P2P
P2P ဆိုတဲ့ ပေးရတဲ့စျေးနဲ့တန်တယ်ဆိုတဲ?
10/09/2021
Redmi Note 4 Global (16GB)
Price - 50000 ks
Contact 095102473
20/07/2021
Artifical Rain and Pluviculture' မိုးတု (သိုမဟုတ်) လူပြုမိုး
++++++++++++++++
ယနေ့ ကမ္ဘာကြီးတွင် မိုးရွာပုံမှာ တနေရာနှင့် တနေရာ တဒေသနှင့် တဒေသ လုံးဝမတူပေ။ အချို့ဒေသများတွင် စိုက်ပျိုးရန်မဆိုထားနှင့် သောက်သုံးရန်ပင် မရနိုင်လောက်အောင် မိုးခေါင်ရေရှားလှသည်။ အချို့ဒေသများတွင်မူ စိုက်ပျိုး၍ လူနေ၍ မကောင်းလောက်အောင် မိုးရေပေါများ စိုထိုင်းလှသည်။
ဥပမာအားဖြင့် အိန္ဒိယနိုင်ငံ၊ Mawsynram မြို့နှင့် Cherrapunji' ချီရာပွန်ဂျီမြို့တို့တွင် တနှစ်ပျမ်းမျှမိုးရေချိန် ၄၆၇•၃၆ လက်မ နှင့် ၄၆၃•၆၆ လက်မအသီးသီး ရွာသွန်းသည်။ အဆိုပါမြို့နှစ်မြို့သည် တမြို့နှင့် တမြို့ ၉ မိုင်ခန့်သာကွာဝေးသည်။ ယင်းတို့၏ ဘေးပတ်ဝန်းကျင်ရှိ တောင်တန်းများသည်
ဘင်္ဂလားပင်လယ်အော်မှတိုက်ခတ်လာသောလေများကို ထောင့်မှန်အနေအထားခံဆောင်ပေးထားသဖြင့် ကမ္ဘာပေါ်တွင် မိုးအများဆုံးရွာသွန်းသော မြို့များဖြစ်ကြသည်။
ချီရာပွန်ဂျီမြို့တွင် ၁၈၆၁ ခုနှစ်အတွင်း မိုးရေချိန် ၉၀၅ လက်မကျော် အများဆုံးရွာသွန်းခဲ့သည်။ ထိုနှစ် ဂျူလိုင်လ ထဲမှာပင် မိုးရေချိန် ၃၆၆ လက်မရွာသွန်းခဲ့သည်။
ကမ္ဘာပေါ်တွင် မိုးအနည်းဆုံးရွာသည့်ဒေသမှာ ချီလီနိုင်ငံမြောက်ပိုင်းရှိ Arica' အာရိကမြို့ဖြစ်သည်။ ထိုမြို့၏ ၄၃ နှစ်အတွက် မိုးရေချိန်မှတ်တမ်းများအရ တနှစ်ပျမ်းမျှ မိုးရေချိန် ၀•၀၂ လက်မမျှသာရွာလေသည်။ ထိုမြို့၌ မိုးတပေါက်မျှမရွာပဲ၊ ၁၄ နှစ်ဆက်တိုက် မိုးခေါင်နေခဲ့ဘူးသည်ဟုဆိုသည်။
