Shwe Loon Eain

Shwe Loon Eain

Share

online shop

06/08/2023

" အကြွေး"

" တုံ...တုံ ...တုံ ..."

" အောက်...အီး ...အီး.. အွတ် "

ရွာဦးကျောင်း အုန်းမောင်းခေါက်သံနှင့် တွဲဖက်ညီစွာ
ထွက်ပေါ်လာတဲ့ လင်းကြက်တွန်သံတွေကြောင့် ကျွန်မ
လည်း အိပ်ယာကနိုးလာပြီး ကိုယ်လက် သန့်ရှင်းရေး
ပြုလုပ်ကာ မနက်စျေးရောင်းထွက်ဖို့အတွက် မီးဖို
ချောင်ထဲသို့ဝင်လိုက်ပြီး ထင်းအတိုအစများဖြင့် မီးမွှေး
လိုက်လေသည်။ မီးမစွဲသေးခင် ဆေးပြီးသား ဒန်အိုး
ကြီးထဲသို့ရေစိမ်ထားတဲ့ ပဲများအား ထည့်လိုက်ပြီး ရေ
အတင်သင့်ထည့်၍ မီးဖိုပေါ်သို့တင်ပေးလိုက်သည်။
အတန်ကြာအောင် ပြုတ်ပြီးမှ ပဲပြုတ်တောင်းထဲသို့
ထည့်လိုက်လေသည်။ မနက်စာ ခင်ပွန်းဖြစ်သူနှင့်
သမီးလေး စားဖို့ ထပ်မံချက်ပြုက်ရလေသည်။ချက်ပြုတ်
ပြီးတော့လည်း ဘုရားရေချမ်းနှင့် ဆွန်းတော်ကပ်၍
ဘုရားဝတ်ပြုလိုက်သည်။ အတန်ကြာအောင် ရှိခိုးပြီး
တိုင်ကပ် နာရီအား လှမ်းကြည့်မိလိုက်တော့" အရာင်း
ထွက်ဖို့တော်တော်နောက်ကျနေပြီးကိုး" နူတ်ကရွတ်မိ
လိုက်ပြီး ပဲတောင်းအား ခေါင်းပေါ်ရွတ်၍အိမ်ကနေ
ကပျာကယာ ထွက်လာခဲ့လေသည်။အကြော်သည်
မိတုတ်ဆီရောက်တော့ သူ့အကြော်အား ဖောက်သည်
စြေးယူုပွီး အရပ်တကာသို့လှည့်လည်ရောင်းချရန်ထွက်
လာခဲ့သည်။

"ပဲပြုတ် ၊အကြော် ပူပူလေး"

"လာပါအုန်း..."

ကျွန်မအသံကြားပြီး ဆိုတာနှင့် ဘယ်အချိန်ကတည်းက
စောင့်နေကြသည့်မသိ ဝယ်သူတွေ သူသူ ၊ ငါငါ ထွက်
လာကြသည်။

"မိနွယ်နီ ငါကို ပဲပြုတ် တစ်ရာ ဖိုးထည့်ပေး အကြော်
နှစ်ရာ ဖိုးရော "

"ဟုတ်ကဲ့ အရီးစိန်"

"ဟဲ့...ငါ လည်း ပဲပြုတ် ထည့်ပေးအုန်း၊ ငါယောက်ကျား
အလုပ်သွားဖို့နောက်ကျနေပြီး.."

"မြန်စေရပါမယ်တော်..."

"ဟဲ့...အဆစ်လေးပါ ထည့်ပေးအုန်းနော်..."

