Michael
SME လုပ်ငန်းတွေကို Invest လုပ်ရင်း Consult လုပ်ရင်း ရခဲ့တဲ့ အတွေးအမြင်တွေ ကို ပြန်လည်ဝေမျှ ပါတယ်။
Replica Watch လောက မှာ ပြသနာ ဖြစ်နေတယ်။
ဘယ်လိုဖြစ်တာလဲ ဆိုတော့ တရုတ်က ဈေးပေါပေါ နဲ့ ဝယ် လာတဲ့ နာရီတွေ ကို ဆိုင်တစ်ဆိုင် က သိန်းရာချီ ပြီး ပြန်ရောင်း လို့ဆိုပြီး ထောက် ပြတဲ့ သူ ရှိတယ်။
ဖြစ်ချင် တော့ အဲဒီ ဆိုင် က ပဲ Quality အဆင်မပြေတဲ့ နာရီ တစ်လုံး ကို သိန်းဆယ်ချီပြီးရောင်း လိုက် တာမှာ တဖက် က Customer Complaint ကိုသေသေချာချာ မရှင်းပေး လို့ ဟိုတစ်လော ကပဲပြသနာ တက်ထားတဲ့ ဆိုင်ဖြစ်နေတာ။
ခုန က ကိစ္စ ဆက်ပြောရရင်ထောက် ပြတဲ့ သူနဲ့ ဆိုင်ရှင်ကြားမှာ ပြသနာ တွေ တက်တော့ တစ်ဖက်နဲ့ တစ်ဖက် စိန် ခေါ်ကြရာမှာ
ထောက်ပြတဲ့ သူ က တနဂ်နွေနေ့ က Video တင်တယ် အဲဒီ Video မှာ အဂ်ါနေ့ မှာဆိုင်ကို လာပြမယ် လို့ပြောပြီး Video မှာ ဒဲ့ စိန်ခေါ်တယ်။
ဒါက ထောက်ပြတဲ့ Whistle Blowerr ဘက်က လုပ်တာပေါ့။
ဆိုင်ရှင်ဘက်က ဘာလုပ်လဲဆိုတော့ အဲဒီ Customer Complaint တက်တာ နဲ့ ငွေချက်ချင်း ပြန်အမ်းတယ်။ နာရီ ကို သူ့ဆီမရောက်သေးဘူးငွေပြန်အမ်းပြီးကြောင်း Video တင်တယ်။ တစ်ဖက် Customer ကိုလဲ Post တင်ခိုင်းတယ်။
သူ့ နာရီတွေ ဟာ Quality အမျိုးမျိုး နဲ့ Replica တွေဖြစ်ကြောင်း Post တွေ ကို ခပ်စိပ်စိပ် Video တင် တယ်။
လာရှင်းမယ်ဆိုတဲ့သူ ကို ဒဲ့ တည် တဲ့ Video တစ်ပုဒ် တင်သေးတယ်။ ပြီးတော့ ချက်ချင်း ပြန် ဖျက်ချသွားတယ်
ဒီနေ့ တစ်ကယ်သွားတယ်။
မသွားခင်
အခွန်ရုံး က အခွန် ဆောင် မဆောင် သိရအောင် အခွန်ရုံး လဲ ဝင်သွားမယ်။
စည်ပင်လိုင်စင် လုပ်ထားလားမလုပ်ထားလားသိရအောင် စည်ပင်ရုံးလဲ ဝင်သွားမယ်။
ပြီးတော့ အဲဒီဆိုင်က ဝယ်ထားတဲ့ သူတွေ ကို လူစုတယ် အတု ရောင်းတာ မို့လို့ ပိုက်ဆံပြန်တောင်းပေးမယ်။ တောင်းမရရင် တရားစွဲမယ်။ရဲတိုင်မယ် ဆိုပြီး Video တင်တယ်။
ကျွန်တော်က သူ့ Video ကို ကြည့် က ထဲ က ထင်လိုက်တယ် ကျွံသွား ပြီလို့
အဆုံးသတ်ဘာဖြစ်သွားတယ်ထင်လဲ။
Whistle Blower ဘက် က Video တွေ အကုန် ပြန်ဖျက်သွားရတယ်။ စိန်ခေါ်ထားတာတွေရော။ ကျန်တာတွေရော အကုန်ပြနိဖျက်သွားရတယ်။
ပြသနာ က စနစ် အတိုငိးမသွားတာ။ လူစု တာ။ နောက် ကိုယ်လာမယ့် လမ်းကြောင်း ကို ကြိုပြောတာ ။
အဲတော့ ကွဲတာ ပဲ
တွက်ပြမယ်
ရုံးခန်းငှားခ - တစ်လ ၄ သိန်း (၆လတော့ အနည်းဆုံး ငှားမယ်ထား ) - ၂၄ သိန်း+ ပွဲစားခ၄ သိန်း = ၂၈ သိန်း
ရုံးခန်း ပြင်တာ - ၁၀ သိန်း ထား (ဆိုင်ဘုတ်ဘာညာ နဲ့ လိုတာလေးတွေဝယ်ပေါ့)
ဆိုင်းဘုတ်တင်တာ နဲ့ လာကောက်မယ့် စည်ပင်ခွန် - ၃ သောင်း ထား
ပရိဘောဂ
ဧည့်ခန်း - ၈ သိန်း ( ဆက်တီ အဟောင်းလေး ဝယ်)
ပိုင်ရှင် စားပွဲ + ဘောစိ ထိုင်ခုံ = ၁၀ သိန်း ထား (ဒါလဲ အဟောင်းဈေးပဲ)
ဝန်ထမ်း စားပွဲ + ထိုင်ခုံ (တစ် Set ကို ၅ သိန်းထား စာရင်းသမားရယ်၊ အရောင်း ၂_ယောက်ရယ်၊ တာဝန်ခံရယ် ၄ ယောက်ခန့်ရင်) ၄ Set - သိန်း ၂၀
ရုံးအတွက် Laptop တူတူတန်တန် ဆို တစ်လုံး ၁၀ သိန်း ထား ၄လုံး - သိန်း၄၀ ( ပိုင်ရှင် က ကိုယ့် Laptop နဲ့ ကိုယ်သုံး)
Printet 1 လုံး - ၄ သိန်း ( အဟောင်းဈေး)
ရုံး သုံးဖို့ နဲ့ tik tok လေး ဘာလေးရိုက်ဖို့ ကင်မရာ ကောင်းတဲ့ ဖုန်း - ၁၀ သိန်း ( အဟောင်းဈေးပဲ)
စာရွက်စာတမိး အတွက် ဗီဒို ၁လုံး - ၆ သိန်း (အဟောင်းဈေး)
ကုမ္ပဏီ ထောင်မယ် AR ဆောင်မယ် Extract ထုတ်မယ် - ၃ သိန်း+ ၅ သောင်း+ ၁ သောင်း = ၃ သိန်း ၆ သောင်း
ပုံမှန်လုပ်နေကျ အတိုင်း သိန်း ၅၀ နဲ့ Capital ထားဂင် အခွန် ၃% − ၁ သိန်းခွဲ
ရုံ ဖွင့် ဘုန်းကြီးဆွမ်ကပ် ဘုန်းကြီ ၃ ပါး ကို ဝတ္တုငွေ + သက်န်း + ဆွပ်းဟင်း တစ်ပ်း ၂ သိန်း ထား - ၆ သိန်း
ဆိုတော့
၁၃၅ သိန်း ၆သောင်း
ဝန်ထမ်းလစာ -
အရောင်း တစ်လ ၄ သိန်း ၂ ယောက် ၈ သိန်း
စာရင်းသမား တစ်လ ၅ သိန်း
တာဝန်ခံ - ၇ သိန်း စုစုပေါင်း သိန်း ၂၀
မီတာခ အင်တာနက်ခ - ၁ သိန်း
အထွေထွေစားရိတါ တစ်ရက် ၁သောင်းထား - ၃ သိန်း
တစ်လ ကို အိမ်လခ က ၄ သိန်းစုရမယ်
ဆိုတော့ ၂၈ သိန်း ၃ လစာ reserved ၈၁သိန်း ထား
စုစူပေါင်း ၂၃၁ သိန်း ၄ သောင်း ကျမယ်
ဒါက ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းရှင် လုပ်မယ်ဆိုရင် အနည်းဆုံး ကုန်တဲ့ စားရိတ်
အဲဒီမှာ ၂၈ သိန်း Expense ကျေဖို့ ဆိုရင် ပုံမှန်လုပ်ငန်းတွေရဲ့ အကြမ်းအမြတ် ၄၀% ထားရင် တစ်လ ကို ၇၀ အနည်းဆုံးဝင်မှ အရင်းကျေမယ်
၇၀ ဆိုရင် တစ်ရက် ကို ၂သိန်း ၃သောင်း ၃ထောင် ၃ရာ ၃ ဆယ့် ၃ ကျပ်လိုတယ်
အခုတွက်ထားတဲ့ အထဲမှာ ပိုင်ရှင်အတွက် အမြတ် မပါဘူး။
ပိုင်ရှင်အမြတ်ကို လိုချင်ရင် လိုချင် သလောက် ရောင်းအား ကောင်းဖို့လိုမယ်
ရောင်းမကောင်းရင် စိတ်ညစ်ရမယ်။
စိတ်ညစ်ရင် Stress များမယ်။
Stress များရင် များသလောက် ကိုအိပ်ရေးပျက်မယ်။
အိပ်ရေးပျက်ရင် ရုပ်ရင့်မယ်။
ရုပ်ရင့် ရင် Skincare ရမယ် Asthestic Clinic သွားရမယ်။ HiFu တို့ဘာတို့ ပစ်ရမယ်။
Botox တွေဘာတွေ ထိုးရမယ်။
ကြိုးတွေဘာတွေထိုးရမယ်။
ကုန်ကျစားရိတ် က အနည်းလေး တစ်လ ကို ၅ သိန်း ၁၀ သိန်း ကျနိုင်တယ်။
အဲတော့ Corporate Life မှာတစ်လကို သိန်း ၅၀ လောက် ရနေတယ်။ Employee Benefit တွေလဲ ကောင်းကောင်းလေးရနေတယ်ဆိုရင် ကိုယ့်ဖာသာ ကိုယ် သာသာယာယာနေ သိန်း ၂၃၀ ကျော် လောက် အကုန် ခံ ပြီး ကိုယ့်ပိုက်ဆံ နဲ့ ကိုယ် ဒုက္ခမခံ နဲ့
အကယ်လို့တားမရဘူးဆိုလဲ သိန်း ၁၀၀၀ လောက် လက်ထဲ စုမ်ဆောင်းမိရှိပြီး ဘယ်မှာမှ သုံးစရာမရှိတော့ ဘူးဆို တော့မှ ကိုယ်ပိုင်စီးပွားရေး ကိုယ်လုပ်ပေါ့
တားတယ်နော်
ပြီးတော့မှ ဆရာတို့ က တားမှ မတားခဲ့တာ လို့ မပြောကြေးနော်။
တားမရလို့တခုခု ဆိုလဲ Consultant လေး ဘာလေး ခေါ်ပေါ့
ခေါ်မယ်ဆိုလဲ ကိုယ်တွေကို သတိရပေါ့ 😂😂😂
အစုစပ်ရှယ်ယာ လုပ်တဲ့ အခါမှာ မှားလေ့ရှိတဲ့ အမှား က ထည့်ဝင်ရင်းနှီးငွေ ကို ခွဲယူတာပဲ။
ခွဲထည့်မယ်ဆိုပြီးသဘောတူထား
ထည့်ရမယ့် အချိန်ရောက်တော့ မထည့်နိုင်တော့ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝမ်းကွဲရ
နောက် တော့ ငွေ နိုင်တဲ့ သူက စိူက်ထား
မထည့် နိုင်တဲ့ သူ က ပြန်မပေး
အဲလို နဲ့ ပြသနာ တွေတက်ကြရော
ပြောဖြစ်ခဲ့သောစကားများ
==================
Message တစ်ခုမှာ Data ဆိုတဲ့ အချက်အလက် ရယ် Presenting ဆိုတဲ့ တင်ပြပုံ ရယ် ဆိုပြီး ၂ပိုင်းရှိတယ်။
Data ဆိုတာက တကယ့်အဖြစ်မှန်ပေါ့။
Presenting ဆိုတာ က တော့ အဲဒီ Data ပေါ်ကို လူတွေ မြင်လာအောင် ဖော်ထုတ်ပြသတာပေါ့။ Presentation ကောင်းရင် ကောင်းသလို Data က ကြွတက်လာတယ်။ အဲလိုပဲ Presentation ပိုင်ရင် ပိုင်သလို ကိုယ် ပြချင်တဲ့ အကြောင်းအရာ ကို ပဲ ကွက်ပြီး လူတွေ ထင်မြင်လာအောင်လုပ်လို့ရတယ်။
Data နိုင်တဲ့ သူထက် Presentation ပိုင်တဲ့ သူ က အများကြီး ကြောက်ဖို့ ကောင်းတယ်။
မေးပါရစေ...
အကယ်၍ ကိုယ့်လုပ်ငန်း ကို System ချပြီး လို့ စနစ်တကျ ဖြစ်သွားတဲ့ အခါ
ကိုယ်မပါပဲ လည်ပတ်နေတဲ့ လုပ်ငန်း ကို ရရှိသွားပြီ ဆိုပါစို့
မိတ်ဆွေ လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ့် လုပ်ငန်း ကို ကိုယ်မပါပဲ ဘယ်လောက် ကြာကြာ ပစ်ထား ပြီး နေနိုင်မယ် လို့ ယုံကြည်ပါသလဲ?
မြင်နေရတာလေးတစ်ခုပေါ့။
ဒီကာလ မှာ လူငယ်တွေ အလုပ်လုပ်ရင် တစ်ခု ထဲ ငြိမ်ငြိမ် မလုပ်ချင်ကြဘူး။
ဒါလေး လုပ်လို့ အခြေတည်နေပြီဆို ဟိုဟာလေး ကိုလဲဆက်ချဲ့ချင်ကြတယ်။
အဲဒါအဆင်မပြေဘူးနော်
Theory အရပြောရင် လုပ်ငန်း တွေ ဟာ အဆင့်လေးဆင့်ရှိတယ်။ လူတိုင်းလဲ သိပါတယ်။ အစရယ်။တိုးတက်တာရယ်၊ ထိပ်ဆုံးရောက်တာရယ်ပြန်ကျတာရယ်ပေါ့။
အခုက အစကနေ တိုးတက်တဲ့အဆင့်ရောက်တာနဲ့နောက် တစ်ခု အစကနေပြန်စပြီး ချဲ့တာ
အဲလိုလုပ်ရင် တိုးတက်တဲ့ဆီက အမြတ်တွေ က အစလုပ်တဲ့ အလုပ်ဆီကို ရောက်ရောက်သွားပြီးတော့ ပင်မတိုးတက်တဲ့လုပ်ငန်းကလဲမကြီးပွား၊ အစလုပ်တဲ့ လုပ်ငန်းကလဲ ခါးပြတ်တတ်တယ်။
တွေးဆနိုင်ဖို့ပါပဲ။
စီးပွားရေး လုပ်ရင် သက်ရောက် မှု နဲ့ ထိရောက်မှု ဆိုတာ ကိုထည့်စဉ်းစားရတယ်
ထိရောက်မှုဆိုတာ က ကိုယ်တစ်ခုခု လုပ်လိုက်တယ်
ကိူဖြစ်စေချင်တာ ဖြစ်နေသလား ပေါ့
ဥပမာ Marketing Campaign တစ်ခု Run. တယ်
ရောင်းအားတက်လာလား ဒါဆို သက်ရောက်မှုရှိတယ်ပေါ့
ထိရောက်မှု ဆိုတာကျတော့ အဲဒီ သက်ရောက်မှု ကို ဘယ်လောက် ကုန်ကျစားရိတ်နဲ့ ရယူနေလဲ ပေါ့
ပြောချင်တာ က သက်ရောက် မှု ရှိလားကြည့်ပြီးမှ ထိရောက်မှု ကို စဉ်းစား ရတယ်
အချို့ က လုပ်တာတောင် မတည့် သေးဘူး
RoI. က တွက်ချင်နေပြီရယ်
လုပ်ငန်းထဲ ကိုရင်းနှီးမြုပ်နှံမှု ထည့်ထားပြီး အဆင်မပြေရင် ပြန်အမ်းခိုင်းလို့ရလား လို့မေးကြတယ်
ကျွန်တော့် မူအရ
လုပ်ငန်းထဲကို ပိုင်ရှင် က ရင်းနှီးမြုပ်နှံမှု တစ်ခု ကို ထည့်ရင် အဲဒါဟာ အပြီးအပြတ်သဘော ဆောင် ပါတယ်။
ဆိုလိုတာ က လုပ်ငန်း က နေ ပြန်အမ်းခိုင်းရင် လုပ်ငန်း က အဆင်ပြေမှ အမ်းပေး မှာဖြစ်ပါတယ်။
အဲလို ပဲ လုပ်ငန်း က ပိုင်ရှင် ကို အမြတ်ခွဲပေးရင် လဲ အပြီး အပြတ်သဘောဆောင် ပါတယ်။
ပိုင်ရှင် ကို အမြတ်ခွဲပေး ပြီး လုပ်ငန်း အဆင်မပြေလို့ ပြန်ထည့်ခိုင်းတဲ့ အခါ ပိုင်ရှင် အဆင်ပြေမှ ပြန်ထည့်နိုင်မှာ ဖြစ်ပါတယ်။
အကြွေးတောင်းသလို ဂဒီး ဂဒီး တောင်း နေလို့မရပါဘူး
နောက် ရပိုင်ခွင့်လဲမဟုတ်ပါဘူး။
တွေးဆ နိုင်ဖို့ပါပဲ။
ပြောပြချင်တာလေးတွေ (၃)
===================
စီးပွားရေးလောက ထဲ ကို အခုမှ စ၀င်လာတဲ့ သူတွေ အရမ်းလုပ်ချင်တဲ့ ကိစ္စတစ်ခု ရှိတယ်။ အဲဒါဘာလဲ ဆိုတော့ ကြီးကြီး မာစတာတေ နဲ့ ပေါင်းချင်တာ ပဲ။
ဆင်နဲ့ပေါင်းရင် ဆင်ဖြစ်ပြီး ဂေါ်ဇီလာနဲ့ ပေါင်းရင် ဂေါ်ဇီလာ ဖြစ်မယ် ဆိုတဲ့ စိတ်ကူးနဲ့ လုပ်ငန်းရှင် အကြီးတွေ နဲ့ ပေါင်း ချင်တတ်ကြ တယ်။ ပေါင်းလေ့ ပေါင်းထ ရှိတယ်။
လုပ်ငန်းရှင် အကြီးတွေ ပြောပြတဲ့ Logic တွေ Inspiration တွေ မှာမျော ပြီး ကိုယ့် လုပ်ငန်း ရဲ့ Strategic Level မှာ အပြောင်းအလဲတွေ လုပ်တတ်ကြတယ်။
အဲဒီလို လုပ်တာ ကောင်းလားဆို ကောင်းလဲကောင်းတယ် ဆိုးလဲဆိုးတယ် လို့ဖြေရမလိုဖြစ်နေတယ်။ ေ
ကာင်းတယ်ဆိုတာ က စီးပွားရေးဆိုတာ ပေါင်းသင်းဆက်ဆံရေး ပဲ မိတ်များတဲ့ သူပိုရောင်းကောင်းတယ်။ ဒါဘယ်တော့မှမမှားတဲ့ သီအိုရီ။
အဲတော့ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ကျယ်၀န်းတာ ကောင်းတယ်လို့ပြောလို့ရတယ်။
မကောင်းတာ က ကျတော့ လုပ်ငန်းရှင်ကြီးတွေ ချပြတဲ့ Inspiration တွေ Logic တွေ ကို ပုံတူ ကူးချတာ မကောင်းဘူး အန္တရာယ် အလွန်များတယ်။
လမ်းဖြစ်ချင်ရင် ဆင်သွားခိုင်းလိုက်လေ လို့ ပြောတဲ့ အခါမှာ လမ်းပျောက်လို့ ကိုယ့်လမ်းကိုယ်ဖောက် ကိုယ့် တောကိုယ် တိုး နေရတဲ့ အဆင့် က ကောင် က လမ်းဖောက် တာကို ရပ်ပြီး ဆင်ပဲပြေးရှာရမလို ဘာလိုလိုတွေ ဖြစ်ကုန်တယ်။
အဆုံးသတ်ကြတော့ အသေး တွေ အငယ်တွေ ကွဲတာပါပဲ။Risk ယူတာချင်းတူုရင်တောင် Risk ကို ခံနိုင်ရည် ချင်းကွဲတာ ကိုးးး။
ဒါကြောင့် ဆင်တွေနဲ့ပေါင်းချင်ရင် ကိုယ်က ဆိတ်လောက်တော့ ဖြစ်မှရမယ်။
ဆိတ်တော့ ဆိတ်ပဲ ပုရွက်ဆိတ်ဆိုရင် ဆင်နဲ့ မပေါင်းပဲ ခဏစောင့် တာ က ပိုအဆင်ပြေမယ် ထင်ပါတယ်။
ဒီကာလမှာ လုပ်ငန်းရှင်တွေအနေနဲ့ အဖတ်သင့်ဆုံး စာအုပ်က ဘာလဲ တဲ့
ဆားပုလင်းနှင်းမောင် ဝတ္တုတွေ ဖတ် လို့ ညွှန်းရတယ်။
ဟင် ဘာဆိုင်လို့တုန်း ဆိုတော့ ...
လုပ်ငန်းရှင်တွေ အနေနဲ့ CID က မင်းကြီး မစ္စတာ ကရစ်ပင် ကို အတုယူ စေချင်တယ်။
ဝတ္တုဖတ်ဖူးရင် သိလိမ့်မယ်။
ဝတ္တုအရဆိုရင်
CID က သူ့ ဝန်ထမ်းတွေ ထဲမှာ ဆားပုလငိးနှင်းမောင် က လွဲရင် ဘယ်သူမှ စောင်သုံးကျတာမဟုတ် ဘူး
သူ့အပြောအရဆိုရင် မြည်းသတ္တဝါတွေ လိုပဲ အသုံးမကျ တဲ့ လူကလေးတွေ ပေါ့။
ဆားပုလင်းနှင်းမောင် ကျတော့ လဲ စောင်သုံးတော့ကျတယ် ဒါပေမယ့် စောင်ချိုးမပြေဘူး
ဒါပေမယ့် သူဘယ်လို Manage လုပ်လဲ
စောင်သုံးမကျ တဲ့ Team ကို ကောင်းကောင်း ကြိတ်တယ်။
ဒါပေမယ့် အလုပ်ကို ဒေါင့်စေ့အောင်ခိုင်းတယ်။
စောင်သုံးမကျလို့ လက်အောက်ငယ်သားကို စိတ်ကောက်ပြီး တာဝန်မပေးတာ တို့ ဘာတို့ မလုပ်ဘူး
အမှုဖြစ်ရင် အကုန်သွားပဲ။
ဆားပုလင်းနှင်းမောင် က သူ့အပေါ် ခြေရာတိုင်း မခိုးမခန့်ပြောလဲ သည်းခံတာပဲ။ အဓိက က အမှုပေါ်ဖို့ ကိုး အမှု မပေါ်ရင် သူလဲ လစ်ရမှာလေ။
မလစ်ချင်တော့ သည်းခံရတာပဲ။ စောင်သုံးကျ ပြီး စောင်ချိုးမပြေ ရင် အချိုသတ်ပေါင်း Result ရအောင် လုပ်။ ဒါပဲ ရှိတယ်။
လုပ်ငန်းရှင်တွေ လဲ ဒီလိုပဲ လုပ်ရတာပဲ။
Team မှာ စောင်သုံးလဲ ကျ စောင်ချိုးလံ ပြေတဲ့ သူရှိဖို့ဆိုတာ ခက်တယ်။
ဒီတော့ စောင်ချိုးပြေပြီး စောင် သုံးမကျ တဲ့ သူတွေ ကို ပြုပြင် ပြီး စောင်သုံးကျ ပြီး စောင်ချိုးမပြေတဲ့ သူတွေက အဆင်ပြေအောင် ချော့ခိုင်းရတာပဲ။
Result ထွက်နေတဲ့ သူ ကို ပြသနာ သွားရှာ လို့မရဘူး
ကိုယ်ပါ လစ်သွားလိမ့်မယ်။
ဒါကြောင့် လုပ်ငန်းရှင်ဖြစ်ချင်ရင် ဆားပုလင်းနှင်းမောင် ဖတ် မစ္စတာ ကရစ်ပင် လို့ စိတ်ဓါတ်မျိုးမွေး
ဒါပဲ 😁😁
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Yangon