Magi Rent-A-Car

Magi Rent-A-Car

Share

We offer best vehicle leasing solutions in Myanmar. We gurantee that our customers get the best value for money when they use our services.

Best Vehicle Leasing Solutions in Myanmar

12/06/2026

🌧️ မိုးရာသီမှာ ကားမောင်းရတာ စိတ်ပင်ပန်းနေပြီလား?

🚨 အထူးအစီအစဉ် 🚨

လာမယ့် *Monday & Tuesday* အတွက် *MAGI Daily Rent* Service ကို Booking ကြိုတင်ပြုလုပ်သူများအား *5% Discount* ပေးသွားမှာ ဖြစ်ပါတယ်။

🚗 မြို့တွင်းပဲဖြစ်ဖြစ် 🛣️ နယ်ဝေးခရီးပဲဖြစ်ဖြစ်

(Vehicle + Driver + Fuel + Toll Fees) အားလုံးပါဝင်တဲ့ Full Service Package နဲ့ စိတ်အေးလက်အေး သွားလာနိုင်ပါတယ်။

✨ MAGI ကို ဘာကြောင့် ရွေးချယ်သင့်သလဲ?

🔹 သန့်ရှင်းသပ်ရပ်သော အတွင်းခန်းများ 🔹 ပုံမှန်စစ်ဆေးထိန်းသိမ်းထားသော ယာဉ်များ 🔹 ယာဉ်ကျေးပျူငှာပြီး လမ်းကြောင်းကျွမ်းကျင်သော ယာဉ်မောင်းများ 🔹 Fuel Usage, Toll Fees, Driver Arrangement တွေတွက် ခေါင်းမစားရတော့ဘူး 🔹 ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့စွာ သွားလာနိုင်မယ့် One Stop Service

🎯 မိုးရာသီ ခရီးသွားဖို့ စီစဉ်နေတယ်ဆိုရင်... ကားကိစ္စတွေကို MAGI က တာဝန်ယူပါမယ်။

📞 အခုပဲ Booking တင်ပြီး 5% Discount အခွင့်အရေးကို ရယူလိုက်ပါ။

10/06/2026

ကဲ ဒီနေ့မှာတော့ မင်မင်က
မင်မင်တို့ MAGI ရဲ့ Daily Rent Service နဲ့အတူ မင်မင်တို့ ယာဥ်မောင်းတွေဟာ customer နဲ့ တသားတည်း ဖြစ်တယ် ဆိုတာလေးကို Exprience Sharing အရကော၊ ဒီ Post ကို ဖတ်မိသူ Audiance တွေအတွက် ရသတစ်ခုကောပါ ပေးနိုင်မယ့်
Service + Experience အကြောင်းလေးကို Story လေးအနေနဲ့ တင်ပေးသွားမှာပဲ ဖြစ်ပါတယ် 😇😇

ဖတ်ရှုခံစား ကြပါဦးနော် 🥰

"တချို့ခရီးတွေက သွားရောက်ရမယ့်နေရာကို ရောက်ဖို့ထက် အတူဖြတ်သန်းရတဲ့ အမှတ်တရတွေက ပိုပြီးတန်ဖိုးရှိတတ်ကြတယ်။

ဒီတစ်ခေါက်မှာတော့ MAGI ရဲ့ Daily Rent with Driver Service နဲ့အတူ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဆီ ဦးတည်ခဲ့ကြတဲ့ ခရီးစဉ်တစ်ခု။

လုပ်ငန်းတာဝန်တစ်ခုအတွက် သွားရောက်ကြတဲ့ အဖွဲ့က ရေလမ်းခရီးစဉ်မှာပါ အတူလိုက်ပါဖို့ ဖိတ်ခေါ်လာခဲ့ရာ MAGI ယာဉ်မောင်းတစ်ဦးလည်း ခရီးဖော်တစ်ယောက်အဖြစ် ပါဝင်ခဲ့ရပါတယ်။

