ROM Robotics
Training & Education ( Robotics, AI, Embedded ), Research & Deployment Company 09259288229
19/06/2026
စက်ရုံ၊ အလုပ်ရုံတွေ၊ Supermarket တွေ၊ Warehouse တွေနဲ့ စားသောက်ဆိုင် လုပ်ငန်းရှင်တိုင်း နေ့တိုင်း ခေါင်းခဲနေရတဲ့ အဓိက သောကက "လူအင်အား စီမံခန့်ခွဲမှု" ပါပဲ။
ကုန်ထုတ်လိုင်းပေါ်မှာ ထပ်တလဲလဲ လုပ်ရတဲ့အလုပ်တွေ၊ ကုန်ပစ္စည်းတွေကို နေရာရွှေ့ပြောင်း သိုလှောင်တာကအစ စားသောက်ဆိုင်တွေမှာ စားပွဲအရောက် အစားအသောက် လိုက်ပို့တာအထိ လူနဲ့ပဲ အချိန်ကုန်ခံ လုပ်နေရတဲ့အခါ...
နေ့စဉ် Error တွေ၊ အလေအလွင့်တွေနဲ့ အချိန်ကြန့်ကြာမှုတွေကို ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။
လူအင်အားအပေါ်မှာပဲ ရာနှုန်းပြည့် မှီခိုနေရတဲ့ လုပ်ငန်းတစ်ခုဟာ ဝန်ထမ်းအပြောင်းအလဲနဲ့ လူသားတို့ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် လုပ်ငန်းလည်ပတ်မှုအပိုင်းမှာ အမြဲတမ်း မတည်မငြိမ်ဖြစ်ပြီး ရုန်းကန်နေရတတ်ပါတယ်။
စီးပွားရေး အရှိန်မြှင့်ဖို့ဆိုတာ "လူ" ကို ပိုခိုင်းရမှာမဟုတ်ဘဲ "စနစ်" ကို ပြောင်းရမှာပါ
စာအုပ်ထဲက သီအိုရီတွေအတိုင်း လုပ်ငန်းတိုးချဲ့ဖို့ စဉ်းစားတဲ့အခါ လူအင်အား ပိုစိုက်ထုတ်ဖို့ပဲ အလွယ်တွေးတတ်ကြပါတယ်။
ဒါပေမဲ့ တကယ့်လုပ်ငန်းခွင် (Real World) မှာတော့ လူအင်အားများလာလေလေ စီမံခန့်ခွဲမှုစရိတ် (Overhead Cost) တွေ ပိုကြီးလာလေလေပါပဲ။
-စက်ရုံနဲ့ Warehouse တွေထဲမှာ ကုန်ပစ္စည်းတွေ သေချာမစီရီနိုင်လို့ နေရာမှားပြီး အချိန်ကုန်တာ
-Supermarket တွေမှာ Inventory စစ်ရတာ ကြန့်ကြာလို့ အရောင်းအဝယ် လွဲချော်တာ
-စားသောက်ဆိုင်တွေမှာ Order သွားတာ နောက်ကျလို့ Customer စောင့်ရတာ ကြာသွားတာတွေဟာ
သေးသေးမွှားမွှားထင်ရပေမဲ့ ရေရှည်မှာ လုပ်ငန်းရဲ့ အမြတ်အစွန်းကို တဖြည်းဖြည်း အားနည်းသွားစေတဲ့ အဓိကအချက်တွေ ဖြစ်ပါတယ်။
ဒီလိုငြီးငွေ့စရာကောင်းပြီး အချိန်ကုန်စေတဲ့ Routine (ထပ်တလဲလဲ)
အလုပ်တွေမှာAutomation Robots တွေကို အစားထိုးပစ်မယ်ဆိုရင် အပေါ်မှာ ဖြစ်နေတဲ့ပြသာနာတွေအားလုံးကိုဖြေရှင်းပြီးသားဖြစ်သွားမှာပါ။
ဘယ်လိုလုပ်ငန်းမျိုးတွေအတွက် အသုံးဝင်လဲ?
📦 Warehouse & Logistics (ဂိုဒေါင်နှင့် သိုလှောင်ရုံများ)
🛒 Supermarket & Retail (အရောင်းဆိုင်ကြီးများ)
🏨 Hotel & Restaurant (ဟိုတယ်နှင့် စားသောက်ဆိုင်များ)
နည်းပညာကို ရဲရဲဝံ့ဝံ့ အသုံးချနိုင်တဲ့ လုပ်ငန်းတိုင်းက စျေးကွက်မှာ ရှေ့ဆုံးက ရောက်နေတာ ဖြစ်ပါတယ်။
ဒီလို လုပ်ငန်းခွင်အသွင်ကူးပြောင်းမှုကို အကောင်အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ ROM က သင့်တော်တဲ့ Automation စနစ်တွေနဲ့ အကောင်းဆုံး ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်ထဲက လူအင်အားပြဿနာတွေကို ရဲရဲဝံ့ဝံ့ ဇာတ်သိမ်းပစ်ပြီး တကယ့်ကုန်ထုတ်စွမ်းအား (Results) တွေနဲ့ ရယူပေးနိုင်တဲ့ Robot တွေကို ဝယ်ယူချင်တယ်ဆိုရင် ROM Page လေးကို message လေး ပို့ထားနိုင်ပါတယ်ခင်ဗျာ
🌐 Website:
www.romdynamics.com
📧 Email: [email protected]
📞 Phone: 09250074005, 09250074008 သို့ ဆက်သွယ်နိုင်ပါတယ်။
15/06/2026
"Frontend လည်း ရတယ်၊ Backend လည်း သိတယ်၊ Database လည်း ကြားဖူးတယ်..."
