AMT Design & Build

AMT Design & Build

Share

ခေတ်မီဆန်းသစ် AMT Design & Build

Photos from AMT Design & Build's post 29/05/2026

တဖြေးဖြေးနဲ့တရွေ့ရွေတက်လာပီ

Photos from AMT Design & Build's post 16/05/2026

မိုးလေးဖွဲတုန်း လောင်းလိုက်တယ်

14/05/2026

Ready For Tomorrow

Photos from AMT Design & Build's post 04/05/2026

နေပူလည်း မနားရတဲ့ အလုပ်
လာလည်ဖို့ ဖိတ်ခေါ်ပါတယ်
# Yangon Project

Photos from AMT Design & Build's post 12/04/2026

ကြီးလိုက်တဲ့တိုင် များလိုက်တဲ့ သံ
ပူလိုက်တဲ့နွေမှာ လောင်းလို့လည်း မကုန်....

25/03/2026

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ
လေးစားတန်ဖိုးထားရသော Customer, မိတ်ဆွေအပေါင်းတို့....

ပေ ၄၀ x ၆၀ မြေကွက်ပေါ်မှာ တည်ဆောက်လို့ ရမယ့် ၃ ထပ်အိမ်လေးတစ်လုံးနဲ့ မိတ်ဆက်ပေးပါရစေ...
** ခြံအပြည်လည်းမဆောက်ချင်၊ အိမ်ရှေ့မှာ မြေကျန်လည်းထားချင်တဲ့ သူတွေအတွက် ပိုသငိ့လျော်ပါတယ်။
** မျက်နှာစာ ၃၈ ပေ (သို့မဟုတ်) ၃၆ ပေ၊ ရှေ့နောက် ၃၀ပေ အထိပဲ အဆောက်အဦးဧရိယာ ရှိမှာမို့ အိမ်ရှေ့မှာ မြေပိုကောင်းကောငးကျန်ပါမယ်။
** မြေညီထပ်မှာ ၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုချောင် ၊ အိပ်ခန်း
** ပထမထပ်မှာ ဘုရားခန်း။ စာကြည့်ခန်း၊ အိပ်ခန်း
** ဒုတိယထပ်မှာ ဧည့်ခန်း၊ Jim ခန်း။ အိပ်ခန်း
** အမိုး အလှာမှာတော့ Roof Garden လေးနဲ့
-- အလွှာတိုင်းမှာ ဝရန်တာလေးပါအုံးမယ်

^^ မြေလည်းမကုန်၊ ခန်းဖွဲတွေလည်းစုံ
^^ ရိုးရိုးဖြစ်ဖြစ် ၊ ခေတ်မှီ ဖြစ်ဖြစ် ကြိုက်သလို အလှဆင် ဖန်တီးလို့ရမယ့် ၃ ထပ်လေးပါ။

မိမိစိတ်ကြိုက်လည်း အခန်းတွေ ပြင်၊ အလှတွေဆင်လို့ ကောင်းမယ့် အိမ်ကလေး တစ်လုံးပေါ့။

အသေးစိတ် မေးမြန်းမယ်ဆို
AMT Design & Build ရှိတယ်နော်
Design က အစ တည်ဆောက်ရေးအပါ
သပ်သပ်ရပ်ရပ် ခိုင်ခိုင်ခံ့ခံ့ လေးဖြစ်ဖို့တာဝန်ယူပါတယ်။
အတွင်းအပြင် အလှဆင်ဖို့လည်း စိတ်ပူစရာမလို။
ကျွမ်းကျင်လုပ်သားများ ဝါရင့်အင်ဂျင်နီယာများနဲ့
လူကြီးမင်းတို့စိတ်ကြိုက်ဖန်တီးပေးလျက်ရှိပါတယ်။
ဖုန်းလေးသာဆက်လိုက်ပါ
☎+Viber: 09 787 191 898
☎ : 09 2528 95 925

Photos from AMT Design & Build's post 25/03/2026

တဖြေးဖြေးတက်လာပြီ....
မြေကြီးထဲကရုန်းထွက်ဖို့ ကြိုးစားကြတဲ့အဖွဲ့သားတွေအားလုံးကို
ကျေးဇူးတင်ပါတယ်....
# North Okkalarpa Project

04/03/2026

မင်္ဂလာပါ
Customer မိတ်ဆွေများ...
ကျန်းမာရွှင်လန်းကြပါစေ....

