Pocket Tech
IT & Tech Knowledge
vivo Y11d အတိုလေးလေ့လာကြည့်ကြမယ်
28/07/2026
မြန်မာနိုင်ငံမှာရောင်းချပေးမှာလား?.....
Battery အကြီးဆုံး Smartphone Honor X80 Pro Max.....ဘယ်လောက်ထိbatteryအားပါသွားမလဲ.........?
Honor ကတော့ Battery Capacity အပိုင်းမှာ နောက်ထပ် စံချိန်တစ်ခု ထပ်တင်လိုက်ပါပြီ။ အသစ်မိတ်ဆက်လိုက်တဲ့ Honor X80 Pro Max ဟာ 11,000mAh Battery ကြီးကို ထည့်သွင်းပေးထားပြီး လက်ရှိ Mainstream Brand တွေထဲမှာ Battery အကြီးဆုံး Smartphone တစ်လုံးအဖြစ် ရပ်တည်လာပါတယ်။
ဖုန်းရဲ့ အရှေ့ဘက်မှာ 6.8-inch OLED Display ကို အသုံးပြုထားပြီး 60Hz ကနေ 120Hz အထိ Adaptive Refresh Rate ကို Support ပေးထားပါတယ်။ ဒါ့အပြင် 3840Hz PWM Dimming ပါဝင်သလို Peak Brightness ကို 10,000 Nits အထိ ရရှိနိုင်တယ်လို့ Honor က ပြောထားပါတယ်။ Bezel တွေကလည်း 1.3mm ဝန်းကျင်ပဲရှိတာကြောင့် Premium Look ကို ရရှိစေပါတယ်။
Performance ပိုင်းအတွက် Qualcomm ရဲ့ အသစ်ထွက် Snapdragon 6 Gen 5 Chipset ကို အသုံးပြုထားပြီး LPDDR5 RAM နဲ့ UFS 3.1 Storage တို့ကို တွဲဖက်ပေးထားပါတယ်။
Android 16 အခြေခံ MagicOS 10 ကို အသုံးပြုထားပြီး AI Outdoor Mode၊ AI Grip Control စတဲ့ AI Feature တွေလည်း ပါဝင်လာပါတယ်။
ဒီဖုန်းရဲ့ အဓိက Highlight ကတော့ 4th Generation Qinghai Lake Battery ဖြစ်တဲ့ 11,000mAh Battery ကြီးပါပဲ။ Honor ရဲ့ အဆိုအရ Standby Time 42 ရက်အထိ အသုံးပြုနိုင်ပြီး Smartphone နဲ့ Livestream ဆက်တိုက် 26 နာရီကျော် ပြုလုပ်နိုင်တဲ့ Guinness World Record တောင် ရရှိထားတယ်လို့ သိရပါတယ်။
Charging ပိုင်းမှာ 90W Fast Charging Support ပေးထားပြီး 27W Reverse Charging ပါဝင်တာကြောင့် Power Bank လိုမျိုး တခြား Device တွေကို ပြန်အားသွင်းပေးနိုင်ပါတယ်။
Camera ပိုင်းမှာ OIS ပါဝင်တဲ့ 50MP Main Camera ကို အသုံးပြုထားပြီး Selfie အတွက် 8MP Front Camera ပါဝင်ပါတယ်။ Stereo Speaker, NFC, IR Blaster, Dual-Frequency GPS, IP66/IP68/IP69/IP69K Water & Dust Resistance နဲ့ SGS Five-Star Drop Resistance Certification တွေလည်း ရရှိထားပါတယ်။
Color အနေနဲ့ Lightning Red, Vibrant Orange, Moon Shadow White နဲ့ Mystic Black ဆိုပြီး 4 မျိုး ရွေးချယ်နိုင်ပါတယ်။ မြန်မာနိုင်ငံနဲ့ဆိုရင် batteryအားကကော ရှယ်ပဲ...☺☺
Thank for watching till the end.📱📱
27/07/2026
☎Tecnoကနေအပါးဆုံးနဲ့အပေါ့ဆုံးphoneလေးကိုcamon serirsကနေ ထုတ်လိုက်ပြီလား?📲📲
