Dreamcraft - Creative Studio
The Creative Studio, Produce creative artwork, ads, video, animation and craft. Also Teach Creative D
A new place to make your business to enhance, shine and beautiful with our creative design.
Dream craft Studio, Testing For Minecraft Movie.
17/09/2026
ဆားပုလင်းနှင်းမောင်နှင့် Hope of the World.
အခန်း (၁) — လမ်းမကြီးပေါ်က ဇာတ်ဝင်ခန်း
မောင်းနှင်သူမဲ့ကားလေးတစ်စီး၏ အရှေ့ခန်းတွင်ထိုင်လျှက်လိုက်ပါလာသော ဦးကိုကိုကြီးသည် ပြတင်းပေါက်ဘေးတွင် လက်ကိုတင်လျက် ပြင်ပလမ်းမကြီးကို ငေးကြည့်လျက်ရှိသည်။ "နှင်းမောင်ရေ… “ငါတို့ ဒီအခြေအနေထိရောက်လာတာမယုံနိုင်စရာပဲ" ဟု ဦးကိုကိုကြီးက စတင်ပြောဆိုလိုက်သည်။
မှန် နံရံများက နေရောင်ကို ရောင်ပြန်ဟပ်ပြီး၊ သစ်ပင်စိမ်းစိမ်းလေးများက လမ်းဘေးတလျှောက် စနစ်တကျ စိုက်ပျိုးထားကြောင်း တွေ့ရသည်။ ပြေပစ်ချောမွေ့သောလမ်းမကြီးကြောင့် ကားလေးကအရှိန်ပြင်းစွာ ပြေးလွှားလျက် " ဒါတွေက အားလုံးရဲ့ကြိုးစားအားထုတ်မှုတွေပေါ့ ဦးကိုကိုကြီးရာ" ဟု နှင်းမောင်က မှတ်ချက်ချလိုက်သည်။ "ဒါပေမယ့် ဒီလိုဖြစ်လာဖို့ ဘယ်နှစ်ဆယ်လောက် ကြာခဲ့ပြီလဲ"
"ဟာ… ဒါကတော့ ငါလည်း သတင်းခေါင်းစီးတွေကနေ ငယ်ငယ်ကတည်းက ဖတ်ဖူးတာပဲကွ" ဟု ဦးကိုကိုကြီးက ရယ်ကာ ပြောလိုက်သည်။ "ကားစက်ရုံကြီးတွေ ဒီမှာ ဆောက်ခဲ့တာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာ၊ ကမ္ဘာ့စီးပွားရေးကျပ်တည်းနေချိန်မှာ ဒီနေရာက ရှေ့ကို တစ်ထစ်ချင်း တက်လာတာ—ဒီအကြောင်းတွေက ခေါင်းစီးတွေမှာ အမြဲရေးထားတာချည်းပါပဲ"
"ခေါင်းစီးနဲ့ ဇာတ်လမ်းက မတူဘူးလေ ဦးကိုကိုကြီးရေ" ဟု နှင်းမောင်က ပြန်ပြောလိုက်သည်။ "ခေါင်းစီးတစ်ကြောင်းစီက ‘ဘာဖြစ်ခဲ့လဲ’ ကိုပဲ ပြောတတ်တယ်။ ‘ဘာကြောင့်’ နဲ့ ‘ဘယ်လိုကြိုးစားခဲ့ရလဲ” ဆိုတဲ့ အခန်းက ခေါင်းစီးထဲ မပါဘူးလေ"
ဦးကိုကိုကြီးက အံသြစွာဖြင့် "ဒါဆို… မင်းက ငါသိပြီးသားကို ထပ်ရှင်းပြမယ့် သဘောပဲပေါ့"
