Myanmar Sense Focus
စိတ်အာရုံတို့ဆုံစည်းရာ... 𝓜𝓢𝓢
02/08/2026
ဘာတွေဖြစ်နေကြတာလဲကွာ
ငလျင်ဘေး၊စစ်ဘေး၊လေဘေး၊ရေဘေးတွေနဲ့ဘေးဒုက္ခအပေါင်းသင့်နေကြရပါလား
30/07/2026
ပြီးခဲ့တဲ့ရက်ပိုင်း
အရည်ကျိုတွေ
ဟော့ဖြစ်နေတုန်းက
ပို့စ်တင်ပြီး ပြောပါတယ်...
ကားမူဝါဒဆိုတာတွေက
လဝ တွေပါဆို...
ဘယ်သူမှ အတိအကျမသိဘူး...
ထုတ်မယ့်သူတွေတောင်
ထုတ်ပြန်ကာနီးမှ
နောက်ဆုံးအချိန်ကပ်မှ
အပြီးသတ်ဆွေးနွေးညှိနှိုင်းပြီး
ထုတ်ပြန်ကြတာ...
မထုတ်ပြန်ခင် မူကြမ်းအဆင့်ပဲရှိမယ်...
ဒါကြောင့် ဘယ်သူမှ
အတိအကျကြိုမသိဘူး...
အကြမ်းဖျင်းလောက်သာပဲ
ခေါ်ယူမေးမြန်း ဆွေးနွေးတာလောက်ပဲသိမယ်...
SR တွေကို ခေါ်ဆွေးနွေးချင်
သဘောထား မေးမြန်းချင်
မေးမြန်းမယ်...
ဒါပေမယ့် အဲ့သဘောထားအတိုင်း
၏ သည် မလွဲ ထုတ်ပြန်လာဖို့လည်း
မဖြစ်နိုင်ပါ...
ဒါကြောင့် ဘယ်သူမှ
အခုချိန်ထိ တိတိကျကျမသိသေးတာတော့ အမှန်ပဲ...
ဒါကို အတိအကျအသေအချာ
အပိုင်သိသလို တင်နေတဲ့သူက
အာဝါးဒါးလုပ်ပြီး ဂျင်းထည့်တာ...
ပိုက်ဘောကားတွေ ပစ်ထည့်လိုက်တာမျိုးလည်း
ဖြစ်နိုင်တယ်...
အမြဲပြောပါတယ်...
ကားလောကဆိုတာ
အ သူ ခံ လည် သူ စား...
သမီးယောက္ခမ အရင်းကိုတောင်
ဖောက်စွပ်ကားမျိုး...
နှမပေးထားတဲ့ယောက္ဖက
သူ့မိန်းမ အကိုအရင်းကိုတောင်
မှောက်ထားတဲ့ ကားမျိုးတွေကိုတောင်
ကားရှယ်ဆိုပြီး ဂျင်းကြ...
အမိဝမ်း တစ်ဝမ်းတည်းက
အဖေတစ်ယောက်တည်းက
ထွက်လာတဲ့ ညီအကိုအရင်းခေါက်
ကိုတောင်
ရွှေတစ်ကျပ်သား ၁၃ သိန်းပေါက်နေချိန်မှာ
အပြင်ပေါက်ဈေးထက်
သိန်း ၂၀၀ လောက်တင်ပြီး
ရိုက်တာ ဂျင်းထည့်တာမျိုးတောင်
ကိုယ်တိုင်တွေ့ခဲ့ရဖူးတာ...
သွေးမတော် သားမစပ်ပေမယ့်
မှန်မှန်ကန်ကန် လုပ်တဲ့သူ
အနည်းငယ်လည်း ရှိပါတယ်...
ဒါကြောင့် ကားလောကဆိုတာ
လည်သူ စား အသူ ခံပဲ...
တခြားလောကတွေထက်
ပိုပြီး စကားကို မမှန်မကန်
ပြောကြတဲ့သူ ပိုများတယ်...
အော်ဆေးပတ်လည်ဆိုလို့
သွားကြည့်တာ...
ပါးခြမ်းနှစ်ဖက် ဘောနက်
အင်ဂျင်ခန်း ရေတိုင်ကီတန်း
ဆေးဝင်ထားတယ်...
အော်ကြော အရိုးအဆစ်လွတ်ဆို
သွားကြည့်တာ
ရှေ့ နောက်ညှပ်ကျုံးထားတာ
ကားက ပစောက်လေး...
W နဲ့ ငယ်မူကင်း
အရိုးအဆစ်လုံးဝ မထိထားဘူးဆိုတဲ့ကားက
အလုံးချိန်း WRTA ရိုက်ထားတာ
စစ်ကြည့်လို့ သိသွားမှ
၅၀ လျော့ပေးမယ်တဲ့...
အပြောနဲ့ အလုပ်မညီတဲ့သူဆီက
လုံးဝ မဝယ်ခဲ့ဘူး...
Spark တစ်စီး ဂရိတ်မြင့်
Sunroof လည်းပါလို့
ဈေးအဆင်ပြေတာနဲ့ မေးကြည့်တယ်...
ဆေးသားတွေ ခြစ်ရာတောင်မရှိဘူးအကိုတဲ့...
တကယ်လည်း ခြစ်ရာတောင်မရှိပါဘူး...
ဖရိန်နံပါတ်စစ်တော့မှ
ပတ်တီးတွေ ဘေးမှာထည့်ထားပြီး
နံပါတ်နေရာ သံပြားက
အနိမ့် အမြင့်တွေနဲ့...
အတိုက်အခိုက်လွတ် ပြန်ဆေးလေးတော့နည်းနည်းပါတယ်ဆိုလို့
သွားကြည့်တာ တကယ်လည်း
အတိုက်အခိုက်လွတ်တယ်
အမိုးဘဲဖြတ်လဲထားတာ...
သံချေးအရှင်း အော်ဆေးပတ်လည်ပြောလို့
သွားကြည့်ပြန်ရော တကယ်လည်း
အော်ဆေးပတ်လည်...
ဖရိန်ရှေ့နောက် သံချေး
ဘော်ဒီအောက် ပတ်လည်နီးပါး
သံချေးစားထားတာ ပွထနေရော...
ပြောရင် တစ်ထောင့်တစ်ညပုံပြင်နဲ့
မဂင်္ဂါထက်တောင် ပိုရှည်ဦးမယ်
ပြောစရာအများကြီး...
ကားဈေးကို မတရားသဖြင့်
ဈေးကစားပြီး မူလတန်ဖိုးထက်
၂ ဆ နီးပါးလောက်ကို အမြတ်တင်ရောင်းတယ်ဆိုကတည်းက
ဘယ်လောက် အတ္တကြီးတဲ့သူတွေလည်းဆိုတာ ပြောစရာကိုမလိုတာ...
အဲ့လိုလူတွေကြောင့်ရယ်
အထက်ကပြောသလို
ဂျင်းမျိုးစုံထည့်နေကြလို့
ကား ဝယ်ရောင်း လောက
နာမည်ပျက်နေရတာ...
သိက္ခာမရှိတဲ့
ဒီလိုလူတွေကြောင့်
မှန်မှန်ကန်ကန် လုပ်စားနေတဲ့သူတွေပါ
ထိခိုက်လာပါရော...
ပြောရင်း မချော်အောင်
လိုရင်း ဆက်ပြောရရင်...
စီးပွားကူးသန်းနဲ့
အစိုးရကို လျော့မတွက်နဲ့...
ကားဝယ်ရောင်းကြသူတွေ
တီးကွက်အတိုင်း
ကလိမ့်မယ်လို့ မထင်နဲ့...
စီးပွားကူးသန်းနဲ့ အစိုးရက
တီးတဲ့ တီးလုံးကိုပဲ
ဝယ်ကြ ရောင်းကြသူတွေ
ကကြရတာ ထုံးစံပဲ...
၄/ဂ နံပါတ်နဲ့
နယ်စပ်ကကားသွင်းတုန်းကတောင်
ကားဝယ်သွင်းသူတွေနဲ့
အခွန်ရာဖြတ်တွေကနေ
ကားမော်ဒယ် ဂရိတ်တူချင်းကို
အခွန် ရာချီပြီးကွာအောင်
မသမာတာတွေ လုပ်တာနဲ့
ခုချက်ချင်းပိတ် ခဲခြစ်ပြီးသားကားကလွဲရင်
ဘယ်ကားမှ လိုင်စင်ထပ်မပေးဘူး...
ကားဈေးတွေ ကစားချင်သလို ကစားပြီး
မဟား တရားအမြတ်တင်ပြီး
ရောင်းနေတာတွေကိုလည်း
မလုပ်ချင်သေးလို့ လွှတ်ထားပေးတာ...
လုပ်ချင် အခုထလုပ်ပြီး
နန်းစိန်ကိတ်ခေါ်ကျွေးလို့ရတယ်...
ပြီးခဲ့တဲ့ ၂၀၂၆ ၄ လပိုင်းအစတုန်းက
EV တင်သွင်းသူတွေကို
EVC ရဲ့ သတ်မှတ်အမြတ်ရာခိုင်နှုန်းဖြစ်တဲ့ ၂၀ ရာခိုင်နှုန်းနဲ့သာရောင်းချဖို့...
လက်လွှဲရောင်းတာတွေလုပ်ပြီး
ဈေးမကစားဖို့နဲ့
တခြားနယ်ပယ်တွေမှာ
ဈေးကစားသူတွေကို
အရေးယူတာတွေကို
နမူနာယူကြဖို့ ခေါ်ပြောပြီး
သတိပေးထားတာရှိတယ်...
မလိုက်နာ ဂရုမစိုက်ရင်တော့
အရေးယူမှု့ အပိုင်းတွေ
သိပ်မကြာခင် ဖြစ်လာပါလိမ့်မယ်ဗျာ...