Phoneအပါးဆုံးကိုမှသဘောကျတဲ့သူတွေအတွက် ကျောဘက်မှာmini-LEDမီးလုံးလေးတွေနဲ့ အမိုက်စား ဖန်တီးထားတဲ့ Tecno Camon 50 Slim ကို သူတို့ရဲ့ Global Website ကနေတစ်ဆင့် တရားဝင် မိတ်ဆက်လိုက်ပါပြီ။
လောလောဆယ်မှာ ဈေးနှုန်းနဲ့ ရောင်းချမယ့်ရက်ကို အတိအကျ မကြေညာသေးပေမယ့် 4G LTE Network သာ ထောက်ပံ့ပေးထားတဲ့အတွက် သတ်မှတ်ထားတဲ့ ဈေးကွက်တွေမှာပဲ ရောင်းချသွားမယ်လို့ထင်ပါတယ်။
Camon 50 Slim ရဲ့ အထူးခြားဆုံးအချက်ကတော့ အထူ 6.39mm ပဲရှိတဲ့ Curved Body Design ဖြစ်ပြီး Camera Module အတွင်းမှာ AI Mood Light System ကို ထည့်သွင်းပေးထားပါတယ်။ Mini-LED မီးလုံးပေါင်း 354 လုံး ပါဝင်ပြီး Notification တွေ၊ ဖုန်းခေါ်ဆိုမှုတွေ နဲ့ အခြား Interaction တွေအတွက် Lighting Effect မျိုးစုံ ပြသနိုင်မှာပါ။
မျက်နှာပြင်ပိုင်းမှာ 6.78-inch AMOLED Display ကို အသုံးပြုထားပြီး 1.5K Resolution နဲ့ 144Hz Refresh Rate ထိ ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် Scroll ဆွဲတာ၊ Gaming ဆော့တာ နဲ့ Video ကြည့်တာတွေမှာ ပိုမိုချောမွေ့တဲ့ Experience ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
Performance အတွက် MediaTek Helio G200 Ultimate Chipset ကို အသုံးပြုထားပြီး HiOS 16.2 နဲ့ ထွက်ရှိလာပါတယ်။ RAM 8GB ပါဝင်ကာ Virtual RAM ဖြင့် 16GB အထိ တိုးချဲ့အသုံးပြုနိုင်သလို Storage ကိုလည်း 128GB နဲ့ 256GB Version နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။
Camera ပိုင်းမှာ 50MP Sony LYT-600 Main Camera ကို တပ်ဆင်ထားပြီး Flicker Sensor တစ်ခုလည်း ပါဝင်ပါတယ်။ Selfie Camera ကတော့ 32MP ဖြစ်ပြီး Underwater Photography၊ AI Photo Tools နဲ့ Portrait Focal Length အမျိုးမျိုးကိုလည်း ထောက်ပံ့ပေးထားပါတယ်။
Battery အနေနဲ့ 5,600mAh Battery ကို ထည့်သွင်းထားပြီး 60W Fast Charging ကို အသုံးပြုနိုင်ပါတယ်။ Tecno ရဲ့ထုတ်ပြန်ချက်အရBattery သက်တမ်းကို ၅ နှစ်အထိ ထိန်းသိမ်းနိုင်အောင် ဒီဇိုင်းထုတ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် Dual Stereo Speakers with Dolby Atmos၊ NFC၊ Infrared Blaster၊ IP68/IP69 Water & Dust Resistance၊ Military-Grade Durability Certification နဲ့ microSD Card မှတစ်ဆင့် 2TB အထိ Storage တိုးချဲ့နိုင်တဲ့ Feature တွေလည်း ပါဝင်လာပါတယ်။
တစ်ခုသတိထားရမှာကတော့ Camon 50 Slim ဟာ 4G LTE ကိုပဲ ထောက်ပံ့ထားတာဖြစ်ပြီး 5G မပါဝင်ပါဘူး။ ကဲslimလေးကိုမြည်းစမ်းကြည့်ကြနော်.....😊😊
Thank for watching till the end.
