First National Insurance

First National Insurance

Share

First National Insurance (General) Company Limited First National Insurance (FNI) was established in 2012.

With a Strong management team and insurance professional on board, FNI has set out to become the largest insurance provider in both the life and nonlife insurance industries. VISION: To be a leading Insurance Company in Myanmar Insurance Industry by fostering Industrial & Economic Growth as well as improving quality of peoples’ lives.

Photos from First National Insurance's post 23/09/2026

၂၀၂၆ ခုနှစ်၊ သြဂုတ်လအတွက် FNI (General) ၏ Manager of the Month & Employee of the Month ဆုရရှိခဲ့သူများကို ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာပေးလိုက်ပါတယ်။

18/09/2026

မီးလောင်ကျွမ်းမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် မိမိတို့ရဲ့ အိမ်၊ ဆိုင်၊ စက်ရုံနဲ့ ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးရမှု မရှိစေဖို့ မီးအာမခံထားရှိထားဖို့ တိုက်တွန်းပါရစေ။
မိမိတို့ အနှစ်နှစ်အလလစုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေကို
• မတော်တဆလောင်ကျွမ်းသောမီး
• အခြားမှကူးစက်လောင်ကျွမ်းသောမီး
• မိုးကြိုးပစ်ခြင်းကြောင့် လောင်ကျွမ်းသောမီး နှင့်
• အိမ်သုံးဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် လောင်ကျွမ်းသောမီးများကြောင့်ပျက်စီးခြင်း တို့လို ဘေးအန္တရာယ်များ အပြင် အခြားအပိုအကာအကွယ် (၁၁)မျိုးဖြင့်လည်း အာမခံအကာအကွယ်ရယူနိုင်ပါတယ်။
မီးအာမခံ နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက FNIG ရဲ့ website - https://www.fnigeneral.com တွင်လည်း ဝင်ရောက်လေ့လာနိုင်သလို Call Center Ph No. 019010900 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်တဲ့အပြင် Page (chat box) တွင်လည်း မေးမြန်းစုံစမ်းနိုင်ပါသည်။
'သောကကင်းဝေး စိတ်အေးစေနိုင် FNI’

Photos from First National Insurance's post 17/09/2026

ဧရာဝတီတိုင်းဒေသကြီးအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ARRESA) မှ ကြီးမှူးကျင်းပခဲ့သော (၁၃) နှစ်မြောက် နှစ်ပါတ်လည်နှင့် အသင်းသူ/အသင်းသားများ စုံညီညစာ စားပွဲအား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက် နေ့က ပုသိမ်မြို့ရှိ SWEN HOTEL တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဌ ဦးသန့်စင်မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး အိမ်ခြံမြေဝန်ဆောင်မှုအသင်း နာယက တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ Sponsor ပါဝင်ခဲ့ကျသော Company များအား ဧရာဝတီတိုင်းဒေသကြီး အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ARRESA) မှ အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် First National Insurance (General) Co., Ltd အနေဖြင့် Gold Sponsor အဖြစ် ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ပြီး အာမခံနှင့်ပတ်သက်သော အကြောင်းအရာများ ရှင်းလင်းပြောကြားဆွေးနွေးခဲ့သည့် အမှတ်တရပုံရိပ်များကို မျှဝေလိုက်ပါတယ်။
“လုံခြုံနွေးထွေးစွာကာကွယ်လျက်ပါမြန်မာ”

13/09/2026

"သင်၏ ပါဆယ်တိုင်းအတွက် ခိုင်မာသော အာမခံကာကွယ်မှု"
တစ်နေရာမှ တစ်နေရာသို့ ပစ္စည်းများ ပို့ဆောင်သည့်အခါ မြန်ဆန်ရုံမျှမကဘဲ လမ်းခရီးစဉ်အတွင်း မမျှော်လင့်ဘဲ ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ပျက်စီးမှုနှင့် ဆုံးရှုံးမှုအန္တရာယ် (Risks) များကို ကြိုတင်ကာကွယ်ထားရန် အထူးလိုအပ်ပါသည်။

ထို့ကြောင့် FNI Insurance အနေဖြင့် MGL Express နှင့် ပူးပေါင်း၍ ပစ္စည်းပို့ဆောင်သူ Customers များအတွက် စိတ်အေးချမ်းသာစွာ ဝန်ဆောင်မှုရယူနိုင်ရန် ပါဆယ် အာမခံ(Parcel Insurance) အကာအကွယ်ကို ပံ့ပိုးပေးလိုက်ပါသည်။