နည်းပညာလောကမှာ အဖြစ်အများဆုံး ပြဿနာက "ကြားဖူးနားဝ" ရှိတာကို "ကျွမ်းကျင်တယ်" လို့ ထင်နေကြတာပါပဲ။
ဟိုစပ်စပ် ဒီစပ်စပ် သိနေပေမဲ့ တကယ်တမ်း Project တစ်ခုကို အစအဆုံး အမှားမပါအောင် တည်ဆောက်ပြပါဆိုရင်တော့ တော်တော်များများ လက်တွန့်သွားတတ်ကြတယ်။
ဒါကြောင့်ပဲ လူငယ်အတော်များများ Career မှာ ရှေ့မတိုးနိုင်ဘဲ "ယောင်ချာချာအဆင့်" မှာပဲ ဝဲလည်နေကြရတာပါ။
"သိတာ" နဲ့ "တတ်တာ" က လုံးဝမတူပါဘူး။
ကျောင်းမှာ အင်္ဂလိပ်စာကို ၁၀ နှစ်ကျော် သင်ခဲ့ပေမဲ့ စကားမပြောနိုင်ကြတာဟာ "သိရုံလောက်ပဲ" သိခဲ့လို့ပါ။
Developer တစ်ယောက်အတွက်လည်း ဒီအတိုင်းပါပဲ။
နည်းပညာအသစ်တွေကို စာအုပ်ထဲမှာပဲ ဖတ်နေ၊ Tutorial တွေပဲ လိုက်ကြည့်နေရင် အဲ့ဒါဟာ စမ်းတဝါးဝါးနဲ့ လမ်းပျောက်နေတာနဲ့ အတူတူပါပဲ။
တကယ်ကျွမ်းကျင်ချင်ရင်တော့ စနစ်တကျနဲ့ တစ်ဆင့်ချင်းစီ တည်ဆောက်ခဲ့တဲ့ Roadmap အစစ်အမှန် လိုပါတယ်။
အပေါ်ယံသိရုံနဲ့ Architecture တွေဆွဲတာဟာ သဲပေါ်မှာ အိမ်ဆောက်သလိုပါပဲ။ အုတ်မြစ်မခိုင်ရင် ဘယ်ချိန်မဆို ပြိုကျသွားနိုင်ပါတယ်။
Architecture ဆိုတာ ရမ်းသမ်းလုပ်ရမယ့်အလုပ် မဟုတ်ပါဘူး။ စနစ်တစ်ခုလုံးကို စီမံရမယ့်သူက "ကြားဖူးရုံ" နဲ့ ဆုံးဖြတ်ချက်ချရင် အဲ့ဒါဟာ အန္တရာယ်ကြီးပါတယ်။ လက်တွေ့လုပ်ငန်းခွင်မှာ စကားပြောတာက Theory တွေမဟုတ်ဘူး၊ "အကွက်စေ့စေ့ တည်ဆောက်နိုင်တဲ့ စွမ်းရည်" ပဲ ဖြစ်ပါတယ်။
Build Better, Build Real.
အပေါ်ယံ ဗဟုသုတတွေထက် တကယ့်လုပ်ငန်းခွင်မှာ အသက်ဝင်တဲ့ နည်းပညာရှင်ဖြစ်ဖို့ဆိုတာ ကိုယ့်ရဲ့ အခြေခံအုတ်မြစ်ကို ကိုယ်တိုင်ပဲ ပြန်စစ်ဆေးရမှာပါ။
ဒါမို့ ဒီ မေးခွန်းလေးပြန်မေးကြည့်ပါ….
ညီငယ် ညီမငယ်တို့က အကုန်သိနေတဲ့ Developer လား?
ဒါမှမဟုတ် တကယ်တတ်တဲ့ Builder လား?
11/06/2026
နည်းပညာလောကမှာ အလှပဆုံး Code တွေ၊ အကောင်းဆုံး Device တွေနောက်ကွယ်မှာ ဘယ်သူမှ မမြင်နိုင်တဲ့ "အမှိုက်ပုံ" ကြီးတစ်ခု ရှိပါတယ်။
အဲ့ဒါကတော့ အလုပ်မလုပ်လို့ လွှင့်ပစ်ခဲ့ရတဲ့ Circuit Board တွေ၊ မီးလောင်သွားတဲ့ Component တွေနဲ့ အဖြေရှာမရဘဲ လမ်းပျောက်ခဲ့ရတဲ့ ညပေါင်းများစွာပါပဲ။
လူတိုင်းက အောင်မြင်မှုကိုပဲ မြင်ချင်ကြပေမဲ့ ကျရှုံးမှုတွေကိုတော့ ဘယ်သူမှ ရင်ဆိုင်ဖို့ အားမသန်ကြပါဘူး။
တကယ်တော့ အဲ့ဒီ "ကျရှုံးမှု" တွေကနေ သင်ခန်းစာ မယူနိုင်ခဲ့ရင် ညီတို့၊ ညီမတို့ရဲ့ Career က အပေါ်ယံ Theory တွေကြားမှာပဲ တစ်သက်လုံး လည်နေပါလိမ့်မယ်။
စာအုပ်ထဲကအတိုင်း Circuit ဆွဲတယ်၊
ဒါပေမဲ့ Production ထဲရောက်ရင် ဘာလို့ အလုပ်မလုပ်တာလဲ? Component တွေက ဘာလို့ ခဏခဏ ပျက်နေတာလဲ?
အဖြေက ရှင်းပါတယ်။
စာအုပ်ထဲက Perfect ဖြစ်နေတဲ့ သီအိုရီတွေဟာ တကယ့်အပြင်က Noise တွေ၊ Volt အတက်အကျတွေနဲ့ ရုန်းကန်ရတဲ့ လုပ်ငန်းခွင်(Real World) နဲ့ အမြဲတမ်း ကွဲလွဲနေတတ်လို့ပါပဲ။
ဒီလို Real-world စိန်ခေါ်မှုတွေကို ကိုယ်တိုင်မကြုံဖူးဘဲနဲ့တော့ တကယ့် Engineer စစ်စစ်တစ်ယောက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။
အမှားတွေကို ကြောက်နေသရွေ့တော့ တန်ဖိုးရှိတဲ့ "အတွေ့အကြုံ" ဆိုတာ ဘယ်တော့မှ ရလာမှာ မဟုတ်ပါဘူး။
အဲ့ဒီ ကျရှုံးခဲ့တဲ့ Board ပေါင်း ရာနဲ့ချီ၊ မီးလောင်ခဲ့တဲ့ Circuit ပေါင်း များစွာကနေ ရလာတဲ့ ၉ နှစ်စာ အတွေ့အကြုံတွေဟာ ROM ရဲ့ အနှစ်သာရပါပဲ။
ကျွန်တော်တို့ ROM မှာ အပြောထက် အလုပ်ကို ဦးစားပေးပြီး "အမှား" တွေကြားကနေ "အမှန်" ကို ဘယ်လိုဖန်တီးရမလဲဆိုတာကိုပဲ သက်သေပြခဲ့ကြတာပါ။
ဒါကြောင့်မို့လို့ ကျွန်တော်တို့ ROM Team အနေနဲ့ Production (တကယ့်လက်တွေ့ ထုတ်လုပ်မှု) လုပ်ငန်းစဉ်တွေမှာ ဒီလို ကျရှုံးမှုတွေကနေ ရလာတဲ့ အဖိုးတန် သင်ခန်းစာတွေကို အသုံးချပြီး၊ ပိုမိုခိုင်မာဆန်းသစ်တဲ့ နည်းပညာတွေနဲ့ ဆက်လက် တည်ဆောက်လျက် ရှိပါတယ်။
ကျရှုံးမှုတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး တကယ့်ရလဒ် (Results) တွေနဲ့ စကားပြောချင်တယ်ဆိုရင်တော့...
ROM ရဲ့ ၉ နှစ်တာ ခရီးစဉ်ကနေ ထွက်ပေါ်လာမယ့် Production Insights တွေကို Page ကနေ ဆက်လက် စောင့်ကြည့်ပေးကြပါဦး။
Microservices တွေမှာ အသုံးများတဲ့ Containerization ကို Robotics Software Ecosystem ပေါ်မှာ ဘယ်လို အသုံးချမလဲ?
ကိုယ့်စက်ထဲမှာတော့ Run နေတာ အလုပ်လုပ်တယ်၊ ဒါပေမယ့် hardware Robot ပေါ်တင်လိုက်မှ ဘာလို့ လစ်သွားတာလဲ?
တကယ် Production-grade Product တစ်ခုအဖြစ် ပြောင်းလဲဖို့ဆိုရင် CPU ရဲ့ Instruction set တွေမတူတာ၊ Runtime Environment မတူတာတွေကြောင့် ပြဿနာကို ရှင်းရပါမယ်။
ဒါကြောင့် Web Development နဲ့ Microservices နယ်ပယ်မှာ အောင်မြင်ပြီးသား Containerization (Docker) စနစ်ကို Robotics ရဲ့ ROS (Robot Operating System) Ecosystem ပေါ်မှာ သုံးကြည့်ဖို့ဖြစ်လာပါတယ်။ နောက်ပိုင်း AI/ML Ops ဘက်မှာလည်း dependency ထိန်းနိုင်ဖို့ isolated ဖြစ်အောင်ကိုင်တွယ်နိုင်ဖို့ အရေးကြီးလာပါပြီ။
Containerization (Docker) ဆိုတာ ဘာလဲ?