27/07/2026
Gaming သမားတွေအတွက် Redmi ရဲ့ အကြမ်းဆုံး K90 Ultra
Redmi K90 Ultra ကPerformance ကို အလွန်အမင်းအလေးထားတဲ့ Flagship Killer တစ်လုံးအဖြစ် ထွက်ရှိလာပါတယ်။ ဒီဖုန်းရဲ့ အထူးခြားဆုံးအချက်ကတော့ Snapdragon 8 Elite Chipset ကို အသုံးပြုထားရုံသာမက ဖုန်းအတွင်း Built-in Active Cooling Fan ပါ ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။
မျက်နှာပြင်ပိုင်းမှာတော့ 6.83-inch Flat AMOLED Display ကို အသုံးပြုထားပြီး 1.5K Resolution (2772 1280) နဲ့ 165Hz Refresh Rate အထိ ထောက်ပံ့ပေးထားပါတယ်။ Xiaomi ရဲ့ M10 Display Material ကို အသုံးပြုထားတာကြောင့် Peak Brightness 3,500 nits အထိ ရရှိနိုင်ပြီး နေရောင်အောက်မှာတောင် Screen ကို ကြည်လင်စွာ အသုံးပြုနိုင်ပါတယ်။
Touch Response ပိုင်းမှာလည်း 480Hz Multi-finger Touch Reporting Rate နဲ့ 3,500Hz Instant Touch Sampling Rate ပါဝင်တာကြောင့် Gaming ကစားတဲ့အချိန် Touch Delay ကို အလွန်လျှော့ချပေးနိုင်ပါတယ်။
Performance အပိုင်းမှာတော့ 3nm Snapdragon 8 Elite Chipset ကို အသုံးပြုထားပြီး 16GB LPDDR5X RAM နဲ့ 512GB UFS 4.1 Storage အထိ ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် Gaming Experience ပိုကောင်းစေဖို့ AI Upscaling နဲ့ Frame Interpolation ကို ကူညီပေးမယ့် D2 Display Chip ကိုလည်း ထည့်သွင်းပေးထားပါတယ်။
အပူချိန်ထိန်းချုပ်မှုအတွက်တော့ Redmi K90 Ultra ဟာ Built-in Active Air Cooling System ကို အသုံးပြုထားပါတယ်။ 18.1mm Cooling Fan ဟာ 32dB ဝန်းကျင်သာ အသံထွက်ရှိပြီး 6,000mm V***r Chamber နဲ့ ပေါင်းစပ်အလုပ်လုပ်တာကြောင့် အချိန်ကြာကြာ Gaming ကစားတဲ့အခါမှာလည်း Performance မကျစေဘဲ အပူချိန်ကို ထိန်းပေးနိုင်ပါတယ်။
Software ပိုင်းမှာတော့ HyperOS 3 ကို အသုံးပြုထားပါတယ်။
Camera ပိုင်းမှာတော့ 50MP Light Hunter 800 Main Sensor (1/1.55-inch) ကို OIS နဲ့အတူ ထည့်သွင်းပေးထားပြီး f/1.68 Aperture ပါဝင်ပါတယ်။ အပြင် 8MP Ultra-Wide Camera တစ်လုံးလည်း ပါရှိပါတယ်။ Rear Camera နဲ့ 8K 30fps Video အထိ ရိုက်ကူးနိုင်ပြီး Front Camera ကတော့ 20MP ဖြစ်ကာ 1080p Video Recording ကို ထောက်ပံ့ပေးထားပါတယ်။
Battery ပိုင်းကတော့ Redmi K90 Ultra ရဲ့ အားသာချက်ကြီးတစ်ခုပါ။ 8,550mAh Battery အကြီးစားကို ထည့်သွင်းထားပြီး 100W Wired Fast Charging ကို ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် 22.5W Wired Reverse Charging နဲ့ Bypass Charging လည်း ပါဝင်တာကြောင့် Gaming ကစားရင်း Charging သွင်းတဲ့အချိန် Battery အပူတက်တာကို လျှော့ချပေးနိုင်ပါတယ်။
Durability ပိုင်းမှာတော့ IP66, IP68 နဲ့ IP69 Water & Dust Resistance Rating တွေ ရရှိထားပြီး Cooling Fan Module ကိုလည်း သီးခြား IPX8 နဲ့ IPX9 Rating ရရှိထားတာကြောင့် ရေစိုတဲ့ပတ်ဝန်းကျင်မှာတောင် ပိုပြီး စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။ အခြား Feature တွေအနေနဲ့ Bose Tuning ပြုလုပ်ထားတဲ့ Dual Stereo Speakers၊ 3D Ultrasonic Fingerprint Scanner၊ X-axis Linear Motor၊ Wi-Fi 7 နဲ့ Bluetooth 5.4 တို့လည်း ပါဝင်ပါတယ်။
Built-in Cooling Fan၊ 165Hz AMOLED Display နဲ့ 8,550mAh Battery အကြီးစားတို့ကို ပေါင်းစပ်ပေးထားတဲ့ Redmi K90 Ultra ဟာ Gaming ကို အဓိကထားတဲ့ User တွေအတွက် စိတ်ဝင်စားစရာ အကောင်းဆုံး Performance Smartphone တွေထဲက တစ်လုံးဖြစ်လာပါတယ်..
Thank for watching till the end.📞📞📞
tech
26/07/2026
Oppoကနေတရားဝင်မိတ်ဆက်ပေးလိုက်တဲ့
Oppo Pad Air5.........