အရည်ကျိုကားကို
Running Condition ဖြစ်ရမယ်လို့သတ်မှတ်တာကလည်း
လောင်စာဆီ တင်သွင်းမှု့လျော့ချချင်လို့
မောင်းနေတဲ့ဆီကားလျော့ပြီး
EV စီးစေချင်တာလေ...
မောင်းမရ ဆီမကုန်တဲ့ကားတွေကို
အလကားနေရင်း
EV စလစ်ထုတ်ပေးပါ့မလား...
ဆိုတော့ကာ
သက်ဆိုင်ရာဝန်ကြီးဌာနရဲ့
တရားဝင် သတ်မှတ်ချက်
မထွက်မချင်း နှစ် ၂၀ အပ်ကားကနေ
EV ကားတင်သွင်းရမယ့်ပုံစံကို
ဘယ်သူမှ ဤ သည် မလွဲ
မသိကြသေးပါဘူး...
ဒါကြောင့်
ဘုရားဟောကြားတော်မူခဲ့တဲ့
ကာလာမသုတ်ထဲကအတိုင်း
ချင့်ချိန်ပြီးသာ ယုံကြပါဗျာ...
ဆုံးရှုံးစရာရှိရင်
ကိုယ့်ရှာထားတဲ့ ကိုယ့်ငွေသာ
ဆုံးရှုံးရမှာ မဟုတ်လားဗျ...
Crd #
ချစ်ခြင်းအားဖြင့်
ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)
28/07/2026
EV စီးရင် အမြဲမူးရမယ်လို့ မဆိုလိုပေမယ့် ဘာကြောင့် EV taxi မှာ ပိုပြီး မူးဝေလွယ်သလဲ?
*******************************************************
ပုံမှန် စက်သုံးဆီကားတွေစီးရင် လုံးဝမမူးတတ်တဲ့သူတချို့တောင် EV Taxi ပေါ်ရောက်ရင် ခေါင်းမူးတာ၊ ခေါင်းနောက်တာ၊ ပျို့ချင်သလိုဖြစ်တာတွေ ကြားနေရပါတယ်။
ဒါဟာ စိတ်ထဲက ထင်နေတာသက်သက်တော့ မဟုတ်ပါဘူး။ ကားမောင်းတဲ့ အကျင့်နဲ့ နဲ့ စီးတဲ့သူရဲ့ ခန္ဓာကိုယ်ရဲ့ အာရုံခံစနစ်တွေကြောင့် တကယ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် EV ဆိုတာနဲ့ မူးကိုမူးရမယ်လို့တော့ မဆိုလိုပါဘူး။ ဘာကြောင့် တချို့လူတွေ EV မှာ ပိုမူးလွယ်သလဲဆိုတာ ကြည့်ရင် အဓိကအားဖြင့် ကားနဲ့ Driver ဘက်ကအချက်တွေ၊ Passenger ဘက်က ခန္ဓာကိုယ်အာရုံခံမှုတွေ ဆိုပြီး နှစ်ပိုင်းခွဲကြည့်လို့ရပါတယ်။
ကားနဲ့ Driver ဘက်မှာ အဓိကကျတာက Instant Torque နဲ့ Regenerative Braking (Regen) တို့ရဲ့ ပေါင်းစပ်သက်ရောက်မှုပါ။
EV Motor တွေဟာ စထွက်တဲ့ Low Speed ကတည်းက Torque အပြည့်နီးပါးကို မြန်မြန်ပေးနိုင်ပါတယ်။ ဒါကြောင့် Accelerator ကို နည်းနည်းပြင်းပြင်းနင်းလိုက်တာနဲ့ ကားက ချက်ချင်းအရှိန်တက်လာနိုင်ပါတယ်။
တစ်ဖက်မှာလည်း Accelerator ကို ပြန်လွှတ်လိုက်တဲ့အခါ Motor က Generator အဖြစ်ပြောင်းပြီး ကားရဲ့ လှုပ်ရှားစွမ်းအင်တချို့ကို လျှပ်စစ်စွမ်းအင်အဖြစ် Battery ထဲ ပြန်သွင်းပေးတဲ့ Regenerative Braking ဝင်လာပါတယ်။ Regen Level မြင့်ထားရင် Accelerator လွှတ်လိုက်တာနဲ့ Brake မနင်းရသေးဘဲ ကားက သိသိသာသာ အရှိန်လျော့သွားနိုင်ပါတယ်။
ဒါကြောင့် မြို့တွင်း Stop-and-Go Traffic မှာ Driver က Accelerator ကို On-Off ခလုတ်နှိပ်သလို နင်းလိုက်၊ လွှတ်လိုက်၊ ပြန်နင်းလိုက်၊ ပြန်လွှတ်လိုက် လုပ်နေရင် Passenger အနေနဲ့ ရှေ့တိုးနောက်ဆုတ် အရှိန်ပြောင်းလဲမှုကို ဆက်တိုက်ခံစားနေရပါတော့တယ်။
ဒီနေရာမှာ Jerk ဆိုတာ ပါလာပါတယ်။Engineering အရ Jerk ဆိုတာ Acceleration ပြောင်းလဲတဲ့နှုန်း ကို ဆိုလိုတာပါ။ အရှိန်တက်တာ၊ အရှိန်လျော့တာ ဘယ်လောက်ညင်သာသလဲ၊ Jerk ဘယ်လောက်နည်းသလဲဆိုတာကလည်း အရေးကြီးပါတယ်။
Elevator တွေ၊ High-Speed Train တွေမှာလည်း ဒီသဘောတရားကို တွေ့ရပါတယ်။ ဓာတ်လှေကား စထွက်ချိန်နဲ့ ရပ်ခါနီးမှာ ဆောင့်ကနဲ မဖြစ်ဘဲ ငြိမ့်ငြိမ့်လေးဖြစ်အောင် Control System က Acceleration နဲ့ Jerk ကို ထိန်းပေးထားတာပါ။ အဓိကက စီးနင်းသူ မမူးဖို့ပါ။
Passenger ဘက်မှာတော့ Sensory Conflict လို့ခေါ်တဲ့ အာရုံခံမှု မကိုက်ညီတဲ့ ပြဿနာတစ်ခု ရှိနိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ နားအတွင်းပိုင်းမှာရှိတဲ့ Vestibular System က ကိုယ်ခန္ဓာရဲ့ လှုပ်ရှားမှုနဲ့ အရှိန်ပြောင်းလဲမှုတွေကို ခံစားသိရှိနေပါတယ်။ ဒါပေမယ့် ကားထဲမှာဆိုရင် မျက်စိက ငြိမ်နေတဲ့အရာကိုပဲ မြင်နေရပါတယ်။
အဲဒီအခါ နားအတွင်းပိုင်းက “ငါတို့ရွေ့နေတယ်” လို့ ဦးနှောက်ကို ပြောနေချိန်မှာ မျက်စိက “ငြိမ်နေတယ်” ဆိုတဲ့ သတင်းအချက်အလက်ကို ပို့နေပါတယ်။ ဒီအာရုံခံသတင်းအချက်အလက်တွေ မကိုက်ညီတဲ့အခါ Motion Sickness ဖြစ်ပြီး မူးဝေတာ၊ ခေါင်းနောက်တာ၊ ပျို့ချင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ( တချို့တွေ တခါတလေရပ်ရင်းမူးတယ်ဆိုတာ နားထဲကအရည်ကြောင့်ပါ )
နောက်ထပ် စိတ်ဝင်စားစရာတစ်ချက်က ကြိုတင်သိရှိနိုင်တဲ့ Cues တွေ နည်းသွားတာ ပါ။
ICE အင်ဂျင်သုံးကားတွေမှာ အင်ဂျင်သံ၊ တုန်ခါမှု၊ Engine RPM ပြောင်းသံ၊ Gear ပြောင်းတဲ့ခံစားချက် စတာတွေရှိပါတယ်။ ဒါတွေက “ကားအရှိန်တက်တော့မယ်၊ အရှိန်ပြောင်းတော့မယ်” ဆိုတာကို ကိုယ်ခန္ဓာက မသိမသာ ကြိုတင်ခန့်မှန်းနိုင်အောင် အချက်ပြနေပါတယ်။
EV မှာတော့ Motor က တိတ်ဆိတ်ပြီး Gear Change မရှိသလောက်ဖြစ်တာကြောင့် ဒီလို Cues တွေ နည်းသွားပါတယ်။ အရှိန်က ပြောင်းနေပြီ၊ ဒါပေမယ့် ခန္ဓာကိုယ်က ကြိုတင်ပြင်ဆင်ဖို့ အချက်ပြမှု နည်းသွားတာကလည်း တချို့လူတွေအတွက် မူးဝေမှုကို ပိုသိသာစေနိုင်ပါတယ်။
ဒါကြောင့် EV စီးလို့မူးတာဟာ EV ဆိုတဲ့ Technology တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။
Vehicle Tuning၊ Regen Level၊ Driver ရဲ့ Pedal Control၊ လမ်းအခြေအနေ၊ Passenger ရဲ့ Sensory Sensitivity စတာတွေ အားလုံးပေါင်းပြီး သက်ရောက်နေတာပါ။
ဒါဆို မမူးအောင် ဘာလုပ်လို့ရမလဲ?
Passenger ဘက်ကတော့ ကားစီးနေချိန် ဖုန်းကြည့်တာ၊ စာဖတ်တာကို တတ်နိုင်သလောက်ရှောင်ပြီး ရှေ့လမ်းကြောင်းနဲ့ အဝေးက Horizon ကို ကြည့်ပေးတာ က အထောက်အကူဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ရှေ့ခုံမှာထိုင်ပြီး လေဝင်လေထွက်ကောင်းအောင်ထားတာကလည်း မူးဝေမှုကို လျော့စေနိုင်ပါတယ်။
Driver ဘက်ကတော့ ပိုအရေးကြီးပါတယ်။
Accelerator ကို ချက်ချင်းနင်း၊ ချက်ချင်းလွှတ်တဲ့ပုံစံမမောင်းဘဲ Smooth Acceleration နဲ့ Smooth Deceleration ဖြစ်အောင် Pedal ကို ညင်ညင်သာသာ ထိန်းသုံးဖို့လိုပါတယ်။
ကားမှာ Setting ရွေးလို့ရရင် Regen ကို Low/Medium လောက်ထားတာ၊ Comfort Mode သို့မဟုတ် Eco Mode သုံးတာကလည်း Passenger Comfort ကို ပိုကောင်းစေနိုင်ပါတယ်။
အထူးသဖြင့် One-Pedal Driving ကို မကျွမ်းကျင်သေးဘဲ မြို့တွင်းမှာ Accelerator ကို အတိုးအလျှော့ကြမ်းကြမ်း သုံးနေမယ်ဆိုရင် Longitudinal Jerk များလာပြီး Passenger ကို ပိုမူးစေနိုင်ပါတယ်။
အတိုချုပ်ပြောရရင်—
Smooth Acceleration + Smooth Deceleration + Low Jerk = Better Passenger Comfort
EV ကားက မူးအောင်လုပ်တဲ့ကားလို့ တစ်ထစ်ချပြောလို့မရပါဘူး။ ကားရဲ့ Control/Tuning နဲ့ မောင်းနှင်ပုံက Passenger Comfort အပေါ် အများကြီး သက်ရောက်ပါတယ်။
ကားကို ငြိမ့်ညောင်းအောင် ထုတ်လုပ်ထားသလို မောင်းတဲ့သူကလည်း ငြိမ့်ညောင်းအောင် မောင်းပေးနိုင်ရင်တော့ EV ရဲ့ တိတ်ဆိတ်မှု၊ Smoothness နဲ့ သက်တောင့်သက်သာရှိမှုကို ပိုပြီး ခံစားနိုင်မှာပါ။
ကျေးဇူးတင်ပါတယ်။
Crd #
Kyaw Oo
အရည်ကြိုအပ်ပြီး တင်သွင်းမဲ့ကောင်...
25/07/2026
ဂျပန်ပါးအရိုက်မခံရအောင်သတိထားပါ။
၁။နှစ်၂၀အရည်ကြိုတွေကို ရောင်းပြီး ကားပြန်ဝယ်မယ်ဆို ၂၀၁၀အောက်တွေမဝယ်သင့်ပါ။၂၀၁၀အောက်ကားများသည်လည်း
နှစ်အနည်းငယ်အတွင်းအရည် ကျိုကားများသာဖြစ်လာမှာပါ။
၂။နှစ်၂၀အရည်ကျိုကားရောင်းပြီးကားပြန်ဝယ်ရန်ငွေမလိုက်နိုင်သူတွေ
ကားရောင်းလိုက်ရင် ကားပျောက်လမ်းပျောက်ဖြစ်သွားမှာပါ။ကားကပြင်မရမောင်းမရဆိုရင်တော့ရောင်းပါ။
၃။ငွေလိုက်နိုင်သူများကတော့ အစိုးရတရားဝင်တင်သွင်းခွင့်မူဝါဒကိုစောင့်ပြီးကိုယ်တိုင်တင်သွင်းသင့်ပါသည်။ဝယ်ရောင်းတွေတောင်ဝယ်ပြီးတင်သွင်းဖို့ပြင်နေကြတာ ကိုယ့်ကားကိုယ်ပြန်လည်တင်သွင်းတာဟာနစ်နာစရာအကြောင်းမရှိပါ။
၄။ယခုအချိန် EUကားများကိုသာဈေးကောင်းပေးဝယ်နေခြင်းမှာEUကားအစီးရေနည်းခြင်း၊EUကားတင်သွင်းခွင့်မရှိခြင်းတို့ကြောင့်တစ်ကွက်ချန်ဝယ်ယူနေကြခြင်းသာဖြစ်သည်။
ကျန်တာတော့ဉာဏ်နဲ့သာချင့်ချိန်စဉ်းစားကြပေါ့ခြောက်လုံးလှန့်လုံးလှိုင်းကြားတွေကြား ယာဉ်ပိုင်ရှင်များမနစ်မြှုပ်ပါစေနှင့်...
MSS
23/07/2026
■ ရန်ကုန်မြို့ ထိပ်တန်းမြေနေရာတွေရဲ့ ဈေးနှုန်းက တစ်စတုရန်းပေ ကျပ်သိန်း ၆၀ နဲ့ ၇၀ ကြား (ဒေါ်လာ ၁၅၀၀ ဝန်းကျင်) အထိ အရောင်းအဝယ်ဖြစ်နေပြီး ဘန်ကောက်မြို့မြေဈေးထက်ပိုမြင့်ကာ အာရှထိပ်တန်းမြို့ကြီးများနဲ့ မခြားဖြစ်နေ
■ မြန်မာပြည်အိမ်ခြံမြေဈေးကွက်မှာ ကျားဖျန့်များ၊ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ၊ မူးယစ်ဆေးလုပ်ငန်း၊ တရားမဝင် သယံဇာတ တူးဖော်သူများ၊ လက်နက်ကိုင်ဂိုဏ်းများရဲ့ အဓိက ငွေကြေးခဝါချသည့်နေရာဖြစ်လာ
■ အိမ်ခြံမြေဈေးကွက်အတွင်း ငွေကြေးခဝါချမှုများ မရှိစေရန် အိမ်ခြံမြေဝယ်ယူရာတွင် အခွန် မှန်ကန်စွာဆောင်ထားခြင်း ရှိ မရှိ၊ လာဘ်စားမှုများ ရှိ မရှိ နောက်ကြောင်းရာဇဝင်အဆင့်ဆင့်လိုက်၍ စစ်ဆေးသင့်
■ နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားအတွက် အစိုးရနဲ့ လွှတ်တော်က Property Tax ကို အလျင်အမြန် သုံးသပ်ပြဌာန်းဖို့လိုပြီ....
■ Written By- ကျော်ဇောလင်း၊ ဇော်မင်းနိုင်
သွင်းကုန်၊ ပို့ကုန်၊ အရောင်းအဝယ် အစရှိတဲ့ ဈေးကွက်တွေက အခြေအနေမကောင်းတဲ့ မြန်မာနိုင်ငံမှာ ထူးထူးခြားခြား အမြတ်အစွန်းတွေရနေတဲ့ ဈေးကွက်တစ်ခုကို ပြပါဆိုရင် အိမ်ခြံမြေဈေးကွက်ကိုပြရတော့မှာ ဖြစ်ပါတယ်။
ပြည်ပရင်းနှီးမြုပ်နှံမှုနည်းပါးနေတဲ့အချိန်၊ ပြည်တွင်းအလုပ်အကိုင်မကောင်းတဲ့အချိန်မှာ အိမ်ခြံမြေဈေး ကွက်ကတော့ ပန်းပန်နေဆဲဖြစ်ပြီး ယခု သုံးလတာကာလအတွင်းမှာပင် လက်လွှဲရောင်းချတဲ့သူအချို့ နေရာပေါ်လိုက်ကာအနိမ့်ဆုံး ကျပ်သိန်း ထောင်နဲ့ချီ အမြတ်အစွန်း ရရှိနေတဲ့ဈေးကွက်က အိမ်ခြံမြေဈေးကွက်ပဲဖြစ်နေတာဟာ အံ့ဩသင့်ဖွယ်ပါပဲ။
ရန်ကုန်မြို့ရဲ့ ထိပ်တန်းနေရာတွေလို့ ဆိုနိုင်တဲ့ မြောက်ဒဂုံ၊ ဗဟန်း၊ စမ်းချောင်း၊ ကမာရွတ်၊ မရမ်းကုန်း၊ ဒဂုံမြို့နယ် အစရှိတဲ့နေရာတွေမှာရှိနေတဲ့ အိမ်ခြံမြေဈေးနှုန်းတွေက ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊မလေးရှားလို နိုင်ငံတွေရဲ့ အိမ်ခြံမြေဈေးနှုန်းတွေထက် ပိုမြင့်နေတဲ့ အခြေအနေမှာလည်း ရှိလာပါတယ်။
လက်ရှိရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ ပုံမှန်ဖြစ်သင့်တဲ့အခြေအနေမဟုတ်ဘဲ ဘုရင်ဖြစ်နေတယ်လို့ ဆိုရမယ့်နေရာကတော့ မြောက်ဒဂုံ ဈေးကွက်ဖြစ်ပါတယ်။ မြောက်ဒဂုံ အိမ်ခြံမြေဈေးကွက်မှာဆို ပေ ၄၀× ပေ ၆၀ မြေကွက်ဆိုလျှင် အနည်းဆုံး ကျပ်သိန်း တစ်သောင်းခွဲက စတင်ပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေရဲ့ ပြော ကြားချက်အရ သိရပါတယ်။
“ မြောက်ဒဂုံမှာက အိမ်က ပျဉ်ထောင်အိမ်ပါတဲ့မြေကွက်ဆို အတွင်းပိုင်းတွေမှာ အနည်းဆုံး သိန်းတစ် သောင်းခွဲရှိတယ်။ ပင်လုံလမ်းမနဲ့ ကျောကပ်လမ်းတွေဆို သိန်း နှစ်သောင်းကျော်အနည်းဆုံးရှိတယ်။ ပြီးခဲ့တဲ့ သင်္ကြန်အပြီးလောက်ကဆို ပင်လုံလမ်းနဲ့ တစ်လမ်းကျော်ပေါ့။ အဲ့လမ်းမှာဆို ခေါ်ဈေးက သိန်း နှစ်သောင်းငါး ထောင်ခေါ်တာ၊ သိန်း နှစ်သောင်းလေးထောင်ကျော်နဲ့ ဖြစ်သွားတယ်။ အိမ်က ပြန်ဆောက်ရမှာ။ အသင့်တက် နေလို့မရဘူး။ အဲ့ဒါအရောင်းအဝယ်ဖြစ်သွားတယ်” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
မြောက်ဒဂုံမြို့နယ်တွင် တိုက်အိမ်နှစ်ထပ် ပေ ၂၀× ပေ ၆၀ အကွက်ဆိုလျှင် သိန်း တစ်သောင်းကျော် အနည်းဆုံးရှိနေပြီး အရောင်းအဝယ်များဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ရန်ကုန်မြို့ရဲ့ မြေဈေးအကြီးဆုံးလို့ ဆိုရမယ့်နေရာကတော့ ဗဟန်းမြို့နယ် အတွင်းက နေရာတွေ ကမာရွတ် ပြည်လမ်းပေါ်ကနေရာတွေဖြစ်ပါတယ်။ ဗဟန်းမြို့နယ် ထဲမှာ ပါဝင်တဲ့ရွှေတောင်ကြားလို နေရာမျိုးမှာ တစ်စတုရန်းပေကို ကျပ်သိန်း ၆၀ ကနေ ကျပ်သိန်း ၇၀ ကြားထဲ မှာရှိပါတယ်။
“ ဗဟန်းကတော့ ဈေးကြီးတာပေါ့။ စီးပွားရေးလုပ်လို့ကောင်းတဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်တို့ ရွှေဂုံတိုင်လမ်းလိုနေရာမျိုးတွေဆိုရင် မြေဈေးက 1Sqft အနိမ့်ဆုံး ကျပ်သိန်းဆယ်ချီပြီး ဈေးပေါက်တယ်” လို့ ဝါရင့်အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးက ပြောပါတယ်။
အိမ်ခြံမြေဈေးကွက်ထဲမှာလည်း ရန်ကုန်မြို့ရဲ့ မြေဈေးကြီးတဲ့နေရာတွေဖြစ်တဲ့ ကမ္ဘာအေးဘုရားလမ်း လိုနေရာမျိုးတွေမှာ တစ်စတုရန်းပေကို ကျပ်သိန်း ၆၀ ကနေ ၇၀ အထိ ဒေါ်လာ ၁၅၀၀ ခန့်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ ဈေးကွက်ထဲက စုံစမ်းသိရပါတယ်။
■ ပုံမှန်မဟုတ်ဘဲ အိမ်ခြံမြေဘာကြောင့် ဈေးတက်နေတာလဲ
အခြားသော စီးပွားရေးလုပ်ငန်းများ မပြိုလဲအောင်ကျားကန်ရုန်းကန်နေရတဲ့အချိန်မှာ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကတော့ အတက်ဘက်မှာပဲရှိနေတယ်လို့ ဆိုရမှာပါ။လပိုင်းအတွင်းမှာပဲ ကျပ်သိန်းထောင်နဲ့ချီ အမြတ်အစွန်းရတဲ့လုပ်ငန်းက အိမ်ခြံမြေဈေးကွက်လို့ ဆိုရမှာပါ။
“ ပိုင်ရှင်အပြောင်းအလဲဖြစ်တာ လပိုင်းလောက်ပဲရှိသေးတယ်။ အိမ်အရောင်းအဝယ်ဖြစ်သွားလို့ဆိုပြီး ဆိုင်ကို ဆက်မဌားတော့ဘူးပြောလို့ နေရာရွှေ့ပေးလိုက်တာ သုံးလလောက်ပဲကြာတယ်။ ပိုင်ရှင်နောက်တစ် ယောက်ပြောင်းသွားတယ်။ အရောင်းအဝယ်ဖြစ်တာ သိန်းလေးသောင်းကျော်နဲ့ဖြစ်တယ်။ ဝယ်တဲ့သူက ပြန်ရောင်းသွားတာ သိန်း ငါးသောင်းကျော်နဲ့။ သုံးလေးလအတွင်းမှာပဲ သိန်းကို ထောင်နဲ့ချီမြတ်သွားတာ” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့သူတစ်ယောက်က ပြောပါတယ်။
နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အိမ်ခြံမြေဈေးကွက်က အတက်ဘက်ကို ရောက်ရှိလာ ပါတယ်။၂၀၂၀ နောက်ပိုင်းမှာ ငွေကြေးဖောင်းပွမှုဖြစ်လာတဲ့အခြေအနေ၊ မငြိမ်းချမ်းတဲ့ဒေသတွေကနေ ပြောင်းရွှေ့ရောက်ရှိလာတဲ့သူတွေ၊ မန္တလေးငလျင်အပြီးမှာ သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရတဲ့သူတွေက ရန်ကုန်မြို့ကို ပြောင်းရွှေ့လာတဲ့အတွက်ကြောင့် အိမ်ခြံမြေဈေးကွက်က ပြန်သွက်လာတယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက ပြောပါတယ်။
“ နယ်ဘက်တွေမှာ မငြိမ်းချမ်းလို့ ရန်ကုန်ကို ခိုလှုံလာတဲ့သူတွေလည်းရှိတယ်။ အများစုက ရှိတာကို ရောင်းချပြီး ဒီမှာ အနည်းဆုံးတိုက်ခန်းဝယ်ကြတယ်။ ကျောက်မြောင်းလိုနေရာမျိုးဆိုရင် ရခိုင်ဘက်ကလာတဲ့သူ တွေအများကြီးပဲ။ တိုက်ခန်းတွေဝယ်ကြတယ်။ အဲ့ဒီထက် ပိုက်ဆံရှိတဲ့သူတွေကျတော့ မြို့သစ်ဖြစ်တဲ့ မြောက်ဒဂုံလိုနေရာ၊ အရှေ့ဒဂုံလိုနေရာတွေမှာ ဝယ်ကြတယ်။ အဲ့ဒီဘက်မှာက ပေ ၄၀× ပေ ၆၀ အကွက်တွေရှိ တော့ ဝယ်ကြတယ်။ အဲ့ဒါကြောင့် အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ် သွက်လာတာ” လို့ အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးက ပြောပါတယ်။
အဲ့ဒီအပြင် အိမ်ခြံမြေဈေးကွက်ကို ဝင်ကစားတဲ့သူတွေများလာတဲ့ အခြေအနေတစ်ခုမှာရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ဈေးကစားတဲ့သူအများစုက ပါမစ်နဲ့ စလစ်မြေလိုဟာမျိုးကို အရောင်းအဝယ် လုပ်ကြတာဖြစ်ပါတယ်။
“ ဂရန်မြေကျတော့ ဈေးကြီးတယ်။ ပါမစ်နဲ့ စလစ်ကျတော့ ဂရန်လို ဈေးမကြီးဘူး။ ပါမစ်နဲ့ စလစ်က သိန်း ထောင်ဂဏန်းလောက်ရှိတယ်။ သန်လျင်လိုနေရာဆို ပါမစ်နဲ့ စလစ်အများဆုံးပဲ။ ဂရန်မြေဆိုတာ သန်လျင်မှာ နည်းတယ်။ အရောင်းအဝယ်က ပါမစ်နဲ့ စလစ်က ပိုသွက်တယ်” လို့ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။
အခြားသော စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းမရှိတဲ့အခြေအနေမှာ ငွေပင်ငွေ ရင်းရှိတဲ့သူတွေက အိမ်ခြံမြေဈေးကွက်ကို ဝင်ရောက်လာခြင်းနဲ့အတူ ဈေးတွေလည်း မြင့်တက်လာတယ်လို့ ဆိုရမှာပါ။
“ တချို့ကကျတော့ တကယ်နေမယ့်သူတွေ၊ တချို့က ဝင်ကစားတဲ့သူတွေ။ သူတို့ကျတော့ အရောင်း အဝယ်ဖြစ်တာနဲ့ ခဏငြိမ်နေပြီးတော့ နောက်တကွက်ရှာတာပေါ့” လို့ ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
အဲ့ဒီအပြင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း၊ ကျားဖျန့်လုပ်ငန်း၊ တရားမဝင်သယံဇာတ တူးဖော်နေသူတွေ နဲ့ ဒေသတွင်း ဒုစရိုက်ဂိုဏ်းတွေကလည်း မြန်မာ့အိမ်ခြံမြေဈေးကွက်မှာ ဝင်ရောက်ပြီး ဈေးကစားတာတွေ၊ ငွေကြေးခဝါချမှုတွေ ရှိလာနိုင်ပါတယ်။
■ စီးပွားရေးကောင်းမွန်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်လို နေရာထက် မြေဈေးမြင့်နေတဲ့ မြန်မာ့အိမ်ခြံမြေ
အာရှမှာ အိမ်ခြံမြေဈေးကောင်းတဲ့ နိုင်ငံကတော့ စီးပွားရေးအလုပ်အကိုင် ကောင်းမွန်တဲ့ ဟောင်ကောင်အိမ်ခြံမြေ ဈေးကွက်ဖြစ်ပါတယ်။ ဟောင်ကောင် အိမ်ခြံမြေဈေးကွက်မှာဆိုရင် တစ်စတုရန်းပေကို ဒေါ်လာ ၄၀၀၀ နဲ့ ၇၀၀၀ အကြားမှာရှိပါတယ်။ ထို့အတူပဲ ဂျပန်နိုင်ငံ တိုကျိုမြို့မှာဆိုရင်လည်း တစ်စတုရန်းပေ ကို ဒေါ်လာ ၂၀၀၀ နဲ့ ၅၀၀၀ ကြားမှာရှိပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာဆိုရင် ထိုင်း၊ စင်ကာပူ အစရှိတဲ့ စီးပွားရေးအင်အားကြီးနိုင်ငံတွေရဲ့ အိမ်ခြံမြေ ဈေးက အမြင့်ဈေးမှာရှိပါတယ်။အဲ့ဒီလို ဈေးမြင့်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လို နေရာမျိုးရဲ့ အိမ်ခြံမြေဈေးနှုန်းထက် မြန်မာနိုင်ငံ ကမ္ဘာအေးဘုရားလမ်းပေါ်က အိမ်ခြံမြေ ဈေးနှုန်းက ပိုမြင့်နေပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ မြေဈေးက တစ်စတုရန်းပေကို ဒေါ်လာ ၇၀၀ နဲ့ ၁၂၀၀ ကြားမှာရှိတဲ့ အချိန်မှာ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ အိမ်ခြံမြေဈေးက တစ်စတုရန်းပေကို ဒေါ်လာ ၁၅၅၀ အနည်းဆုံး ရှိနေပါတယ်။
အလားတူ အာဆီယံနိုင်ငံတွေထဲမှာ စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာဆိုရင် မြေဈေးက တစ်စတုရန်းပေကို ဒေါ်လာ ၂၅၀ နဲ့ ၅၀၀ ကြားမှာပဲရှိပါတယ်။ စင်ကာပူလို မြေရှားတဲ့နိုင်ငံမှာဆိုရင်တော့ မာရီနာဘေးလိုနေရာမျိုးမှာဆိုရင် ဒေါ်လာ ၁၅၀၀ နဲ့ ၃၀၀၀ ကြားမှာရှိပါတယ်။
ပြောရမယ်ဆိုရင် အာဆီယံနိုင်ငံတွေထဲမှာ စီးပွားရေးကောင်းမွန်တဲ့ နိုင်ငံတွေက မြေဈေးထက် ရန်ကုန်မြို့ရဲ့ မြေဈေးက သာနေတယ်လို့ ဆိုရမှာပါ။ စီးပွားရေးထိပ်တန်းနိုင်ငံတစ်ခုဖြစ်တဲ့ စင်ကာပူမှာတော့ မြေဈေးကြီးတယ်ဆိုပေမယ့် အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေးအခွင့်အလမ်းတွေက လက်ရှိအချိန်မှာ မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ရင် အများကြီးကွာဟပါတယ်။
ဥပမာတစ်ခုကို ထပ်ပြောရမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ ကွန်ဒိုဈေးကွက်အရောင်းအဝယ်မှာ မြန်မာနိုင်ငံ သားတွေက ထိပ်ဆုံးနိုင်ငံတွေမှာ ပါနေပါတယ်။ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံက ငွေကြေးတတ်နိုင်တဲ့သူအများစု ထိုင်းနိုင်ငံရဲ့ ကွန်ဒိုတွေကို ဝယ်ယူမှုမြင့်တက်လာခဲ့တာပါ။ တရုတ်နိုင်ငံသား ဝယ်လက်တွေပြီးရင် မြန်မာနိုင်ငံသားဝယ်လက်တွေက အများဆုံးဖြစ်တယ်လို့ ထိုင်းနိုင်ငံ အိမ်ခြံမြေ သတင်း အချက်အလက်ဗဟိုဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးမှာ မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုဝယ်ယူမှုက ၄၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီးတော့ ကွန်ဒိုယူနစ်ပေါင်း ၁၉၀၀ ကျော်အထိ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေ ဝယ်ယူတဲ့ ကွန်ဒိုတစ်ခန်းကို ပျမ်းမျှ ထိုင်းဘတ် လေးသန်းကနေ ရှစ် သန်းဝန်း ကျင် (အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ မှ ၃၅၀,၀၀၀ ခန့်) တန်ဖိုးရှိတဲ့ ကွန်ဒိုတွေကို အဓိက ဝယ်ယူလေ့ရှိကြပြီး နိုင်ငံခြားသား ဝယ်ယူသူများထဲတွင် ငွေကြေးအများဆုံးသုံးစွဲတဲ့ ထိပ်တန်းစာရင်းမှာလည်း ပါဝင်ပါတယ်။
ထိုင်းကွန်ဒိုဈေးကွက်မှာ အများဆုံးဝယ်ယူတဲ့နေရာမှာ ဒုတိယ၊ ပြည်တွင်းအိမ်ခြံမြေဈေးကွက်မှာ အာဆီယံနိုင်ငံအချို့ရဲ့ မြေဈေးထက်မြင့်နေတဲ့ မြန်မာနိုင်ငံရဲ့ GDP က အဆိုးဝါးဆုံးအခြေအနေမှာရှိပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးသုံးသပ်ချက်မှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ၃ ရာခိုင်နှုန်းခန့် ပြန်လည် ဦးမော့လာနိုင်ပြီးတော့ ငွေကြေးဖောင်းပွမှုကတော့ ၂၈ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၃၀ အထိရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ GDP ဟာ အာဆီယံဒေသတွင်း အနိမ့်ဆုံးဖြစ်နေသေးပြီး ထိုင်းနိုင်ငံရဲ့ GDP၊ ဗီယက်နမ်နိုင်ငံရဲ့GDP တွေနဲ့ ယှဉ်ရင် အများကြီးကျန်နေခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် လူတစ်ဦးချင်းဝင်ငွေက ၇၉၈၀ ဒေါ်လာ၊ ဗီယက်နမ်ဆိုရင် ၄၉၆၀ ဒေါ်လာရှိပါတယ်။ မြန်မာနဲ့ နှိုင်းယှဉ်မယ်ဆို ထိုင်းနိုင်ငံက ခုနစ်ဆခန့်၊ ဗီယက်နမ်ဆိုရင် လေးဆခန့် များပြားနေပါတယ်။ အဲ့ဒီအချက်အလက်တွေကို ကြည့်မယ်ဆိုရင်ပဲ မြန်မာနိုင်ငံက ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် များစွာနောက်ကျ ကျန်နေသေးတာ တွေ့ရမှာဖြစ်ပါတယ်။
■ အိမ်ခြံမြေဈေးကွက်မှာ ငွေကြေးခဝါချမှုတွေရှိနေသလား
အခြားလုပ်ငန်းတွေ ရပ်တည်ဖို့ခက်ခဲနေတဲ့အချိန်မှာ ငွေကြေးအရင်းအနှီးရှိတဲ့သူတွေက အိမ်ခြံမြေဈေး ကွက်ဘက်ကို ဝင်ရောက်ရင်းနှီးမြုပ်နှံတာတွေရှိသလို အခြားသောတဖက်မှာလည်း တရားမဝင်ရရှိထားတဲ့ ငွေကြေးတွေကို ခဝါချမှုတွေရှိနေနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ကြပါတယ်။
အိမ်ခြံမြေဈေးကွက်ဆိုတာ ငွေပမာဏအမြောက်အမြားကို တစ်ကြိမ်တည်းနဲ့ ရွှေ့ပြောင်းနိုင်တဲ့အတွက် ကြောင့် ငွေကြေးခဝါချတဲ့သူတွေ အကြိုက်ဆုံးလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ မူးယစ်ဆေးဝါးကနေ ရောင်းရတဲ့ ငွေတွေ၊ လာဘ်ပေးလာဘ်ယူမှုကနေ ရရှိထားတဲ့ငွေတွေ၊ အခွန်ရှောင်ထားတဲ့ငွေတွေ၊ အခုနောက်ဆုံးမှာဆိုရင် ကျားဖျန့်လို လုပ်ငန်းကနေ တရားမဝင်ရတဲ့ငွေတွေနဲ့ အိမ်ခြံမြေဈေးကွက်ကို ဝင်ရောက်ခြယ်လှယ်နိုင်ပါတယ်။ တရားမဝင် ငွေအမြောက်အမြားနဲ့ အိမ်ခြံမြေတွေကို ငွေရှင်အစစ်အမှန်ကို ဖုံးကွယ်ပြီး ဆွေမျိုး၊ မိတ်ဆွေ အစရှိတဲ့ အမည်လွှဲတွေနဲ့ ဝယ်ယူပြီး တရားဝင်ပိုင်ဆိုင်မှုအဖြစ်ကို ပြောင်းလဲကြပါတယ်။
အခွန်ဆောင်တဲ့နေရာမှာလည်း အမှန်တကယ် အရောင်းအဝယ်ဖြစ်တဲ့ဈေးနှုန်းကို လျှော့ပြပြီးတော့ သိပ်မကြာခင်မှာပဲ လက်လွှဲရောင်းချတာတွေ ရှိပါတယ်။ တဆင့်ခံဝယ်ယူရောင်းချပြီးတာနဲ့ ငွေဖြူအဖြစ် ပြောင်းလဲ အသုံးပြုကြတာဖြစ်ပါတယ်။ဒီအချက်တွေကတော့ တရားမဝင်ရရှိလာတဲ့ငွေကြေးကို အိမ်ခြံမြေဈေးကွက်မှာ လွှဲပြောင်းအသုံးချတဲ့ ပုံစံတွေ ဖြစ်ပါတယ်။၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ်ရုံးမှာ ပြုလုပ်တဲ့ အသိပညာမြှင့်တင်ရေးရှင်းလင်းဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဥက္ကဌ တာဝန်ကိုရယူခဲ့တဲ့ ဒေါသန်းသန်းဆွေက လူတစ်ဦးတည်းကနေ မြေကွက်တွေအများကြီးပိုင်တဲ့ဖြစ်စဉ် တွေရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