FNIG ၏ ကာကွယ်ပေးမှု ကတိကဝတ်
• တန်ဖိုးရှိ ပစ္စည်းများ လမ်းခရီးတွင် ပျက်စီးခြင်း သို့မဟုတ် ဆုံးရှုံးခြင်းများအတွက် သတ်မှတ်ထားသော အာမခံစည်းကမ်း ချက်များနှင့်အညီ စနစ်တကျ လျှော်ကြေးပေးအပ်ခြင်း။
• ပို့ဆောင်သူနှင့် လက်ခံသူ နှစ်ဦးစလုံးအတွက် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေကို လျှော့ချပေးပြီး စိတ်ဓာတ်ရေးရာ လုံခြုံမှုပေးခြင်း။
• FNIG ၏ စနစ်ကျသော အာမခံမူဝါဒများဖြင့် Customer များ၏ အကျိုးစီးပွားကို ထိရောက်စွာ အကာအကွယ်ပေးခြင်း။

📦 MGL Express မှ လျှင်မြန် လုံခြုံစွာ ပို့ဆောင်ပေးမည်။
🛡️ FNIG မှ အာမခံစည်းကမ်းချက်များနှင့်အညီ အပြည့်အဝကာကွယ်ပေးမည်။

တန်ဖိုးရှိတဲ့ ပစ္စည်းတွေ၊ အရေးကြီးတဲ့ ပစ္စည်းတွေ၊ မိသားစုနှင့် မိတ်ဆွေတွေဆီ ပို့မယ့် ပစ္စည်းများကို စိတ်ပူပင်မှုကင်းစွာဖြင့် အာမခံဝယ်ယူ၍ ပို့ဆောင်လိုက်ပါ။

ပါဆယ်အာမခံနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက FNI ရဲ့ website - https://www.fnigeneral.com တွင် လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။
Call Center Ph No. 019010900 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်တဲ့အပြင် Page (chatbox) တွင်လည်း မေးမြန်းစုံစမ်းနိုင်ပါတယ်။

'သောကကင်းဝေး စိတ်အေးစေနိုင် FNI’

11/09/2026

မိမိ၏ မော်တော်ယာဉ်အတွက် စိတ်အေးချမ်းသာစွာ မောင်းနှင်နိုင်ဖို့ Motor Vehicle Insurance က အပြည့်အဝ အကာအကွယ် ပေးထားပါသည်။
အကာအကွယ်ပေးထားသည့် ဆုံးရှုံးမှုများ ကတော့
 ယာဉ်မတော်တဆဖြစ်မှုနှင့် တိမ်းမှောက်မှုများ
 မီးလောင်မှု၊ ခိုးယူခံရမှုနှင့် မလိုတမာ ဖျက်ဆီးခံရမှုများ
 သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ယာဉ်ပေါ်သို့ ပစ္စည်းပြုတ်ကျမှုများ
 မိမိယာဉ်ကြောင့် အခြားသူများ (Third Party) ၏ ယာဉ်ထိခိုက်ပျက်စီးမှု၊ အသက်အန္တရာယ်နှင့် ဒဏ်ရာရရှိမှုများ
 မမျှော်လင့်ဘဲ ကြုံတွေ့ရနိုင်သည့် ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုများကို သက်သာစွာ ပြန်လည်ကုစားနိုင်ဖို့ အခုပဲ မော်တော်ယာဉ်အာမခံထားရှိထားပါ။
Motor Vehicle Insurance နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက FNIG ရဲ့ website - https://www.fnigeneral.com တွင်လည်း ဝင်ရောက်လေ့လာနိုင်သလို Call Center Ph No. 019010900 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်တဲ့အပြင် Page (chat box) တွင်လည်း မေးမြန်းစုံစမ်းနိုင်ပါသည်။
'သောကကင်းဝေး စိတ်အေးစေနိုင် FNI’