လူတော်တော်များများက Docker ကို Virtual Machine (VM) တွေလိုမျိုး OS အပြည့်အစုံကြီး Run ရတာလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။
Container ဆိုတာ ရှိပြီး host ရဲ့ Linux Kernel သို့မဟုတ် window kernel ကိုပဲ မျှပြီးသုံးတာပါ။ Container ထဲမှာ kernel image မပါပါဘူး။
သူ့ထဲမှာ ကို့ Software အလုပ်လုပ်ဖို့ လိုအပ်တဲ့ Code၊ Library နဲ့ Dependencies တွေကိုပဲ သီးသန့်ခွဲထုတ် isolate လုပ်ထားတဲ့ white box environment တစ်ခုပါ။ ဒီ box က ဘယ်စက်မှာပဲသွားဖွင့်ဖွင့် အတွင်းထဲက Environment က ပုံသေဖြစ်နေတဲ့အတွက် Environment မတူလို့ Error တက်တာမျိုး မရှိတော့ပါဘူး၊ ဒါမယ့် ဒီ box ကို တည်ဆောက်တဲ့အခါ အသုံးပြုတဲ့ CPU Architecture (amd လား၊ arm လား) တော့ ထည့်စဥ်းစားရပါမယ်။
🧩 Robotics Ecosystem ပေါ်မှာ ဘယ်လို အသုံးလို့ရလဲ?
Monolith ကနေ Microservices သို့ ခွဲထုတ်ခြင်း (Decoupling Stack)
အရင်က ROS Node တွေအားလုံး (Navigation, Perception, Control) ကို Monolith ပုံစံမျိုး စက်တစ်လုံးတည်းမှာ အစုလိုက်အပြုံလိုက်ကြီး Run ခဲ့ကြပါတယ်။ Package တစ်ခု Version လွဲတာနဲ့ Software Stack တစ်ခုလုံး အလုပ်မလုပ်တော့ဘူး။
အာ့တော့ စနစ်ကြီးတစ်ခုလုံးကို သီးခြားစီ အလုပ်လုပ်တဲ့ Microservices အဖြစ် ခွဲထုတ်ပစ်လိုက်ပါတယ်။ ဥပမာ - Navigation အတွက် Container တစ်ခု၊ Camera/LiDAR Processing အတွက် Container တစ်ခု သက်သက်စီ ခွဲလိုက်ပြီး Node တွေအချင်းချင်း ဆက်သွယ်ဖို့ Intra_Process/ Inter Process တွေကို အသေးစိတ်ကိုင်တွယ်ရပါတယ်။
အာ့မှ တစ်ခု Error တက်ပြီး Crash ဖြစ်ရင်တောင် ကျန်တဲ့စနစ်တွေက ပုံမှန်အတိုင်း ဆက် Run နေမှာဖြစ်ပြီး တက်တဲ့ ပြသနာက navigation ဘက်ကလား၊ simulation world ဘက်ကလား၊ စသဖြင့် debug လိုက်ရပိုပြီး လွယ်သွားပါတယ်။
Docker ရဲ့ အမိုက်ဆုံးအချက်က တော့ Simulation စမ်းလို့ရသွားရရင် Development စက်က Container တွေကို Production Hardware Robot ပေါ်ကို ဒီတိုင်း copy ကူးတင်လိုက်ရုံပါပဲ။
09/06/2026
နည်းပညာလောကထဲကို စတင်ခြေချတဲ့အခါ အခက်ခဲဆုံးက "ဘယ်လမ်းကို သွားရမလဲ" တိတိကျကျ မသိတာပါပဲ။
အခုခေတ်က AI ခေတ်ဖြစ်လို့ လေ့လာစရာ Knowledge Sharing တွေက အင်တာနက်ပေါ်မှာ အလကားရနိုင်ပေမဲ့၊ အဲ့ဒီ အချက်အလက်တောင်ပုံရာပုံကြားမှာ ဘယ်ဟာက ကိုယ့်အတွက် တကယ်အသုံးဝင်လဲ၊ ဘယ်ဟာက အချိန်ကုန်စေမလဲဆိုတာ ခွဲခြားဖို့က အရမ်းခက်ခဲပါတယ်။
ဘယ်ကစလို့ ဘယ်လိုသွားရမှန်း မရေရာတဲ့အခါ ညီငယ်/ညီမငယ်တို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ ငွေကြေးတွေက Trial and Error တွေကြားမှာတင် ပျောက်ဆုံးသွားတတ်ပါတယ်။
ဒီလိုတွေမဖြစ်အောင် အစ်ကိုတို့ ROM ကနေ အတတ်နိုင်ဆုံး အထိရောက်ဆုံးဖြစ်မယ့် Shortcut တွေကို မျှဝေပေးနေတာ ဖြစ်ပါတယ်။