ခေတ်မီတိုးတက်တဲ့စွမ်းအားပြည့်AIလုပ်ဆောင်ချက်
ပါဝင်ပြီး တစ်နေ့တာလုံးကြည့်ရှူအသုံးပြုရင်
တောင်သက်သောင့်သက်သာဖြစ်စေမဲ့အပြင်ပိုမိုထိရောက်တဲ့အချက်အလက် လွှဲပြောင်းကူးယူမှုအစရှိတဲ့နေ့စဉ်သုံးစွမ်းဆောင်ရည်တွေကိုအထူးအဆင်ပြေအောင်ဖန်တီးထားတဲ့Oppo Pad Air5.
Displayမှာတော့12.1inch 2.8K Displayသုံးထားတဲ့အတွက်ကြောင့်ကြီးမားကျပြန့်တဲ့မျက်ပြင်ကြည့်ရှုနိုင်မှာပါ။120HZ Refresh Rateပါဝင်ထားတာကြောင့်screenကကြည်လင်ပြတ်သားပြီးscrollလုပ်တဲ့အခါsmoothဖြစ်စေပါတယ်။Eye-Comfort Displayပါရှိလာတဲ့အတွက်
Screen timeကြာရှည်မှုကြောင့်ဖြစ်ပေါ်တတ်တဲ့မျက်စိညောင်းညာပင်ပန်းမှုတွေကိုလျော့ချပေးပြီး
ရှင်းလင်းပြတ်သားတဲ့ရုပ်ထွက်ကိုပါပေးစွမ်းနိုင်မှာဖြစ်ပါတယ်။Brightnessလည်းမြင့်တဲ့အတွက်အပြင်ဘက်မှာအသုံးပြုတဲ့အခါမျိုးမှာလည်းပိုအဆင် ပြေစေမှာပါ။
Performanceပိုင်းမှာMedia TekDimensity 7300-Ultra ProcessorကိုအသုံးပြုထားပြီးLPDDR5X RAMနဲ့ UFS3.1 storageပါဝင်တာကြောင့် Appဖွင့်တာ၊Multitaskingလုပ်တာတွေကိုချောမွေ့စွာလုပ်ဆောင်နိုင်ပါတယ်။
ဒါ့အပြင်10,050mAhအရွယ်စားရှိတဲ့ကြီးမားကြာရှည်ခံတဲ့Batteryနဲ့Quad-Speaker Immersive Sound Systemပါဝင်တဲ့အတွက်ကြောင့်စာသင်ကြားခြင်း၊အလုပ်လုပ်ခြင်းနှင့်ဖျော်ဖြေးရေးအတွက်အချိန်ကြာမြင့်စွာအနှောင့်အယှက်မရှိအသုံးပြုနိုင်မှာဖြစ်ပါတယ်။33W Fast Chargingပါဝင်မှုကြောင့်အားသွင်းချိန်မှာလည်းအချိန်ကြာလင့်မှုမရှိပဲ မြန်ဆန်စေပါတယ်။
Cross-Platform Connectivityစွမ်းရည်ကြောင့် Oppoနဲ့ ISO deviceကြားမှာအချက်အလက်ဒေတွေကိုအချိန်နဲ့ပြေးညီ ချောမွေ့စွာလွှဲပြောင်းအသုံးပြုနိုင်တာကြောင့်ဘယ်လိုနေရာမျိုးမှာမဆိုချိတ်ဆက်အသုံးပြုနိုင်ပြီးလုပ်ငန်းလုပ်ဆောင်တာတွေကိုလည်းပိုမိုထိရောက်စွာဆောင်ရွက်နိုင်မှာပါ။
Hardwareအဆင့်Low Blue Lightနည်းပညာနဲ့Flicker-Free Displayစွမ်းဆောင်ရည်တို့ပါဝင်တဲ့အတွက်Oppo Pad Air5ဟာကမ္ဘာတစ်ဝန်းမှာဆိုရင်TUV Rheinland Intelligent Eue Care4.0 Certification ကိုရရှိထားတဲ့Oppoရဲ့ပထမဆုံးTabletဖြစ်ပြီး၊အချိန်ကြာမြင့်စွာအသုံးပြုတဲ့အခါမှာတောင်မျက်စိပင်ပန်းနွမ်းနယ်မှူကိုလျော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။
Speaker4လုံးပါရှိတဲ့အတွက်အသံထွက်ကျယ်ပြီးmovieကြည့်တာ၊musicနားထောင်တာတွေမှာပိုမိုပြည့်စုံစေနိုင်မှာပါ။Quad-Speaker Immersive Sound Systemက ကြည်လင်ပြီးငြိမ်သက်တဲ့အသံထွက်အရည်အသွေးကိုပေးစွမ်းနိုင်ပြီး Dolby Visionနည်းပညာကလည်းအသံထွက်စနစ်နဲ့ပိုမိုလိုက်ဖက်ညီကာ ရုပ်ထွက်အရည်အသွေးကိုဖန်တီးနိုင်မှာပါ။