Photos from First National Insurance's post 10/09/2026

FNI (General) နှင့် Myanmar Fast Express တို့ MOU စာချုပ် လက်မှတ်ရေးထိုး
Parcel Insurance ကို မြန်မာ့ပထမဆုံးနှင့် တစ်ဦးတည်းမူပိုင်ခွင့်ရရှိထားသော FNI (General) နှင့် Myanmar Fast Express တို့ပါဆယ်အာမခံအတွက် လုပ်ငန်းအကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း MOU လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့က Park Royal Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ FNI (General) ၏ Head Of Direct Sale ဒေါ်တင်ဇာဝင့် က နှုတ်ခွန်းဆက်အမှာစကား ပြောကြားကာ Myanmar Fast Express နှင့် FNIG တို့ အတူတကွပူးပေါင်းဆောင်ရွက်ပြီး Parcel Insurance နဲ့ပါတ်သတ်၍ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအားဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် Myanmar Fast Express တာဝန်ရှိသူ ဒေါ်ဝင်းပပ မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ လက်မှတ်ထိုးပွဲအား ညနေ(3နာရီ 45 မိနစ်)ခန့်တွင်ရုပ်သိမ်းခဲ့ပါသည်။

လူကြီးမင်းတို့ရဲ့ တန်ဖိုးကြီးသောပစ္စည်းများ ပါဆယ်ပို့ဆောင်ရင်း မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ ကြုံတွေ့လာရတဲ့အခါ ပျက်စီးဆုံးရှုံးမှုတွေလျော့ပါးစေဖို့ Myanmar Fast Express မှာပါဆယ်ပို့ရင်း FNI (General) ရဲ့ပါဆယ်အာမခံ အကာအကွယ်နဲ့အတူ မြန်မာနိုင်ငံအနှံ့သို့ လုံခြုံစိတ်ချစွာ ပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ပါဆယ်အာမခံနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက FNI ရဲ့ website - https://www.fnigeneral.com တွင် လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

Call Center Ph No. 019010900 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်တဲ့အပြင် Page (chat box) တွင်လည်း မေးမြန်းစုံစမ်းနိုင်ပါသည်။

'သောကကင်းဝေး စိတ်အေးစေနိုင် FNI’

03/09/2026

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ 19 ရက် (ဗုဒ္ဓဟူးနေ့) က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄ လမ်း (၃၀ x ၃၁ လမ်းကြား) ရှိ Mini Cosmetics ဆိုင်‌ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ဆိုင်မှာ First National Insurance (General) Company Limited (FNIG) တွင် မီးအာမခံထားရှိထားသော ဆိုင်ဖြစ်ပါသည်။
ဖြစ်စဉ် ဖြစ်ပွားပြီးနောက် FNIG မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများ အမြန်ဆုံး ပြုလုပ်ခဲ့ပြီး၊ အာမခံထားသူ (Customer) ထံ အာမခံလျော်ကြေးငွေ အမြန်ဆုံး လွှဲပြောင်းပေးနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းစဉ်များကို ပူးပေါင်းစိစစ် ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ဖောက်ထွင်းခိုးယူခံရမှုအတွက် စုစုပေါင်း အာမခံလျော်ကြေးငွေ ကျပ် ၄,၀၃၇,၄၅၀/- (ကျပ် သိန်းလေးဆယ် ကျော်) တိတိကို အာမခံထားသူထံ အရောက် သွားရောက် ပေးလျော်ခဲ့ပြီး ဖြစ်ပါသည်။
အာမခံထားရှိသူများအနေဖြင့် မိမိ၏တန်ဖိုးထားရသောအရာများနှင့် ပတ်သက်၍ သောကကင်းဝေးပြီး စိတ်အေးချမ်းသာစေရန်နှင့် အာမခံအကြောင်းသိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်အတွက် First National Insurance (General) Co., Ltd. ၏ Call Center ဖုန်း 019010900 သို့ အမြန်ဆုံး ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
သောကကင်းဝေး စိတ်အေးစေနိုင် FNI

Photos from First National Insurance's post 01/09/2026

FNI (General) နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ (၂၀၂၆-၂၀၂၇) ဘောလုံးရာသီအတွက် Sponsorship စာချုပ်ချုပ်ဆိုခဲ့

FNI (General) နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ (၂၀၂၆-၂၀၂၇) ဘောလုံးရာသီအတွက် Sponsorship သဘောတူစာချုပ် ချုပ်ဆိုမှုအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ (၂၈) ရက်၊ နံနက်ပိုင်းက ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ FNI (General) ၏ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကိုကိုတင်ဝင်းနှင့် တာဝန်ရှိသူများ၊ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း၏ အမှုဆောင်အရာရှိချုပ် ဦးလွင်မိုးနှင့် အသင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ FNI (General) ၏ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကိုကိုတင်ဝင်း က နှုတ်ခွန်းဆက်အမှာစကား ပြောကြားကာ ယခုနှစ်ရာသီတွင် စာသင်ကျောင်းများ၌ ဘောလုံးလောကတိုးတက်စေရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး ခဲ့ကြပြီး၊ ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးလွင်မိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် Sponsorship သဘောတူစာချုပ်ကို အပြန်အလှန်လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရစုပေါင်း ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။

