PEACE ECCD Training Center

PEACE ECCD Training Center

Share

ကလေးများရဲ့အနာဂါတ်ကိုထုဆစ်နေသည့်မ?

18/04/2025

ခေတ်နှစ်ခုကြားက မိဘတွေ

ခုတလော အကြားများနေရတဲ့ ညည်းသံလေးတစ်ခုက
"အမေတို့နဲ့ သားလေးနဲ့ကြား အရမ်းစိတ်ညစ်ရတယ်" တဲ့

ဟုတ်ပါတယ်။ ဒါဟာ ခေတ်နှစ်ခုကြားက မိဘတွေရဲ့ စိတ်သောကတစ်ခုပေါ့။

အဘိုး အဘွားအရွယ်တွေနဲ့ အခု မြေးအရွယ်တွေရဲ့ generation gab ဟာ အရမ်းကြီးလွန်းပါတယ်။ တကယ့်အကြီးကြီးပါ။

အဘိုးတို့ခေတ်က ကိုယ်ကာယကိုအားကိုးတဲ့ခေတ်။ စကားဆိုပီပီသသလေးလေးနက်နက်ပြောရတဲ့ခေတ်။ digital တွေမရှိသေးပဲ စာအုပ်ကြီးတွေနဲ့ စာရှည်ကြီးတွေ ဖတ်တဲ့ခေတ်။ ကိုယ့်ပတ်ဝန်းကျင်လေးထဲမှာ လူဝင်ဆံ့လေးစားအောင်နေရတဲ့ခေတ်။ စောစောအိပ်လို့စောစောထရတဲ့ခေတ်။ ယဉ်ကျေးမှုကိုဦးစားပေးတဲ့ခေတ်။

မြေးတို့က digital နဲ့ရှေ့ဆက်နေရတဲ့ခေတ်။ မြန်မြန်ပြောပြီးမြန်မြန်လစ်နေရတဲ့ခေတ်။ စာအုပ်တွေက နားကျပ်တပ်ပြီး main point ကိုယူလို့ရတဲ့ခေတ်၊ ကမ္ဘာကြီးနဲ့မျက်ခြေမပျက်တန်းနေမှ လူဝင်ဆံ့တဲ့ခေတ်၊ နောက်ကျအိပ်လို့နောက်ကျထတဲ့ခေတ်။ လူ့အခွင့်အရေးကို အလေးထားတဲ့ခေတ်။

ဒီ‌ေခတ်နှစ်ခုဟာ အရှေ့နဲ့အနောက်လို လားလားမှမအပ်စပ်။ အဘိုးပြောသမျှ မြေးနားထဲတစ်လုံးမှမရောက် ၊ မြေးလုပ်သမျှ အဘိုး တစ်ခုမှစိတ်တိုင်းမကျ။

ဒီကြားထဲမှာ အလယ်က generation တစ်ခုဟာ

မိဘတွေအပေါ်အားနာတဲ့စိတ် အပစ်ရှိသလိုခံစားရတဲ့စိတ်

ကလေးတွေအပေါ် တာဝန်မကျေ မဖြည့်ဆည်းပေးနိုင်လို့ အားနာရတဲ့စိတ် ဒီစိတ်တွေကြား ပင်ပန်းရတာတွေဒုနဲ့ ဒေးပါပဲတဲ့။

You တို့ရော တွေ့ဖူး ကြုံဖူးကြသလား???
အတွေ့အကြုံလေးရှိရင် ရင်ဖွင့်ကြရအောင်ပါ။??

#မကြူ

10/02/2025

စိတ်ပူပန်စရာများထဲကာလကြီးထဲ ဘယ်လို နေထိုင်ကြမလည်း။🌎

စိတ်ပူပန်စရာတွေများနေလား....

