Fancy City Store
�A Good Things Couldn't Get With Cheap Price �
11/08/2021
Covid -19ကာကွယ်ဆေး
Online ကနေ ဝယ်ယူမယ်ဆိုက ဖတ်ရန်
04/08/2021
Sinopharm 💉
ကာကွယ်ဆေးထိုးထားသူတွေအနေနဲ့ အနည်းဆုံးတော့ ယခုအချက်လေးတွေရှောင်ကြဉ်ပေးပါ။
- ဆေးထိုးထားသောနေရာအား ၂၄ နာရီအတွင်း
ရေမထိရ ( ရေမချိုးလျှင် ပိုကောင်းသည် )
- ဆေးထိုးထားသောနေရာအား မချေရ ၊ မထိရ ။
- အရက် ၊ပင်လယ်စာ မစားရ အနည်းဆုံး - ၇ ရက်
ကော်ဖီအပြင်းအနည်းဆုံး ၃ ရက် မသောက်ရ။
- အရမ်းချဉ်ငံစပ်သော အစားအစာများ
ခဏရှောင်ပါ(ဆန်ပြုတ်အစရှိသော အားရှိသော
အစားစာများ စားပေးပါကပိုကောင်းသည် )
- ပြင်းထန်သော အားကစားများ ၊ လေးလံသော
ပစ္စည်းများမ မရ၊ အနည်းဆုံး ၄ ရက်
- လင်မယားများ အနည်းဆုံး ၃ ရက် တစ်ပတ်
အတူမနေရ ( ၆ လအတွင်း ကလေးမယူရ )
- ဒုတိယအကြိမ်ဆေးနောက်တစ်ချောင်းအား
၁၄ရက် မှ ၂၈ ရက်အတွင်းပြန်လည်ထိုးရမည်
၂၈ ရက်ကျော်လွန်ပါက
ဆေးအာနိသင်ချိတ်ဆက်မှု့ မရှိဖြစ်တက်သည်။
- ဆေးထိုးပြီးနေ့တစ်ပိုင်းလောက်နားနားနေနေနေပါ။
- ကိုယ်ခံအားအပေါ်မူတည်ပြီး side effect
အနည်းငယ်ရှိပါမည် ။
ဘာမှမဖြစ်ဘူးဆိုရင်တောင် ..
အပေါ်ကအမှားမျိုး ပြုလုပ်မိရင် ဆေးအာနိသင် အပြည့်မရပါဘူး ဂရုစိုက်ပေးပါ။
03/08/2021
သိလိုသမျှ
__________
ဒီတစ်ခါမှာတော့ Covid 19 ကာကွယ်ဆေး 10 မျိုးအကြောင်း ဖော်ပြလိုက်ပါတယ်။ မိမိတို့အတွက် ရရှိနိုင်မယ့် ကာကွယ်ဆေးတွေကို နှိုင်းယှဉ်ချိန်ဆနိုင်ဖို့ပါ။
နောက်ပို့စ်တစ်ခုမှာတော့ ကိုဗစ်ကာကွယ်ဆေးကို ထိုးရမလား မထိုးရဘူးလားနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို စုစည်းပြီး ဖော်ပြပေးပါမယ်။
Credit ; အခမဲ့ဆေးခန်း
03/08/2021
KF 94 masks မှာလို့ရပါပီနော်
1300.ks
⚠️ပြင်းထန် ကိုဗစ် ဖြစ်နိုင်သည့် လူနာများ⚠️
- အသက် ၅၀ အထက်လူကြီးများ
အောက်ပါရောဂါအခံ တစ်ခုခုရှိသူများ👇
- ကင်ဆာရောဂါ
- နာတာရှည်ကျောက်ကပ်ပျက်စီးရောဂါ
- နာတာရှည်အဆုတ်ရောဂါ (ပန်းနာရင်ကြပ် နာတာရှည်လေပြွန်ယောင် အဆုတ်အမာရွတ်နှင့်ဒဏ်ရာကျန်စေသည့်ရောဂါများ)
- ဆီးချိုရောဂါ
- သွေးတိုးရောဂါ
- နှလုံးရောဂါ (နှလုံးညှစ်အားလျော့၍မောခြင်း နှလုံးသွေးကြောကျဉ်းခြင်း နှလုံးကြွက်သားရောဂါ)
- သူငယ်ပြန်ရောဂါနှင့် အခြားဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါများ
- အေအိုင်ဒီအက်စ် အပါအဝင် ခုခံအားကျဆင်းသည့်ရောဂါများ
