KS Collection Wedding Planner
Wedding Planner
19/07/2026
Parkroyal Wedding Fair 2026 ✨
Wedding Fair များ ဆက်တိုက်ကျင်းပနေတဲ့ အချိန်ဖြစ်တာကြောင့် ဒီပွဲကို အများကြီး မမျှော်လင့်ထားခဲ့ပါဘူး။
ဒါပေမယ့်…
KS Booth လေး ကို ကိုယ်တိုင်လာရောက်ပြီး ယုံကြည်စွာ အပ်နှံခဲ့ကြတဲ့ မင်္ဂလာမောင်နှံများ၊
Online မှတစ်ဆင့် KS Collection ကို ယုံကြည်ပြီး မင်္ဂလာပွဲအတွက် ရွေးချယ်အပ်နှံခဲ့ကြတဲ့ မင်္ဂလာမောင်နှံများ၊
အမြဲတမ်း လက်တွဲအားပေးနေကြတဲ့ မိတ်ဖက်လုပ်ငန်းရှင်များနှင့် မိတ်ဆွေအပေါင်းအသင်းများအားလုံးကို KS Collection မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။
KS Collection အတွက် Customer တစ်ယောက်ချင်းစီရဲ့ ယုံကြည်မှုက ဝန်ဆောင်မှုတစ်ခုအတွက်သာ မဟုတ်ဘဲ၊ KS တဖွဲ့လုံးရဲ့ ကြိုးစားမှုကို ဆက်လက်ရှင်သန်စေတဲ့ အားအင်တစ်ခု ဖြစ်ပါတယ်။
ယုံကြည်မှုတိုင်းကို တန်ဖိုးထားပြီး၊ မင်္ဂလာနေ့တစ်နေ့ကို အကောင်းဆုံးဖန်တီးပေးနိုင်ဖို့ KS Collection က အမြဲတမ်း ကြိုးစားနေပါမယ်ရှင် ...
Thank you for choosing KS Collection. 🤍
16/07/2026
KS Collection Wedding Planner မှ ကြီးမှူးကျင်းပသော Wyndham Grand Wedding Expo 2026
စည်ကားအောင်မြင်ခဲ့သော ပွဲကြီးတခုပဲဖြစ်ပါတယ်။
16/07/2026
Wyndham Grand Wedding Expo 2026
Organized by KS Collection Wedding Planner ရဲ့
Day 1 Performance
16/07/2026
📣 KS Collection Wedding Planner
━━━━━━━━━━━━━━━━━━
ဝတ်စုံအကူ / ပန်းအကူ
အထွေထွေဝန်ထမ်း 3 ဦး အလိုရှိသည်
━━━━━━━━━━━━━━━━━━
KS Collection Wedding Planner တွင် တာဝန်ထမ်းဆောင်ရန် အထွေထွေဝန်ထမ်း 3 ဦး အလိုရှိပါသည်။
💰 လစာနှင့် ခံစားခွင့်
* လစဉ်လစာ 350,000 ကျပ်
* Bonus ခံစားခွင့်ရှိ
📌 တာဝန်များ
* Showroom အတွင်း ဧည့်သည်များကို ကြိုဆိုလက်ခံခြင်း
* Wedding Event များတွင် လိုအပ်သည့် အထွေထွေကူညီဆောင်ရွက်ခြင်း
* Wedding Dress နှင့် Showroom ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းခြင်း
* Team နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း
✅ လိုအပ်ချက်များ
* အသက် 18 နှစ်မှ 30 နှစ်အတွင်း
* ပညာအရည်အချင်း အထက်တန်းအောင် သို့ ညီမျှ
* သင်ယူလိုစိတ်ရှိပြီး တာဝန်ယူမှုရှိသူ
* အကျင့်စာရိတ္တကောင်းမွန်သူ
* Wedding Industry ကို စိတ်ဝင်စားသူ ဦးစားပေးမည်
📍 အလုပ်နေရာ
KS Collection Wedding Planner
လှိုင်မြို့နယ်၊ သံလမ်းမှတ်တိုင်အနီး
📩 လျှောက်ထားလိုပါက
CV Form နှင့် ကိုယ်ရေးအကျဉ်းကို Page Messenger မှတစ်ဆင့် သို့ 09422049210 သို့ Viber ဖြင့် ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
✨ KS Collection နှင့်အတူ လှပသော မင်္ဂလာပွဲများကို ဖန်တီးပေးမည့် Team Member အသစ်များကို ကြိုဆိုလျက်ရှိပါသည်။
15/07/2026
A Heartfelt Thank You
Wyndham Grand Wedding Expo 2026 ကို KS Collection Wedding Planner မှ ဦးစီးစီစဉ်ကျင်းပနိုင်ခဲ့ခြင်းသည် လူတစ်ဦးတည်း၏ အားထုတ်မှုမဟုတ်ဘဲ အဖွဲ့အစည်းများစွာ၊ မိတ်ဖက်များစွာနှင့် ပူးပေါင်းကူညီပေးခဲ့ကြသူတိုင်း၏ စိတ်အားထက်သန်မှုများ ပေါင်းစည်းထားသည့် အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်ရှင်။
KS Collection ၏ စိတ်ကူးအိပ်မက်များ၊ ဖန်တီးမှုများနှင့် Wedding Industry အတွက် ရည်မှန်းထားသော Vision များကို အကောင်အထည်ဖော်နိုင်ရန် အနီးကပ်လက်တွဲပေးခဲ့ကြသော မိတ်ဖက်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
ဓာတ်ပုံ၊ ဗီဒီယို၊ Audio၊ Lighting၊ Stage Production၊ Decoration နှင့် Event Operation အစရှိသော ကဏ္ဍအသီးသီးတွင် တာဝန်ယူကူညီပေးခဲ့ကြသူများ၏ ကျွမ်းကျင်မှုနှင့် အားပေးမှုများကြောင့် Wyndham Grand Wedding Expo 2026 သည် အမှတ်တရကောင်းများစွာကို ဖန်တီးနိုင်ခဲ့ပါသည်။
အခက်အခဲများကြားမှ အကောင်းဆုံးရလဒ်တစ်ခုကို အတူတကွ ဖန်တီးပေးခဲ့ကြသော Sponsor များ၊ Partner များ၊ Vendor များ၊ Supplier များနှင့် Team Member များအားလုံးကို KS Collection မိသားစုမှ လေးလေးနက်နက် ဂုဏ်ပြုကျေးဇူးတင်ရှိအပ်ပါတယ်ရှင်။
ယုံကြည်မှု၊ ပူးပေါင်းမှုနှင့် မေတ္တာများဖြင့် အတူတကွ ဖန်တီးခဲ့သည့် KS Collection ရဲ့ Wyndham Grand Wedding Expo ပွဲကြီးကို နောက်လာမည့်နှစ်များတွင်လည်းဆက်လက်လက်တွဲနိုင်မည်ဟု မျှော်လင့်အပ်ပါတယ်ရှင်။
Thank you for believing in our vision. Thank you for being part of our journey.