Oppo Pad Air5ရဲ့ AIနည်းပညာကစာသင်ယူခြင်း၊အလုပ်လုပ်ခြင်းတွေကိုပိုမိုထိရောက်စေနိုင်ပြီးမိမိရဲ့မှတ်စုကိုပြန်လည်ရေးသားပြုစုနိုင်မဲ့AI Powered Note Taking စွမ်းရည်တွေကိုထည့်သွင်းပေးထားပြီး စိတ်ကူးအကြံဉာဏ်တွေကိုလွယ်ကူလျင်မြန်စွာမှတ်တမ်းတင်ပြီးနောက်ပိုမိုအသုံးဝင်တဲ့အကြောင်းအရာတွေဖြစ်လာအောင်ပြောင်းလဲတဲ့နေရာမှာကူညီပေးနိုင်မှာဖြစ်ပါတယ်။
အသံသွင်းမှတ်တမ်းပေါ်မူတည်ပြီးပြန်လည်ဖော်ပြပေးတဲ့AI Recording Summary၊ ဘေးကဆူညံသံတွေကိုလျော့ချပေးတဲ့ AI Noise Reduction၊ အချိန်နဲ့တစ်ပြေးညီဘာသာပြန်ခြင်းကိုအမှန်အကန်ဆုံးဆောင်ရွက်ပေးနိုင်မဲ့ Real-Time Role-Based Transcription၊ AIလုပ်ဆောင်ချက်
တွေကိုပေါင်းစပ်ဖြည့်ဆည်းထားတာပဲ ဖြစ်ပါတယ်။
ကျစ်လစ်ရုံသာမက ပေါ့ပါးလှပတဲ့အပြင် နေ့စဉ်တာဝန်တွေအတွက်အထူးတလည်ပိုပြီးအသုံးဝင်စေနိုင်မဲ့AIလုပ်ဆောင်ချက်တွေပါဝင်မဲ့Oppo Pad Air5ကို မိတ်ဆက်ပေးလိုက်ပါပြီ......
Thank for watching till the end...📸📸
Pad Air5
25/07/2026
နိုင်ငံတော်brandလို့ဆိုတဲ့redmi note seriesထဲကနေ အသစ်ထပ်မံထွက်ရှိလာတဲ့ note17proက အဆင်ပြေပါ့မလား?...........
Mid-Rangeဖုန်းစျေးကွက်ကို ကိုင်လှုပ်သွားတော့မှာလား?.............
Redmi note17proက အဓိကဦးစားပေးအနေနဲ့Batteryပိုင်းကိုupgradeလုပ်ထားတာတွေ့ရတယ်။ကဲ.... note17proမှာ ဘာတွေပိုကောင်းလာလဲ၊ဘာတွေလျော့သွားလဲဆိုတာ ပြောပြပေးသွားပါမယ်........
Battery7000mAhကနေ9000mAhထိတိုးမြှင့်ထားတာကြောင့် batteryပိုင်းကိုလုံးဝစိတ်ပူစရာမလိုပဲ သိသိသာသာကြာရှည်အသုံးခံလာပါတယ်။
Heavy userတွေအတွက်ဆိုရင်2ရက်နီးပါးအသုံးခံနိုင်မဲ့battery lifeကိုရရှိမှာပါ။
Chargingပိုင်းမှာလည်းbatteryပိုကြီးလာပေမဲ့
အားသွင်းတာမကြာသွားစေဖို့ 67W Fast Chargingကို အသုံးပြုပေးထားတဲ့အတွက် ရှယ်ခံ ရှယ်မြန်ပဲ......
Displayပိုင်းမှာဆိုရင်အရင်glassတွေနဲ့မတူပဲCorning Gorilla Glass Victus2ကို အသုံးပြုထားတာကြောင့် အကြမ်းခံမှုပိုင်းမှာ ပိုမိုစိတ်ချရပါတယ်။ဖုန်းသုံးကြမ်းတဲ့userတွေတွက် အကိုက်ပဲနော်.....
Redmi Note17proကbatteryပိုင်းကိုဦးစားပေးထားတဲ့အတွက်ကြောင့် cameraပိုင်းမှာတော့ အနည်းငယ်အားနည်းသွားတာတွေ့ရတယ်။
Main cameraကို အရင်ကsony LYT-600sensorအစား samsung s5kjns sensorကိုပြောင်းလဲသုံးထားတာကြောင့် low-light photographyပိုင်းမှာတော့ အနည်းငယ်အားနည်းနိုင်ပါတယ်။
Selfie cameraကိုအရင်က20MPထိသုံးရာကနေ 8MPထိလျော့ချထားတော့ video Recordingကိုလည်း1080p 30fpsအထိပဲ supportပါ ပါတော့မယ်။
Performanceပိုင်းက snapdragon6s Gen4ကိုအသုံးပြုထားပြီး Hyper OS3နဲ့ဆိုတော့ အဆင်ပြေချောမွေ့စေမှာတော့ အသေချာပဲ....