Shortcut ဆိုတာ ဖြတ်လမ်းနည်းနဲ့ သွားတာမျိုးမဟုတ်ဘဲ၊ တကယ်ထိရောက်မယ့် လမ်းကြောင်းကို ဆိုလိုတာပါ။
အစ်ကိုတို့ ကိုယ်တိုင် ၉ နှစ်တာကာလပတ်လုံး လမ်းမှားတွေ၊ Error တွေနဲ့ နပန်းလုံးရင်း ရလာတဲ့ "အဖိုးတန် သင်ခန်းစာ" တွေကို ညီတို့အတွက် အထိရောက်ဆုံး လမ်းပြမြေပုံတစ်ခု (Roadmap) အဖြစ် ပြောင်းလဲပေးလိုက်တာပဲ ဖြစ်ပါတယ်။
ဒါဟာ စာအုပ်ထဲက Theory တစ်ကြောင်းထက် လုပ်ငန်းခွင်ထဲက Logic တစ်ခုက ညီတို့ရဲ့ Career ကို ပိုပြီး ခရီးရောက်စေနိုင်လို့ပါ။
ဒါကြောင့် စမ်းတဝါးဝါး လမ်းရှာရတဲ့ အချိန်တွေကို ဒီမှာတင် အဆုံးသတ်လိုက်ပါ။
ကျွန်တော်တို့ ROM Team အနေနဲ့ အပြောသက်သက်မဟုတ်ဘဲ၊ လက်တွေ့ကမ္ဘာမှာ တကယ်အလုပ်လုပ်ပြနိုင်တဲ့ Engineers & Builders တွေအဖြစ် ရပ်တည်နေတာ ဖြစ်လို့ စာတွေ့သက်သက်ထက် ပိုမိုခိုင်မာတဲ့ Real-world Logic တွေကို ညီတို့ဆီ အမှန်ကန်ဆုံး လက်ဆင့်ကမ်းပေးသွားမှာပါ။
နည်းပညာလောကမှာ ယောင်ချာချာ ဖြစ်မနေစေဘဲ အတိုဆုံးနဲ့ အထိရောက်ဆုံး လမ်းကြောင်းပေါ် ရောက်သွားသူတဲ့ ညီငယ် ညီမငယ်များဆို အကိုတို့ Page လေးကို Like & See First လုပ်ထားဖို့လိုပါမယ်ခင်ဗျာ။
ရှေ့ဆက်ပြီးတော့လည်း Page ကနေတစ်ဆင့် အကိုတို့ရဲ့ Production Insights တွေနဲ့ Real-world Logic တွေကို စဉ်ဆက်မပြတ် ဝေမျှပေးသွားဖို့ရှိလို့ပါ။
အပေါ်ယံဗဟုသုတတွေထက် ခိုင်မာတဲ့ အုတ်မြစ်တစ်ခုကို ROM နဲ့အတူ အတူတူ တည်ဆောက်ကြမယ်။
06/06/2026
နည်းပညာလောကမှာ စကားလုံးလှလှလေးတွေနဲ့ အပြောကောင်းဖို့ထက် လက်တွေ့ကျတဲ့ System တစ်ခုကို တည်ငြိမ်အောင် ဆောက်နိုင်ဖို့က ပိုအရေးကြီးပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ROM မှာ အပြောထက် အလုပ်ကို ရှေ့တန်းတင်ပါတယ်။
Theory တွေအကြောင်း နာရီပေါင်းများစွာ ဆွေးနွေးနေတာထက် Code တစ်ကြောင်း၊ Circuit တစ်ခုကနေ တကယ့် Production ထဲမှာ ဘယ်လိုအလုပ်လုပ်ပြမလဲဆိုတာကိုပဲ သက်သေပြချင်တာပါ။
အခုအချိန်မှာ ကျွန်တော်တို့ သင်တန်းသားအသစ် လက်ခံခြင်းကို ရပ်နားပြီး Production ပိုင်းကိုပဲ အာရုံစိုက်နေတာဟာ အပြောသက်သက်မဟုတ်တဲ့ "ရလဒ်" တွေကို ဖန်တီးချင်လို့ပါ။
ကျွန်တော်တို့က နည်းပညာကို စာအုပ်ထဲမှာပဲ ထားခဲ့မယ့်သူတွေ မဟုတ်ဘဲ၊ လက်တွေ့လောကထဲမှာ တကယ်ပြောင်းလဲပေးနိုင်မယ့် Builders တွေကိုပဲ စုစည်းချင်တာပါ။
ဒါကြောင့် ROM မှာ လှပတဲ့ စကားလုံးတွေအစား အနှစ်သာရရှိတဲ့ Architecture တွေနဲ့ Infrastructure တွေကိုပဲ မြင်တွေ့ရမယ်။
သင်တန်းပြန်ဖွင့်တဲ့အခါမှာလည်း စာတွေ့ထက် ကျွန်တော်တို့ လက်ရှိ Build နေတဲ့ Production Insights တွေကိုပဲ အဓိကထား ဝေမျှပေးသွားမယ်။
ဒီတော့... ကိုယ့်ရဲ့ Career ကို စကားလုံးတွေနဲ့ပဲ တည်ဆောက်မှာလား?
ဒါမှမဟုတ် အများက အသိအမှတ်ပြုရမယ့် လုပ်ရပ် (Results) တွေနဲ့ သက်သေပြမှာလား?
တကယ့် Mastermind တစ်ယောက်အဖြစ် လက်တွေ့အကောင်အထည်ဖော်ချင်တဲ့ "နည်းပညာရှင်စစ်စစ်" တွေအတွက်တော့ ROM ရဲ့ တံခါးက အမြဲဖွင့်ထားလျက်ပါ။
လက်ရှိမှာတော့ ကျွန်တော်တို့ရဲ့ Production Lab ထဲမှာ အကောင်းဆုံးတွေအပိုင်း ဖန်တီးနေလို့ ခဏတာ စောင့်ဆိုင်းပေးကြပါဦး။
စကားလုံးတွေထက် ရလဒ်နဲ့ စကားပြောမယ့်နေ့မှာ ပြန်ဆုံကြမယ်။
04/06/2026
လွန်ခဲ့တဲ့ ၉ နှစ် ၂၀၁၇ ခုနှစ်တုန်းက ကျွန်တော်တို့ဆီမှာ ရှိတာဆိုလို့ "နည်းပညာနဲ့ တစ်ခုခုကို ပြောင်းလဲပစ်ချင်တဲ့ စိတ်ကူး" ရယ်၊ Error တွေကြားမှာ ဖြတ်သန်းခဲ့တဲ့ ညပေါင်းများစွာရယ်ပဲ ရှိခဲ့တာပါ။
ROM ဆိုတာ စာသင်ခန်းတွေထဲက စခဲ့တာမဟုတ်ဘဲ၊ ဝါသနာတူသူငယ်ချင်းတစ်စုရဲ့ Workshop လေးထဲကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
စခဲ့တဲ့နေ့ကစလို့ ဒီနေ့အထိ ကျွန်တော်တို့ မပြောင်းလဲဘဲ ဆုပ်ကိုင်ထားတဲ့အရာတစ်ခုရှိပါတယ်။
အဲ့ဒါကတော့ "တကယ့် လက်တွေ့ကမ္ဘာမှာ အသုံးဝင်မယ့် နည်းပညာကိုပဲ ဖန်တီးမယ်" ဆိုတဲ့ ခံယူချက်ပါ။
ကျွန်တော်တို့ဟာ အမြဲတမ်း ဖန်တီးတီတွင်ပြီး နိုင်ငံတကာ နည်းပညာတွေကို အမှီလိုက်နိုင်တဲ့ Enginner Builders တွေ အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်
ပြောရရင် Arduino လေးတွေနဲ့ စက်ရုပ်လက်တံလေးတွေ လုပ်ရာကနေ အခုဆိုရင် အဆင့်မြင့် AI Infrastructure တွေ၊ Cloud Systems တွေနဲ့ ရှုပ်ထွေးတဲ့ Robotics နယ်ပယ်တွေအထိ .....
မြန်မာနိုင်ငံမှာ ပထမဆုံးနည်းပညာတွေ လုပ်နိုင်သူတွေနဲ့ လျှောက်လှမ်းလာခဲ့တာ ၉ နှစ်ဆိုတဲ့ ကာလအတွင်းမှာ နည်းပညာတွေ အလီလီပြောင်းလဲခဲ့သလို၊ ROM ကလည်း အကြိမ်ကြိမ် Upgrade ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အဓိက Standard ကတော့ "စာသင်ပေးရုံသက်သက်" မဟုတ်ခဲ့ပါဘူး။
ကျွန်တော်တို့ကိုယ်တိုင် Production ထဲမှာ ရုန်းကန်နေရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး နည်းပညာလောကထဲကို ခြေလှမ်းသစ်လှမ်းမယ့်သူတွေအတွက် "အစစ်အမှန်ဆုံး Shortcut" တွေကိုပဲ ဝေမျှပေးချင်ခဲ့တာပါ။
၂၀၁၇ ကနေ ၂၀၂၆ အထိ ကျွန်တော်တို့နဲ့အတူ ရှိနေပေးခဲ့တဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ROM ဆိုတာ နည်းပညာကို ချစ်မြတ်နိုးတဲ့သူတွေ စုစည်းရာ နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမှာပါ။
ကျွန်တော်တို့ရဲ့ ခရီးစဉ်က ဒီမှာတင် ရပ်မနေပါဘူး။ ပိုမိုနက်ရှိုင်းတဲ့ Production တွေ၊ ပိုမိုခိုင်မာတဲ့ Innovation တွေနဲ့အတူ မြန်မာ့နည်းပညာလောကမှာ ခိုင်ခိုင်မာမာ ဆက်လက်ခြေလှမ်းသွားဦးမှာ ဖြစ်ပါတယ်။
01/06/2026
မြန်မာနိုင်ငံမှာ Robot တွေကို စတင် တီထွင်နိုင်ခဲ့တဲ့ ရလဒ်တွေနဲ့အတူ ROM ဆိုပြီး ၂၀၁၇ ကတည်းက ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့တာပါ။
သင်တန်းတွေ မဖွင့်ခင်ကတည်းကရော၊ ဖွင့်လှစ်သင်ကြားနေတဲ့ သက်တမ်းတစ်လျှောက်လုံးမှာရော ကျွန်တော်တို့ရဲ့ Production နယ်ပယ်က Project တွေဟာ တစ်ရက်မှ ရပ်တန့်မသွားဘဲ အမြဲတမ်း အရှိန်အဟုန်နဲ့ လည်ပတ်နေခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် အခု ၂၀၂၆ ရဲ့ ကျန်ရှိနေတဲ့ အချိန် ၆လကိုလည်း ကျွန်တော်တို့ရဲ့ အဓိက Root ဖြစ်တဲ့ Production အပိုင်းတွေကိုပဲ သီးသန့် အပြည့်အဝ ဇောက်ချလုပ်ကိုင်တော့မှာဖြစ်လို့
လက်ရှိဖွင့်လှစ်ပြီးဖြစ်တဲ့ AI Engineering Campus အတန်းလေးကို Certificate ပေးအပ်ခြင်းနဲ့အတူ... သင်တန်းအပ်နှံခွင့်အားလုံးကို ၂၀၂၆ နှစ်ကုန်အထိ အပ်နှံခွင့် ပိတ်လိုက်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
သင်တန်းတွေ ခေတ္တပိတ်ထားပေမဲ့... "Real Results from Real Engineers" ဆိုတဲ့အတိုင်း လက်တွေ့နယ်ပယ်က တီထွင်ဖန်တီးမှုတွေကို Knowledge Sharing အနေနဲ့ အခွင့်အခါ သင့်တိုင်း Page ကနေ စဉ်ဆက်မပြတ် ဆက်လက် ဝေမျှပေးသွားမှာပါ။
18/05/2026
ကိုယ်တိုင် Code ရေးရင်း၊ ဒါမှမဟုတ် စနစ်တစ်ခုကို တည်ဆောက်ရင်း Error တက်လာလို့ Google ခေါက်၊ StackOverflow မွှေ၊ ChatGPT ကို အထပ်ထပ်မေးပြီး (၃) ရက်လောက် ခေါင်းစားသွားရတဲ့ ပြဿနာမျိုး ကြုံဖူးလား?
ဒါပေမဲ့... အဲဒီပြဿနာကိုပဲ ကိုယ့်ထက် အတွေ့အကြုံများတဲ့ Mentor ဒါမှမဟုတ် လုပ်ငန်းခွင်က Senior တစ်ယောက်ကို လှမ်းမေးလိုက်တဲ့အခါ ၅ မိနစ်တည်းနဲ့ "အော်... အဲဒါ ဒီနေရာလေးက Config လွဲနေတာ၊ ဒီလိုပြင်လိုက်" ဆိုပြီး ချက်ချင်း အဖြေထွက်သွားတတ်ပါတယ်။
ဒါက ဘာကိုပြနေတာလဲဆိုတော့ IT လောကမှာ "ကိုယ် ဘာသိလဲ (Skill)" ဆိုတာအပြင် "ကိုယ် ဘယ်သူ့ကို သိလဲ (Network & Mentorship)" ဆိုတာက တကယ့်လက်တွေ့မှာ အများကြီး ပိုအရေးပါနေလို့ပါပဲ။
အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ၊ ဝင်ငွေကြမ်းတဲ့ Freelance Project တွေဆိုတာ များသောအားဖြင့် CV Form တွေကနေတစ်ဆင့် လာတာထက် ကိုယ်ယုံကြည်ရတဲ့ အချိတ်အဆက်တွေ (Connections) ကနေတစ်ဆင့် Referral အနေနဲ့ လာကြတာချည်းပါပဲ။
ဒါဆို အစ်ကိုတို့ Network တွေ၊ အကူအညီတောင်းလို့ရမယ့် Connection တွေကို ဘယ်ကနေ စတည်ဆောက်ကြမလဲ?
အဓိကကတော့ အခန်းထဲမှာချည်းပဲ ပိတ်ပြီး Code ထိုင်ရေးမနေဖို့ပါပဲ။ အပြင်က Tech Event တွေ၊ Workshop တွေ၊ ဒါမှမဟုတ် Online က IT Group တွေ၊ Discord Channel တွေမှာ ဝင်ပြီး လူတွေနဲ့ စကားပြောပါ။ "Network တည်ဆောက်တယ်" လို့ ခေါင်းထဲ ကြီးကြီးမားမား တွေးမနေဘဲ ကိုယ်နဲ့ ဝါသနာတူတဲ့ သူငယ်ချင်းတွေ၊ အစ်ကိုတွေ ရှာတယ်လို့ပဲ သဘောထားလိုက်ပါ။
ပြီးတော့ Senior တွေကို သွားမေးတဲ့အခါ သတိထားရမယ့် အချက်လေးတစ်ခု ရှိတယ်။ "အစ်ကို... ဒီမှာ Error ကြီး တက်နေလို့ ဘယ်လိုလုပ်ရမလဲ" ဆိုပြီး Error Screenshot ကြီး ပို့ပစ်လိုက်တာမျိုးက သိပ်မမိုက်ဘူး။ Senior တွေကလည်း အလုပ်များတဲ့သူတွေဆိုတော့ အဲ့လို "ခွံ့ကျွေးပါ" ဆိုတဲ့ပုံစံမျိုးဆို သိပ်မဖြေချင်ကြဘူးလေ။