မနက်ပိုင်း ကူးတို့ဆိပ်မှ စတင်ထွက်ခွာပြီး မိနစ် ၄၅ ခန့်ကြာတဲ့ ရေလမ်းခရီးတစ်လျှောက်မှာ ဒီရေတောများ၊ ချောင်းကမ်းစပ်တစ်လျှောက် စီတန်းပေါက်ရောက်နေတဲ့ အုန်းပင်စိမ်းစိမ်းများ၊ ကမ်းစပ်ပေါ် အပြေးအလွှားသွားလာနေတဲ့ ဂဏန်းနီလေးများက သဘာဝရဲ့ အသက်ဝင်လှပတဲ့ ပန်းချီကားတစ်ချပ်လို မြင်ကွင်းတွေကို ဖန်တီးပေးနေခဲ့တယ်။

ခရီးလမ်းတစ်ဝက်မှာ မိုးက သည်းလာတယ်။ လှေကလည်း လှိုင်းနဲ့အတူ ယိမ်းနွဲ့နေတယ်။ ဒါပေမယ့် ခရီးဖော်တွေကတော့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဖေးမကူညီရင်း သတ်မှတ်ထားတဲ့ နေရာကို ချောချောမွေ့မွေ့ ရောက်ရှိခဲ့ကြတယ်။

အပြန်လမ်းမှာတော့ ရာသီဥတုက မနက်ပိုင်းနဲ့ မတူတော့ဘူး။ နေရောင်နုနုအောက် လေညှင်းအေးအေးလေးတွေက မြစ်ပြင်ပေါ်ကို ဖြတ်သန်းတိုက်ခတ်နေခဲ့ပြီး စတင်ထွက်ခွာခဲ့တဲ့ ကူးတို့ဆိပ်ဆီ အေးအေးချမ်းချမ်း ပြန်လည်ရောက်ရှိခဲ့ကြတယ်။

တစ်နေ့တာခရီးစဉ်ပြီးဆုံးချိန်မှာတော့ ခရီးသည်နဲ့ ဝန်ဆောင်မှုပေးသူဆိုတဲ့ အကွာအဝေးထက်၊ ခရီးတစ်ခုကို အတူဖြတ်သန်းခဲ့ကြတဲ့ ခရီးဖော်တွေရဲ့ နီးစပ်မှုက ပိုပြီးကျန်ရစ်ခဲ့တယ်။

MAGI အတွက်တော့ ဝန်ဆောင်မှုက ခရီးတစ်ခု စတင်ပေးရုံမဟုတ်ဘဲ လိုအပ်တဲ့အချိန်တိုင်းမှာ အတူတကွ လိုက်ပါအားဖြည့်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။"

08/06/2026

"မိုးရွာနေတဲ့ ကားမှန်ဘေးက နေရာလေးမှာ ထိုင်ပြီး
သီချင်းလေးဖွင့်...
ကော်ဖီတစ်ခွက် ကိုင်ထားရင်း
ရှေ့က တောင်တန်းတွေကို ကြည့်နေရတဲ့ Feeling က
Destination ထက်တောင် ပိုတန်ဖိုးရှိတယ် ❤️"

"မိုးရွာနေတဲ့ Weekend တစ်ခုကို
📍Pyin Oo Lwin 📍Kalaw 📍Inle
တစ်နေရာပဲ ရွေးရမယ်ဆို ဘယ်ကိုသွားမလဲ?"

22/05/2026

My Dream Garden သို့ Day Return Trip သွားဖို့ အသုံးပြုပေးခဲ့တဲ့ customer များကို ကျွန်တော်တို့ MAGI က ကျေးဇူးတင်ပါတယ် 🥰🥰

မနေ့ က 21 MAY 2026 ရက်မှာ ကျွန်တော်တို့
MAGI က Hi Ace with driver service ကို အသုံးပြုပြီးတော့ My Dream Garden သို့ Day Return Trip လေးနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်
Customer များထံမှလည်း "over all တော့ တော်တော်လေး အဆင်ပြေပါတယ်” လို့ ကောင်းမွန်သော feedback များ ရရှိခဲ့ပါတယ်

အခုလို ကျွန်တော်တို့ MAGI ကို ယုံကြည်စိတ်ချပြီး သွားရောက်လည်ပတ်ခဲ့တဲ့ ခရီးစဥ်လေးကလည်း တန်ဖိုးရှိပြီး အပျော်တွေကူးစက်ရင်း စိတ်ပင်ပန်းမှုများ ပြေပျောက်သွားကြလိမ့်မယ်လို့လည်း ယုံကြည်ပါတယ် ခင်ဗျာ

ခရီးစဥ်တလျှောက် ပျော်ရွှင်မှုများ အပြုံးများ နဲ့ ကျနော်တို့ MAGI Daily Rent Service ကို အားပေးအသုံးပြုပေးတဲ့ ဧည့်သည်တော် တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ

MAGI Rent A Car
Daily Rent to My Dream Garden
Customer Feedback

27/04/2026

🚗 ခရီးစဉ်တိုင်းအတွက် စိတ်ချမ်းသာမှုအပြည့်နဲ့ သွားလာနိုင်ဖို့ MAGI ရဲ့ Daily Rent ဝန်ဆောင်မှု 🚗
​အလုပ်ကိစ္စကြောင့် နေပြည်တော် (NPT)၊ မန္တလေး (MDY) ကို သွားဖို့ရှိနေတာလား။ ဒါမှမဟုတ် ဒီပွင့်လင်းရာသီမှာ ကျင်းပမယ့် အလှူမင်္ဂလာဆောင်တွေအတွက် ယုံကြည်စိတ်ချရတဲ့ ကားဝန်ဆောင်မှု ရှာနေတာလား။
​လူကြီးမင်းတို့ရဲ့ လိုအပ်ချက်တိုင်းအတွက် MAGI Company ရဲ့ အထူး Daily Rent ကားဝန်ဆောင်မှုက အသင့်ရှိနေပါတယ်။

မြို့တွင်းဖြစ်စေ၊ နယ်ဝေးဖြစ်စေ သက်တောင့်သက်သာနဲ့ လုံခြုံစိတ်ချစွာ ခရီးသွားနိုင်ဖို့ ကျွန်တော်တို့က အကောင်းဆုံး ပြင်ဆင်ထားပါတယ်။

​MAGI ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ။
​သန့်ရှင်းသပ်ရပ်မှုနှင့် သက်တောင့်သက်သာရှိမှု - ခရီးစဉ်တစ်လျှောက်လုံး စိတ်ရွှင်လန်းစေဖို့ ကားတိုင်းမှာ A/C အထူးကောင်းမွန်ပြီး အတွင်းပိုင်းသန့်ရှင်းမှုကို အထူးဂရုစိုက် ပြင်ဆင်ထားပါတယ်။

​ပြီးပြည့်စုံသော In-service အစီအမံများ - Customer များ၏ လိုအပ်ချက်ကို ကြိုတင်စဉ်းစားထားတဲ့ Customer Care စံနှုန်းများအတိုင်း ကားပေါ်တွင် အောက်ပါတို့ကို စုံလင်စွာ ထည့်သွင်းပေးထားပါတယ်

​💧 ရေသန့်ဘူးများ
​🧻 တစ်ရှူး (အစို / အခြောက်)
​☔ အမိုးအကာအတွက် ထီး
​🧰 အရေးပေါ်အခြေအနေများအတွက် Safety Bag
​အရည်အသွေးမြင့်မားတဲ့ ဝန်ဆောင်မှုနဲ့အတူ လူကြီးမင်းတို့ရဲ့ အဖိုးတန်အချိန်တွေကို ထိရောက်စွာ အသုံးချနိုင်ဖို့ MAGI က တာဝန်ယူပါရစေ။

​ဆက်သွယ်ရန် -

ကားငှားရမ်းလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ယခုပဲ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါပြီ။

​📞 09 447 166 498
📞 09 979 167 026
​

24/04/2026

ကားအသုံးပြုသူတိုင်း ကြုံတွေ့နေရတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အချက်တွေကို MAGI နဲ့အတူ ဖြေရှင်းလိုက်ပါ။ 2019 ကနေ 2021 Model ကားကောင်းများ အစီးရေအကန့်အသတ်နဲ့ ပြန်လည်ဝင်ရောက်လာပြီဖြစ်လို့ အခုပဲ လက်ဦးမှုရယူလိုက်ပါ!

​ကားငှားသုံးတဲ့အခါ ဒီလိုအခက်အခဲမျိုးတွေ ကြုံဖူးပါသလား? 🧐

​Q: ကားငှားသုံးပြီး ပြန်အပ်တဲ့အခါ Deposit (စရန်ငွေ) ထက်ပိုပြီး ငွေထပ်စိုက်ရတာမျိုး ရှိနိုင်သလား?