With gratitude,
KS Collection Wedding Planner
15/07/2026
Butterfly Theme Decoration
Butterfly Dance
Butterfly Dress
Wedding Expo 2026
Organized by Wyndham Grand & KS Collection Wedding Planner
Entertainment
15/07/2026
✨ The Celebration of Love ✨
💍 KS Collection Wedding Planner × PARKROYAL Yangon Wedding Fair
မင်္ဂလာပွဲတစ်ပွဲကို အခမ်းအနားကြီးကြီး၊ ခမ်းနားလှပပြီး အမှတ်တရအဖြစ် ဖန်တီးချင်သူများအတွက် အထူးအခွင့်အရေးကို ဖိတ်ခေါ်လိုက်ပါတယ်။
🏛️ လူဦးရေ ၂၀၀ ဝန်းကျင် ဧည့်သည်များအတွက် သင့်တော်သော Grand Ballroom၊
✨ Ceiling အမြင့် နှင့် ခမ်းနားလှပသော Venue အပြင်…
👰 KS Collection ၏
🌸 Luxury Floral Decoration
👗 Premium Wedding Dresses
📸 Wedding Planning & Coordination
🎤 Entertainment & Wedding Services
💎 မင်္ဂလာပွဲအတွက် လိုအပ်သော ဝန်ဆောင်မှုအားလုံး ပါဝင်သည့်
Complete One-Stop Wedding Package
ကို သိန်း (၃၀၀) မကျော်သော အထူးဈေးနှုန်း ဖြင့် Wedding Fair အတွင်းမှာသာ Booking ပြုလုပ်နိုင်ပါမည်။
💝 Limited Promotion များ၊ Exclusive Discount များနှင့် Special Gift များလည်း ရရှိနိုင်မည်ဖြစ်ပါသည်။
📍 PARKROYAL Yangon
🗓️ 18 – 19 July 2026
🕙 10:00 AM – 6:00 PM
📞 09 519 9044 | 09 422 049 210
သင့်ရဲ့ တစ်သက်တာအမှတ်တရ မင်္ဂလာပွဲကို KS Collection နဲ့အတူ စတင်ဖန်တီးလိုက်ပါ။ ✨
13/07/2026
✨ KS Collection 2026 Wedding Dress Showcase ✨
Wedding Expo 2026 အတွင်း KS Collection မှ ၂၀၂၆ ခုနှစ်အတွက် ထိုင်မသိမ်း Collection များကို အထူး Wedding Dress Showcase အဖြစ် ဂုဏ်ယူစွာ တင်ဆက်ပြသခဲ့ပါသည်။
ကျက်သရေရှိ မြန်မာ့ရိုးရာ မင်္ဂလာဝတ်စုံများနှင့် KS Collection ၏ သီးသန့်ဒီဇိုင်းများကို လာရောက်ကြည့်ရှုအားပေးခဲ့ကြသော မင်္ဂလာမောင်နှံများ ဧည့်သည်တော်များကို မိတ်ဆက်ပေးနိုင်ခဲ့သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်ရှင်
Wedding Expo 2026 ကို အောင်မြင်စွာ အတူတကွ ဖန်တီးပေးခဲ့ကြသော ဧည့်သည်တော်များ၊ မိတ်ဖက်များနှင့် အားပေးချစ်ခင်သူများအားလုံးကို
KS Collection Wedding Planner မှ အထူးကျေးဇူးတင်ရှိပါသည်။
“Every Dress is Designed to Celebrate Your Love Story.” 🤍💍
KS Collection Wedding Planner
141 ယောဂီကျောင်းလမ်း 11ရပ်ကွက် လှိုင်မြို့နယ်။
09250971050, 09422049210
12/07/2026
Wedding Expo 2026 Day 1 ရဲ့ပုံလေးတွေပါရှင့်
ဒီနေ့တရက်ကျန်သေးလို့ ဖိတ်ခေါ်အပ်ပါတယ်ရှင် ....
Wedding Expo 2026
11-12 July 2026
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
141 Yawgi Kyaung Lane, 11Quarter, Hlaing Township
Yangon
46000