ဒီလိုဆို စိတ်ပူပန်နေတဲ့တစ်ခုချင်းစီအတွက်

အဆင့်(၁) ဘာကိုစိတ်ပူနေတာလည်း သေချာသိအောင်လုပ်ပါ။ 🤔

အဆင့်(၂) စိတ်ပူနေတဲ့အရာအတွက် အဖြေ solution ကိုရှာပါ။🧐

အဆင့်(၃)ကိုယ်စိတ်ပူနေတဲ့အရာမှာ ကိုယ်ဖြေရှင်းလို့ရတဲ့အပိုင်းနဲ့ ကိုယ်‌ကိုင်တွယ်လို့မရတဲ့အပိုင်းကိုခွဲထုတ်လိုက်ပါ။🌛🌜

အဆင့်(၄) ပြီးရင် ကိုယ်ဖြေရှင်းလို့ရတဲ့၊ကိုယ်လုပ်လို့ရတဲ့အပိုင်းကိုစလုပ်ပါ။ 💪🏿🧑‍🔧

အဆင့်(၅) ကိုယ်controလုပ်လို့မရတဲ့ အပိုင်းအတွက် စိတ်ပူနေတာတွေကနေ လွှတ်ပေးလိုက်ပါ။💨💨💨

ဥပမာ အလုပ်အင်တာဗျူးအတွက် စိတ်ပူနေတယ်ဆိုပါစို့
ပထမ အဆင့် (၁)အနေနဲ့ ဘာကိုစိတ်ပူနေတာလည်းသိအောင်လုပ်ပါ။ အဆင့်မကောင်းမှာကိုလား။ မအောင်မှာကိုလား။ အောင်သွားလို့ အခြားနေရာပြောင်းရမှာကိုလား သေချာသိအောင်လုပ်ပါ။ အခြားနေရာပြောင်းဖို့ခက်ခဲနေတယ်ဆိုပါတော့။
အဆင့် (၂) စိတ်ပူနေတဲ့အရာရဲ့ solutionက အဆင့်ကောင်းအောင်ဖြေနိုင်ရမယ်။ အခြားနေရာမပြောင်းချင်ရတဲ့ အခက်အခဲကိုအင်တာဗျူးတဲ့သူတွေသေချာသိစေဖို့ပါ။
အဆင့် (၃) ကိုယ်လုပ်နိုင်တာက ဖြေဖို့‌ေသချာလေ့လာပြီး နယ်မသွားနိုင်တဲ့အခက်အခဲကို အင်တာဗျူးတဲ့သူတွေသိအောင်‌ေသချာပြောထားနိုင်ဖို့ပါပဲ။ ကိုယ်မလုပ်နိုင်တာက အင်တာဗျူးတဲ့သူတွေရဲ့အတွေးပဲပေါ့။
အဆင့် (၄) မေးတတ်တဲ့မေးခွန်းတွေလေ့လာ၊မေးမဲ့သူတွေအကြိုက်လေ့လာ၊ ဘယ်နေရာလောက်ဆိုကိုယ်သွားနိုင်မလည်း၊ ‌ဘယ်နေရာတွေအတွက် ခေါ်တာလည်းသိအောင်လုပ်ထားပြီး ကိုယ်အတွက်အခွင့်အလမ်းရှာပါ။
အဆင့် (၅) ကိုယ်အကောင်းဆုံးကြိုးစားခဲ့ပြီးပြီ၊ အဝေးသွားဖို့အခက်အခဲကိုပြောပြခဲ့ပြီးဖြစ်လို့ အကယ်၍ မလိုအပ်တဲ့ result ရလာခဲ့ရင်လည်း နောက်တစ်ခါထပ်ပေါ်လာမဲ့အခွင့်အရေးကြိုစောင့်ရုံပါပဲလေ။

စိတ်ပူပန်မှုကို ကိုယ်တိုင်ကျော်ဖြတ်နိုင်ကြပါစေ။
ချစ်တဲ့ တီချယ်ကြူ

26/09/2023

သင်တန်းတွေမပေးဖြစ်ပေမဲ့
ကလေးလေးတွေ တွေ့တိုင်း စကားပြောဖြစ်တိုင်း
ကြီးလာရင်ဘာဖြစ်ချင်လည်း။
ဘာလို့အဲဒါဖြစ်ချင်တာလည်း။
အဲဒါရဖို့ ဘယ်လိုလုပ်မလည်းလို့ ။

မေးကြည့်ဖြစ်ပါတယ်။

20/12/2022

ကလေးတစ်ယောက်အတွက်
မရှိမဖြစ်လိုအပ်တာ
၅ခုဆို ဘာတွေများလည်း။🧐🧐🧐

Photos from ရွှေကြူ's post 20/12/2022

စိတ်ဓါတ်ကောင်းတဲ့လူမျိုးလား....

01/02/2021
20/12/2020
13/12/2020
30/11/2020
22/11/2020
22/11/2020

Category

Telephone

Website

Address


Yangon

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when PEACE ECCD Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.