A: ရှိနိုင်ပါတယ်။ Service မပါတဲ့ သာမန်ကားငှားရမ်းမှုတွေမှာ ကားပြန်အပ်တဲ့အခါ သာမန်ပွန်းပဲ့မှုကအစ ပြုပြင်ထိန်းသိမ်းစရိတ်တွေကို Customer ဘက်က အိတ်စိုက်ပေးရလေ့ရှိပါတယ်။ တစ်ခါတလေ Deposit တင်ထားတဲ့ငွေတင်မကဘဲ ကိုယ့်အိတ်ကပ်ထဲကပါ ထပ်စိုက်ရတဲ့အထိ "Hidden Costs" တွေက ခေါင်းခဲစရာပါ။

​Q: ကားမတော်တဆဖြစ်ရင် ဒါမှမဟုတ် လမ်းမှာစက်ချို့ယွင်းရင် ဘယ်သူက တာဝန်ယူမှာလဲ?

A: သာမန်ငှားရမ်းမှုတွေမှာတော့ ဒါဟာ အသုံးပြုသူရဲ့ တာဝန်ဖြစ်နေတတ်ပါတယ်။ အလုပ်ကိစ္စနဲ့ အရေးကြီးသွားလာနေရင်း ကားပြင်ရတာ၊ အပိုကုန်ကျစရိတ်တွေတွက်ရတာဟာ သင့်ရဲ့နေ့စဉ်ကုန်ထုတ်စွမ်းအားကို ကျဆင်းစေပါတယ်။

​MAGI Monthly Leasing က သင့်အတွက် ဘယ်လိုဖြေရှင်းပေးမလဲ? ✨

​MAGI ရဲ့ Monthly Leasing Service ကို အသုံးပြုမယ်ဆိုရင် ကားပြန်အပ်ချိန်မှာ "စိုးရိမ်ပူပန်မှုတွေ" အားလုံးကို အပြီးတိုင် မေ့ထားလိုက်လို့ရပါပြီ။

​✅ Regular Maintenance Free: (User Fault မဟုတ်သော) ပုံမှန်စစ်ဆေးပြုပြင်မှုစရိတ်များအတွက် MAGI က တာဝန်ယူပေးပါတယ်။

✅ Comprehensive Insurance: မတော်တဆမှုများအတွက် စိတ်အေးရစေမယ့် အာမခံစနစ် အပြည့်အစုံ ပါဝင်ပါတယ်။

✅ Roadside Assistance (YGN Downtown): ရန်ကုန်မြို့တွင်းမှာ ကားစက်ချို့ယွင်းတာပဲဖြစ်ဖြစ်၊ အရေးပေါ်အခြေအနေပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ Roadside Assistance အဖွဲ့က အမြန်ဆုံး လာရောက်ကူညီပေးမှာပါ။

​"မလိုလားအပ်တဲ့ ကိစ္စတွေအတွက် ခေါင်းကိုက်မခံပါနဲ့"

မိမိရဲ့ Daily လုပ်ငန်းဆောင်တာတွေကိုပဲ ပေါ့ပေါ့ပါးပါးနဲ့ အာရုံစိုက်လုပ်ဆောင်ပါ။ ကားနဲ့ပတ်သက်တဲ့ ကိစ္စအားလုံးကို MAGI က တာဝန်ယူပါရစေ။

​🚗 လက်ရှိရရှိနိုင်သော ကားမော်ဒယ်များ

​Suzuki Ciaz (2020) – စတိုင်ကျကျနဲ့ ဆီစားသက်သာစွာ စီးချင်သူများအတွက်။

​Suzuki Ertiga (2019 / 2020) – မိသားစုဝင်များများ ဒါမှမဟုတ် ပစ္စည်းအနည်းငယ် သယ်ဆောင်လိုသူများအတွက် အဆင်ပြေဆုံး။

​KIA Soluto (2021) – ခေတ်မီပြီး ရုပ်ထွက်သန့်သန့်နဲ့ လုပ်ငန်းသုံးစီးချင်သူများအတွက်။

​📞 အသေးစိတ် ထပ်မံသိရှိလိုပါက အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါပြီ။
​09 447 166 498
​09 979 167 026

MAGI - Rent A Car
U r b a n Life E s s e n t i a l

Category

Telephone

Website

Address


Yangon

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00