“ အိမ်ငှားခတွေတအားဈေးကြီးတာ။ အခွန်အခပိုင်းကော ပိုင်ဆိုင်မှုအပိုင်းမှာပါ ပြန်ပြီးတော့ ကိုင်ဖို့တော့လိုတာပေါ့နော်။ တချို့ဆိုရင် လူတစ်ယောက်တည်း မြေကွက်တွေအများကြီးပိုင်တာပေါ့နော်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနေရာမှာတိုင်တာတွေ ရှိတယ်လေ။ အဲဒီမှာ Black Lists တွေလည်း မလုပ်ချင် ပေမယ့်လည်း လုပ်လိုက်ရတယ်။ ဘာလို့လည်းဆိုတော့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုအားနည်း တာနဲ့ တူပါတယ်”လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ အိမ်ခြံမြေကဏ္ဍအပါအဝင် အခြားလုပ်ငန်းတွေမှာ ငွေကြေးခဝါချမှုတွေ မရှိစေဖို့ အစိုးရက ဥပဒေတွေ ထုတ်ပြန်ထားပါတယ်။အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်တွေမှာ အသင်းအဖွဲ့ အသိအမှတ်ပြု မှတ်ပုံတင်ရှိရမှာဖြစ်ပြီးတော့ တရားမဝင်ငွေခဝါချမှုတွေနဲ့ပတ်သက်ပြီး ပညာပေးသင်တန်းတွေ တက်ရောက်ရပါ တယ်။ အရောင်းအဝယ်ပြုလုပ်ရာမှာ ဝယ်ယူသူရဲ့ မှတ်ပုံတင်၊ အလုပ်အကိုင်နှင့် ငွေကြေးရရှိတဲ့ လမ်းကြောင်း (Source of Funds) ကို အကျိုးဆောင်တွေက မဖြစ်မနေ စိစစ်မှတ်တမ်းတင်ထားရပြီးတော့ ပုံမှန်မဟုတ်ဘဲ အိမ်ခြံမြေကို ကာလပေါက်ဈေးထက် အဆမတန် ပိုပေးဝယ်ခြင်း သို့မဟုတ် ငွေသားအမြောက်အမြားဖြင့် လာရောက်ရှင်းလင်းခြင်းမျိုးတွေ ကြုံတွေ့လာရပြီဆိုရင် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ကို မဖြစ်မနေ သတင်းပို့ရမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ၊ ကျားဖျန့်လုပ်ငန်းတွေနဲ့ အွန်လိုင်းလောင်းကစား လုပ်ငန်းတွေကို အစိုးရက အပူတပြင်း တိုက်ဖျက်နေတဲ့ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်က အေးစက်နေတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။အဲ့ဒီအချိန်မှာပဲ မြန်မာနိုင်ငံမှာရှိတဲ့ အိမ်ခြံမြေဈေးကွက်ကတော့ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ဈေးနှုန်း တွေကို ပေးဝယ်နေကြပြီးတော့ အိမ်ခြံမြေဈေးက အတက်ဘက်မှာပဲ ရှိနေတယ်လို့ ဆိုရမှာပါ။
■ အိမ်ခြံမြေဈေးတက်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာ
အိမ်ခြံမြေဈေးကွက်မှာ ဈေးနှုန်းတွေကြီးမြင့်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာကတော့ စီးပွားရေးလုပ် ငန်းတွေအပေါ်မှာ ရိုက်ခတ်မှုကြီးမားပါတယ်။မြေဌားရမ်းခတွေ ကြီးမြင့်လာတာ၊ အိမ်ဌားဈေးနှုန်းတွေကြီးမြင့်လာတာတွေက ထင်သာမြင်သာတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။
“ မြောက်ဒဂုံလို နေရာမျိုးမှာ လုံးချင်းအိမ်ကို တစ်လ ငါးသိန်းနဲ့ ဘယ်နေရာမှ မရတော့ဘူး။ အိမ်ဈေး တွေက တက်နေတော့ အိမ်ဌားခဈေးတွေလည်း တက်တယ်။ ရန်ကုန်ကို ပြောင်းလာတဲ့သူတွေ များလာတာ လည်းပါတယ်။ မြောက်ဒဂုံမှာ တစ်လကို အနည်းဆုံး ငါးသိန်းအထက်မှာပဲရှိတယ်။ လုံးချင်းနှစ်ထပ်အိမ်ဆိုရင် တစ်လကို ဆယ်သိန်းအထက်တွေ ဖြစ်ကုန်တယ်” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့သူတစ်ဦးက ပြောပါတယ်။ ဇူလိုင်လအတွက်ဆို ရန်ကုန်မြို့ရဲ့ တိုက်ခန်းအဌားဈေးနှုန်းတွေက ပျမ်းမျှအားဖြင့် တစ်လကို ရှစ်သိန်း ကျပ်ရှိပြီးတော့
မီနီကွန်ဒိုဆိုရင် တစ်လကို ပျမ်းမျှ ၁၂ သိန်းအထိ ရှိပါတယ်။ ကွန်ဒိုဆိုရင် တစ်လကို ၂၅ သိန်းအထိရှိပြီးတော့ လုံးချင်းအိမ်အဌားဈေးနှုန်းဆိုရင် တစ်လကို ပျမ်းမျှ ၄၈ သိန်းအထိ ရှိတယ်လို့ ပြည်တွင်း အိမ်ခြံမြေဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ iMyanmarHouse က ဖော်ပြထားပါတယ်။
တစ်လကို ဝင်ငွေကျပ် ငါးသိန်းသာရှိတဲ့ အခြေခံလူတန်းစာအတွက်ဆိုရင် အိမ်ဌားခတွေက မတတ်နိုင်တဲ့အခြေအနေလည်းဖြစ်ပါတယ်။ အိမ်ပိုင်မရှိတဲ့ မိသားစုတစ်ခုမှာ တစ်လကို ကျပ်သိန်း ၂၀ ရရှိရင်တောင် ဝင်ငွေရဲ့ လေးပုံတစ်ပုံက အိမ်ဌားခနဲ့တင် ကုန်သွားတယ်လို့ ဆိုရမှာပါ။
“ ဒီကာလက အလုပ်အကိုင်တွေလည်း မကောင်းဘူး။ အခုလို အိမ်အရောင်းအဝယ်တွေ ဈေးတက် နေဦးမယ်ဆိုရင် အိမ်ဌားခတွေလည်း ဈေးတွေထပ်တက်လိမ့်မယ်။ လွန်ခဲ့တဲ့ခြောက်လက ဈေးနှုန်းနဲ့ နောက် ထပ်ခြောက်လ ဈေးက မတူဘူး။ ကျွန်တော်တို့ဌားနေတဲ့အိမ်ဆိုရင် ငါးသောင်းတက်သွားတယ်။ အခုနေတဲ့ အိမ်က တစ်လကို ငါးသိန်းခွဲပေးရတယ်” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့သူတစ်ဦးက ပြောပါတယ်။အလားတူ ဆိုင်ခန်းဌားရမ်းခတွေကလည်း ဈေးနှုန်းတွေ မြင့်တက်သွားတယ်လို့ သိရပါတယ်။iMyanmarHouse ကဖော်ပြထားတဲ့ ဈေးနှုန်းတွေအရဆိုရင် ဆိုင်ခန်းရုံးခန်းအဌားအတွက် ရန်ကုန်မြို့ မှာဆိုရင် ပျမ်းမျှ ၈၃ သိန်းအထိ ရှိတယ်လို့ သိရပါတယ်။
“ ဆင်ခြေဖုံးမြို့နယ်တွေမှာဆို ဆိုင်ခန်းတွဲလေးတွေဆိုရင် အနည်းဆုံးတစ်လကို သုံးသိန်းပေးရတယ်။ သုံးသိန်းပေးဌားတယ်ဆိုရင် ဆိုင်လခအတွက်က တစ်ရက်ကို တစ်သောင်းရှိတယ်။ ဈေးဆိုင်ဆိုရင် တစ်ရက်ကို တစ်သောင်းကျန်အောင် မနည်းရောင်းရတယ်။ ဒါတောင် အလုပ်သမားခမပါသေးဘူး။ တစ်ရက်ကို တစ်သောင်းမကျန်ရင် ဆိုင်ခန်းခတောင် မရတော့ ရှုံးပြီ။ အခုက အရောင်းအဝယ်မကောင်းကြဘူး” လို့ သာကေတမြို့နယ်မှာ ဆိုင်ခန်းဌားရမ်းကာ ဈေးရောင်းချသူတစ်ဦးက ပြောပါတယ်။
မြောက်ဒဂုံ ပင်လုံလမ်းမပေါ်မှာဆိုရင် ဆိုင်ခန်းဌားရမ်းခက အနည်းဆုံး ကျပ်သိန်း ၈၀ အထက်မှာ ရှိပြီးတော့ ဆိုင်ခန်းဖွင့်လှစ်သူက မြေနေရာမှာ အဆောက်အအုံကို ကိုယ့်ဘာသာကိုယ် ဆောက်လုပ်ရတာ ဖြစ်ပါတယ်။
“ ပင်လုံလမ်းက မြောက်ဒဂုံရဲ့ အဓိက လမ်းမကြီး။ အဲ့ဒီမှာဆိုရင် ဆိုင်ဖွင့်ဖို့ ဌားမယ်ဆိုရင် အနည်းဆုံး သိန်း ၈၀ အထက်မှာရှိတယ်။ နေရာကျယ်ရင် ကျယ်သလို ဈေးက ၁၀၀ ကျော်အထိ ရှိတယ်” လို့ အိမ်ခြံမြေအ ကျိုးဆောင်တစ်ဦးက ပြောပါတယ်။
■ အိမ်ခြံမြေဈေးကွက် ပူဖောင်းပေါက်နိုင်သလား
အိမ်ခြံမြေဈေးကွက်မှာ ပူပေါင်းပေါက်တော့မလားဆိုတာက ဈေးကွက်ကို စောင့်ကြည့်တဲ့သူတွေ စိုးရိမ်ကြပါတယ်။ အိမ်ခြံမြေဈေးနှုန်းတွေ ပုံမှန်ထက်အဆမတန်မြင့်တက်သွားပြီးတဲ့နောက်မှာ ဝယ်မယ့်သူမရှိတော့ဘဲ ဈေးနှုန်းတွေ ရုတ်တရက်ထိုးကျသွားတာကို အိမ်ခြံမြေဈေးကွက် ပူပေါင်းပေါက်ခြင်းလို့ ဆိုပါတယ်။
အိမ်ခြံမြေဈေးကွက်မှာ ပူပေါင်းပေါက်ခြင်းက အဆင့်သုံးဆင့်နဲ့ ဖြစ်ပေါ်ပါတယ်။ ပထမအဆင့်မှာတော့ ဝယ်လိုအားတွေ ရုတ်တရက်မြင့်တက်လာတာပါ။ ငွေကြေးဖောင်းပွမှုဒဏ်ကို ကာကွယ်ဖို့၊ အိမ်ခြံမြေ ဝယ်ထား ရင် အခြားလုပ်ငန်းတွေထက် မြတ်တယ်လို့ လူတွေက စဉ်းစားလာကြတာကနေ ဝယ်လိုအားတွေ ရုတ်တရက် မြင့်တက်လာတာပါ။ ဝယ်လိုအားတွေ မြင့်တက်လာတဲ့အတွက်ကြောင့် အိမ်ပိုင်ရှင်တွေနဲ့ ပွဲစားတွေက ပကတိ တန်ဖိုးထက် အဆမတန် တန်ဖိုးတိုးမြှင့်လာပါတယ်။ အဲ့ဒီထဲမှာ အမှန်တကယ်နေထိုင်မယ့်သူတွေ မဟုတ်ဘဲ ပြန်ရောင်းပြီး အကျိုးအမြတ်ရှာမယ့်သူတွေရဲ့ အရောင်းအဝယ်သက်သက်သာဖြစ်လာပါတယ်။
ဒုတိယအဆင့်မှာဆိုရင် အိမ်ခြံမြေဈေးနှုန်းတွေက အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားပြီးတော့ သာမန်ပြည်သူတွေရဲ့ ဝင်ငွေ၊ လုပ်ခလစာနဲ့ မမျှတတော့ဘဲ ဈေးနှုန်းတွေက စီးပွားရေးကောင်းမွန်တဲ့ တိုင်းပြည်တွေထက် ပိုမြင့်လာပါတယ်။ ဒီအဆင့်ကို ရောက်ရှိသွားပြီဆိုရင် အမှန်တကယ်နေထိုင်မယ့်သူတွေက ဈေးနှုန်းတွေ မတန်တဆကြီးမြင့်တဲ့အတွက်ကြောင့် မဝယ်နိုင်တော့ဘဲ ဈေးကစားတဲ့သူအချင်းချင်းလှည့်ပတ် ရောင်းဝယ်တဲ့အခြေအနေဖြစ်လာပါတယ်။
တတိယအဆင့်မှာဆိုရင် ဈေးနှုန်းတွေက အကန့်အသတ်ကို ကျော်လွန်သွားတဲ့အတွက်ကြောင့် ဝယ်မယ့်သူ မရှိတော့ဘဲ ဈေးကွက်ထဲမှာ အရောင်းအဝယ်တွေ အေးစက်သွားပါတော့တယ်။ အဲ့ဒီအချိန်မှာ ဈေးနှုန်းအမြင့်နဲ့ ဝယ်ယူထားတဲ့သူတွေက ငွေပြန်ဖော်ချင်တဲ့အခြေအနေ၊ အကြွေးဆပ်ရမယ့်အခြေအနေတွေ ကြောင့် ဈေးနှုန်းတွေကို လျှော့ချရောင်းချရပါတော့တယ်။ ဈေးလျှော့ရောင်းချလိုက်ရတဲ့အတွက်ကြောင့် ဈေးကွက်တစ်ခုလုံးပြိုလဲသွားပြီးတော့ အိမ်ခြံမြေပူပေါင်း ပေါက်တဲ့အခြေအနေကို ရောက်ရှိသွားတာပဲ ဖြစ်ပါတယ်။အိမ်ခြံမြေပူပေါင်း ပေါက်ပြီဆိုတာနဲ့ အိမ်ခြံမြေကို အပေါင်ထားပြီး ချေးငွေထုတ်ချေးပေးတဲ့ ဘဏ်တွေ၊ ရင်းနှီးမြုပ်နံှသူတွေရဲ့ ငွေကြေးတွေဆုံးရှုံးကုန်တာတွေ ဖြစ်တဲ့အတွက်ကြောင့် စီးပွားပျက်ကပ်တွေ ကြုံရတော့ တာပဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ အိမ်ခြံမြေပူပေါင်း ပေါက်သွားတဲ့အတွက်ကြောင့် စီးပွားရေးထိခိုက်နစ်နာခဲ့ရတဲ့ဖြစ်စဉ် တွေက ၁၉၉၀ ပြည့်လွန်နှစ်များက ဂျပန်နိုင်ငံရဲ့ အဖြစ်အပျက်နဲ့ ၂၀၀၈ ခုနှစ်မှာ အမေရိကန်မှာ အိမ်ခြံမြေ ချေးငွေစနစ် ပြိုလဲခဲ့တဲ့အတွက်ကြောင့် ကမ္ဘာလုံးအတိုင်းအတာနဲ့ စီးပွားပျက်ကပ် ဖြစ်ပေါ်ခဲ့ပါတယ်။ဂျပန်နိုင်ငံရဲ့ အိမ်ခြံမြေပူပေါင်းပေါက်မှုက ၁၉၉၁ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီးတော့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို ဆယ်စုနှစ် နှစ်စုကျော်ကြာအောင် ရုန်းကန်ခဲ့တဲ့ သမိုင်းဝင်စီးပွားရေးပျက်ကပ်ကြီး တစ်ခုဖြစ်ခဲ့ပါတယ်။၁၉၈၅ ခုနှစ်မှာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ပလာဇာ သဘောတူညီချက်ကြောင့် ဂျပန်ယန်းငွေ မာလာပါတယ်။ ငွေမာလာတဲ့အတွက်ကြောင့် ပို့ကုန်ထိခိုက်မှာကို စိုးရိမ်တဲ့ ဂျပန်အစိုးရက အတိုးနှုန်းကို လျှော့ချလိုက်ပါတယ်။ ဘဏ်တွေမှာ ငွေပိုငွေလျှံတွေ ရှိလာတဲ့အတွက်ကြောင့် ဂျပန်နိုင်ငံသား ဘယ်သူမဆို မြေကွက်ကို အပေါင်ထားရုံနဲ့ ချေးငွေကို လွယ်လွယ်ကူကူ ချေးယူနိုင်ပါတယ်။ ချေးငွေတွေကို ရယူပြီးတဲ့နောက် မှာတော့ အိမ်ခြံမြေနဲ့ ရှယ်ယာတွေကို အလုအယက်ဝယ်ယူခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ အိမ်ခြံမြေဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာကို ထိန်းချုပ်ဖို့အတွက် ဗဟိုဘဏ်က အတိုးနှုန်းကို ခြောက်ရာခိုင်နှုန်းအထိ ရုတ်တရက်မြင့်တင်လိုက်ပြီးတော့ အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ ချေးငွေကိုလည်း ကန့်သတ်လိုက်ပါတယ်။ ဘဏ်တွေကနေ ချေးငွေအလွယ်တကူ မရတော့တဲ့အတွက်ကြောင့် ဈေးကွက်က အေးစက်သွားခဲ့ပြီးတော့ ဈေးနှုန်းတွေက ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ပြုတ်ကျပြီး အိမ်ခြံမြေပူပေါင်း ပေါက်သွားတာပဲ ဖြစ်ပါတယ်။အိမ်ခြံမြေပူပေါင်း ပေါက်သွားတဲ့အချိန်မှာ ချေးငွေတွေကို ပြန်မဆပ်နိုင်တော့တဲ့အတွက်ကြောင့် ဘဏ်အချို့ ဒေဝါလီခံသွားရပြီးတော့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးလည်း တုံ့ဆိုင်းသွားခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာဆိုရင်လည်း အိမ်ခြံမြေဈေးနှုန်းတွေက အဆမတန်မြင့်တက်နေ တယ်လို့ ဆိုနိုင်ပါတယ်။ ငွေကြေးဖောင်းပွမှုဒဏ်ကို ကာကွယ်နိုင်ဖို့၊ အကျိုးအမြတ် များများပြန်ရဖို့စတဲ့ အခြေ အနေတွေကြောင့် အိမ်ခြံမြေဈေးကွက်ကို ဝင်ရောက်ဈေးကစားတဲ့သူတွေကြောင့် ဈေးတွေက မြင့်တက်နေပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အခြားနိုင်ငံတွေလို ဘဏ်ချေးငွေတွေနဲ့ ဝယ်ယူကြတယ်ဆိုတာထက် လက်ငင်းငွေသားစနစ်နဲ့ ဝယ်ယူကြတာက အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက် က ဂျပန်နိုင်ငံလို ပူပေါင်းပေါက်ခြင်းမျိုးထက် ငွေပြန်ဖော်နိုင်ဖို့ အိမ်ခြံမြေတွေ ရောင်းချတဲ့အခါမှာ ချက်ချင်း ရောင်းမရနိုင်ဘဲ ဈေးကွက်ရေရှည် အေးခဲနိုင်မယ့် အခြေအနေဖြစ်ပေါ်နိုင်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင် အချို့က သုံးသပ်ကြပါတယ်။
■ Porperty Tax နဲ့ ထိန်းရတော့မယ့် အိမ်ခြံမြေဈေးကွက်
ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတွေထက် မြေဈေးမြင့်နေတဲ့ မြန်မာနိုင်ငံမှာ အိမ်ခြံမြေဈေးကွက်ကို ထိန်းချုပ်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ကွန်ဒိုတစ်ခု၊ အိမ်ခြံမြေတစ်ခု ဝယ်ယူမည်ဆိုပါက ဝင်ငွေခွန်ကို ပေးဆောင်ရမှာပါ။ ဝင်ငွေခွန်ကို ပေးဆောင်ထားခြင်း မရှိပါက စည်းကြပ်မှုမှ ကင်းလွတ်နေတဲ့ ဝင်ငွေတွေကို ပေးဆောင်ဖို့ ပြည်ထောင်စု အခွန်အကောက်ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ကွန်ဒိုတစ်ခုဖြစ်စေ၊ အိမ်တစ် အိမ်ဖြစ်စေ ဝယ်ယူမည်ဆိုပါက ရာဖြတ်တန်ဖိုးအတွက် ငွေဖြူပြသရမှာ ဖြစ်ပြီးတော့ ငွေဖြူပြသနိုင်ခြင်းမရှိပါက ရာဖြတ်တန်ဖိုး ကျပ်သိန်း ၁၀၀၀ အောက်ရှိပါက သုံးရာခိုင်နှုန်း၊ သိန်း ၁၀၀၀ နှင့် ၅၀၀၀ ကြားရှိပါက ငါးရာ ခိုင်နှုန်း၊ သိန်း ၅၀၀၀ နှင့် ၁၀၀၀၀ ကြားရှိပါက ၁၀ ရာခိုင်နှုန်း၊ ကျပ် သိန်း ၁၀၀၀၀ နှင့် ၁၅၀၀၀ ကြားရှိပါ က ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅၀၀၀ အထက်ရှိပါက ၃၀ ရာခိုင်နှုန်း အဝယ်ခွန်ပေးဆောင်ရမယ်လို့ အစိုးရက ပြဋ္ဌာန်းထားပါတယ်။တိုင်းကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ နှစ်ပတ်အတွင်း မြေကွက်အတွက်တန်ဖိုး သတ်မှတ်ပြီးက သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနတွင် တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်းနှင့် အဝယ်ခွန် ၃ ရာခိုင်နှုန်း ချလံရေး သွင်းပြီး သက်ဆိုင်ရာဘဏ်မှာ ငွေသွင်းရပါတယ်။“အိမ်ခြံမြေကဏ္ဍကနေ အခွန်ဆောင်နေရတာက ဝယ်ခွန်ရှိမယ်။ တံဆိပ်ခေါင်းခွန်ရှိမယ်။ ရောင်းခွန် ရှိမှာပေါ့။ သင့်တင့်တဲ့ အခုလိုနှုန်းနဲ့ ဆိုရင်တော့ ဆောင်ကြပါတယ်။ ဟိုးအရင်ကလို ငါးရာခိုင်နှုန်း၊ ၁၀၊ ၂၀၊ ၃၀ ရာခိုင်နှုန်းဆိုပြီး အရမ်းများခဲ့တာတွေရှိတဲ့အပေါ်မှာ မဆောင်ကြတော့ဘူးပေါ့။ အဲဒါကြောင့် ဘာလုပ်လဲဆိုတော့ Special Power ပဲ ယူပြီး အရောင်းအဝယ်ပြန်လုပ်မယ်ဆိုရင် လက်လွှဲပြောင်းတာပဲ ရှိတယ်။ အဲဒီအပေါ်မှာ အခွန်မရှိတော့ဘူး”ဟု ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။ရန်ကုန်မြို့ရှိ မြို့နယ်တွေမှာ အစိုးရဘက်က သတ်မှတ်ထားတဲ့ ရာဖြတ်တန်ဖိုးတွေလည်းရှိပြီး မြို့နယ်အလိုက် ဈေးနှုန်းမတူပါဘူး။
“ငွေခွန်မှာတော့ အစိုးရက သတ်မှတ်တာက သိန်း ၃၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ သိန်း ၆၀၀၀ အထိ ၅ ရာခိုင်နှုန်းပေါ့။ သိန်း ၆၀၀၁ ကျပ်ကနေ သိန်း ၁၀၀၀၀ အထိဆိုရင် တော့ ၁၀ ရာခိုင်နှုန်းပေါ့။ တစ်သောင်း ကျော်သွားရင်တော့ ၁၅ ရာ ခိုင်နှုန်းပေါ့။ သိန်း ၃၀၀၀၀ ကျော် ရင်တော့ ၃၀ ရာခိုင်နှုန်းပေါ့။ အဲဒီအပေါ်မှာလည်း လက်ရှိပေါက်ဈေးတန်းနဲ့ ရာဖြတ်ဖြတ်တဲ့နှုန်းပေါ့။ဥပမာ ပြည်လမ်းမှာဆိုရင် ဒဂုံမြို့နယ်မှာ တစ်ဈေး။ မြေနီကုန်း၊ စမ်းချောင်းဆိုရင် တစ်ဈေး။ ကမာရွတ်ဆိုရင် တစ်ဈေးပေါ့။ လှိုင်ဆိုရင် တစ်ဈေး၊ မရမ်းကုန်းဆိုရင် တစ်ဈေး။ အင်းစိန်ဆိုရင် တစ်ဈေးပေါ့။ အဲဒီအပေါ်မှာတော့ ရာဖြတ် ဖြတ်တဲ့ဈေးတန်းတွေ ကွာတယ်။ အပြင်ပေါက် ဈေးနှုန်းနဲ့ မျှတဲ့ နေရာလည်း ရှိသလို နည်းတဲ့နေရာလည်း ရှိတယ်။ နည်းနည်းများတဲ့နေရာလည်း ရှိတယ်။ ဒါကတော့ ရာဖြတ်က ဈေးနှုန်းဖြတ်တဲ့ နှုန်းအပေါ်မှာ မူတည်တာပေါ့” ဟု ဝါရင့်အကျိုးဆောင် အိမ်ခြံမြေတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှု၊ အခွန်ရှောင်မှုတွေက အိမ်ခြံမြေတွေ၊ ကွန်ဒိုအရောင်းအဝယ်တွေမှာ အများဆုံးဖြစ်ပွားတတ်ပြီးတော့ လက်ရှိအခြေအနေမှာဆိုရင်လည်း အိမ်ခြံမြေတွေ၊ ကွန်ဒိုတွေနဲ့ မော်တော်ယာဉ်ရောင်းဝယ်ခြင်းတွေမှာ လူအများစုက ဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။
အဲ့ဒီအခြေအနေတွေကြောင့် အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တက်လာပြီးတော့ လူအများစု လက်လှမ်း မမှီတဲ့အတွက်ကြောင့် ဈေးကစားအရောင်းအဝယ်လုပ်တဲ့သူတွေကို Property Tax နဲ့ ထိန်းချုပ်ဖို့ လိုအပ်နေ ပြီလို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
အာဆီယံ ၁၀ နိုင်ငံကို ကြည့်မယ်ဆိုရင် Property Tax ရှိတဲ့နိုင်ငံတွေက စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ လာအိုမှာဆိုရင် အကန့်အသတ်နဲ့ ရှိပါတယ်။ Property Tax မရှိတဲ့ အာဆီယံနိုင်ငံတွေက မြန်မာ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်(ပြဌာန်းဆဲ) နိုင်ငံတွေဖြစ်ပါတယ်။ ဒါပေမယ့် ဗီယက်နမ်ကပြဌာန်းတော့မှာဖြစ်သလို ဘရူနိုင်းကလည်း နိုင်ငံကချမ်းသာပြီး subsidised တွေရှိလို့ property tax ပြဌာန်းဖို့လိုတာ မြန်မာပဲကျန်တယ်လို့ဆိုနိုင်ပါတယ်။
ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံမှာဆိုရင် နေထိုင်ဖို့အိမ်အတွက် အခွန်ကောက်မှု နည်းပါးပေမယ့် ရင်းနှီးမြုပ်နှံမှုအတွက် ဝယ်ယူထားတဲ့အိမ်တွေဆိုရင် Property Tax ပိုမိုကောက်ခံပါတယ်။
“ မြန်မာနိုင်ငံရဲ့အမြင့်ဆုံးနေရာရဲ့ ဈေးနှုန်းက ထိုင်းနိုင်ငံထက် များတယ်။ မြန်မာနိုင်ငံမှာ အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ Loan တွေက များလာပြီ။ ဒါတွေကို ပြန်စိစစ်ဖို့ လိုတယ်။ အဓိက ဘာလဲဆိုတော့ အောက်မှာ သွားပြီးတော့ Property Tax ပြဋ္ဌာန်းပေးဖို့။ တိုင်းပြည်အတွက်လည်း အကျိုးရှိသလို အများပြည်သူရဲ့ အကျိုးစီးပွားလည်း ကာကွယ်တယ်။ Property Tax က ASEAN မှာ မြန်မာအပါအဝင် ၃ နိုင်ငံပဲ ကျန်တော့တာ၊ Property Tax ကို အမြန်ဆုံး ပြဋ္ဌာန်းဖို့ လိုပါတယ်။ မြန်မာနိုင်ငံလို လစာလေး ငါးသိန်းရှိတဲ့ နိုင်ငံမှာ အိမ်ငှားခ တွေက အခုဆိုရင် ဘယ်လောက်ထိ ဖြစ်လာလဲ။ အိမ်ခြံမြေဈေး မြင့်တက်လာရင် အိမ်ငှားခတွေလည်း တက် မယ်။ နယ်တွေမှာ တိုက်ပွဲဖြစ်တော့ ဈေးတွေကို အရမ်းဆွဲတင်တယ်။ အစိုးရကလည်း ဘာမှ မကာကွယ်ပေး နိုင်ဘူး။ ကာကွယ်လို့ရတာက အစိုးရအနေနဲ့ ဥပဒေထုတ်ပြီးတော့လည်း ကာကွ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
ရန်ကင်းမြို့နယ်၊ရန်ကုန်တိုင်း။
Yangon