ဒီတော့ ကိုယ့်ဘက်ကနေ "အစ်ကိုရေ... ကျွန်တော် Google ခေါက်ပြီး ဒီနည်းလမ်းလေးတွေတော့ စမ်းကြည့်သေးတယ်၊ အဆင်မပြေလို့ ဘယ်နားလေး လွဲနေလဲ သိရင် လမ်းညွှန်ပေးပါဦး" ဆိုပြီး မေးကြည့်ပါ။ ကိုယ့်ဘက်က အရင်ကြိုးစားထားတယ်ဆိုတာ မြင်ရင် ဘယ် Senior မဆို သေချာပေါက် ကူညီပေးချင်ကြပါတယ်။
နောက်ဆုံးတစ်ခုက... အမြဲတမ်း "ယူ" နေတဲ့သူချည်းပဲ မဖြစ်ပါစေနဲ့။ Community တွေထဲမှာ ကိုယ်တိုင် ပြန် Share ပေးလို့ရတာတွေ အများကြီးပါ။ ကိုယ်ဖြေရှင်းလိုက်နိုင်တဲ့ Error သေးသေးမွှားမွှားလေးတွေကအစ ပြန်လည်မျှဝေပေးပါ။ အပြန်အလှန်ပေါ့။ ဒါဆိုရင် ရေရှည်မှာ "ဒီကောင်လေးကတော့ ကြိုးစားတယ်၊ ကူညီတတ်တယ်" ဆိုပြီး လူသိများလာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေက သူ့အလိုလို ရောက်လာပါလိမ့်မယ်။
တကယ်တော့ အခုလိုမျိုး ခိုင်မာတဲ့ Network တစ်ခုရဖို့ဆိုတာ အပြင်မှာ လိုက်ရှာနေဖို့တောင် မလိုပါဘူး။
အစ်ကိုတို့ ROM Robotics မှာဆိုရင် သင်တန်းသားတွေကို စာသင်ရုံသက်သက် လွှတ်မထားပါဘူး။ အချင်းချင်း Network တွေ ချိတ်ဆက်မိသွားအောင် "တစ်လတစ်ခါ Seminar Discussion" လေးတွေ သီးသန့် လုပ်ပေးပါတယ်။
အဲ့ဒီလို Discussion တွေမှာဆိုရင် လုပ်ငန်းခွင်က Senior တွေ၊ Instructor တွေနဲ့ သင်တန်းသားတွေက အခက်အခဲတွေကို အတူတူ ဆွေးနွေးကြ၊ အကြံဉာဏ်တွေ ဖလှယ်ကြရင်းနဲ့ အရမ်းကို ရင်းနှီးသွားကြတာပါ။ တချို့ဆိုရင် အဲ့ဒီ Seminar တွေကနေတစ်ဆင့် အချိတ်အဆက်တွေရပြီး အပြင်မှာ Project တွေ အတူတူ တွဲလုပ်နေကြတဲ့အထိ အောင်မြင်နေတဲ့ ညီအစ်ကိုတွေ အများကြီးပါပဲ။
ဒီတော့ IT လောကထဲကို ခြေလှမ်းစတင်နေတဲ့ ညီငယ်၊ ညီမငယ်တို့အနေနဲ့ Skill တွေကို ကြိုးစားဖြည့်တင်းနေသလိုပဲ၊ တစ်ဖက်ကလည်း အခက်အခဲကြုံလာတဲ့အခါ တိုင်ပင်လို့ရမယ့် ကိုယ်ပိုင် Professional Network လေးတွေကိုပါ မဖြစ်မနေ သေချာတည်ဆောက်ထားဖို့ အကြံပြုချင်ပါတယ်။
အကယ်၍ အဲဒီလို ကိုယ့်ရဲ့ Skill ကိုရော၊ အနာဂတ်အတွက် အဖိုးမဖြတ်နိုင်တဲ့ Connection တွေကိုပါ တစ်ပါတည်း အခိုင်အမာ တည်ဆောက်ချင်တယ်ဆိုရင်တော့...
ROM ရဲ့ Tech Community ကြီးထဲကို လာရောက်ပူးပေါင်းဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ။
Full Stack System Architect အတန်းလေးကို ဘယ်လို သင်ကြားပေးတာလဲ ❓
သင်ကြားမှု နမူနာပုံစံလေးကို ကြည့်ချင်တဲ့ ညီငယ် ညီမငယ်တို့အတွက် အရင် Zoom အတန်းဖွင့်တုန်းက Day 1 Video လေးကို ပြန်လည် Sharing လုပ်ပေးလိုက်ပါတယ်ခင်ဗျာ
အခုအတန်းလေးကတော့ Zoom အတန်းမဟုတ်ပါဘူး Lifetime Recording Class ပါ ခင်ဗျာ
သို့ပေမယ့် တစ်လမှာ ၂ကြိမ် Zoom Live Discussion က ပါဝင်မှာဖြစ်ပါတယ် ဒီအကြိမ်မှာစာနဲ့ပတ်သက်တာတွေလည်း မသိတာ အကုန်မေးလို့ရသလို ကိုယ့် Career အတွက်လည်း တိုင်ပင်လို့ရပါတယ်ခင်ဗျာ
သင်တန်းကြေးက 4သိန်းကျပ်ပါခင်ဗျာ....
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No(215/2) Zewasoe Street, (14/2) Ward, Okkalapa (South) Township
Yangon
11091