Redmi note17proက specificationကို upgradeလုပ်ထားတာမဟုတ်ဘူး။
Battery life၊ Charging၊ Storageနဲ့ Display Protectionပိုင်းတွေမှာ သိသိသာသာတိုးတက်ထားတာ။
Userတွေအနေနဲ့ Batteryကိုကြာရှည်အသုံးခံချင်တာလိုချင်တယ်ဆိုရင် Redmi note17proကို ရွေးချယ်သင့်ပါတယ်.......
Thanks for watching till the end.Until next time...📷📷📷
Note17pro
25/07/2026
ဒီနှစ်Samsungလုပ်သွားတဲ့အကြီးမားဆုံးအပြောင်းအလဲက ဘာလဲ?
Samsungကတော့ ultraအမည်ရ စာအုပ်ပုံစံဒီဇိုင်းခေါက်ဖုန်းGalaxy Z Fold8 Ultraထွက်ရှိလာပါပြီ။
အကြီးမားဆုံးပြောင်းလဲမှုက cameraမဟုတ်ဘူး၊chipsetမဟုတ်ဘူး၊Fold seriesရဲ့positioningကိုပြန်ပြောင်းလိုက်တာပါ။
ဖုန်းရဲ့အပြင်ဘက်မှာခိုင်ခံ့တဲ့Gorilla Glass Ceramic3နဲ့ပြုလုပ်ထားပြီး 6.5"FHD+cover screenပါဝင်ပါတယ်။အလင်းအား3000nitsထိရရှိနိုင်တဲ့Dyanmic Amoled2Xထိအသုံးပြုထားတာမြင်တွေ့ရပါတယ်။
Samsung ဖုန်းရဲ့screen2ခုလုံးမှာ120HZ Refresh Rates ပါဝင်လာကြောင့် daily useမှာကော၊videoကြည့်ရှုမှု တွေမှာအလွန်ချောမွေ့နေမှာသေချာပါတယ်။
Cameraပိုင်းကိုပိုပြီးအလေးပေးထားတာတွေ့ရတယ်။ကျောဘက်cameraကို3လုံး system သုံး ထားပြီး main200mp(2x optical zoom)၊ 50mp ultra wideနဲ့ 10mp 3xtelephotoပါဝင်ပါတယ်။Forntမှာဆိုရင် 10mp camera2လုံးကို
အသုံးပြုပေးထားတယ်။
Main cameraကို 200Mpထိပါဝင်လာတာကြောင့်အလင်းအားနည်းတဲ့အချိန်မှာ ရိုက်ကူးရတာတွေ၊ HDRပိုကောင်းလာတာတွေ၊videoကို8kထိရိုက်ကူးနိုင်တာ တွေ၊APV encodingအစရှိတဲ့ဆော့ဝ်ဝဲပိုင်း အသစ်လေးတွေကိုလည်းထည့်သွင်းပေးထားတာ အရမ်း အရမ်းဆိုတာထက်မိုက်တယ်။
Snapdragon8 Elite Gen5 for galaxy processor..Ramနဲ့storageကို12GB+256GBကနေ16GB+1TBထိဆိုတော့ လုံးဝအကြိုက်သုံးကွာ...