Photos from First National Insurance's post 28/08/2026

ရန်ကုန်စီးပွားရေးတက္ကသိုလ် (YUECO) မှ MBA ကျောင်းသား/သူများ၏ ( ၂ ) လတာ Internship အစီအစဉ် ပြီးမြောက်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ခြင်း
ရန်ကုန်စီးပွားရေးတက္ကသိုလ် (Yangon University of Economics) မှ MBA ကျောင်းသား/သူများအား FNIG တွင် ( ၂ ) လတာ လက်တွေ့လုပ်ငန်းခွင် သင်ယူလေ့လာမှု (Internship Program) လက်ခံဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ ( ၂ ) လတာကာလအတွင်း ကျောင်းသား/သူများသည် စီမံခန့်ခွဲမှုဆိုင်ရာ သီအိုရီများကို လက်တွေ့လုပ်ငန်းခွင် စိန်ခေါ်မှုများနှင့် ပေါင်းစပ်ပြီး -
သက်ဆိုင်ရာ ဌာနအသီးသီး၏ လုပ်ငန်းစဉ်များကို စနစ်တကျ လေ့လာခြင်း၊ Strategic Thinking & Problem Solving Skill များကို လက်တွေ့ အသုံးချခြင်း၊ ကုမ္ပဏီ၏ စီမံကိန်းများတွင် တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်ခြင်း တို့ကို ကြိုးစားအားထုတ်ကြခြင်းဖြင့် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါသည်။
FNIG အနေဖြင့် အနာဂတ် ခေါင်းဆောင်ကောင်းများ ဖြစ်လာမည့် လူငယ်မျိုးဆက်သစ်များကို အသိပညာ၊ အတတ်ပညာနှင့် လက်တွေ့အတွေ့အကြုံများ မျှဝေပေးနိုင်ခဲ့သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။
ကျောင်းသား/သူများ၏ အနာဂတ် စီးပွားရေးနှင့် စီမံခန့်ခွဲမှု နယ်ပယ် အသီးသီးတွင် ပိုမိုထူးချွန်ထက်မြက်သည့် ခေါင်းဆောင်ကောင်းများအဖြစ် အောင်မြင်မှုများစွာ ရရှိပါစေကြောင်း FNIG မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🎓✨
လုံခြုံနွေးထွေးစွာကာကွယ်လျက်ပါ မြန်မာ

# Internship_Program

25/08/2026

First National Insurance (General) Co.,Ltd ရဲ့ (၁၃) နှစ်တာခရီးနှင့်အတူ စုစုပေါင်း လျော်ကြေးငွေ (၄၅) ဘီလီယံ ပေးလျော်ခဲ့သည့် အောင်မြင်မှု မှတ်တိုင် 🎉
၂၀၁၃ ခုနှစ် မှသည် ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ (၁၃) နှစ်တာကာလအတွင်း FNI (General) အပေါ် ယုံကြည်စိတ်ချစွာ ပုံအပ်ခဲ့ကြတဲ့ ပေါ်လစီရှင်များအတွက် ကျွန်တော်တို့ အကောင်းဆုံး တာဝန်ကျေပွန်ခဲ့ပါတယ်။
(၁၃) နှစ်တာအတွင်း စုစုပေါင်း အာမခံလျော်ကြေးငွေ ကျပ် (၄၅) ဘီလီယံကျော် အထိ အချိန်နှင့်တပြေးညီ မှန်ကန်စွာ လျော်ကြေးပေးချေနိုင်ခဲ့ခြင်းဟာ ကျွန်တော်တို့ ကုမ္ပဏီအတွက် ဂုဏ်ယူစရာ မှတ်တိုင်တစ်ခုပဲ ဖြစ်ပါတယ်။
"ခက်ခဲချိန်မှာ အနီးကပ်ဆုံး ရပ်တည်ပေးခြင်း" ဟာ ကျွန်တော်တို့ရဲ့ အဓိကတာဝန်ဖြစ်တာကြောင့် ရှေ့ဆက်ရမယ့် အနာဂတ်မှာလည်း ဒီထက်မက ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ သင့်ဘဝနဲ့ ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်ပေးသွားမှာဖြစ်ပါတယ်။
သောကကင်းဝေး စိတ်အေးစေနိုင် FNI

Telephone

Address


Botahtaung
Yangon
11162

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30