရှိနေနိုင်တာကြောင့် -

🔸ဆီးချို၊ နှလုံး၊ ကျောက်ကပ်စတဲ့ ကျန်းမာရေးအခြေအနေတွေကို စောစောသိရှိပြီး စောင့်ကြည့်နိုင်ဖို့

🔸လက်ရှိကျန်းမာရေးအခြေအနေကို ပြန်လည်စစ်ဆေးနိုင်ဖို့

🔸အရိုး၊ အဆစ်အမြစ်နဲ့ လှုပ်ရှားနိုင်မှုအခြေအနေတွေကိုလည်း ဂရုစိုက်နိုင်ဖို့

လူကြီးသူမတွေကို ပုံမှန် Medical Check-up ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။

ဒီ World Older Persons Day မှာ
အရင်က ကျွန်တော်တို့နေမကောင်းရင် အနားကနေ မခွာခဲ့တဲ့သူတွေကို ကျွန်တော်တို့ဘက်ကလည်း ပြန်ဂရုစိုက်ပေးကြရအောင်။🤝

ချစ်ရတဲ့ မိဘဘိုးဘွားတွေနဲ့အတူ တန်ဖိုးရှိတဲ့အချိန်တွေကို ကျန်းမာစွာဖြတ်သန်းနိုင်ဖို့ Parami General Hospital မှ Medical Check-up လက်ဆောင်လေးနဲ့ ချစ်ခြင်းမေတ္တာကို သက်သေပြလိုက်ပါ။ 🩺💜





HR FB Link; https://www.facebook.com/share/1F1hgSomLt/?mibextid=wwXIfr
Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

30/09/2026

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးလက္ခဏာများကို ဂရုစိုက်ပါ 💜

ချောင်းဆိုးတာ မပျောက်ဘဲ ကြာရှည်နေခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ဟာ သာမန်လက္ခဏာတွေလို့ ထင်ပြီး လျစ်လျူမရှုသင့်ပါဘူး။ ဒီလက္ခဏာတွေဟာ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

🩺 သတိပြုသင့်တဲ့ လက္ခဏာများ

🔹 ချောင်းဆိုးတာ ကြာရှည်နေခြင်း – ၈ ပတ်ကျော်တဲ့အထိ ချောင်းဆိုးတာ မပျောက်ဘဲ ဆက်တိုက်ဖြစ်နေခြင်း။

🔹 အသက်ရှူမဝခြင်း – အသက်ကို ဝဝရှူလို့မရသလို ခံစားရခြင်း၊ လမ်းလျှောက်တာနဲ့ လှုပ်ရှားတဲ့အခါ အသက်ရှူရခက်ခဲခြင်း။

🔹 ရင်ဘတ်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်း – ရင်ဘတ်အောင့်ခြင်း၊ နာကျင်ခြင်း သို့မဟုတ် အသက်ရှူတဲ့အခါ ပိုမိုနာကျင်ခြင်း။

💜 ဒီလိုလက္ခဏာတွေ ခံစားနေရရင် ဘာလုပ်သင့်လဲ။

အထက်ပါလက္ခဏာတွေ ဖြစ်ပေါ်နေပါက ပေါ့ဆမနေဘဲ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ခံယူသင့်ပါတယ်။ စောစီးစွာ စစ်ဆေးခြင်းဖြင့် ကျန်းမာရေးပြဿနာတွေကို အချိန်မီ ရှာဖွေဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

⚠️ သတိပြုရန် – အသက်ရှူရ အလွန်ခက်ခဲခြင်း၊ ရင်ဘတ်ပြင်းထန်စွာ နာကျင်ခြင်းတို့ ဖြစ်ပေါ်ပါက မစောင့်ဆိုင်းဘဲ နီးစပ်ရာ အရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်ပြီး ဆေးကုသမှု ခံယူပါ။

🏥 သင့်ရဲ့ အသက်ရှူလမ်းကြောင်းကျန်းမာရေးအတွက် ဒီနေ့ပဲ စစ်ဆေးမှုခံယူလိုက်ပါ။ 💜

ကျန်းမာရေးစစ်ဆေးမှုများနှင့် လိုအပ်သော ဆေးကုသမှုများအတွက် Parami General Hospital မှ အစဉ်အမ​ြဲ နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်။

💜 ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ မိမိကျန်းမာရေးကို နေ့စဉ်ဂရုစိုက်ကြပါစို့။






HR FB Link; https://www.facebook.com/share/1F1hgSomLt/?mibextid=wwXIfr
Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

28/09/2026

🐕💜 World Rabies Day | Dog Bite Emergency Protocol 💜🐕

❝ ခွေးကိုက်ခံရပါက ချက်ချင်း ဆောင်ရွက်ရမည့် အရေးပေါ် ကာကွယ်ရေး နည်းလမ်းများ ❞

ခွေးကိုက်ခံရခြင်း သို့မဟုတ် ခွေးခြစ်ခံရခြင်းကို ပေါ့ဆမထားသင့်ပါ။ Rabies (ခွေးရူးပြန်ရောဂါ) သည် ကြိုတင်ကာကွယ်နိုင်သော်လည်း ရောဂါလက္ခဏာများ ပေါ်ပေါက်လာပြီးနောက် အသက်အန္တရာယ် အလွန်ပြင်းထန်သော ရောဂါဖြစ်သောကြောင့် ထိတွေ့မှုဖြစ်ပြီးချိန်တွင် အချိန်မဆွဲဘဲ မှန်ကန်စွာ ဆောင်ရွက်ရန် အရေးကြီးပါတယ်။ 🩺

🚨 ခွေးကိုက်ခံရပါက —

1️⃣ အနာကို ချက်ချင်းဆေးကြောပါ
ဆပ်ပြာနှင့် ရေများများအသုံးပြုပြီး အနာကို အနည်းဆုံး ၁၅ မိနစ် သေချာစွာ ဆေးကြောပါ။

2️⃣ အနာကို သန့်စင်ပါ
ရရှိနိုင်ပါက သင့်လျော်သော antiseptic/ပိုးသတ်ဆေးဖြင့် သန့်စင်နိုင်ပါတယ်။ အနာထဲသို့ ငရုတ်သီး၊ ဆေးမြစ်၊ အက်ဆစ်/အယ်လ်ကာလီ စသည့် အနာကို ထိခိုက်စေနိုင်သော ပစ္စည်းများ မလိမ်းပါနှင့်။

3️⃣ ဆေးရုံ/ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားပါ
ခွေး၏အခြေအနေ၊ ကိုက်ခံရသည့်နေရာနှင့် အနာ၏ပြင်းထန်မှုတို့အပေါ်မူတည်ပြီး ကျန်းမာရေးဝန်ထမ်းမှ Rabies Post-Exposure Prophylaxis (PEP) လိုအပ်မှုကို အကဲဖြတ်ပေးနိုင်ပါတယ်။

4️⃣ ဆရာဝန်ညွှန်ကြားသည့် Rabies ကာကွယ်ဆေးကုသမှုကို ပြည့်စုံစွာခံယူပါ 💉
အချို့သောပြင်းထန်သည့် exposure များတွင် Rabies Immunoglobulin (RIG) သို့မဟုတ် အခြားသင့်လျော်သော ကာကွယ်ကုသမှုများ လိုအပ်နိုင်ပါတယ်။

⚠️ “အနာသေးလို့ မဖြစ်လောက်ပါဘူး” ဟု မယူဆပါနှင့်။ ခွေးကိုက်ခြင်း၊ ခြစ်ခြင်း သို့မဟုတ် အနာပြဲနေသောအရေပြားပေါ်သို့ တံတွေးထိတွေ့ခြင်းများ ဖြစ်ခဲ့ပါက ကျန်းမာရေးဝန်ထမ်းထံ အမြန်ဆုံး တိုင်ပင်စစ်ဆေးပါ။

💜 သိထားခြင်းက အသက်ကို ကယ်တင်နိုင်ပါတယ်။
Rabies ကို ကာကွယ်နိုင်ရန် အချိန်မဆွဲဘဲ မှန်ကန်သော အရေးပေါ်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် Parami General Hospital မှာ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကိုထိုးနှံနို်ငပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။







HR FB Link; https://www.facebook.com/share/1F1hgSomLt/?mibextid=wwXIfr
Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

27/09/2026

❝ ကိုယ့်ရဲ့ သွေးတွင်းအဆီဓာတ်
ပမာဏ( 𝗟𝗶𝗽𝗶𝗱 𝗣𝗿𝗼𝗳𝗶𝗹𝗲 )ကို ဘာကြောင့် ကြိုတင်သိရှိထားသင့်တာလဲ❓❞

နေ့စဉ်အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့သူတွေမှာ သွေးတွင်းအဆီဓာတ် မြင့်တက်လာနိုင်ခြေ ပိုများပါတယ်။ သွေးတွင်းအဆီဓာတ် မြင့်မားနေတာဟာ အစပိုင်းမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ❗️

သွေးတွင်းအဆီများလာတဲ့အခါ နှလုံးကျန်းမာရေးကို အဓိကထိခိုက်စေနိုင်ပြီး အသည်းအဆီဖုံးကဲ့သို့ တခြားဆက်စပ်ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုကျန်းမာရေးအခြေအနေတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့သွေးတွင်းအဆီဓာတ်ပမာဏ ပုံမှန်ရှိ၊ မရှိ ကြိုတင်စစ်ဆေးထားဖို့ လိုအပ်ပါတယ်။ 📈

ကိုယ့်ရဲ့နှလုံးနဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်ချင်သူတွေအနေနဲ့ ❝ 𝗣𝗮𝗿𝗮𝗺𝗶 𝗚𝗲𝗻𝗲𝗿𝗮𝗹 𝗛𝗼𝘀𝗽𝗶𝘁𝗮𝗹 ❞ မှာ သွေးတွင်းအဆီပမာဏကို စိတ်ချယုံကြည်စွာ လာရောက်စစ်ဆေးနိုင်ပါတယ်။ 🩺💜

📌 ဒီစစ်ဆေးမှုမှာဆိုရင် ကျန်းမာရေးအတွက် အဓိကကျတဲ့ -
▪️ Total Cholesterol (စုစုပေါင်း သွေးတွင်းအဆီ)
▪️ HDL (ကောင်းမွန်သော အဆီဓာတ်)
▪️ LDL (မကောင်းသော အဆီဓာတ်)
▪️ Triglycerides (အခြားသွေးတွင်းအဆီဓာတ်)
စတာတွေကို တိကျမှန်ကန်စွာ စစ်ဆေးပေးသွားမှာဖြစ်ပါတယ်။

📌ဘယ်အချိန်မှာ စစ်ဆေးသင့်လဲ❓

အသက် ၂၀ နှစ်အထက်ဆိုပါက အနည်းဆုံး ၅ နှစ်တစ်ကြိမ်၊ အသက်၄၀နဲ့အထက်ဆိုရင်တော့ အနည်းဆုံး ၂နှစ်တစ်ကြိမ် သွေးတွင်းအဆီပမာဏ စစ်ဆေးသင့်ပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်များသူများ၊ သွေးတိုး၊ ဆီးချို သို့မဟုတ် မိသားစုရာဇဝင်ရှိသူများအတွက်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး မကြာခဏ စစ်ဆေးဖို့ လိုအပ်ပါတယ်။

ကျန်းမာခြင်းက လာဘ်တစ်ပါးပါပဲ။ ကိုယ့်ရဲ့သွေးတွင်းအဆီပမာဏကို သိထားခြင်းက လိုအပ်တဲ့ နေထိုင်မှုပုံစံပြောင်းလဲမှုတွေကို အချိန်မီစတင်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ 🤝💜

ဒါကြောင့် World Heart Day (စက်တင်ဘာ ၂၉ ရက်) မတိုင်မီ ကိုယ့်နှလုံးကျန်းမာရေးအတွက် လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီး ဂရုစိုက်လိုက်ပါနော်။ 🩺💜




HR FB Link; https://www.facebook.com/share/1F1hgSomLt/?mibextid=wwXIfr
Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

26/09/2026

🏥 ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ပါရမီအထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် ✨လစ်လပ်✨ ရာထူးနေရာများအတွက် အမြန်ခေါ်ယူလိုပါသည်။

🎁 အကျိုးခံစားခွင့်များ 🎁
KPI Incentive (လစဉ်အခြေခံလစာ၏ ၂၀% အထိ)
နှစ်စဉ် Bonus
Medical & Allowance Benefits
Ferry Allowance (Nearest Pick-up Point)
Accommodation Allowance (Affordable Price)
Other Employee Benefits According to Company's Policy
Career Development Opportunities

✅ Email - [email protected] သို့လည်းကောင်း၊
Viber No. 09-949220466 သို့လည်းကောင်း CV Form များပို့၍ လျှောက်ထားနိုင်ပါသည်။

✅ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။

ရုံးလိပ်စာ -
No. 19(A), ဦးဘဟန်လမ်းသွယ်၊ (၁၀) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

💜 လူနာများအတွက် ပိုမိုကောင်းမွန်သော Healthcare ဝန်ဆောင်မှုများ ပေးနိုင်ရန် ပါရမီအထွေထွေရောဂါကုဆေးရုံက သင့်ကို ရှာဖွေနေပါတယ်.... 💜






HR FB Link; https://www.facebook.com/share/1F1hgSomLt/?mibextid=wwXIfr
Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

26/09/2026

🕊💔အထူးဝမ်းနည်းကြေကွဲခြင်း💔🕊

ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဒေါ်ညိုညိုဝင်း ၏ ကျေးဇူးရှင်ဖခင်ကြီး ဦးစိုးဝင်း (၈၀)နှစ်သည်(၂၆.၉.၂၀၂၆) စနေနေ့၊
နံနက် (၇:၃၄)မိနစ်တွင် (၉၆)ပါးသောရောဂါဖြင့် ဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားပါသဖြင့် မိသားစုဝင်များနှင့်ထပ်တူ ပါရမီအထွေထွေရောဂါကုဆေးရုံမိသားစုမှ အထူးဝမ်းနည်းရပါကြောင်းနှင့် ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။




Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

26/09/2026

❝ ရာသီဥတုအကူးအပြောင်းတိုင်းမှာ နှာစေး၊ နှာပိတ်၊ ချောင်းဆိုးတွေ ပိုဖြစ်တတ်ပါသလား ❞

အပူချိန်၊ စိုထိုင်းဆနဲ့ လေထုအခြေအနေတွေ ပြောင်းလဲလာတဲ့ ရာသီအကူးအပြောင်းကာလမှာ ပန်းနာရင်ကျပ် နဲ့ ဓာတ်မတည့်ခြင်း ပြဿနာများ ရှိသူတွေအနေနဲ့ မိမိရဲ့ကျန်းမာရေးကို ပိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ဖုန်မှုန့်၊ မီးခိုး၊ ဝတ်မှုန် နဲ့ မှို စတဲ့အရာတွေကလည်း လူတချို့မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ ဓာတ်မတည့်မှုလက္ခဏာတွေကို ဖြစ်စေခြင်း၊ ပိုမိုဆိုးရွားစေခြင်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ပန်းနာရင်ကျပ်ရှိသူအများစုမှာ ဓာတ်မတည့်မှုလည်း ရှိတတ်တာကြောင့် ရာသီဥတုပြောင်းလဲချိန်မှာ နှစ်မျိုးလုံးအတွက် ပိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။

🟣 ပန်းနာရင်ကျပ် လက္ခဏာများ

▪️ ချောင်းဆိုးခြင်း (အထူးသဖြင့် ညဘက် သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပြီးချိန်)
▪️ ရင်ဘတ်တင်းကျပ်ခြင်း
▪️ အသက်ရှူမဝခြင်း
▪️ အသက်ရှူရာမှာ တရွှီရွှီမြည်ခြင်း

🟣 ဓာတ်မတည့်ခြင်းဆိုင်ရာ လက္ခဏာများ

▪️ နှာချေခြင်း
▪️ နှာရည်ယိုခြင်း သို့မဟုတ် နှာပိတ်ခြင်း
▪️ မျက်စိယားယံခြင်း၊ မျက်ရည်ကျခြင်း
▪️ နှာခေါင်းပတ်ဝန်းကျင် သို့မဟုတ် မျက်နှာတစ်ဝိုက် ဖိအားရှိသလို ခံစားရခြင်း

📌 ရာသီဥတုပြောင်းလဲချိန်မှာ ဘယ်လိုဂရုစိုက်သင့်လဲ ❓

▪️ မိမိနဲ့ ဓာတ်မတည့်တဲ့အရာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
▪️ ဖုန်မှုန့်၊ မီးခိုးနဲ့ လေထုညစ်ညမ်းမှုတွေကို ရှောင်ပါ။
▪️ အိမ်တွင်းစိုထိုင်းဆများခြင်းနဲ့ မှိုဖြစ်ပေါ်မှုတွေကို ဂရုစိုက်ပါ။
▪️ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးဝါးတွေကို ညွှန်ကြားချက်အတိုင်း အသုံးပြုပါ။
▪️ လက္ခဏာ ပြင်းထန်လာပါက ဆေးဘက်ဆိုင်ရာ အကူအညီရယူပါ။

⚠️ အရေးပေါ်လက္ခဏာများဖြစ်တဲ့ နှုတ်ခမ်း၊ လျှာ သို့မဟုတ် မျက်နှာ ရောင်ရမ်းခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း စတဲ့လက္ခဏာတွေ ပိုမိုပြင်းထန်လာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်သင့်ပါတယ်။

ဒါကြောင့် ရာသီဥတုအကူးအပြောင်းကာလမှာ အသက်ရှူလမ်းကြောင်းကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ အကြံပြုမျှဝေလိုက်ရပါတယ်။ 🤝💜








Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

Telephone

Address


No60 G(1) Parami Road, Mayangone Township
Yangon
11062

Alerts

Be the first to know and let us send you an email when Parami Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.