"စိတ်ချပါတော် စိတ်ချပါ...ကိုယ်စျေးဝယ်သူတွေ
ဆိုတော့လည်း ပိုပေးပါတယ် ဘယ်သူနေနေ.... "

ဒီလို ပါပဲ စျေးရောင်းသူတွေဆိုတာ အမြဲတမ်း
ကြုံတွေ့နေရပြီးဆိုတော့လည်း ကျွန်မ အတွက်
ရိုးနေလောက်ပြီး။ တချို ူ့ကလည်းရှိသေးတယ်
ဝတ်တာစားတာက အထက်တန်းကျသလောက်
စိတ်ဓာတ်က တစ်ကယ်ကို စိတ်ပျက်စရာပင်။

"အမရေ ဟိုနေ့က ပဲပြုတ်ဖိုး နှစ်ရာ ကျန်တာ
ပေါင်းယူလိုက်မယ်နော်... "

"ဘယ်နေ့ကတုန်း အဲ့နေ့က ညည်းကို နှစ်ရာတန်
အနွမ်းဟောင်းလေး ပြန်ပေးလိုက်တယ်လေ။
ညည်းလူရူပ်နေလို့မမှတ်မိတာနေမှာဘာ...
မမခင် တို့ကဖြင့် သူ့များအကြွေးဆိုကြောက်လွန်း
လို ့ယူကိုမယူတာ "

"ဟုတ်မှာပါ ကျွန်မလည်း သတိမထားမိတာနေမှာပဲ
မမခင်ရေ စိတ်မရှိပါနဲ့နော် "

ငွေနှစ်ရာ လေးနှင့် အငြင်းခုံမဖြစ်ချင်တာနဲ့ ထိုနေရာ
ကနေထွက်လာခဲ့လေသည်။ စိတ်ထဲတော့ ကသီး
တတောက်နှင့်သာပေါ့ ထိုငွေနှစ်ရာ က သူ့တို့အတွက် ဘာမှတန်ကြေးမရှိပေမယ့် ကျွန်မအတွက်တော့ ထိုငွေ
နှစ်ရာက လွန်စွာတန်ဖိုးရှိသည်။ သမီးလေး တစ်ရက် ကျောင်းမုန့်ဖိုးအတွက်ဆိုလည်း မမှားချေ။

နေနည်းငယ် မြင့်မှ ရောင်းကုန်တာဆိုတော့
အိမ်သို့ခက်သွက်သွက်လေး ပြန်လာခဲ့လေသည်။

" မိန်းမ ပြန်ရောက်တာ စောလှချည်းလားကွာ "

" ဟုတ်တယ် ကိုဖိုးသာ ရေ ...ဒီနေ့ အရောင်းလည်းကောင်းသလို အကြွေးလည်း နည်းနည်းကျတယ်။
ဒါနဲ့ အကိုယာခင်းထဲမသွားသေးဘူးလား "

"သွားမလို့ပဲကွာ... ပဲခင်း ထဲ ပိုးအနည်းငယ်ကျလို့
ပိုးသတ်ဆေးဝယ်ရအုန်းမယ် မိန်းမရေ... ပြီးမှ ယာခင်း
ထဲဆင်းရမှာ"

"ဟုတ်ပါပြိးတော် ...ဒါနှဲ့သမီးလေး ကျောင်းပို့ခဲ့ပြီးပြီ
ပေါ့ "

"ပို့ပြီးလို့အခုမှ ပြန်ရောက်တာ မိန်းမရေ။ ငါလည်း
ဆေးဝယ်ပြီး ယာခင်းထဲဆင်းရအုန်းမယ် "

"ဂရုစိုက်အုန်းနော်ကိုဖိုးသား အကောင်တွေဘာတွေ"

"အေးပါကွာ..ကဲကဲ ငါ သွားပြီး"

ခင်ပွန်းဖြစ်သူ ထွက်သွားမှပဲ ကျွန်မလည်း ရွာထိပ်
စျေးဝယ်ထွက်ပြီး ချက်ပြုတ်ရလေသည်။ အိမ်ထောင်
သက်တမ်း (၈)နှစ် ကာလရှိခဲ့ပြီးလေး ထိုအချိန်တွေက
ကျွန်မဘဝအတွက် အတော်လေးပြောင်းလဲသွားခဲ့တယ်။ တစ်ချိန်က ခြေမွှေး မီးမလောင်း၊ လက်မွှေးမီးမလောင်း နေခဲ့ရတဲ့ ကျွန်မဘဝက ကိုဖိုးသာကို လက်ထက်ပြီး နောက်ပိုင်းမှာတော့ နှစ်ဘက်မိဘတွေရဲ့တစ်ယောက်နဲ့တစ်ယောက်ရန်အငြိးတေးတွေကြောင့်
အမွှေပြက် စွန့်လွှတ်ခြင်းခံခဲ့ရလေသည်။ ဘဝကို
နှစ်ယောက်သား ရုန်းကန်ရင်း အခုလို အိမ်ပိုင်ယာပိုင်နှင့်တည်ဆောက်နိုင်ခဲ့လေသည်။ အချစ်ကြောင့် အမှား.
ုဖြစ်သွားခဲ့ပေမယ့် အဲ့အမှားအတွက် ကျွန်မ နောက်တရခဲ့မည်တော့မဟုတ်ပါ။



"ဘာပြောတယ် ကိုဖိုးသာ... မမခင် ဆုံးလို့
ဟုတ်လား"

"ဟုတ်တယ်မိန်းမရေ ရေချိုး ဆင်ချေကြ ။ မမခင်က
ပူလို့ဆိုပြီး နေခင်းကြောင်တောင် ရေချိုးလိုက်တာ
ဆိုလားပဲ ဦးနှောက်သွေးကျောပေါက် သေတယ်ပြော
ကြတာပဲ... "

"ဘုရား ..ဘုရား... လောကကြီးက ဘယ်အရာမှ
မမြဲကြပါလားနော် ...ကြားရတာ စိတ်မကောင်းလိုက်
တာ"

"အဲ့ကြောင့်ပြောတာပေါ့ကွာ ၊ သကျရျှိသတ်တဝါတိုငျး
ဟာမွေးဖွားခြင်းစတာနဲ့သေခြင်းနဲ့အဆုံးသက်ကြ
တယ်။ ဘယ်အချိန်အခါ အဆုံးသတ် မလဲဆိုတာ
သေမင်းကလွှဲ၍ မည်သူကမှ သိကြမှာမဟုတ်ဘူး။
ဒါကြောင့်ကိုယ်နောက်ပါမယ့် ကုသိုလ်တွေလုပ်မှ
တော်ကာကြမယ်"

"ဟုတ်ပ အကိုရေ...ဒါနှဲ့အကိုလည်း ဘုရား၊ တရား
လုပ်အုန်းနော်"

"အေးပါကွာ.. အေးပါ..."

ဖိုးသာတစ်ယောက် ကိုယ်စကား နှင့် ကိုယ်ဆိုတော့
လည်း မငြင်းသာတော့ပဲ ခေါင်းညိမ့်ဖြေလိုက်ရလေ
တော့သည်။ သူ့ကိုယ်တိုင်လည်း ဘုရား၊တရားလုပ်ဖို့
ပြင်းရိသူ တစ်ယောက်ပင်ဖြစ်သည်မဟုတ်လား။

အချိန်ကာလ အနည်းငယ်ကြာပြီးနောက် စီးပွားရေး.
ပြေလည်လာတော့လည်း ယခင်လို ပဲပြုတ်မရောင်း
တော့ပဲ အိမ်ရှေ့အဖီးထိုးကာ ကုန်စုံဆိုင်လေးတစ်ခု
ဖွင့်လိုက်မိလေသည်။ ဒါဟာလည်း ပဲပြုတ်သည်
ဘဝလေးကို မေ့သွားလို့တော့မဟုတ်ချေ။ တစ်ရွာ
မပြောင်းသူကောင်းမဖြစ် ဆိုသလို ၊ မိသာစုအတွက်
ပို၍. အဆင်ပြေဖို့အတွက် ၊ အခုလို.လုပ်ငန်းချဲ့လုပ်
ကိုင်ခြင်းပင်ဖြစ်သည်။ ယာခင်းကိုလည်း အငှါးလူထားပြီး ကိုဖိုးသာက ရောင်း၊ဝယ်ရေး ကျွန်မနှင့်အတူ
တစ်လှည့်စီ လုပ်ကိုင်နေမိတော့သည်။
အစပိုင်းရောင်းအား အထိုင်ကျနေပေမယ့် နောက်ပိုင်းလူ
သိသူသိ စည်းကားသိုက်မြိုက်လာလေသည်။ ဒါကလည်း
ရွာထိပ်စျးသွားဝယ်ရတဲ့ ဒုက္ခက မသေးလှချေမဟုတ်လား။

"ကိုဖိုးသာ ဘယ်က ခွေးပေါက်လေး ခေါ်လာပြန်ပြီး
လဲတော်"

"လမ်းဘေးက မ လာတာ မိန်းမရေ။ ထူးထူးခြားခြား
အဖြူလေးတစ်ကောင်ပါလားလို့ခေါ်လာတာ "

"ဟင်..အကိုရယ် အမကြီး ယူလာစရာလား
ရူပ်ရူပ်ယုက်ယုက်တော်...ကလေးတွေထပ်မွေး မှာဖြင့်
အလုပ်ရူပ်ပါတယ် ပြန်ထားလိုက်ပါ..."

"ငါလည်း သူ့မေမြင်မှာစိုးလို့ကပျာကယာကောက်
ပြီးထည့်လာတာကွ အိမ်ရောက်ခါနီးမှ အမ မှန်းသိရ
တယ်"

"ဟင်..ခွေးလေးပါလား ဖေဖေ ...ချစ်စရားလေး
ဝဝကစ်ကစ် ဖြူဖြူလုံးလုံးလေး..."

ပြောပြောဆိုဆိုဖြင့် သမီး ဖြစ်သူက သူ့အဖေလက်
ထဲက ခွေးလေးအား ကောက်ယူ၍ ပိတီဖြစ်နေမိသည်။

သမီးဖြစ်သူက သဘောကျနှစ်သက်နေပြီးဆိုတော့လည်း
ခွေးမလေးအား ပစ်မထားတော့ပဲမွေးဖို့ဆုံးဖြတ်
လိုက်လေတော့သည်။ နာမည်က ဖြူမတဲ့ ကြီးလာတော့ လူတွေဆိုအမြဲတမ်းရွဲနွဲ့တတ်သည်။ စျေးဝယ်သူတွေက
လည်း ဖြူမကို ချစ်ကြသည်။ လိမ္မာရေးခြားရှိတဲ့
ခွေးလေးမို့ မုန့်တို့ထန်းလျက်ခဲတို့ဝယ်ကျွေးကြသည်။
တစ်ရက် ကခင်ပွန်းဖြစ်သူ ကိုဖိုးသာတစ်ယောက်
ထိုဖြူမအား ကြိုးချည်ရိုက်နှဲ့နေတဲ့မြင်ကွင်းကြောင့်
ကျွန်မလည်း စျေးခြင်းအောက်ချပြီး ပြေးလာမိလေသည်။

"အကို ဘာလို့ရိုက်နေတာလဲ ဖြူမလေးကို..."

"ဘာဖြစ်ရမှာလည်း မိန်းမရ ခွေးပါးဝလို့....
ဘယ်နှဲ့တို့အိမ်ကျ တစ်နေ့ကုန် ထိုင်စားပြီး ညဘက်
ဦးဘအောင်တို့အိမ်ခြံစောင့်ပေးရတယ်လို့ကွာ"

"ကဲကြာ"
ဖြုန်း.ဖြုန်း..."

"ဂိန်...ဂိန်...ဂိန်"

ကိုဖိုးသားလည်း အဆက်မပြက် ရိုက်လိူက်တာကြောင့်
ခွေးမလေး လည်း နာကျင် စွာဖြင့် အော်ဟစ်နေမိတော့
သည်။

"တော်ပါတယ်အကိုရယ်...ဘာပဲဖြစ်ဖြစ် မရိုက်ပါနဲ့ဝဋ်
လည်တတ်တယ်...သူ့အကြောင်းနဲ့သူ ရှိလို့နေမှာပေါ့"

ကျွန်မ ပြောမှ ကိုဖိုးသာလည်း စိတ်ပြေစွာ လွတ်ပေး
လိုက်လေသည်။ခွေးမလေးကတော့ ကျွန်မဆီ အားကိုး
တကြီးနဲ့ပြေးလာပြီး တအီအီနဲ့အော်ဟစ်နေမိ
တော့သည်။

တစ်ရက်က
ကျွန်မ အိပ်မောကျနေအချိန် အမျိူးသမီးတစ်ဦးနိုးသံကို
ပိပိရိရိ ကြားလိုက်ရတယ်။အိပ်ယာကနိုးလာပြီး လှမ်း
ကြည့်မိလိုက်တော့ ကျွန်မလည်း မျက်လုံးပြူးသွားသည်။

"ရှင်...ရှင်...မမခင် မဟုတ်လား..."

ကျွန်မ လက်ညိူ းထိုးပြိး ထစ်ထစ်ငေါ့ငေါ့ ဖြင့် မေး
လိုက်မိသည်။

"ဟုတ်ပါတယ် ညီမလေးနွယ်နီ ငါ မမခင် ပါ ။နင်ဆီက
အကြွေး နှစ်ရာ ကြောင့် ခုနင်အိမ်မှာ ခွေးမလေး ဖြူမဘဝ
နဲ့အကြွေးမကျေမချင်း လာဆပ်နေရတာပါ။ နင်ယောက်
ကျားကို ပြောပေးပါနော် ငါကိုမရိုက်ပါနဲ့့ဟာ...ငါဦးဘ
အောင်အိမ်မှာ တစ်ညလုံးမအိပ်ပဲ ညစောင့်ပေးရတာက
လည်းအကြွေး တစ်ထောင် ကြောင့်ပါ။ အဲ့အကြွေးမကုန်
မချင်း ငါဒုက္ခခံ သွားစောင့်ပေးနေရလို့ နင်တို့အိမ်မှာ
မစောင့်ပေးနိုင်ခဲ့တာ ငါကိုခွင့်လွှတ်ပါ.... "

ထိုသို့ပြောပြီး မမခင်ပုံရိပ်က တ ဖြေးဖြေး ဖြူမ
ပုံသဏ္ဍာန်ပေါ်လာချေတော့သည်။ ကျွန်မလည်း ဝမ်းနည်း
စိတ်တွေနှင့် ထိုအိပ်မက်က လန့်၍ နိုးလာလေသည်။

"ဘုရား...ဘုရား..တကယ်ပဲ မမခင် က
ုဖြူမပဲလား မယုံနိုင်စရာပါလား..."

ကျွန်မလည်း မနက်ရောက်တော့ ထို အိပ်မက်အကြောင်း
ကို ကိုဖိုးသာအား ပြောပြခဲ့လေသည်။ ခင်ပွန်းဖြစ်သူက
တော့အံ့သြတသြဖြစ်သွားရလေသည်။ ဇနီးစကားဆုံးတော့မှ ကိုဖိုးသာလည်း ဖြူမလေးကို ရိုက်ခဲ့မိတာ နောက်တရ
မဆုံး ဖြစ်မိလိုက်သည်။

ထိုဖြစ်စဉ်နဲ့အတူ ဖြူမလေးကို အရင်ကထက် ပို၍
ဂရုစိုက်ကြလေသည်။ ဖြူမလေးကတော့ သက်ဆိုးမရှည်
လှပါ။ ဖြူမလေးအား အရပ်ထဲ အရမ်းမုန်းတီးနေတဲ့ အရက်သမားတချို့ရှိလေသည်။ ထိုအရက်သမားများသည်
လူဘီးလူးတွေလိုပင် အသားစားကြူးးသည်၊ မြွေ၊.ကြောင်၊
ကင်း ကအစ ခွေးကအဆုံး အရက်နှင့်အမြည်းလုပ်၍
စားသည်။

ဖြူမကလည်း သူ့တို့အသားနံရတိုင်း ထိုလူတွေအား
အမြဲတွေ့တမ်း ထိုးဟောင်းတတ်လေ့ရှိသည်။ ဒါကို
အရက်သမားတချို့က ရန်ငြိုးဖွဲ့ပြီး သူ့ရွာထဲလျှောက်လည်တဲ့ အချိန်မှာပဲ ရိုက်သတ်ခြင်းခံရလေသည်။ထိုကစ္စကို
လည်း မြင်သူတချို့က လာရောက်ပြောကြား၍ သိရလေ
သည်။

ခင်ပွန်းဖြစ်သူကလည်း ထိုကိစ္စအခဲမကြေဖြစ်၍ ထို
အရက်သမားတစ်စုအား ရွာလူကြီးအား တိုင်ကြားခဲ့လေ
သည်။မြူမအလောင်းကိုလည်း ကျကျနနမြေမြုပ်ပေး
ပြီး ဖြူမလေးအတွက် သံဃာငါးပါး ပင့်ဖိတ်ကာ အမျှ
အတန်း ပြုလုပ်ပေးလေတော့သည်။

"ဖြူမရေ...နင် အကြွေးတွေလည်း ကျေပါပြီး
အခုပြုလုပ်သည့် ကုသိုလ်အဝဝလည်း နင်ရရှိပြီး
ဘဝကူးကောင်းပါစေ" ဟု ကျွန်မ ဆုတောင်းပေး
မိသည်တကား။

ငွေကြေး အကြွေးကို
"သင်"ရှောင်ပြေးလို့ရပေမယ့်။

သံသရာ အကြွေးကိုတော့
"သင့် "ပြန်ပေးဆပ်ရလိမ့်မယ်။

လိုအပ်ချက်များစွာဖြင့်....
စာရေးသူ အလင်းရောင်
#လေးစားစွာCreditပေးပါတယ်

Photos from Shwe Loon Eain's post 27/06/2021

ညိုတဲ့သူရောဖြူတဲ့သူရောသုံးလို့အရမ်းအဆင်ပြေပါတယ်
အသားရည်မညီလဲညီစေတယ်
အမဲကွက်ဂျီးကွက်တွေလဲပျောက်ပါတယ်
ပေါင်ပွန်းတာလဲပျောက်ပါတယ်
တော်ရုံအမာရွတ်ဆိုသေချာလေးသာပွတ်တိုက်ပေး ပျောက်ပါတယ်ရှင့်တစ်ဘူးမှ4500mmkထဲပါဈေးလဲသက်သာပါတယ်လို့

Photos from Shwe Loon Eain's post 26/06/2021

သားသားမီးမီးလေးအတွက်စားပွဲလေး
6500mmk

Photos from Shwe Loon Eain's post 26/06/2021

ပိုက်ပါတဲ့ရေခွက်လေးတွေရောက်ပါပီ
တစ်ခွက်မှ1350mmkထဲပါ

25/06/2021

အိမ်တိုင်းမှာတစ်ခုလောက်တော့ရှိသင့်တယ်နော်
သွေးပေါင်ချိန်စက်လေး 19500mmkပါရှင့်
အပေါ်သွေးအောက်သွေးတိကျတာမို့ မရှိမဖြစ်ပစ္စည်းလေးပါ

Photos from Shwe Loon Eain's post 25/06/2021

ချစ်တို့ရေ ဆင်ရုပ်သဘတ်လေးပါ
ဆင်လေး၂ကောင်တောင်ပါတယ်နော်
အသားလေးကအိအိလေး ရေလဲစုပ်တယ်
အရမ်းလည်းချစ်ဖို့ကောင်းတာပါနော်
3500MMKထဲပါနော်

Photos from Shwe Loon Eain's post 25/06/2021

Olive တုန်ဆီလေးပါရှင့်
ဆံပင်သားပျက်ဆီးတာအတွက်အလွန်အဆင်ပြေပါတယ်နော်
3500MMKပါရှင့်
မြို့နယ်အလိုက်ပို့ခလေးတော့ရှိမယ်ရှင့်

Photos from Shwe Loon Eain's post 25/06/2021

ဖြူချင်တဲ့နေရာသာ ရွေးထားတော့နော် 😃😍😍
Bikini ဝတ်ရင်လည်း ကြည့်လို့ကောင်းအောင် ဒါလေးဝယ်သုံးလိုက်ပါ😍😍😍
ဆုတံဆိပ်ရထားတဲ့ "Japan Pelican Exfoliate Whitening Hip Care Soap 80g"
Made in Japan
Price - 6500MM

အထိုင်များလို့ တင်ပါးဂျွတ်တက်ခြင်း၊ အဖုအထစ်များနှင့် အသားအရည်ကြမ်းတမ်းနေခြင်း၊ တင်ပါးမဲခြင်းများကို သက်သာစေပါတယ်..

ဒါ့အပြင် ဒူး၊ တံတောင်၊ ဂျိုင်း၊ ခြေမျက်စိ၊ ဂုတ်ပိုး အစရှိတဲ့နေရာများ မဲနေခြင်းမှလဲ သိသာစွာ သက်သာပျောက်ကင်းပြီး ဖြူဝင်းလာစေပါတယ်.. 🙆

ရေချိုးတဲ့အခါတိုင်း မဲပြီးအသားအရည်မညီတဲ့ နေရာများကို ဒီဆပ်ပြာနဲ့ သေချာစွာ ပွတ်တိုက်ပေးရုံပါပဲနော်.. သူက Dead skin တွေကို Exfoliate လုပ်ပေးတာမို့ ပုံမှန်သုံးစွဲခြင်းဖြင့် ချောမွေ့ဖြူဝင်းသော အသားအရည်ကို ပိုင်ဆိုင်ရမှာပါရှင်။

👏👏👏👏👏👏
Deli နဲ့ မှာယူလိုသူတွေအတွက် ရန်ကုန် အိမ်အရောက်ငွေချေပါရှင်။ ပို့ခ ကတော့ မြို့နယ်အလိုက် ပေးရပါတယ်ရှင်။

Photos from Shwe Loon Eain's post 25/06/2021

Strawberry Lip Mask 🍒🍒

နှုတ်ခမ်းခြောက်တာတွေ နှုတ်ခမ်းမဲတာတွေကိုတဖြည်းဖြည်းနဲ့သက်သာစေပြီး နှုတ်ခမ်းလေးကိုပန်းရောင်လေးသန်းစေတဲ့ lip mask လေးပါရှင်။

ညတိုင်းလိမ်းပေးရင် နှူတ်ခမ်းတွေခြောက်လို့ အက်ကွဲတာတွေကိုပါသက်သာစေတယ်။
ဆဲလ်သေတွေကိုဖယ်ရှားပေးတာမို့လို့ နှုတ်ခမ်းမဲနေတာတွေကို ပန်းရောင်သန်းစေပြီး နှုတ်ခမ်းလေးကိုစိုစိုအိအိလေးဖြစ်အောင်လုပ်ပေးတယ်🤭အနံ့လေးကလည်း strawberry နံ့လေးမွှေးလို့😃
2500mmkပါရှင့် ပေးရတဲ့ဈေးနဲ့တန်စေအောင်အလွန်ကောင်းပါတယ်နော်

01/04/2020

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Shwe Loon Eain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.