Batteryပိုင်းမှာလည်းSilicon Carbon Batteryနည်းပညာကိုသုံးထားတဲ့အတွက်ကြောင့်
4400mAhကနေ 5000mAhထိတိုးတက်လာပါတယ်။အားသွင်းတဲ့systemပိုင်းမှာလည်ကြိုးနဲ့အားသွင်းရင်45W ၊ ကြိုးမဲ့အားသွင်းရင်20Wထိတိုးမြင့်ပေးထားတယ်။
Samsung UI အသစ်ရဲ့ အကြောင်းလေးလည်းပြောပြပေးဦးမယ်။ဒီတစ်ခေါက် One UI9မှာUI designပြောင်းလဲတာထက် Dailyအသုံးပြုရတာပိုအဆင်ပြေမဲ့ Featureတွေကိုပိုပြီးဂရုစိုက်ထားတာတွေ့ရတယ်။Quick Panelကို ကိုယ်ကြိုက်တဲ့ပုံစံနဲ့ပိုပြီး Customizeလုပ်နိုင်လာတယ်။Samsung DeXကိုလည်းProductivityအတွက်ပိုကောင်းအောင်မြှင့်တင်ထားတယ်။Gamingကစားတဲ့သူတွေအတွက်လည်း Game Booster Settingအသစ်တွေ ထပ်ထည့်ပေးထားတာကြောင့်Performanceနဲ့Controlပိုကောင်းလာပါတယ်။
SamsungAIထဲမှာ ညီမစိတ်အဝင်စားဆုံးAIလေးရှိတယ်။AI Assistant Activity Dashboardဆိုတဲ့ Featureအသစ်လေး...အရင်တုန်းကAl Featureတစ်ခုချင်းစီကိုAppထဲလိုက်ရှာပြီးSettingထဲဝင်ကြည့်ရတာမျိုး အခုကတော့Dashboardတစ်နေရာထဲကနေAI က ကိုယ့်အတွက်ဘာတွေလုပ်ပေးထားလဲ၊ဘယ်AI Feature တွေအသုံးပြုထားလဲဆိုတာ အကုန်မြင်တွေ့နိုင်ပါတယ်။UIလှတာတင်မဟုတ်ပဲ တကယ်အသုံးဝင်တဲ့ Productivity နဲ့ Convenienceကိုဦးစားပေးထားတာက ဒီVersionရဲ့အားသာချက်ဖြစ်ပါတယ်။
Camreaအမြင့်ဆုံး ၊ Displayအကောင်းဆုံး၊ Performanceအပြည့်၊ Premium Build Qualityအကုန်လိုချင်တဲ့သူတွေအတွက် Ultraက ရွေးချယ်စရာအကောင်းဆုံးထဲက တစ်ခုဖြစ်လာမှာပါ..........Thank for watching till the end.(Until next time)📲📲
04/03/2025
Hello 👋
မင်္ဂလာပါ Machi68 ကနေ ကြိုဆိုပါတယ်ဗျ🩷
ဒီနေ့မှာတော့ Machi68ရဲ့ Summer Time Promotionလေး စချပါပြီနော်🫶🏻
ဘာလေးလဲဆိုရင် သောက်လိုက်တာနဲ့ချိုချိုဆိမ့်ဆိမ့် ချိုဆိမ့်အရသာ Thai Milk Tea🧋 လေးပဲပါဗျ🤩🤩
ဘယ်လို Promotion လဲဆိုရင်တော့ Buy-2 Get-1Free ရရှိမယ့် အစီစဉ်လေးပဲဖြစ်ပါတယ်💟
ဟုတ်ပါတယ်ဗျ ဒီ Promotionလေးကိုတော့Thai Milk Teaကို ဘယ်တော့ Promotion ချမလဲဆိုပြီးမေးနေတဲ့ ကျွန်တော်တို့ရဲ့မိတ်ဆွေကြီးတွေအတွက်✌️
ဒီနေ့ March(4) ရက်နေ့ ကနေစပြီး March(10)အထိ (6)ရက်ချပေးမယ့် Promotionလေးပဲဖြစ်ပါတယ်နော်👏🏻
ကဲကဲ ဘာတွေစောင့်နေတော့မှာလဲဗျာ အခုပဲစျေးတန်တန် ကျွန်တော်တို့ Machi68ကို လှမ်းခဲ့ပြီးSummertime promotion အစီအစဉ်မှာ လာJoinခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်❤️🩹
ကျွန်တော်တို့ Machi68ရဲ့ဆိုင်လိပ်စာလေးကတော့68လမ်း 41လမ်းနဲ့42လမ်းကြားမှာ ရှိပါတယ်ဗျ🏡
(👆🏻👆🏻Summertime Promotionလေးက👆🏻👆🏻ဒီဆိုင်လေးမှာပဲ ရမှာပါနော်)
ဆိုင်ကို ကိုယ်တိုင်မလာဘဲ အိမ်မှာပဲအေးဆေးလေးမှာစားချင်တယ်ဆိုရင်လဲ ကျွန်တော်တို့ဆိုင်ကနေအိမ်ရောက်ငွေချေနဲ့ပို့ပေးပါတယ်ဗျ
Foodpanda, Grabတို့နဲ့လဲချိတ်ဆက်ထားပါတယ်နော်🫰