- အသည်းရောဂါများ (အရက်အလွန်အကျွံသောက်ခြင်းကြောင့် အသည်းယောင်ခြင်း အသည်းခြောက်ခြင်း အသည်းအဆီဖုံးကာပျက်စီးခြင်း )
- Down syndrome
- မျိုးရိုးလိုက်သွေးရောဂါရှိသူများ
- ရိုးတွင်းခြင်ဆီနှင့် ကိုယ်အင်္ဂါအစားထိုးထားသူများ
- လေဖြန်း လေဖြတ်ထားသူများ
- အဝလွန်သူများ
- ကိုယ်ဝန်ဆောင်များ
- ဆေးလိပ်သောက်သူများနှင့်ယခင်ကသောက်ခဲ့ဖူးသူများ
- တားမြစ်ဆေး သို့မဟုတ် မူးယစ်ဆေးသုံးသူများ
အထက်ဖော်ပြပါ အချက်များနှင့်ကိုက်ညီသူများသည် ကိုဗစ်ရောဂါပိုးကူးစက်ခံရလျှင်
⚠️ပြင်းထန်အဆင့် ကိုဗစ်ဖြစ်နိုင်ခြင်း
⚠️Cytokine storm (ခေါ် ) အဆုတ်အပါအဝင်ခန္ဓာကိုယ်အင်္ဂါအနှံ့ယောင်ယမ်းခြင်း
⚠️သွေးတွင်းအောက်စီဂျင်ကျ၍ဆေးရုံတင်ရခြင်း
⚠️အထူးကြပ်မတ်ကုသဆောင်တက်ရခြင်း
⚠️အသက်ရှူစက်တက်ရခြင်း
စသဖြင့် ရောဂါပြင်းထန်ဆိုးရွားနိုင်ခြေ ပိုများပါသည်။
ဒါ့ကြောင့်မို့ အထက်ပါလူများဟာ အစောကြီးထဲက ကိုဗစ်မဝင်လေ ပိုကောင်းလေမို့ ကြိုတင်ကာကွယ် နည်းလမ်းအသွယ်သွယ်ကို သေချာလိုက်နာကြဖို့ တိုက်တွန်းချင်ပါတယ်။
✅Mask တပ်ပါ။
✅လက်ဆေးပါ။
✅နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ။
အကယ်၍ ကူးစက်ခံခဲ့ရသည်ရှိသော် သံသယလက္ခဏာများ စပေါ်တာနဲ့ နီးစပ်ရာဆရာဝန်နဲ့ စနစ်တကျ ဆေးခန်းပြတိုင်ပင်ဖို့လိုပါတယ် (ဖုန်းနဲ့အရင်တိုင်ပင်ရမှာပါ)။
ဒါမှလူနာရဲ့အချက်အလက်တွေကို ဆရာဝန်က သိရှိထားပြီး လိုအပ်တာနဲ့ action ယူနိုင်မှာဖြစ်ပါတယ်။
Dr. သင်းသင်းဇော် (So Pyay TeleClinic)
✓ People at increased risk of severe covid
COVID-19 Infection and Vaccine
ဆရာ ကိုဗစ်ဖြစ်ပီး(ပြီး)တဲ့လူက ဘယ်လောက်ကြာမှ ကာကွယ်ဆေးထိုးလို့ရပါလဲ။
၁။ WHO: Even if you have already had COVID-19, you should be vaccinated when it is offered to you. The protection that someone gains from having COVID-19 will vary from person to person, and we also don’t know how long natural immunity might last.
ကိုဗစ်ကူးစက်ခံရပြီးသူတွေလည်း ကိုဗစ်ကာကွယ်ဆေး ထိုးူရမည်။ သက်ဆိုင်ရာကျန်းမျာရေးဌာနက သတ်မှတ်ချက်အတိုင်း ထိုးနိုင်သည်။
၂။ လန်ဒန်မှာနေတဲ့ မြန်မာပြည်သားဆရာဝန်တဦး - ယူကေမှာပိုးတွေ့ (သို့) ရောဂါလက္ခဏာပြတဲ့အချိန်ကနေ (၂၈) ရက်ကြာရင် ထိုးနိုင်ပြီလို့သတ်မှတ်ထားပါတယ်။
ဒေါက်တာတင့်ဆွေ
02/08/2021
💉 ဘယ်သူတွေ ကာကွယ်ဆေး ထိုးလို့ရလဲ?