** Business နဲ့ နေအိမ်လေးတွဲထားတဲ့ (၄) ထပ် တိုက်အိမ်လေးနဲ့
မိတ်ဆက်ပေးပါရစေ။
- စီးပွားရေးကို အိုးအိမ်နဲ့ မခွဲမခွာ အတူတူ လုပ်ချင်တဲ့ သူတွေအတွက်
ပိုမိုသင့်လျော်ပါတယ်
- လှေခါးခွင်က နောက်ဘက်မှာရှိတဲ့အတွက်၊ မြေညီရော ကျန်အထပ်တွေပါ မျက်နှာစာ ကျယ်ကျယ်ဝန်းဝန်းရမယ်။
- မြေညီမှာ show room တို့ Shopping centre တို့ပဲလုပ်မလား၊ အ​သေးစားစက်မှုလုပ်ငန်း ပဲလုပ်မလားအဆင်ပြေတယ်။
- ပထမထပ်ကိုရော မြေညီထပ်နဲ့ တွဲထားမလား။ သပ်သပ်စီ ရုံးခန်းလုပ်မလား စဥ်းစားလို့ရတယ်။
- အပေါ်နှစ်ထပ်ဖြစ်တဲ့ ဒုတိယထပ်နဲ့ တတိယထပ်ကို တစ်ယူနစ်လုပ်ပြီး နှစ်ထပ်အိမ်လေးအဖြစ် ကျယ်ကျယ်ဝန်းဝန်းနေလို့ရမယ်။
- Roof Garden လေးဖန်တီးလို့ရမယ့် လသာဆောင်လေးလည်းပါမယ်။ စိတ်ကြိုက်ပြင်ဆင်လို့မယ့် အိမ်လေးပါ

** တစ်ခုပါပဲ
လှေခါးက မြေညီထပ်နောက်ဘက်မှာဖြစ်တဲ့အတွက် ကိုယ်ပိုင်စီးပွားလုပ်ပြီးနေမယ့်သူတွေအတွက် အထူးသင့်လျော်တာ အမှန်ပါပဲ။

** သုံးမယ့်ပစ္စည်း၊ ခန်းဖွဲ့၊ အတွင်းအပြင်အလှဆင်ဖိုက
ရှေးခေတ်လက်ရာလား၊ Modern Design လား. မိမိစိတ်ကြိုက်ဖန်တီးအလှဆင်မယ်ဆို တော်တော်လှလှလေးထွက်လာမှာ အသေအချာပါပဲ။

ဒီတော့...
အကြမ်းဒီဇိုင်းရပြီဆို အချောထည်အတွက် သိပ်မစဥ်းစားရတော့ဘူးပေါ့.....
ဘာပဲလိုလို
AMT Design & Build ရှိတယ်။
အားလုံးစိတ်တိုင်းကျစေဖို့ အာမအပြည့်အဝခံပါတယ်။
09 787 192 898
09 2528 95 925

Send a message to learn more

01/03/2026

🙏🙏 မင်္ဂလာပါ🙏🙏
လေးစားတန်ဖိုးထားရပါသော
Customer, မိတ်ဆွေများ
ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ.....

** မြေအကျယ် (20'x60') အနည်းဆုံးရှိယင် ဆောက်လို့ သင့်တော်မယ့် အိမ်လေးပါ။
-- မြေညီထပ်က Hall Type. (show room/shopping) အတွက်ပိုသင့်လျော်ပါတယ်
-- ပထမထပ်လည်း Hall Type. (Office/Hub) ကြိုက်ရာသုံးလို့ရတယ်။
-- လှေခါးခွင်ကို ရှေ့မှာထားတော့ ၊ မြေညီမျက်နှာစာ ကျဥ်းတာတစ်ခုပဲ၊ သီးသန့် အဝင်အထွက်ဆိုတော့ ပိုကောင်းမှာပါ။
-- ဒုတိယထပ်နဲ့ တတိယထပ်က တွဲလျက်၊ သီးသန့် နှစ်ထပ်အိမ်လေးလို ဖြစ်ပါမယ်။
-- ရှေ့လှေခါးက ဒုတိယထပ်မှာ ဆုံးသွားတဲ့အတွက်၊ ဒုတိယထပ်ကနေ တတိယထပ်ကိုတက်ဖို့ အတွင်းလှေခါးလေးပါမယ်။
!!! ကိုယ်ပိုင် သီးသန့်လေး အဝင်အထွက် အဆင်ပြေမယိ။
*** မြေညီထပ် မှာ showroom ထား၊
*** ပထမထပ် မှာ Office လုပ်
*** အပေါ်နှစ်ထပ် ကိုယ်ပိုင်နေ....အဆင်ကိုပြေလို့.......
Roof Garden လေးလည်း ဖန်တီးလို့ရမယ့် လသာဆောင်လည်းပါတော့ စိတ်ကြိုက်ဖြစ်စေမှာပါ.....

အသေးစိတ်မေမြန်းမယ်ဆို
AMT Design & Build ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်
Customer တွေအတွက် ကူညီဖို့အဆင်သင့်ပါ။
☎ 09 787 191 898
☎ 09 2528 95 925

ကျန်းမာရွှင်လန်းကြပါစေ.

Photos from AMT Design & Build's post 28/02/2026

Civil Engineer ဘဝ အပိုင်းအစလေးများ (၂)

- ပထမပိုင်းမှာ ပြောခဲ့သလိုပဲ ဒုတိယ အလုပ်စဝင်တော့ ယောင်လည်လည်၊ ဗိုလ်တစ်ထောင် ဘက်က ကွန်ဒိုမှာရုံးခန်းလေးလုပ်ပေးထားတယ်။ သူဌေးလည်းမရှိ၊ သူဌေးအမျိုးတွေလည်းမရှိ ၊ရုံးအဖွဲ့လည်းမရှိ ၊ အဲကွန်းက စိမ့်ချက်.....
- ဘာအလုပ်မှလည်း ကိုယ့်ကိုမခိုင်း၊ Structure CE ရယ်၊ Project CE ရယ်၊ ယန္တရားက CE ရယ်၊ စီနီယာ အင်ဂျင်နီယာ ၃ ယောက်ရယ်။ နေ့တိုင်း ရုံးတက်။ အချိန်တန် ထမင်းချိုင့်ဆွဲ လမ်းထိပ်လဖက်ရည်ဆိုင်က ရေနွေးကြမ်းနဲ့ နေ့လည်စာသွားစားတဲ့သူက စား၊ ရုံးပေါ်မှာ စားတဲ့သူက စားနဲ့။ အကုန် RIT ကဆရာသမားတွေချည်း။
ညနေ ၅ နာရီဆိုလစ်ကြပြီ။

* Site ကတော့ ရုံးနောက်ဘက်မှာ ကွန်ဒို အုတ်စီချော လုပ်နေတဲ့အင်ဂျင်နီယာတဖွဲ့.......၊ အဲဒီက တာဝန်ခံ အင်ဂျင်နီယာအဘ က GTI Old Service ၊ အုတ်စီတာ တမူးတပဲ အလွဲမခံဘူး၊ ပန်းရဲတွေ ငိုချက်....သူဟာသွားကြည့်ပေးရတာလည်း ခပ်လန့်လန့်၊

* အဲ ဘေးမှာ ကွန်ဒို အသစ်အတွက် Driven Pile ရိုက်နေတတဖွဲ့၊ အဲအဖွဲ့က ဦးလေးအရွယ် တာဝန်ခံကလည်း GTI Old service ၊ ရိုက်ချက်ဗျာ တဒိုင်းဒိုင်းနဲ့
ကျောင်းမှာ သင်ရတဲ့ Drivien Pile ကို မျက်ဝါးထင်ထင်
မြင်ရတော့ ငါကံကောင်းပါလားပေါ့။
ခုခေတ် အဲစက်တွေ သုံးမှ မသုံးတော့တာ ဒီနိုင်ငံမှာ။
ဆူညံချက်က အမြောက်ပစ်နေသလိုပဲ.....

* ရုံးရှေ့တစ်ဖက်လမ်းမှာတော့ Bore pile တူးနေတဲ့တဖွဲ့ ရှိတယ်။ အင်ဂျင်နီယာပေါချက်......
တကယ့် ဗိုလ်တစ်ထောင်....