"ရှင်းပြတာမဟုတ်ဘူး စားမြုံပြန်တာပေါ့ ဆိုကာ" နှင်းမောင်က ပြင်ပလမ်းမကြီးကို ဆက်ကြည့်နေရင်း ပြောလိုက်သည်။ ကားလမ်းဘေးမှ ကားစက်ရုံကြီးတစ်ခု ဖြတ်သန်းသွားစဉ် သူ့လက်ညှိုးက ထိုနေရာကို ထိုးပြလိုက်သည်။ " ကမ္ဘာစီးပွားရေးတလွှားမှာ ကားထုတ်လုပ်မှုလုပ်ငန်းကြီးတွေ တစ်ခုနောက်တစ်ခု ရပ်ဆိုင်းသွားချိန်မှာ ဒီစက်ရုံကတော့ ဘာကြောင့် ဆက်လည်ပတ်နေနိုင်ခဲ့လဲ။ ကျွမ်းကျင်လုပ်သားတွေ ပြင်ပကလူတွေကို ဘယ်လိုဆွဲခေါ်ခဲ့ရတယ်ဆိုတာနဲ ကြားထဲက အကြောင်းအရာတွေကို ပြန်ပြောင်းစဥ်းစားနေမိတယ်။
ကားသည် စက်မှုဇုန်ကြီးတစ်ခုကို ဖြတ်သန်းစဉ် ဒေတာစင်တာကြီးများ တန်းစီလျက် တွေ့ရသည်။
"ဒီနေရာက မြန်မာနိုင်ငံက နည်းပညာကုမ္ပဏီတွေ စုစည်းထားတဲ့ Myanmar Silicon Valley တစ်ခုပေါ့။ "ကမ္ဘာ့နည်းပညာအထွတ်အထိပ် ကုမ္ပဏီတွေ ပြိုကွဲချိန်မှာ ဒီနေရာက လူငယ်တစ်စုက ရှေ့ကို ခုန်ထွက်နိုင်ခဲ့တာလေ"
"ဒါ ကအပြည့်အစုံ မဟုတ်သေးဘူး နည်းပညာသူဌေးတွေဖြစ်လာတာ တစ်နေ့တည်းနဲ့ မဟုတ်ဘူး ကမ္ဘာပေါ်မှာ ဒီနိုင်ငံလေးက ဘယ်လိုထိပ်တန်းရောက်ခဲ့လဲဆိုတာ ယုံနိုင်စရာတောင်မရှိဘူး
ဘောလုံးကွင်းအနီးရောက်ချိန် ဂျပန်၊ ကိုရီးယား ကျွမ်းကျင်လုပ်သားများကိုတွေရတယ် အလုပ်ရှာသူတွေ ဒီနိုင်ငံကို ဒီလောက်လိုချင်နေကြတာ" ဘာကြောင့်လဲ
သူ ရုပ်ရှင်ရုံကြီးတစ်ရုံရှေ့သို့ ရောက်သောအခါ "အော်စကာ ဆုပေးပွဲ“" ဟူသော ပိုစတာကြီးက သူ့ကို ငေးကြည့်နေသည်။ ကိုကိုကြီး ပြုံးမိသည်။ နောက်ဆုံးတွင် ဘုန်းကြီးကျောင်းတစ်ကျောင်းအနီးရှိ ပလက်ဖောင်းပေါ်တွင် ဗီဇာစောင့်ဆိုင်းနေသော ဒေသခံမဟုတ်သူများကို တွေ့ရသည်။
"ဒီအပိုင်းကတော့ ခေါင်းစီးထဲ လုံးဝမပါဘူးဗျ" ဟု နှင်းမောင်က အသံတိုးလိုက်သည်။
ဦးကိုကိုကြီးက တိတ်ဆိတ်သွားပြီး၊ ကားပြတင်းပေါက်အပြင်ဘက်ကို လှည့်ကြည့်လိုက်သည်။ "ဒီတော့ ခင်ဗျားလည်း သိသလို ငါလည်းသိတဲ့ ခေါင်းစီးကနေ ငါတို့ ဆက်စပ်ကြည့်ရအောင်" နှင်းမောင်က ကားတံတားကြီးတစ်ခုပေါ်သို့ တက်လာစဉ်မှာပင် ပြောလိုက်သည်။ မြို့တော်၏ အလင်းရောင်များက အောက်ခြေမှ တဖြည်းဖြည်းထွက်ပေါ်လာသည်ကို မော့ကြည့်မိလေသည်။
"ဒါက ကံကောင်းတာလား၊ ဒါမှမဟုတ် ဘယ်လိုတွေကြိုးစားအားထုတ်ခဲ့ရတာလဲ ဦးကိုကိုကြီးသည် အတွေးများစွာဖြင့် ရှေ့ကိုသာ ကြည့်နေဆဲ။ "အဲဒါကိုပဲ ဆက်ရှာရအောင်" ကိုနှင်းမောင်ဟုပြောလိုက်လေသည်
။
အပိုင်း (၂) ဆက်ရန်
16/09/2026
ဒီနေ့ပိုသဘောပေါက်လာတာက အေအိုင်ကိုမခိုင်းပါနဲ့
အေအိုင်ကိုမေးခွန်းတွေမေးပါဆိုတာပါပဲ။
ပထမတစ်ခုက အေအိုင်ကိုပုံထုတ်ခိုင်းတာဖြစ်ပြီး
ဒုတိယတစ်ခုကအေအိုင်ကိုလုပ်နည်းမေးထားတာဖြစ်ပါတယ်။
ကွာခြားချက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်မှာပါ။
အဲတော့ပစ်မခိုင်းပါနဲ့ အေအိုင်ကနေသင်ယူပါ။ အေအိုင်နဲ့ အလုပ်တွေအမြန်လုပ်နိုင်တဲ့နည်းတွေရှာပါ။
16/09/2026
မင်းဘေးကလူတွေကို ပြောင်းလဲလိုမရဘူး
ဒါပေမယ့် မင်းဘေးကလူတွေကိုပြောင်းပစ်နိုင်တယ်။
12/09/2026
ဘန်ကောက်သိုင်းကပိုကြမ်းတယ်။
Crd ပါ။
11/09/2026
အေအိုင်ခေတ်ဆိုတော့ အေအိုင်ကို စမ်းသုံးကြည့်ရင်းကနေ ဖန်တီးမှုထဲထည့်ကြည့်ရာမှာ မစစ်မှန်ဘူးလို့ ခံစားရတဲ့အတွက်။ တစ်ခါတစ်လေကိုယ်ဖန်တီးမှုကိုပါ ထိခိုက်လာတဲ့အတွက်။ ပုံပဲဆွဲဆွဲ စာပဲရေးရေး animation ပဲလုပ်လုပ်။ ဖန်တီးမှု စစ်စစ်တွေကိုပဲ ဒီ Page မှာဖော်ပြပါတော့မယ်။
အေအိုင်ကို တွန်းလှန်တာမဟုတ်ပဲ။ စာသောက်ဆိုင် စစ်စစ်ကြီးတွေမှာ အသင်စားခေါက်ဆွဲထုတ်ကိုမရောင်းသလိုမျိုးပါပဲ။
အခုချိန်ထိ အားပေးလာခဲ့သူတွေကို စစ်မှန်တဲ့ဖန်တီးမှုတွေပဲချပြချင်လို့ပါ။
အဲကြောင့် ဆက်လက်အားပေးကြပါအုံး မကြိုက်လည်းကျော်သွားပါ။ တစ်ကယ်အစစ်အမှန်အားပေးတဲ့သူ တစ်ယောက်လောက်ရှိရင်ကိုလုံလောက်ပါတယ်။
Dreamcraft
Crafting Dreams with Love and Art
Erasing အကြောင်းကိုအလွယ်တစ်ကူးနားလည်နိုင်အောင်။
လက်ဝင်ပေမယ့်။
Motion Graphics လေးပြုလုပ်ပေးလိုက်ပါတယ်။
အဓိကက Graph ပုံစံပါ သေချာနားလည်အောင် ထပ်ခါထပ်ခါကြည့်ပေးဖို့လိုပါမယ်။
နောက် Shortcut လေးတွေလည်း မှတ်ထားဖို့လိုပါမယ်။
07/09/2026
Category
Contact the school
Telephone
Website
Address
Pyin Oo Lwin, 12th Ward
Yangon
508012
Alerts
Be the first to know and let us send you an email when Dreamcraft - Creative Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.