▪︎အသက် ၁၈နှစ်အထက် ဖြစ်ရပါမယ်
▪︎Pfizer တံဆိပ်ဆိုရင် အသက် ၁၂နှစ်ကျော်ရင် ရပါပြီ
▪︎Sinovac နဲ့ Sinopharm တံဆိပ်ဆိုရင်တော့ ၁၈-၆၀နှစ်အတွင်းပဲ ထိုးသင့်ပါတယ်
▪︎ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ ပန်းနာရင်ကြပ်လိုနာတာရှည်ရောဂါရှိသူတွေလဲ ထိုးလို့ရပါတယ်
💉 ဘယ်သူတွေ ကာကွယ်ဆေး ထိုးလို့မရဘူးလဲ
▪︎ဖျားနေတဲ့သူတွေ
▪︎ကိုယ်ဝန်ဆောင် အမျိုးသမီးများ (သုတေသန မလုံလောက်သေး)
▪︎ကာကွယ်ဆေးနဲ့မတည့်သူ
▪︎သွေးမတိတ်ရောဂါရှိသူ (bleeding disorders)
▪︎HIV သမား CD4 ၂၀၀ အောက် ကျနေတဲ့အခါ
▪︎အခြားကာကွယ်ဆေးတစ်မျိုးမျိုး ထိုးထားတာ ၂ပတ် မပြည့်သေးတဲ့အခါ
💉 COVID ဖြစ်ပြီးရင် ကာကွယ်ဆေးထိုးဖို့ လိုသေးလား
▪︎COVID ဖြစ်ပြီးရင် ခန္ဓာကိုယ်တွင်းက Antibody ထွက်ပါတယ်၊ ၆-၈လအထိ ခံတာမို့ ပုံမှန်တော့ ထိုးဖို့ ညွှန်းလေ့မရှိပါ
▪︎လူတစ်ယောက်နဲ့တစ်ယောက် Antibody ထွက်တဲ့ပမာဏချင်း မတူနိုင်တာမို့ စိတ်မချလို့ ထပ်ထိုးချင်လဲ ရပါတယ်
💉ကာကွယ်ဆေးထိုးပြီးရင် COVID ပြန်ဖြစ်နိုင်လား
▪︎ပြန်ဖြစ်နိုင်ပါတယ်၊ ကာကွယ်ဆေးက ၁၀၀% အပြည့်မကာကွယ်ပါဘူး၊ အတိုင်းအတာ တစ်ခုအထိ ရောဂါမပြင်းထန်အောင် ကူညီတာပါ၊
▪︎ဒါကြောင့် Maskတပ်, လက်ဆေး, ၆ပေခွာနေ ဆက်ကျင့်ကြံရပါမယ်
💉 ကာကွယ်ဆေး မထိုးခင် ဘာတွေပြင်ဆင်မလဲ
▪︎ကိုယ် ထိုးရမယ့် ကာကွယ်ဆေးအကြောင်း လေ့လာပါ
▪︎နဂို သောက်လက်စ ဆေးတွေရှိရင် ဆက်သောက်ပါ
▪︎အိပ်ရေးဝဝအိပ်ပါ၊ ရေများများသောက်ပါ
▪︎ဖြစ်နိုင်ရင် ကော်ဖီ, အရက် တစ်ရက် ကြိုရှောင်ပါ
💉 ကာကွယ်ဆေးထိုးပြီး ဘာတွေ သတိထားမလဲ
▪︎ထိုးပြီးပြီးချင်း နာရီဝက် ငြိမ်ငြိမ်နေပါ၊ ဓါတ်မတည့်မှု ရှိမရှိ စောင့်ကြည့်ပါ
▪︎နာကျင်ကိုက်ခဲလျှင် ပါရာစီတမော သောက်လို့ရပါတယ်
▪︎၂ပတ်အတွင်း အခြားကာကွယ်ဆေး မထိုးသင့်ပါ
💉 ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာက ဆေးအောင်တာလား
▪︎မဆိုင်ပါဘူး
💉 ကာကွယ်ဆေးထိုးပြီးရင် Antigen ထွက်တာလား, Antibody ထွက်တာလား
▪︎Antibody ထွက်တာပါ
▪︎Antigen ထွက်နေတယ်ဆို အဲဒါ COVID ဖြစ်နေတာပါ၊ ဆေးအောင်တာ မဟုတ်ပါဘူး
💉 ကာကွယ်ဆေးထိုးပြီးရင် ဘယ်အချိန် Antibody စ,ထွက်လဲ? ဘယ်လောက်ခံလဲ?
▪︎ဆေးထိုးပြီး ၂ပတ်လောက်ဆို Antibody စ,ထွက်ပါပြီ၊
▪︎ဆေး ၂ကြိမ် အပြည့်ထိုးထားရင် ၆လအထိ ခံလေ့ရှိပါတယ်
💉 ပထမတစ်ကြိမ်မှာ တံဆိပ်တစ်မျိုး ထိုးပြီး နောက်တစ်ကြိမ် အခြားတံဆိပ် ပြောင်းထိုးရင်ကော အာနိသင်ရလား?
▪︎တ
17/04/2018
25/07/2017
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |
Alerts
Be the first to know and let us send you an email when Fancy City Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.