09409199900 ကို အခုပဲ ဖုန်းဆက်ပြီး Orderတင်လိုက်တော့နော်☎️
02/03/2025
Hello Guys👋
Machi68 ကနေ ကြိုဆိုပါတယ်ဗျ🩷
ဒီနေ့မှာတော့ Summer ကိုလဲ ရောက်လာတော့မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ Machi68ကနေ
Summer time နဲ့အလိုက်ဖက်ဆုံးသော Seriesလေးထဲကတစ်ခုဖြစ်တဲ့👉
စူးစူးရှရှနဲ့ သောက်လိုက်ရင် လန်းသွားစေမဲ့
Juice Soda Series လေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်နော်🤩🤩
Sodaကိုမှ ဘယ် Juice အရသာနဲ့ရလဲဆိုရင်တော့ကျွန်တော်တို့ Machi68မှာ
Apple🍎
Mango🥭
Kiwi 🥝
Strawberry 🍓
Lychee🍋🟩
Peaches 🍑 တို့အပြင်
Blueberryနဲ့Mixed Berry🫐အရသာကလေးတွေကို ရောစပ်ခံစားနိုင်ပါပြီနော်ဗျ🫶🏻
Soda စူးရှရှလေးကိုမှ Juiceအရသာမျိုးစုံကို ခံစားချင်ရင်တော့အခုပဲ Machi68ကို လှမ်းခဲ့လိုက်တော့နော်💟
ကျွန်တော်တို့ Machi68ရဲ့ဆိုင်လိပ်စာလေးကတော့68လမ်း 41လမ်းနဲ့42လမ်းကြားမှာ ရှိပါတယ်ဗျ🏡
ဆိုင်ကို ကိုယ်တိုင်မလာပဲ အိမ်မှာပဲအေးဆေးလေးမှာစားချင်တယ်ဆိုရင်လဲ ကျွန်တော်တို့ဆိုင်ကနေအိမ်ရောက်ငွေချေနဲ့ပို့ပေးပါတယ်ဗျ
Foodpandaနဲ့Grabတို့နဲ့လဲချိတ်ဆက်ထားပါတယ်နော်🫰
09409199900ကိုအခုပဲဖုန်းဆက်
ပြီးOrderတင်လိုက်တော့နော်☎️
23/02/2025
Hello Guys🩷👋
Machi68 မှ ကြိုဆိုပါတယ်ဗျ❤️🔥
ဒီနေ့မှာတော့ ကျွန်တော်တို့ Customer လေးတွေအတွက် Chocolate မှ Chocolate ကြိုက်တဲ့သူလေးတွေအတွက် Machi68 ရဲ့ Chocolate Serieလေးတွေ ပြန်ရပါပြီနော်🤎
Chocolateနဲ့ပက်သက်ပြီး ဘာရလဲဆိုရင်တော့
ကျွန်တော်တို့ Machi68မှာ ရွေးချယ်စရာလေးတွေများပါတယ်ဗျ🩶
Chocolateကို မှ ချိုချိုလေးသောက်ချင်တဲ့သူတွေအတွက်ကတော့ Chocolate Milk🤎လေးရယ်
Chocolateအရသာကိုမှ အပြည့်အဝခံစားချင်
ရင်တော့ Chocolateအနှစ်ပြစ်ပြစ်လေးပါတဲ့
Chocolate Lava🤎လေးတို့အပြင်
ပူပူရှိန်ရှိန်နဲ့ Chocolateပူရှိန်းအရသာကိုခံစားချင်တဲ့သူလေးတွေအတွက် Mint Chocolate Milk🩵🤎လေးတို့လဲရပါတယ်ဗျ💓
ဒါ့အပြင် ပူပူလောင်လောင်လေး သောက်ချင်တဲ့သူတွေအတွက် ကျွန်တော်တို့ Machi68မှာ
Hot Chocolate🤎ချိုချိုလေးတို့ရပါတယ်နော်💗
ဘာတွေစောင့်နေတော့မှာလဲ အခုပဲကျွန်တော်တို့Machi68မှာလာDateပြီးအချစ်ချောကလပ်အရသာလေးတွေလာခံစားကြည့်ကြပါတော့နော်🤎
ကျွန်တော်တို့ Machi68ရဲ့ဆိုင်လိပ်စာလေးကတော့68လမ်း 41လမ်းနဲ့42လမ်းကြားမှာ ရှိပါတယ်ဗျ🏡
ဆိုင်ကို ကိုယ်တိုင်မလာဘဲ အိမ်မှာပဲအေးဆေးလေးမှာစားချင်တယ်ဆိုရင်လဲ ကျွန်တော်တို့ဆိုင်ကနေအိမ်ရောက်ငွေချေနဲ့ပို့ပေးပါတယ်ဗျ
Foodpandaနဲ့Grabတို့နဲ့လဲချိတ်ဆက်ထားပါတယ်နော်🫰
09409199900ကိုအခုပဲဖုန်းဆက်
ပြီးOrderတင်လိုက်တော့နော်☎️
Category
Contact the business
Telephone
Website
Address
Insein Road , Near San Yeik Nyein Bus Stop
Mandalay
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |