KMT-Sharing KnowLedge

KMT-Sharing KnowLedge

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KMT-Sharing KnowLedge, Business Supply Service, Yangon.

08/01/2024

စီပွားရေး လုပ်မည်ဆိုလျှင် မဖြစ်မနေသိရမည့် အချက်အလက်များ(အပိုင်း-၁)
(၃ မိနစ် လောက်အချိန် ပေးပြီးတော့ သင့်ဘဝ ကိုပြောင်းလဲလိုက်ပါ။)
# # # # # # # # # # # # # # # # # # # # # # # # #

ဒါတွေမသိထားဖဲ စီးပွားရေးလုပ်မယ်ဆိုယင်ယောမရဘူးလား ဗျ/ရှင့် ?

အ‌ဖြေကတော့ရပါတယ် ✅
ဒါဆို ဘာဖြစ်သိထားဖို့ လိုတာလဲ?

ကိုယ်လုပ်မဲ့ စီးပွားရေ(Businesses)၊ကိုယ်လုပ်မဲ့ အလုပ် တွေမှာသူများတွေထက် ရှေ့ရောက်ချင်တယ်ဆိုယင် ❗
ဒါတွေကိုယ်သိထားပြီးတော့လိုက်နာကျင့် သုံးဖို့ လိုပါမယ်။ သိတော့ထားတယ် လိုက်နာမကျင့် သုံးပြန် ယင်လည်း ဒီဆင့်က‌နေ Next Lvl ကိုရောက်မှာမဟုတ်ပါဘူး ဆိုတော့ Next Lvl ကို ရောက်ချင်တဲ့ သူတွေ အတွက် ဘယ်နေရာဖဲဖြစ်ဖြစ် သူများထပ်ရှေ့ ကိုယ်ရောက်ချင်တယ်ဆို ယင် ဒီစာလေးကို ဆုံးအောင် ဖတ်လိုက်ပါ။ဥပမာများနှင့်တကွ ရှင်းပြပေးထားတာမလို့ နားလည်လွယ် မယ်လို့ထင်ပါတယ် နားမလည်တာရှိယင် cmt မှာဝင်မေးသွားလို့ရပါတယ်။

(၁)မိမိ ရဲ့ ပန်းတိုင် (သို့) ရည်မှန်းချက် ကို သေခြာချမှတ်ပါ။(Define Your Goal)
=========================
◾ ပထမဆုံးအနေဖြင့် မိမိ ကဘာဖြစ်ချင်တာလဲ ကိုယ်ကဘာကို လုပ်ချင်နေတာလဲဆိုတာကို ကွဲကွဲ ပြားပြား သိအောင် အရင်လုပ်ပါ။ဥပမာ-ကိုယ်က ဆိုင်လေးတစ်ဆိုင်ဖွင့်ချင်နေတာလား၊ကိုယ်ဖွင့်မဲ့ ဆိုင်က စတိုးဆိုင်လား၊ကော်ဖီဆိုင်လား၊မာလာရှမ်းကော နဲ့ ထိုင်းအစားအစာတွေ‌ရောင်းမဲ့ ဆိုင်လား ၊Online shop လုပ်ချင်နေတာလား ဒါမှမဟုတ် Freelance လုပ်ချင်တာလား ဆိုတာကိုသေသေခြာခြာကွဲကွဲ ပြားပြား သိအောင်အရင်လုပ် ပါ။ (အကြံပေးချင်တာ တစ်ခုကတော့ ပထမဆုံး ကိုရဲ့ စီးပွားရေ လုပ်ငန်းကိုယ် မိမိ တကယ် ကျွမ်းကျင်တဲ့ နယ်ပယ် ကနေပြီးတော့ စစေချင်ပါတယ်)

➡ ဘာလို့ သိအောင်အရင်ဆုံးလုပ်ခိုင်းသလဲဆိုတော့ ကိုယ်ရဲ့ ရည်မှန်းချက်၊ပန်းတိုင် သာမရှိခဲ့ယင် သူများကဟိုဟာလေးလုပ်လိုက်ပါလား ''ဒီဟာလေးလုပ်လိုက်ပါလား'' ဆိုတဲ့ ပါးစပ်ဖျားမှာ လမ်း မဆုံး သွာစေဖို့ဖြစ်ပါတယ်။ ကိုယ့်အရှေ့မှာစီပွားရေး လက်တွေ့လုပ်နေတဲ့သူတွေစီက အတွေ့အကြုံတွေကို မေးမြန်းစူးစမ်းတာကောင်း ပေမဲ့ ကိုယ့်စီမှာ ရည်မှန်း ချက်တွေ ပန်းတိုင်တွေ တော့ အရင်ရှိထားရပါမယ်။ချမှတ်ထားတဲ့ ပန်းတိုင် ကို လည်းမရောက်မခြင်း ဇွဲမလျော့ဖဲ သွားနိုင်အောင်ကြိုးစားရပါမယ် ✅

(၂)အတွေ့ကြုံရှိသူများထံမှ အကြံညာဏ်တောင်းခံပါ (သို့) ကျွမ်းကျင်ပညာရှင်များ စီမှသင်ယူပါ။
========================
◾ မိမိရဲ့ ပန်းတိုင်တွေရည်မှန်းချက်တွေကိုယ် သေသေခြာခြာ သိပြီသေသေခြာနားလည်ပြီဆိုတော့မှ ဒီအဆင့်ကိုယ်ပြုလုပ်ပါ ။ မဟုတ်ယင် ခုဏကပြောသလို ဖဲ သူများတွေရဲ့ ပါစပ်ဖျား မှာတင် လမ်းဆုံးသွားတက်ပါတယ်။ကိုယ့် အရှေ့က စီးပွားရေးကိုယ်လက်တွေ့လုပ်နေတယ် လုပ်နေတာကလည်းအနည်းဆုံး သုံးနှစ်လောက်ရှိပြီ ဆိုတဲ့သူတွေ ကိုယ်ဖဲ အဓိကထားပြီးအကြံညာဏ်တောင်းခံ စေချင်ပါတယ်။ ဥပမာ-မောင်မောင် နှင့် အောင်အောင် ဆိုတဲ့ လူ၂ယောက်ရှိတယ် ၂ယောက်လုံးက ဖုန်းsec ရောင်းကျတယ်။ မောင်မောင်က ဖုန်းsecond ရောင်းတာ ၃နှစ်လောက်ရှိပြီး အောင်အောင် ကတော့ ရောင်းတာ ၃လလောက်ဖဲရှိသေးတယ် ဆိုပါစို့ ဖုန်း second ရောင်း၀ယ်ခြင်း အတွေ့အကြုံ မှာ ဘယ်သူကပို ပြီးတော့ အတွေ့အကြုံ များမယ်လို့ သင် ထင်ပါသလဲ?
❗❗ ဒီနေရာမှာ ဘယ်သူက အကြံညာဏ်ကောင်းတွေကို ပိုပေးနိုင်မယ်လို့ထင်ပါသလဲ? နောက်ပြီး သတိထားဖို့တစ်ခုက သူကိုယ်တိုင်လည်း ဘာမှ မလုပ်ဖြစ် တစ်ကယ် အလုပ် လုပ်မဲ့ သူတွေကိုယ် လည်း သူတို့ အထင်နဲ့ ဆရာကြီးစတိုင်ဖမ်းနေတဲ့ သူတွေကိုတော့ အထူးရှောင်ရှားရပါမယ်။
အကြံညာဏ် ကောင်းတွေကို ပေး နိုင် မဲ့ ပုဂ္ဂိုလ် များမရှိယင် ဒီလုပ်ငန်းကို လုပ်ကိုင်နေသော ကျွမ်းကျင် ပညာ ရှင်များ စီမှာပညာသင်ယူပါ။ဥပမာ--- ကိုက ဖုန်းရောင်းချင်တယ်ဆိုပါ စို့ မိမိ ကအနည်းဆုံး တော့ ဖုန်းနှင့်ဆိုင်သော အခြေခံ အချက်များကို သိရှိပြီး မိမိ ဆိုင်သို့လာဝယ် သော Customer ကို နားလည်အောင်ရှင်းပြ နိုင်ရမှာဖြစ်သောကြောင့် ဖုန်းအကြောင်းကို ‘က ကနေ အ’ အထိ သိထားလျှင် ပိုကောင်း ပါတယ်။ ဖုန်းသင်တန်းများမှာလည်း ပေါများစွာပေါ်ပေါက်နေပြီ ဖြစ်ပြီ မိမိကိုယ်တိုင် စုံးစမ်းတက်ရောက်ခါ ပညာသင်ယူပြီး သည့်အခါမှာသာလျှင် မိမိ ရဲ့ စီးပွားရေးလုပ်ငန်းကို စတင်သင့်ပါတယ်။

(၃)မိမိ ရဲ့ ကုန်ပစ္စည်း (သို) ၀န်ဆောင်မှုအကြောင်း သိရပါမယ်(Understand Your Brand(or) Service)
========================
◾ မိမိရဲ့ ကုန်ပစ္စည်း အကြောင်း၊မိမိ ရဲ့ ဝန်ဆောင်မှု အကြောင်း သေသေခြာခြာမသိထားဘူးဆိုလျှင် ဘာမှရောင်းချလို့ရမှာမဟုတ် သလို စီးပွားရေးကလည်း ထင်သလောက် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။
➡ ဥပမာ-ကျနော်က ကွမ်းယာဆိုင်တစ်ဆိုင်ဖွင့်ထားတယ်ဆိုပါစို့။ ကိုယ်ရဲ့ကွမ်းဆိုင်မှာ ဘာ ဆေးအမျိုးအစားတွေတင်ထားသလဲ၊ ဘာတွေတော့ရှိတယ်၊ဘာတွေတော့မရှိဘူးဆိုတာ သိထားရပါတယ် မသိထားဘူးဆိုလျှင် စားသုံးသူ Customer ကလာမေးတဲ့အခါ လာဝယ်တဲ့အခါ ကိုယ်က သေခြာသေခြာ ပြန် မဖြေနိုင်တဲ့အတွက် စာသုံးသူကို စိတ်ကျေနပ်မှု အပြည့်အဝ ပေး နိုင်မှာမဟုတ် သလို စားသုံးသူကလည်းနောက်တစ်ခါ ဒီလိုဆိုင်မျိုးမှာကွမ်း ဝယ်စားဖို့ စဥ်းစားသွားပါလိမ့်မယ်။

နောက်ထပ် ဥပမာ တစ်ခုအနေနဲ့ကတော့ မိမိ က အလှမွေး ငါ ရောင်းတယ် ဆိုပါစို့ ငါးလာဝယ်တဲ့ CUSTOMER က ဘယ်ငါးအမျိုးအစား လိုချင်ပါတယ် ရှိပါသလားလို့ မေးတဲ့အခါ မိမိ က ကိုယ်ဆိုင်အကြောင်းသေခြာ သိထားတဲ့လူဆိုယင် ဘယ်ဟာတော့ရှိကြောင်း ဘယ်ဟာတော့မရှိကြောင်း ဘယ်ငါးလေးကတာ့ ပိုပြီးလှကြောင်း သေသေခြာခြာ ရှင်းပြနိုင်မှာဖြစ်ပြီးတော့ သေသေခြာခြာ မသိထားတဲ့လူဆိုယင်တော့ ဘာမှသေခြာအောင် မရှင်းပြနိုင်တဲ့အတွက် Customer က မိမိ ကို ယော မိမိ ဆိုင်ကိုယ် ပါ ယုံကြည်မှု ကင်းမဲ့ သွားစေ မှာဖြစ်ပါတယ် 😊 အထူးဂရုပြုသင့်ပါသည်။

❗ ဒီသုံးချက် ကိုယ် အရင်သိထားယင်ဖဲ မိမိ တို့ရဲ့လုပ်ငန်းတွေမှာ များစွာ အသုံးတည့်မှာဖြစ်ပါတယ်။မသိတာနားမလည်တာများရှိယင်လည်း Cmt မှာဝင်မေးသွားလို့ရပါတယ်
ဒီစာလေးက မိတ်ဆွေတို့အတွက်အသုံးတည်တယ် အသုံးဝင်တယ်ဆိုယင် Y လို့ မန့်သွားပေးလို့ရပါတယ်။
Part-2 ဆက်တင်ပေးပါမယ်ဗျ။

နောက်ထပ်စီးပွားရေးနဲ့ပတ်သက်တဲ့ အခြေခံအချက်များကိုယ် Free မျှဝေပးမှာမလို Page ကိုယ် Like and Follow လုပ်ထားလို့ရပါတယ်။ အဆုံးထိဖတ်ရှုပေးတာ အထူးပင်ကျေးဇူးတင်ရှိပါတယ်။

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when KMT-Sharing KnowLedge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.