ယင်းကဲ့သို့ ကမ္ဘာကြီးတွင် မိုးရွာသွန်းမှုမညီမျှသောကြောင့် အကယ်၍သာ လူသားတို့စိတ်ကြိုက် မိုးခေါင်သောဒေသများတွင် မိုးပိုရွာအောင်၊ မိုးများသောဒေသများတွင် မိုးလျော့ရွာအောင်ပြုလုပ်နိုင်မည်ဆိုလျှင် မိုးခေါင်သဖြင့်သီးနှံများခြောက်သွေ့ပျက်စီးရသည့် အဖြစ်မျိုး၊ မိုးကြီးသဖြင့် သီးနှံများ ရေမြုတ်ပျက်စီးရသည့်အဖြစ်မျိုး မကြုံတွေ့ရအောင် ဖန်းတီးနိုင်မည်ဖြစ်ပေသည်။ ထို့ကြောင့်လည်း သိပ္ပံပညာရှင်များသည် မိုးတု (ဝါ) လူပြုမိုးကို ဖန်တီး၍ ရအောင် နည်းလမ်းရှာဖွေ စမ်းသပ်သုတေသနပြုရခြင်းဖြစ်သည်။
မိုးတုရွာစေနိုင်သည့် နည်းလမ်းများကိုရှာဖွေရန် အမေရိကန် သိပ္ပံပညာရှင်များသည် ၁၉၄၆ ခုနှစ်ကပင် စတင်စမ်းသပ်သုတေ သနပြုခဲ့ကြပေသည်။ ၁၉၄၆ ခုနှစ်အတွင်းက Schaefer' ရှေဖာသည် Cloud chamber' တိမ်ခန်းအတွင်းရှိ တိမ်ထဲသို့ dry ice' ရေခဲခြောက် ခေါ် ကာဗွန်ဒိုင်အောက်ဆိုက်ခဲများကျဲချ၍ လက်တွေ့စမ်းသပ်ကြည့်ရာတွင် တိမ်မှုန်ကလေးများသည် ရေခဲမှုန်ကလေးများအဖြစ်သို့ ကူးပြောင်းသွားသည်ကိုတွေ့ရသည်။
ထို့နောက် Vonnegut' ဗွန်နီဂတ် သည်လည်း၊ တိမ်ခန်းအတွင်းရှိ တိမ်ထဲသို့ silver iodide' ငွေအိုင်အိုဒိုက် အငွေ့များ ထည့်သွင်းစမ်းသပ်ကြည့်သောအခါ အလားတူအဖြစ်မျိုးတွေ့ခဲ့သည်။ ယင်းလက်တွေ့စမ်းသပ်ချက်များမှ မိုးတု (ဝါ) လူပြုမိုးရွာစေနိုင်မည့်နည်း လမ်းစပေါ်လာခဲ့သည်။
ထို့ကြောင့် ရှေဖာသည် ၁၉၄၆ ခု၊ နိုဝင်ဘာလအတွင်း ပထမဆုံးအကြိမ် အမေရိကန်နိုင်ငံ၊ နယူး အင်္ဂလန်ပြည်နယ်ပေါ်၌ လေယဥ်ပျံဖြင့် ပျံသန်း၍ တိမ်တိုက်အတွင်းသို့ ရေခဲခြောက်ခေါ် ကာဗွန်ဒိုင်အောက်ဆိုက်ခဲများ ကျဲချ၍ စမ်းသပ်ကြည့်ခဲ့လေသည်။
၁၉၄၈ နှင့် ၁၉၄၉ ခုနှစ်များအတွင်း အမေရိကန်နိုင်ငံ၊ မိုးလေဝသဌာနနှင့် လေတပ်မတော်တို့ ပူးပေါင်း၍ ၆၇ ကြိမ်တိုင်တိုင် Cumulud' ကူးမူးလပ်စ် တိမ်တိုက်အတွင်းသို့ ရေခဲ ခြောက်မှုန်များကျဲချ၍ စမ်းသပ်ခဲ့ရာ၊ ၁၈ ကြိမ်သာလျှင် မိုးရွာသည်ဟု ဆ်ိုလေသည်။
၁၉၄၈ ခု၊ အောက်တိုဘာ ၁၄ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ်၌ ပေ ၁၈၀၀၀ ခန့်အထိမြင့်မားသော Cumulonimbus' ကူမူလိုနင်းဗတ်စ် တိမ်တောင်အတွင်းသို့ လေယဥ်ပျံမှ ရေခဲခြောက်မှုန်များ ကျဲချ၍ စမ်းသပ်ခဲ့ရာ၊ ဧရိယာ ၄၀၀၀ စတုရန်းမိုင် အတွင်းမိုးကြီးအနှံ့အပြားရွာသွန်းခဲ့သည်ဟုဆိုလေသည်။
တိမ်ထိပ်ဖျားအပူချိန် သုညဒီဂရီ စင်တီဂရိတ် မှ ၅ ဒီဂရီ စင်တီဂရိတ် အကြားရှိသော တိမ်တိုက်များကို ၈ ကြိမ်စမ်းသပ်ခဲ့ရာ ၆ ကြိမ်သာ မိုးကြီးရွာသည်၊ တကြိမ်၌ မိုးဖွဲသာကျ၍၊ တကြိမ်၌ လုံးဝမိုးမရွာပဲ တိမ်တိုက် ပျက်ပြယ်သွားသည်ဟုဆိုလေသည်။
သြစတြေးလျနိုင်ငံ (Commonwealth Science and Industrial Research Organization) ဓနသဟာယသိပ္ပံနှင့် စက်မှုသုတေသနလုပ်ငန်းအဖွဲ့၏ ရေဒီယိုရူပဗေဒဌာနမှ ကြီးမှူး၍ ၁၉၄၈ မှ ၁၉၅၀ ခုနှစ်များအတွင်း တိမ်တိုက်များအတွင်းသို့လေယဥ်ပျံမှ ရေခဲခြောက်မှုန်များကျဲချ၍ ၈၈ ကြိမ်တိုင်တိုင် စမ်းသပ်ခဲ့ရာ အောက်ဖော်ပြပါ အလွန်တန်ဖိုးရှိသောရလဒ်များရရှိခဲ့သည်။
(၁) ရေခဲခြောက်ကျဲချ၍ မိုးတုရွာစေရာတွင် မိုးရွာ မရွာ မှာ တိမ်ထိပ်ဖျား၏ အပူချိန်ပေါ်မှီခိုသည်။
တိမ်ထိပ်ဖျားအပူချိန်သည် - 7°C သို့မဟုတ် ထိုထက်ပိုးအေးလျှင် ရာနှုန်းပြည့် မိုးရွာနိုင်သည်ဟု ဆိုနိုင်သည်။ တိမ်ထိပ်ဖျား၏အပူချိန်သည် - 7°C နှင့် 0°C ကြား၌ ရှိခဲ့လျှင် အပူချိန်မြင့်သည်နှင့်အမျှ မိုးရွာနိုင်စွမ်းလျော့နည်းလာသည်။
(၂) ရေခဲခြောက် ကျဲချပြီးနောက် မိုးစတင်ရွာချိန်မှာ တိမ်ထုအပေါ်မှီခိုသည်။
ရေခဲခြောက်ကျဲချပြီးနောက် ရေခဲမှုန်ကလေးများဖြစ်ပေါ်လာရန် အချိန် ၁၀ မိနစ်ခန့်ကြာသည်။ ယင်းရေခဲမှုန်ကလေးများအပေါ် တိမ်မှုန်ကလေးများက အရည်ဖွဲ့၍ မိုးပေါက်များဖြစ်ပေါ်လာရန် တိမ်ထု ပေ ၈၀၀ လျှင် တမိနစ်အချိန်ကြာပြန်သည်ဟု ဆိုသည်။ တိမ်ထု ပေ ၈၀၀၀ ရှိလျှင် နောက်ထပ် ၁၀ မိနစ်ကြာမှ မိုးပေါက်များဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် ထုထည် ပေ ၈၀၀၀ ရှိသော တိမ်တိုက်မှ ရေခဲခြောက်ကျဲချပြီး ၂၀ မိနစ်ကြာသောအခါမှ မိုးစတင်ရွာမည်ဖြစ်သည်။
(၃) မိုးရွာနှုန်းသည် တိမ်ထုအပေါ်တိုက်ရိုက် အချိုးကျသည်။
ဆိုလိုသည်မှာ တိမ်ပါးလျှင်မိုးနည်းမည်ဖြစ်၍ တိမ်ထူလျှင် မိုးပိုရွာမည်ဖြစ်သည်။
(၄) တိမ်ထုသည် မြေကြီးပေါ် တိမ်ခြေအမြင့်၏ နှစ်ဆရှိမှသာလျှင် ရွာကျသည့်မိုးပေါက်များ မြေကြီးပေါ် ကျရောက်နိုင်သည်။ သို့မဟုတ်ပါက မိုးပေါက်များသည် မြေကြီးပေါ်မရောက်ခင်အငွေ့ပျံ၍ပျောက်သွားမည်။
ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီး၌ မိုးတု သုတေ သနလုပ်ငန်းများ လုပ်ဆောင်၍၊ မိုးနည်းရေရှားဒေသများတွင် မိုးတုဖြင့် မိုးများလာအောင် ပြုလုပ်သည့် စမ်းသပ်ချက်များမှာ အထိုက်အလျောက်အောင်မြင်လာသည်ဟုဆိုနိုင်သည်။ ဤစမ်းသပ်ချက်များဖြင့် လူပြုမိုးအကြောင်း ပြီးပြည့်စုံစွာ နာလည်ပြီဟု မယူဆနိုင်ပေ။ ဆက်လက်သုတေသနပြုလုပ်ရန် များစွာကျန်သေးသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင်လည်း မိုးတုများပြုလုပ်၍ မိုရွာစေခဲ့ကြသည်။ အိန္ဒိယနိုင်ငံ၊ Tamil Nadi ပြည်နယ်တွင် ခြောက်သွေ့မှုလွန်ကဲသဖြင့် ၁၉၈၂ ခုနှစ်တွင် ပထမဆုံး မိုးတုစမ်းသပ်ပြုလုပ်ခဲ့ကြသည်။ ၂၀၀၃ ခု၊ ၂၀၀၄ ခုနှစ်တို့တွင်လည်း ခြောက်သွေ့မှုလွန်ကဲသော ပြည်နယ်များ၌ ထပ်မံ၍ မိုးတု ပြုလုပ်ခဲ့ကြသည်။
ထိုင်းနိုင်ငံတွင် ပူပြင်းသောကာလ၌ မိုးတုပြုလုပ်၍ မိုးရွာစေသည်။ ဘုရင့်မိုး ဟုခေါ်ကြသည်။
ဘေးထွက်ဆိုးကျိုးများ
-------------------
မိုးတုပြုလုပ်၍ ရွာကျစေရာတွင် ရွာကျသည့်
မိုးပေါက်အရွယ်အစားကို မထိမ်းချုပ်နိုင်သည့်အတွက် မိုးပေါက်အရွယ်အစားကြီးပါက မြေဆီလွှာဆုံးရှုံးနိုင်ခြင်း၊ အပင်နှင့် အသီးအပွင့်များထိခိုက်ပျက်စီးနိုင်ခြင်း၊
ရွာကျမည့်မိုးရေချိန် ပမာဏနှင့် ရွာသွန်းချိန်ကို မထိမ်းချုပ်နိုင်သည့်အတွက် အချိန်တိုအတွင်း မိုးသည်းထန်စွာ ရွာသွန်းပါက ရုတ်တရက် ရေကြီးရေလျှံခြင်းများဖြစ်
ပေါ်နိုင်ပြီး အသက်နှင့် စည်းစိမ်ဥစ္စာဆုံရှုံးပျက်စီးမှုများကြုံတွေ့နိုင်ခြင်း၊
Tornado လေဆင်နှာမောင်း နှင့် မုန်တိုင်များလည်းဆက်စပ်ဖြစ်ပွားနိုင်ခြင်း၊
နေရာဒေသတစ်ခုတွင် မိုးရွာအောင်ဖန်တီးသည့်အတွက် အခြားဒေသများတွင်မိုးနည်းခြင်း၊ ခြောက်သွေ့ခြင်းများဖြစ်ပေါ်နိုင်ခြင်းစသည်တို့ကြုံတွေ့စေနိုင်သည်။
မိုးတုပြုလုပ်ရာတွင် အဓိက အသုံးပြုသည့် ဓာတုပစ္စည်းများမှာ
silver iodide, potassium iodide, dry ice (solid carbon dioxide) နှင့် liquid propane တို့ဖြစ်ရာ
အဆိုပါ ဓာတုပစ္စည်းများသည်
လူ အပါအဝင် နို့တိုက်သတ္တဝါများအပေါ်ဆိုးကျိုးများ သက်ရောက်မှုရှိနိုင်သည်ကို လေ့လာတွေ့ရှိခဲ့ကြသည်။ (အဆိုပါဓာတုပစ္စည်း တန်ချိန် ထောင်ပေါင်းများစွာကိုလေထုထဲသို့နှစ်စဥ် ပစ်လွတ်ခဲ့ကြသည်။)
အထူးသဖြင့်
အသက်ရှူလမ်းကြောင်းဆိုင်ရာပြသနာများ၊ အရေပြားဆိုင်ရာပြသနာများ၊ ကျောက်ကပ်နှင့်
အဆုပ်ထိခိုက်ပျက်စီးခြင်းများ နှင့်အရေပြား ပြာနှမ်းသွားခြင်းများ ဖြစ်ပွားနိုင်သည်ကိုတွေ့ရှိရသည်။
သြစတြေးလျနိုင်ငံ၏သုတေသနပြုမှုများအရ မိုးတုကြောင့် တွင်းအောင်းသတ္တဝါ
pygmy possum ကြွက်မျိုးစိတ်လေးများအပေါ်ထိခိုက်မှုရှိ သည်ကိုတွေ့ရှိခဲ့သည်။ ထို့ပြင် ရေခဲအိုင်များတွင်ရှင်သန်သော
algal များ၏မျိုးပွားနှုန်းကို ထိခိုက်သည်ကိုလေ့လာ တွေ့ရှိခဲ့ကြသည်။
အချုပ်အားဖြင့်ဆိုသော် ကုန်ခြောထုတ်လုပ်ရန် ကုန်ကြမ်းလိုအပ်သကဲ့သို့ မိုးတုရွာစေရန် ရွာစေချင်သောအချိန်တွင် မိုးသားတိမ်တိုက်များရှိရန်သာလိုသည်။ ကောင်းကင်တွင်တိမ်တိုက်များမရှိပဲ မိုးသားကင်းစင်နေပါမူ မိုးတုရွာအောင် မပြုလုပ် မဖန်တီးနိုင်ပေ။
03/03/2021
ဈေးတန်တဲ့ အချိန် ဝယ်သင့်တဲ့ဖုန်း K40 Pro
19/02/2021
K40 / Pro မကြာခင်ထွက်လာတော့မှာပါ
Pre-Order မှာချင်ရင် ရပါပြီ
21/07/2020
Unboxing the world’s first AR smartphone launch Watch the OnePlus Nord AR smartphone launch together with us at Unbox Therapy. Or download the app and experience it for yourself - www.oneplus.com/nord/AR L...
19/07/2020
Fujifilm XA-3 (Kit lens + 16GB Card) Bag include
အလုံးသန့် တန်တန်လေးထဲက ကင်မရာသမားတွေအတွက် လာပါပြီ 😬
24 Mp ဖြစ်ပြီး CMOS Sensor သုံးထားပြီး ၁၈၀ ‘ ဒီဂရီအထိလှည့်လို့ရတဲ့ Display ပါဝင်ပြီး Potrait ရိုက်တဲ့ ကောင်မလေးတွေအတွက်ကောပါအဆင်ပြေမှာပါ ။
WiFi ပါဝင်ပြီး မိမိ Smartphone ပေါ်ကနေ တိုက်ရိုက်တင်လို့ရမှာပါ
အလုံးသန့်မသန့်ကတော့ ပုံတွေမှာသာကြည့်တော့နော် 🤗
Price >>>> 320000 Ks
Contact >>>> 095102473
18/07/2020
I phone 11 Pro Max ( Mophie juice pack )
I phone 11 pro max ကိုင်သူတွေအတွက် နာမည်ကြီး third party brand ဖြစ်တဲဲ့ Mophie ကထုတ်လုပ်တဲ့ Wireless Charging Cover ဖြစ်ပါတယ်
2200 mAh Battery pack ဖြစ်ပြီး အခြား Battery pack တွေလို USB နဲ့ အားသွင်းတာ မဟုတ်တဲ့အတွက် သင့် I phone ကို Safe ဖြစ်စေမှာပါ Wireless in out ဖြစ်ပြီး protection အဆင့်မြင့်တာကြောင့် လက်ကချော်ထွက်မှာမပူရတော့ပါဘူး
ခုရောင်းမည့် juice pack လေးကို ဖွင့်စစ်စမ်းသပ်ထားရုံသာဖြစ်ပြီး Second စျေးနဲ့ရောင်းချပေးမှာ ဖြစ်ပါတယ်
US Store များမှာ စျေးတွေအနေနဲ့ 60$ ကနေ 80$ အထိ ရှိပြီး ခုရောင်းစျေးကတော့ 40000ks ပါ
နောင်လည်း P2P page ကနေ ခုလို တန်ပြီး ပစ္စည်းစစ်စစ်လေးတွေကို အလျှင်းသင့်သလို ရောင်းချပေးသွားမှာဖြစ်ပါတယ်
Price 40000 ks
Contact >>> 095102473
16/03/2019
P2P အမျှတဆုံးဖုန်း
1.Display
2.Sound System
3.Haptic Feedback
4.Cooling System
5.Camera
6.M-Charge
7.Global Rom
အတန်ဆုံးပါ
Remarkး မြန်မာမှာ ဘာလို့မရောင်းရတာလဲဆိုရင် ကျွန်တော်တို့လို သေချာရှင်းပြမည့်သူတွေမရှိပဲ ဗျူဟာကျကျ မရောင်းခဲ့လို့ လူသိပ်မသိတာပါ။
[Unicode]
P2P အမျှတဆုံးဖုန်း
Mi 9 လောက်ဈေးကြီးတာလည်းမကိုင်ချင်ဘူး Mi 8 လိုဖီးကြဲတာလည်း မသုံးချင်ဘူးဆိုသူတွေအတွက် နှစ်ခုစလုံးအဆင်ပြေမည့်ဖုန်းတစ်လုံးကို Team TFN ကနေ အကြံတစ်ခုပေးလိုပါတယ်။အဲ့တာကတော့ Meizu ရဲ့ Flagship Model ဖြစ်တဲ့ Meizu 16th ပါ ။ဘာလို့ Xiaomi ကနေ ခွဲထွက်ပြီးကိုင်ဖို့ အကြံပေးရလောက်အောင်ထိပြောရတာလဲဆိုရင် အားသာချက်တွေရှိလို့ပါ။
1.Display
Display က Meizu ကအစဉ်အဆက် Samsung AMOLED ကိုသုံးနေတာဖြစ်တဲ့အတွက် ထွေထွေထူးထူး ပြောစရာမလိုပါဘူး FullView ဖြစ်တဲ့အပြင် ဘာတွေညာတွေအပိုတွေမလုပ်တာကလည်း ရိုးရှင်းပြီးကောင်းမွန်တဲ့ ခံစားချက်ကိုရရှိစေပါတယ်
2.Sound System
တျုတ်ဖုန်းတွေချင်းတောင်မှ Meizu ကတစ်ကွက်သာသွားပါတယ် Studio Speaker ကိုမှ အသံညက်ညက်ကလေးနဲ့ ထွက်တဲ့Speaker ပါ PUBG ပစ်ရင် တော်တော်အရသာရှိပါတယ်
3.Haptic Feedback
အဲ့ တစ်ခုကတော့ တော်တော်ဂေါ်တယ်ပြောရမှာပါ Iphone တွေမှာပါသလိုမျိုး Haptic buttom ကို meizu ရဲ့ M-touch အဖြစ်ပြောင်းလိုက်တာပါ ။
4.Cooling System
ထိုတစ်ခုကလည်း Heavy Loading များလာတဲ့အခါတွေကြ အသုံးဝင်ပါတယ်။
5.Camera
နည်းနည်းလေး နှာတစ်ဖျားသာနေတာက High Dynamic Range နဲ့ Laser focus ပါ။
6.M-Charge
အဲ့စနစ်ကတော့ Epic ပါ တစ်ခုဂွမ်းတာက M Charge သုံးချင်ရင် သူ့ Adapter နဲ့သွင်းရမှာပါ။စမ်းသပ်ချက်အရ Xiaomi Notebook တွေကို သွင်းတဲ့ Charger နဲ့သွင်းရင် M Charge အလုပ်လုပ်ပါတယ်။
7.Global Rom
အကြီးမားဆုံးအားသာချက်ကတော့ Global အလုံးတွေမြန်မာပြည်မှာရောင်းတာပါပဲ Mail Server ကောင်းကောင်းချိတ်လို့ရတာပါ ။ Xiaomi လို Playstore တွေ Zawgyi တွေဒစ်မလည်ပါဘူး။
8.Build Quality & Price To Performance
အတန်ဆုံးပါ
Remark း မြန်မာမှာ ဘာလို့မရောင်းရတာလဲဆိုရင် ကျွန်တော်တိူ့လို သေချာရှင်းပြမည့်သူတွေမရှိပဲ ဗျူဟာကျကျ မရောင်းခဲ့လို့ လူသိပ်မသိတာပါ။
06/03/2019
Bawdar Beer (Made By Heniken)
Cheer 🍻🍺🍺🍺🍺🍺🍺🍺🍺🍺🍺
[Unicode]
ဘီယာပရိတ်သတ်ကြီးကို ဈေးတန်ပြီး သောက်လို့ကောင်းတဲ့ ဘီယာအသစ်လေး P2P ကနေ ရှင်းပြလိုပါတယ်။ Al 5% ထိပါဝင်ပြီး အရသာကတော့ Budwiser နဲ့ နည်းနည်းခပ်ဆင်ဆင်ပါပဲ နည်းနည်းလေး အရသာလေးပါတယ် ဈေးကတော့ Budwiser ထက်သက်သာတာတော့ တစ်ပန်းသာပါတယ်။
P2P ကနေစမ်းသောက်ကြည့်ဖို့အကြံပြုလိုက်ပါတယ်။
Cheer 🍻🍺🍺🍺🍺🍺🍺🍺🍺🍺🍺
05/03/2019
P2P ဆိုတဲ့အတိုင်း (Price To Performance)
ခုပြထားတဲ့ ဖိနပ်ဆိုရင် Addidas ရဲ့ First Copy design မျိုးပဲဖြစ်ပါတယ် စီးကြည့်ရသလောက် သင်တောင့်သက်သာဖြစ်ပြီး ညက်ညောပါတယ်။
ဆူးလေ စင်တာပွိုင့် မှာဝယ်ယူရရှိနိုင်ပြီး 22/24 Size ရရှိနိုင်ပါတယ်။
Category
Website
Address
Yangon
Alerts
Be the first to know and let us send you an email when P2P posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.