Eating Right

Eating Right

Share

Collection for all eating sharing things over the world which I like....

15/09/2026

စားသောက်ဆိုင်ဖွင့်ချင်တဲ့ အိပ်မက်... ဒါဟာ ကျွန်တော်တို့ထဲက လူတော်တော်များများ မက်ဖူးတဲ့ အိပ်မက်တစ်ခုပါ။

မိတ်ဆွေတွေနဲ့ ရယ်မောရင်း ကိုယ်ပိုင်ဆိုင်လေးထဲမှာ လမ်းလျှောက်သွားမယ်။ လူတွေက ကိုယ့်ရဲ့ အစားအစာတွေကို မြည်းစမ်းပြီး ချီးကျူးကြမယ်။ စိတ်ကူးယဉ်ကြည့်ရင် အရမ်းကို ရင်ခုန်စရာကောင်းပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့... အဲ့ဒီအိပ်မက်ဟာ အိမ်မက်ဆိုးတစ်ခု ဖြစ်သွားတတ်ပါတယ်။

ကိုယ့်ရဲ့ ထူးခြားတဲ့ ဟင်းချက်နည်းနဲ့ အခြားဆိုင်တွေလို ကျရှုံးမှာမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တတ်ကြပါတယ်။ အမှန်တရားကတော့ ပထမ ၁၂ လအတွင်းမှာတင် ၂၅ ရာခိုင်နှုန်းသော ဆိုင်တွေ ပြုတ်သွားပြီး၊ ၃ နှစ်အတွင်းမှာ ၆၀ ရာခိုင်နှုန်းသော ဆိုင်တွေ ပိတ်သိမ်းသွားရပါတယ်။

ဘာကြောင့်လဲ? စားသောက်ဆိုင်တွေ ဘာလို့ ဒီလောက်မြန်မြန် ကျရှုံးသွားရတာလဲ? အကြောင်းရင်း (၆) ချက် ရှိပါတယ်။

၁။ Profit Margins (အမြတ်ရာခိုင်နှုန်း) အလွန်နည်းပါးခြင်း

​စားသောက်ဆိုင်ဆိုတာ အရသာရှိတဲ့ အစားအသောက်ကို ရောင်းချတာထက် ပိုပါတယ်။ အဲဒါဟာ "စေ့စပ်သေချာရမယ့် စီးပွားရေး" တစ်ခုပါ။

​အယူအဆ (Concept) ဘယ်လောက်ပဲ ကောင်းပါစေ၊ စီးပွားရေးအမြင်မရှိရင် ဆိုင်တစ်ဆိုင်ဟာ လဲပြိုဖို့ သေချာသလောက်ရှိပါတယ်။ အိမ်ငှားခ၊ ကုန်ကြမ်းဖိုးနဲ့ ဝန်ထမ်းစရိတ် စတဲ့ ကုန်ကျစရိတ်တွေကို ဂရုမစိုက်ဘဲ စိတ်ကူးယဉ်ရုံနဲ့ ဖွင့်လှစ်ထားတဲ့ ဆိုင်တွေဟာ အရသာ ဘယ်လောက်ကောင်းကောင်း အမြတ်ရာခိုင်နှုန်း အလွန်နည်းပါးတာကြောင့် ရေရှည်မှာ ရပ်တည်နိုင်စွမ်း မရှိကြပါဘူး။

​၂။ လွန်ကဲခြင်း သို့မဟုတ် အားနည်းခြင်း (Doing Too Much vs. Doing Nothing Unique)

​အချို့ဆိုင်တွေဟာ Cheesecake Factory လိုမျိုး စာအုပ်အထူကြီးနဲ့ ရွေးချယ်စရာမျိုးစုံပါတဲ့ Menu တွေကို ပေးချင်ကြပါတယ်။ တစ်ကမ္ဘာလုံးက အစားအသောက်တွေကို တစ်နေရာတည်းမှာ ရချင်အောင် လုပ်ကြရင်း အရာရာမှာ အရည်အသွေး ကျဆင်းသွားရပါတယ်။

​အခြားတစ်ဖက်မှာလည်း ဘာမှ ထူးခြားမှုမရှိဘဲ တခြားဆိုင်တွေထက် ပိုညံ့၊ ပိုဈေးကြီးတဲ့ ဟင်းပွဲတွေကိုပဲ ပျင်းရိစွာ ရောင်းချနေကြတာမျိုးပါ။ အစွန်းနှစ်ဖက်စလုံးဟာ အရှုံးဆီကိုပဲ ဦးတည်သွားစေပါတယ်။

၃။ ​ကြောက်စရာကောင်းသော "တစ်ခါလာ ရောဂါ" (Great Concept, No Repeat Visits)

​ဒီအချက်က တကယ့်ကို ဝမ်းနည်းစရာကောင်းပါတယ်။ မင်းဟာ အင်မတန် အနုပညာဆန်ပြီး ဆန်းသစ်တဲ့ ဟင်းပွဲတွေကို ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်ပါလိမ့်မယ်။ ဝယ်သူတွေက လာစားပြီး "ငါ့ဘဝမှာ ဒီလိုဟင်းပွဲမျိုး တစ်ခါမျှ မစားဖူးဘူး" လို့ ချီးကျူးကြပါလိမ့်မယ်။

​ဒါပေမဲ့ အဲဒီဟင်းပွဲဟာ တစ်နှစ်မှ တစ်ခါ၊ ဒါမှမဟုတ် နှစ်နှစ်မှ တစ်ခါလောက်ပဲ သွားစားချင်စရာကောင်းတဲ့ အဆန်းအပြားဖြစ်နေရင်ကော...။ စားသောက်ဆိုင်တစ်ဆိုင် ရေရှည်ရပ်တည်ဖို့အတွက် "တစ်ခါလာ တဲ့သူ" ထက် "ပုံမှန်လာမယ့် သူ (Regulars)" တွေကို မဆွဲဆောင်နိုင်ရင် အဲဒီဆိုင်ဟာ စာရင်းဇယားတွေကြားထဲမှာတင် မကြာမီ ပျောက်ကွယ်သွားမှာပါ။

​၄။ ပြိုင်ဆိုင်မှုနှင့် တုပသူများ၏ ရိုက်ခတ်မှု (Extreme Competition & Imitators)

​စားသောက်ဆိုင်လောကဟာ ရေကူးကန်ထဲမှာ ကူးခတ်နေကြတဲ့ ငါးမန်းတွေနဲ့ တူပါတယ်။ ဧရိယာတစ်ခုမှာ အယူအဆသစ်တစ်ချို့နဲ့ မလုပ်ရသေးတဲ့ စိတ်ကူးကောင်းတစ်ခုကို ရှာတွေ့ဖို့ဆိုတာ ခက်ခဲလွန်းလှပါတယ်။

​ဝမ်းနည်းစရာကောင်းတာက မင်းအနေနဲ့ အဲဒီနေရာလွတ်ကို ရှာတွေ့ပြီး အောင်မြင်အောင် စတင်လိုက်နိုင်ပြီ ဆိုရင်တောင် နောက်ထပ် တုပသူ (Imitators) ပေါင်းများစွာက မင်းရဲ့ နောက်ကျောကို ကပ်လျက် လိုက်လာကြတော့တာပါပဲ။

​၅။ ခေတ်ရေစီးကြောင်းနှင့် ဖက်ရှင်၏ သားကောင် (The Victim of Food Fads)

​ဒီနှစ်ထဲမှာ လူတိုင်းက ဒီအရသာ၊ ဒီ ဟင်းလျာအမျိုးအစားအကြောင်းပဲ ပြောနေကြပြီး ရူးသွပ်နေကြပေမဲ့ နောက်နည်းနည်းကြာရင် အရာအားလုံးဟာ အသစ်တစ်ခုဆီ ကူးပြောင်းသွားကြတာ သဘာဝပါ။

​ခေတ်စားနေတဲ့ ရေစီးကြောင်း (Fad) တစ်ခုပေါ်မှာပဲ အခြေပြုပြီး ထူထောင်ထားတဲ့ ဆိုင်တွေဟာ အဲဒီရေစီးကြောင်း ကျဆင်းသွားတာနဲ့အမျှ လူတွေရဲ့ မေ့လျော့ခြင်းကို ခံလိုက်ကြရပါတယ်။

​၆။ "ပိုလိုခြင်ခြင်း" ဆုိသော ရောဂါဆိုး (The Disease of More)

​အရာအားလုံး အဆင်ပြေသွားပြီး မင်းဆိုင်လေး ဟာ အောင်မြင်သွားပြီ ဆိုပါစို့။ ပထမနှစ်မှာ "Year 1 Best Restaurant" စာရင်းထဲမှာ ပေါ်လာခဲ့တယ်။ ဒါပေမဲ့ ဒုတိယနှစ် ဒါမှမဟုတ် တတိယနှစ်ရောက်ရင် ဘာဖြစ်သွားတတ်လဲ။

​မင်းရဲ့ စားဖိုမှူး (Rockstar Chef) က လစာနဲ့ ရာထူးတိုးပေးဖို့ တောင်းဆိုလာမယ်။ အိမ်ရှင်က အိမ်ငှားခကို စတင် တိုးမြှင့်ပါတော့မယ်။ မူလက စိတ်ဓာတ်တူ၊ ရည်မှန်းချက်တူ စတင်ခဲ့ကြပေမဲ့ အောင်မြင်မှုနဲ့အတူ ပါလာတဲ့ "Disease of More" ကြောင့် စားဖိုမှူး ထွက်သွားတာ၊ အိမ်ငှားစာချုပ် ပြဿနာတက်တာတွေနဲ့တင် မင်းချစ်ရတဲ့ ဆိုင်လေးဟာ ၃ နှစ်မြောက်မှာ ပိတ်လိုက်ရလေ့ရှိပါတယ်။

ဒီအချက်တွေကို ကြည့်လိုက်ရင် ကျွန်တော်တို့ တစ်ခုခုကို သတိထားမိလာပါလိမ့်မယ်။

အစားအသောက်ကို ချစ်မြတ်နိုးတဲ့ Passion (ဝါသနာ) တစ်ခုတည်းနဲ့ စီးပွားရေးလုပ်လို့ မရပါဘူး။

မင်းဆိုင်ကို System-dependent (စနစ်တစ်ခုနဲ့ သူ့အလိုလို လည်ပတ်နေတဲ့ အခြေအနေ) ကို ပြောင်းလဲဖို့ လိုပါတယ်။

တိကျတဲ့ Restaurant Operating System တစ်ခု တည်ဆောက်ပြီး Prime cost နဲ့ Contribution margin တွေကို သေချာတွက်ချက် စီမံနိုင်မှသာ ဒီကြမ်းတမ်းတဲ့ လောကမှာ မင်း အသက်ရှင်နိုင်မှာပါ။

မင်းကော... ကိုယ်ပိုင် စားသောက်ဆိုင်လေး ဖွင့်ဖို့ အိပ်မက်မက်နေပြီလား? ဒါဆိုရင် မီးဖိုချောင်ထဲ မဝင်ခင် မင်းရဲ့ Operating System ကို အရင်ဆုံး တည်ဆောက်ပါ။

မင်းပတ်ဝန်းကျင်မှာ စားသောက်ဆိုင် ဖွင့်ဖို့ ပြင်ဆင်နေတဲ့ သူငယ်ချင်းရှိရင် ဒီစာလေးကို Share လုပ်ပြီး သတိပေးလိုက်ပါ။

Bo&Co Insights

12/09/2026

ဝက်သုံးထပ်သားကြွပ်ကြွပ်ကြော်

ဝက်သုံးထပ်သားအကြွပ်ကြော်လေး စားချင်ပေမယ့် Oven ရော Air Fryer ပါ မရှိလို့ အိမ်မှာ လုပ်မစားဖြစ်ဘူးဆိုတဲ့သူတွေအတွက် ဒီနည်းလေးက အဆင်ပြေဆုံးပါပဲ။ နေလှန်းဖို့ အချိန်မရတဲ့ မိုးတွင်းကာလတွေမှာတောင် ဒယ်အိုးတစ်လုံးရှိရုံနဲ့ အရေခွံက ဖောင်းပွပြီး အသားက အိစက်ညက်ညောနေမယ့် "ဝက်သုံးထပ်သား အကြွပ်ကြော်" နည်းလေး ရှိပါတယ်နော်။

အရင်ဆုံး လိုအပ်တဲ့ ပါဝင်ပစ္စည်းလေးတွေ ပြင်ထားပါမယ်နော်။

ဝက်သုံးထပ်သား (အသားတစ်ပြင်လုံး) - ၅၀ ကျပ်သား (သို့မဟုတ်) ၈၀ဝ ဂရမ်ခန့်
ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း
ဆား - ထမင်းစားဇွန်း ၁ ဇွန်း (ပြုတ်ရန်နှင့် အရေခွံသုတ်ရန်)
ကြော်ရန် ဆီ - လိုသလောက်
စပြီး လုပ်ကြည့်ကြမယ်နော်။
ဝက်သုံးထပ်သားကို ရေစင်အောင် အရင်ဆေးထားပါ။ ဒယ်အိုးထဲ ရေနည်းနည်းနဲ့ ဆား အနည်းငယ်ထည့်ပြီး အရေခွံဘက်ကို အောက်လှည့်ကာ ၁၅ မိနစ်ခန့် ပြုတ်ပေးပါ။ သတိထားရမှာက အသားတစ်တုံးလုံး မြုပ်အောင်မပြုတ်ဘဲ အရေခွံလေး နူးရုံလောက်ပဲ ရေထည့်ပြုတ်ရမှာပါ။
နူးလာရင် ဆယ်ယူပြီး အရေခွံကို တစ်ရှူးနဲ့ ခြောက်သွေ့သွားအောင် သုတ်ပေးပါ။ ပြီးရင် ခက်ရင်း ဒါမှမဟုတ် အပ်ချွန်လေးနဲ့ အရေခွံတစ်ခုလုံးကို နှံ့စပ်နေအောင် စိပ်စိပ်လေး ထိုးပေးပါ။ အရေခွံကို များများထိုးပေးလေ ကြော်တဲ့အခါ အရမ်းပွလေပါပဲ။ ဒါပေမဲ့ အသားထဲအထိ မရောက်အောင် သတိထားပါနော်။ အဆီတွေ စိမ့်ထွက်လာရင် အရေခွံ မကြွပ်တတ်တော့လို့ပါ။ ပြီးတာနဲ့ အရေခွံပေါ်ကို ရှာလကာရည် နှံ့အောင်သုတ်၊ ဆားလေး နည်းနည်း ထပ်ဖြူးပေးပါ။
နေလှန်းမယ့်အစား အစိုဓာတ်ကုန်အောင် ဒယ်အိုးထဲမှာပဲ အရင်အခြောက်ခံပါမယ်။ ဒယ်အိုးအပြားထဲကို ဆီမထည့်ဘဲ ဝက်သားရဲ့ အရေခွံဘက်ကို အောက်လှည့်ပြီး မီးအေးအေးလေးနဲ့ ၅ မိနစ်လောက် ထားပေးပါ။ အရေခွံတင်းလာပြီး ဆီလေးနည်းနည်း ထွက်လာပြီဆိုရင် ပြန်ဆယ်ပြီး တစ်ရှူးနဲ့ အဆီလေးတွေ ထပ်သုတ်ပေးရပါမယ်။
ကြော်တဲ့အခါ အဆင့်နှစ်ဆင့်နဲ့ ကြော်ပေးရပါမယ်။ ပထမအဆင့်အနေနဲ့ ဒယ်အိုးထဲ ဆီအဝဝထည့်၊ မီးအလတ်စားမှာ အရေခွံဘက်ကို အောက်လှည့်ပြီး အသားကျက်အောင် အရင်ကြော်ပါ။ အရေခွံအရောင်လေး ပြောင်းလာပြီဆိုရင် ဆယ်ပြီး ခဏ အအေးခံထားပါ။
အဓိက လျှို့ဝှက်ချက်ဖြစ်တဲ့ ဒုတိယအဆင့်ကတော့ အဲဒီဆီကို မီးပြင်းပြင်းနဲ့ အလွန်ပူလာအောင် ထပ်တည်ပေးပါ။ ဆီဆူလာပြီဆိုမှ ဝက်သားရဲ့ အရေခွံဘက်ကို ဆီထဲ ခဏလေး နှစ်ကြော်လိုက်တာနဲ့ အရေခွံတွေက ဖောင်းပွတက်လာပြီး တကယ့်ကို ကြွပ်ကြွပ်ရွရွလေး ဖြစ်သွားပါလိမ့်မယ်။
ကြော်ပြီးပြီးချင်း ချက်ချင်းမလှီးပါနဲ့ဦးနော်။ ၅ မိနစ်လောက် ခဏအအေးခံပြီးမှ လှီးမှသာ အသားက အရည်ရွှမ်းပြီး အိအိလေးနဲ့ အရေခွံက ပိုကြွပ်တာပါ။
အိမ်မှာရှိတဲ့ ဒယ်အိုးလေးနဲ့တင် ဆိုင်ကဝယ်စားရသလို အိစက်ကြွပ်ရွနေတဲ့ ဝက်သုံးထပ်သားကြော် ရနိုင်တာမို့ ဒီနေ့ပဲ အိမ်မှာ စမ်းလုပ်ကြည့်ကြဖို့ အကြံပြုလိုက်ပါရစေရှင်။ နောက်တစ်ခါ ပြန်ကြည့်ပြီး အလွယ်တကူ လုပ်စားနိုင်အောင် Post လေးကိုလည်း Save ထားဖို့ မမေ့နဲ့ဦးနော်။

10/09/2026

ကြေးအိုး

ဝက်အရိုး တွေကို ရေအေးထဲ ထည့်ပြီး မီးဖွင့်ပြုတ်ပေးပါ။
ရေဆူရင် အရိုးတွေကို ပြန်ဆေးပါ။
တရေပြုတ်ထားတဲ့ အရိုးတွေထဲ
ရေသန့်ပြန်ထည့်ပြီးပြုတ်ပေးပါ။
ဆား နည်းနည်း
ဟင်းရွက်မှုန့် နည်းနည်း
ထည့်ပြီး ဆူအောင် တည်ထားပါ။ တခြားဘာအရသာမှ ထပ်မထည့်ပါနဲ့။
မုန့်ညှင်းဖြူကို လှီးထားပေးပါ။
ကြက်ဥတို့ဖူးထည့်လည်းရပါတယ်။
ဝက်ပေါင်သား ၅၀ ကျပ်သား။ (၈၁၆ ဂရမ်)
အတုံးသေးသေးလှီးပြီး ခဲထားပေးပါ။
ရေခဲလို ခဲနေစရာမလိုဘဲ မာမာလေးဖြစ်ရပါမယ်။
ငါးဖယ်ခြစ် က ၁၅ ကျပ်သား (၂၅၀ ဂရမ်)
ငါးဖယ်တွေကိုလည်း ခဲထားတာ ပိုကောင်းပါတယ်။
ကြိတ်စက်က သေးတော့ ၂ ခါခွဲကြိတ်ပေးပါတယ်။
စက်နဲ့ ကြိတ်တဲ့အခါ စက်ပူမှာ စိုးတာကြောင့်
ကြိတ်လိုက် ရပ်လိုက် လုပ်ပေးပါ။
ညက်သွားရင် နယ်ဖို့ ဇလုံး ကြီးကြီးတလုံးထဲ
ထည့်ပါမယ်။
အရသာအတွက် ဆား ၁ ဇွန်းခွဲ။
ဟင်းရွက်မှုန့် နည်းနည်း
သကြား ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ငရုတ်ကောင်းမှုန့် နည်းနည်း။
ကော်မှုန့် ၃ ဇွန်း သို့မဟုတ် ၄ ဇွန်း။
ပြောင်းကော်မှုန့်ထည့်ရင် ပိုပြီး ကောင်းပါတယ်။
အရေးကြီးဆုံးက နှမ်းဆီမွှေးပါ။ လှော်ပြီးကြိတ်ထားတဲ့ နှမ်းဆီပဲသုံးပေးပါ။ ဘုံကျောင်းတံဆိပ်က တော်တော်လေး မွှေးပါတယ်။ (စီးတီးမတ်မှာ ရပါတယ်)
ရေက ၄ ဇွန်း လောက်ထည့်ပါ။
စပြီး သေချာနယ်ပေးပါ။
အရမ်းအေးတာကြောင့် နားနားပြီးနယ်ပေးပါ။
ရေလိုသေးတယ်လို့ ထင်တာကြောင့်‌ ရေနည်းနည်းထပ်ထည့်လိုက်ပါတယ်။
ငါးဖယ်ပါတာကြောင့် ဇလုံထဲမှာ အားနဲ့ပေါက်ပေးပါ။
ကျွန်တော်က ဒီနေ့ တဝက်ပဲ ချက်မှာဆိုတော့ ပိုတဲ့ တဝက်ကို ရေခဲသေတ္တာထဲမှာ ခဲထားလိုက်ပါတယ်။
ကြေးအိုးအသားလုံးဖြစ်တာဆိုတော့ ကြေးအိုးဆိုင်တွေကလို ဇွန်းလေးနဲ့ ခပ်ပြီး ဟင်းရည်အိုးထဲထည့်လို့လည်းရပါတယ်။
ဝက်သားလုံးလုပ်သလို အလုံးလေးပဲ ကျွန်တ်ော လုပ်လိုက်ပါတယ်။
ဝက်နံရိုးပြုတ်ထားတာ ဆူရင် မီးပိတ်ပြီးနံရိုးတွေကို ခပ်ထုပ်ပေးထားပါ။
နှမ်းဆီမွှေးလေး တဇွန်းထည့် မွှေပေးပါ။
အသားတွေလုံးပြီး ထည့်ပေးပါ။
အကုန်လုံး လုံးပြီးမှ မီးဖွင့်ပါ။
ကြက်ဥတို့ဖူးထည့်မယ်။
မုန့်ညှင်းဖြူတွေထည့်မယ်။
အဖုံးပိတ်ပြီးခဏတည်ပေးပါ။
ဒါဆိုရင် ကြေးအိုးအရသာနဲ့ သောက်လို့အရမ်းကောင်းတဲ့ ကြေးအိုးဝက်သားလုံးဟင်းရည်
လေးရပြီဖြစ်ပါတယ်ခင်ဗျာ။

10/09/2026

နန်းကြီးမုန့်ဖတ်

09/09/2026
09/09/2026

တရုတ်ဟင်း အရသာမှန်

တရုတ်မီးဖိုဆောင်မှာ စားဖိုမှူးတစ်ယောက်ရဲ့ လက်စကို တကယ်စမ်းသပ်ချင်ရင် တခြားဘာမှ မမှာခိုင်းပါနဲ့... ကြက်ပြုတ်တစ်ပွဲပဲ ပြုတ်ခိုင်းကြည့်လိုက်ပါ။

ကျွန်နော်တို့ အများစုက တရုတ်အစားအစာဆိုရင် ဆီများများ၊ ဟင်းခတ်အမွှေးအကြိုင်ပြင်းပြင်း ဒါမှမဟုတ် ဝက်ချိုချဉ်ကြော်လောက်ပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ တရုတ်ရိုးရာ ဟင်းလျာကြီး (၈) မျိုးထဲမှာ ကမ္ဘာကျော်ဆုံးဖြစ်တဲ့ ကွမ်တုံ (Cantonese Cuisine) ရဲ့ အနှစ်သာရကတော့ ဒီလမ်းစဉ်နဲ့ လုံးဝ ဆန့်ကျင်ဘက်ပါ။

သူတို့ရဲ့ မီးဖိုဆောင်ပညာက ရိုးရိုးလေးပဲ — “原汁原味” ။
အဓိပ္ပာယ်က အသား၊ ငါးတွေရဲ့ သဘာဝအချိုဓာတ်ကို မာလာအရသာတွေ၊ ငရုတ်သီး၊ ဟင်းခတ်အမွှေးအကြိုင်ပြင်းပြင်းတွေနဲ့ ဖုံးမပစ်ပါဘူး။ ကွမ်တုံစားဖိုမှူးတွေ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ် "ငါးတစ်ကောင်ဟာ မလတ်ဆတ်ရင် ဘယ်လောက်တော်တဲ့ စားဖိုမှူးမှ ကယ်တင်လို့ မရဘူး" တဲ့။
ဒါကြောင့် ကွမ်တုံဟင်းတွေကို သေချာလေ့လာကြည့်ရင် အရသာထက် အပူချိန်နဲ့ အချိန်ကို ထိန်းချုပ်တဲ့ "သိပ္ပံနည်းစနစ်" တွေ အများကြီး တွေ့ရပါတယ်။

၁။ ဒယ်အိုးရဲ့ အသက်ငွေ့ (Wok Hei)
ဆိုင်တွေမှာ မီးတောက်ကြီးတွေကြားထဲ ဒယ်အိုးကို မရပ်မနား လှုပ်ခါပြီး ကြော်ပြတာ မြင်ဖူးကြမှာပါ။ ဒါဟာ ဟန်ပြသက်သက် မဟုတ်ပါဘူး။ အပူချိန် ၂၀၀°C ကျော်နေတဲ့ သံဒယ်အိုးထဲမှာ ဆီမှုန်လေးတွေ လေထဲပျံ့ပြီး မီးငွေ့နဲ့ ထိတွေ့ကာ ကပ်ပါသွားတဲ့ ထူးခြားတဲ့ မီးခိုးနံ့ရနံ့ပါ။ အသားထဲက သကြားဓာတ်နဲ့ ပရိုတင်းတွေ စက္ကန့်ပိုင်းအတွင်း ဓာတ်ပြုသွားတာကြောင့် အပြင်ဘက်က အနည်းငယ်ကြွပ်ပြီး အတွင်းမှာ အရည်ရွှမ်းနေတဲ့ အနံ့အရသာကို ရစေတာ ဖြစ်ပါတယ်။

၂။ အသားကို လျှာပေါ်မှာ အရည်ပျော်မတတ် နူးညံ့စေတဲ့နည်း (Velveting)
ကွမ်တုံစတိုင် အမဲသားကြော်၊ ကြက်သားကြော်တွေ စားဖူးရင် သတိထားမိကြမှာပါ။ အသားက လုံးဝမကြမ်းဘဲ နူးအိနေတတ်တယ်။ လျှို့ဝှက်ချက်ကတော့ အသားကို ကစီဓာတ်၊ ကြက်ဥအကာနဲ့ နယ်ဖတ်ပြီး အပူချိန် သိပ်မပြင်းတဲ့ ဆီနွေးနွေးထဲမှာ စက္ကန့် ၃၀ လောက်ပဲ ခဏနှစ်ထုတ်လိုက်တာ (Oil-Poaching) ပါ။ ကစီဓာတ်လွှာလေးက အကာအရံသဖွယ် ဖုံးအုပ်ပေးလိုက်တာကြောင့် အသားထဲက သဘာဝအရည်တွေ အပြင်ထွက်မသွားဘဲ အိစက်နေရတာ ဖြစ်ပါတယ်။

၃။ ရိုးရှင်းလွန်းပေမဲ့ အခက်ဆုံး White Cut Chicken (白切雞)
ဒီဟင်းမှာ ရေနွေးကို တဗွက်ဗွက် ဆူအောင် လုံးဝမထားပါဘူး။ ရေဆူမှတ်အောက် ၈၅°C ဝန်းကျင်မှာပဲ မီးငွေ့ငွေ့နဲ့ ဖြည်းဖြည်းချင်း နှပ်ပြီး ချက်ပါတယ်။
ပြီးတာနဲ့ ချက်ချင်း ရေခဲရေထဲ ထိုးချပစ်တယ် (Thermal Shock)။ ဒီလိုလုပ်လိုက်တဲ့အခါ ကြက်အရေပြားအောက်က ကော်လာဂျင်တွေဟာ ဂျယ်လီအလွှာလေးလို ဖြစ်သွားပြီး အရေပြားက ပြောင်လက်တင်းရင်းကာ ဝါးလိုက်ရင် ကြွပ်အိနေတဲ့ texture ကို ရရှိစေပါတယ်။ အချဉ်အစပ် မပါဘဲ ဂျင်းနုပ်နုပ်စင်းဆီသတ်လေးနဲ့ တွဲစားရုံနဲ့တင် ကြက်သားရဲ့ အချိုအစစ်ကို အပြည့်အဝ ခံစားရစေတာပါ။
ကွမ်တုံအစားအစာရဲ့ အလှတရားဆိုတာ ပစ္စည်းအဆန်းတွေ လျှောက်ထည့်တာ မဟုတ်ဘဲ၊ လတ်ဆတ်တဲ့ ကုန်ကြမ်းတစ်ခုရဲ့ အကောင်းဆုံး အရသာကို အပူချိန်၊ မီး၊ ရေ ဆိုတဲ့ ရိုးရှင်းတဲ့ ရူပဗေဒသဘောတရားတွေနဲ့ အနုပညာဆန်ဆန် ဖော်ထုတ်ပြသတာ သက်သက်ပါပဲ။
ကွမ်တုံဒေသရဲ့ နာမည်ကျော် Dim Sum ထဲက မုန့်သားအကြည် Har Gow လုပ်နည်း သို့မဟုတ် ရိုးရာ အခေါက်ကင် (Crispy Roast Pork Belly) ရဲ့ နည်းစနစ်တွေကို စိတ်ဝင်စားကြတယ်ဆိုရင်လည်း နောက်ပို့စ်တစ်ခုမှာ သီးသန့် အသေးစိတ် ဆက်ရေးပေးပါမယ်။

08/09/2026

အုန်းနို့သာကူပြင်

Ovenမလို အပေါ်မီးအောက်မီးမလိုဘဲ “အုန်းနို့သာကူပြင်”ကို အဓိက ပါဝင်ပစ္စည်း (၃)မျိုးထဲနဲ့ အလွယ်လုပ်စားလို့ရနေပါပြီ!

ဒီပိတ်ရက်မှာ အပျင်းပြေမုန့်လုပ်စားချင်သူများအတွက် ချိုချိုဆိမ့်ဆိမ့်လေးနဲ့ တအားစားလို့ကောင်းတဲ့ “အုန်းနို့သာကူပြင်”အလွယ်လုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်

တစ်ကိုက်ဆိုတစ်ကိုက် စားလိုက်တာနဲ့ အိစက်ဆိမ့်ထွက်နေတဲ့ "အုန်းနို့သာကူပြင်"

✅ ပထမဆုံး ရေနွေးပွတ်ပွတ်ဆူတဲ့ထဲ သာကူစေ့ ၈ဇွန်းလောက်ကို အလယ်က အဆံလေးတွေပျောက်တဲ့ထိထည့်ပြုတ်ထားလိုက်မယ်

✅ ရလာတဲ့သာကူစေ့တွေကို အိုးလေးထဲထည့်ပြီး အဲ့သာကူထဲကို အုန်းနို့ရည် ၂ခွက်ခွဲ၊ သကြား ၂ဇွန်းခွဲထည့်ပြီး ဆားအနည်းငယ်ထည့်ပြီး မီးမှေးမှေးလေးနဲ့တည်ပေးထားလိုက်ပါ

✅ သာကူနဲ့အုန်းနို့လေးတွေ ရောနှောသွားပြီဆိုရင်တော့ရပါပြီ

✅ ပြီး ရလာတဲ့သာကူတွေကို အပူခံနိုင်တဲ့ ခွက်တစ်ခုထဲထည့်ပေးပြီး ဖြန့်ပေးလိုက်ပါ

✅ ပြီးဂျုံမှုန့်လေးတစ်ဇွန်းထည့် ရေလေးအနည်းငယ်နဲ့ မပျစ်မကျဲလေးဖျော်ပေးလိုက်မယ်

✅ အိုးထဲကို အုန်းနို့ရည် နှစ်ခွက်လောက်ထည့်လိုက်မယ် သကြားတစ်ဇွန်းထည့်၊ ဆားအနည်းငယ်နဲ့ စောနကဂျုံဖျော်ထားတာလေးထည့်ပေးပြီး အိအိလေးနဲ့ပျစ်လာတဲ့ထိ တည်ပေးပြီး ချလို့ရပါပြီ

✅ ခုနက သာကူအအေးခံထားတဲ့ခွက်လေးထဲကို ဒီအုန်းနို့အနှစ်လေးတွေထည့်ပြီး အပေါ်ကနေဖြန့်ပေးလိုက်

✅ ပြီး airflyerထဲထည့်ပြီး မုန့်ဖုတ်ပါမယ် အပူချိန် 200ဒီဂီရိနဲ့ အချိန် ၁၀မိနစ်လောက်ဖုတ်ပေးလိုက်ပါ (ဒီမှာ airflyerမရှိရင် ခုနကခွက်အပေါ်ကို အပူခံနိုင်တဲ့ စတီးပြားလေးဖုံးပြီး မီးခဲလေး ၄-၅တုံးလောက်တင်ထားပြီး ဖုတ်လဲရတယ်နော်)

(ဒီနေရာမှာ microwave ရှိရင် Microwave နဲ့Grill mode / Convection mode သုံးပြီး ပထမတစ်ခါ ၃မိနစ်ထား အရောင်မတက်လာသေးရင် နောက်ထပ် ၂မိနစ်ထားပြီးလုပ်ပေးပါ)

✅ အပေါ်ယံသား ရွှေရောင်လေးသန်းသွားပြီးဆိုရင်တော့ "အုန်းနို့သာကူပြင်လေး"ရပါပြီ

✅ တအားကောင်း အိစက်ချိုမွှေးနေရော 😋 ရေခဲသေတ္တာထဲထည့်စားလဲ အေးအေးလေးနဲ့စားကောင်းတယ်နော်😍

အားလုံးအဆင်ပြေကြပါစေရှင်🙏


#အုန်းနို့သာကူပြင်

Photos from Central-BKK Import's post 05/09/2026

Coffee Machine

Photos from The Cart & You's post 05/09/2026

Coffee from S’ Pore

05/09/2026

ငါးပိ အကြောင်း

Category

Website

Address


Yangon