- အထက်ဆရာ CE တွေကလည်း အေးဆေးသမားတွေ၊
နိုင်ငံခြားပြန်တွေ။
CE တွေက " ပျင်းနေယင် လျှောက်ကြည့်လေကွာ" ဆိုတော့။
နောက်ဘက်က ကွန်ဒို အုတ်စီချော တွေ သွားကြည့်ပေးတယ်
Drivien Pile ရိုက်တာ သွားစပ်စုတယ်
စပ်စုတာများတော့ အလိုလိုနေရင်း Site အင်ဂျင်နီယာ ဖြစ်၊
ရုံးပေါ်ပြန်မတက်ချင်၊ Site ထဲပျော်နေရော
Bore pile ဘက်ပြေးလိုက်။ အုတ်စီချောဘက်ပြေးလိုက်၊
Driven Pile ရိုက်တာ ဝင်ရှုပ်လိုက်နဲ့
ဟုတ်တော့ ဟုတ်နေတာ....
တစ်ရက်မှ မပိတ်တဲ့အလုပ်ကြီးဗျာ.....
အစက တော်တော်ခံပြင်းသား.......
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဒီကြားထဲ ဆရာကြီး ဦးညီလှငယ် တပည့် ဆရာဆီမှာ Structure Design လည်းပြေးတက်လိုက်သေးတယ်။
ဆရာ့ဝိုင်းမှာ အားလုံးက ၆ ယောက် ၊ MIT က အစ်ကိုနှစ်ယောက်၊ RIT က အစ်ကို တစ်ယောက်နဲ့၊ အသက်ကြီးကြီး စည်ပင်လိုင်စင် အင်ဂျင်နီယာ က ၂ ယောက်။ ကိုယ်က အငယ်ဆုံး၊ Site ထဲမှာ တွေ့လာတာ အကုန် ဆရာကို မေးတော့တာပဲ ၊
အာချောင်ချက် 😂
Structure Design တက်မှ ကျောင်းစာအုပ်ပြန်ဖတ်နေရတယ်၊ လက်တွက် သင်တာဗျာ၊ အဆောက်အဦး တစ်လုံးစီအလိုက်၊
ကျောင်းမှာက အဆောက်အဦးတစ်လုံးစာဆိုပြီး သီးသန့်မဟုတ်ပဲ
ပုစ္ဆာတွေ အဓိက ဖြေရှင်းရတာကို၊ ခုကျမှ စာတွေ့လက်တွေ့ တည့်တည့်ကိုကျလို့.....
အဲတုန်းက Etab စသုံးခါစ။ ပေါ်ကစပေါ့။
Etab ကို ပေးမသုံးသေးဘူး။ လက်တွက်ရမှ
P-Frame နဲ့အယင်စတယ် ၊ ပြီးမှ ဆရာလုပ်ခဲ့တဲ့ Condo Project တွေကို Etab နဲ့ Run ရတာပေါ့......
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဒီလိုနဲ့ Design လိုလို၊ Site လိုလို....

ဟိုလိုလို..... ဒီလိုလို...... လုပ်တုန်းရှိသေး
CE တွေက " မင်းတို QA/QC သွားလုပ် "...ဆိုတော့ ပြေးလွှားရပြန်တယ်။
ကိုယ်သွားဖူးတဲ့ Site က ပြဿနာမရှိပေမယ့် မရောက်ဖူးတဲ့ Site ကျတော့ ခက်ပြန်ရော။
QA/QC လုပ်ရတာ စစ်ဆေးရတာတစ်ခုတည်းမဟုတ်၊
Concrete Slump စစ်ရတာနဲ့ Cube တွေယူရတာက အဆစ်ပါသေး။
Cube ယူရင်းနဲ့ Cube Test Machine ပါ ကိုယ်တိုင်ကိုင်တတ်သွားရော..... Lab Engineer တစ်ပိုင်းဖြစ်လို့။
Engineer ဆိုတာ စပ်စုမှ တော်ရာကျတာပါလား..😁
နောက်ဆို Slab လောင်းပြီးလို့ ရက်ပြည့်ယင်လည်း ဒေါက်တွေဖြုတ်မယ်ဆို Cube Test Result ကို ကြည့်ရတာ အကျင့်ကပါသွားရော.။
ဒီကြားထဲ ကွန်ကရစ် Plant က စီနီယာ အင်ဂျင်နီယာ အစ်မက
ဖျော်စက်ကိုခေါ်သေး။ ကွန်ကရစ် ဖျော်တာကို ကျောင်းဆင်းစတစ်ယောက်အနေနဲ့ စိတ်မပါ။ ဆိုက်ထဲပျော်တဲ့ ဆိုက်ပျော်ကြီးပေါ့..

သိပ်မကြာလိုက်ပါဘူး။
QA/QC လည်း တခန်းရပ်။ ဟိုဆိုက်ဒီဆိုက် ပတ်နေတဲ့ ဆိုက်ပျော်ဘဝလည်း တခန်းရပ်၊ ရုံးပေါ်လည်း ပြန်မခေါ်တော့ဘူး။
ပြုတ်လည်းမပြုတ်ဘူး.....
- ရာထူးလည်းမတိုး၊ လစာလည်းမတိုး
- နယ်နှင်ဒဏ်ပေးတာလား? ????
- နယ်စား ပေးတာလား ???

**ပုံတွေက Driven Pile စက်ရယ် Bore Pile စက်ရယ်၊ အလွမ်းပြေကြည့်ဖို့အတွက်ပါ။

( ဆက်လက်ရေးပါအုံးမည် )

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon